Chapter 74
Vol. 6 Ch. 74
ယခင်ကလို တက်ကြွစွာ တာဝန်ထမ်းဆောင်နေသော စစ်သားတစ်ဦးဖြစ်နေသေးလျှင် လုကောပင်း အတွက် ဟောင်ကောင်မြို့ကို သွားရောက်ရန် အနည်းငယ် ခက်ခဲနိုင်သည်။
အခုတော့ သူ အလုပ်ပြောင်းလိုက်ပြီဖြစ်၍ လုပ်ထုံးလုပ်နည်းများက ပိုပြီး လွယ်ကူသွားလေပြီ။
ကျန်းချီဟန်က သူ့အဖေနှင့်အမေကို ဖုန်းဆက်လိုက်ရာ ရက်အနည်းငယ်အတွင်းမှာပဲ လုကောပင်း ဟောင်ကောင်မြို့အတွက် ဝင်ခွင့်လက်မှတ် ၄ စောင် ရခဲ့၏။
အရာအားလုံး အဆင်ပြေသွားတော့ လုကောပင်းက ချန်ဖန်းရှုကို ဒီအကြောင်းပြောပြလိုက်သည်။
ချန်ဖန်းရှုက အလွန် အံ့သြသွား၏။
"တကယ်ပဲ သွားလို့ရတာလား။"
အံ့သြနေပြီး သူမ အကြည့်ထဲရှိ မျှော်လင့်ချက်များကိုလည်း မြင်နေရ၏။
တကယ်လို့ ဟောင်ကောင်မြို့ကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ရရင်တော့ အကောင်းဆုံးပင်။
လောလောဆယ်တွင် အလယ်အလတ်တန်းစားမှ အဆင့်မြင့်အထိ အဝတ်အထည်များ မထုတ်လုပ်နိုင်သေးလျှင်တောင် အပြင်တွင် ခေတ်စားနေသည်များကို လေ့လာပြီး ပြည်ပမှတင်သွင်းသည့် အထည်အလိပ်တွေ ကိစ္စများကို လေ့လာနိုင်သေး၏။
သူမ မေးသည်ကို ကြားတော့ လုကောပင်းက သူ့ကို ဝင်ခွင့်လက်မှတ်လိုက်၏။
ချန်ဖန်းရှုက ကိုယ်တိုင် အတည်ပြုလိုက်ပြီးနောက် မျက်လုံးများ တဖြည်းဖြည်း တောက်ပလာကာ ပြောလိုက်၏။
"ဘယ်တော့ ထွက်မှာလဲ။ ကျွန်မ အခုပဲ စက်ရုံအတွက် ကိစ္စတွေ သွားစီစဉ်လိုက်ဦးမယ်။"
နောက်ထပ် ကုန်ပစ္စည်းတစ်သုတ်ကို မကြာခင် ပို့ရတော့မည်ဖြစ်ပြီး အချိန်လုံလောက်လျှင် မထွက်ခင် ပို့လို့ရသည်။ စက်ရုံတွင် အရေးကြီးကိစ္စ ဘာမှမရှိတော့ဘူးဆိုလျှင် ပေါင်ခဲ့က လာကြည့်ရှုပေးနိုင်၏။ သူက ထက်မြက်ပြီး ဘာကိစ္စပဲရှိရှိ သူမကို ဖုန်းဆက်မေးနိုင်သည်။
ချန်ဖန်းရှုက စာတိုက်ကို အထူးတလည် သွားပြီး သူ့ရုံးခန်းတွင် တယ်လီဖုန်းတပ်ဆင်ကာ ကျန်းမိသားစု၏ ဖုန်းနံပါတ်ကို ချန်ပေါင်ခဲ့ကို ပေးခဲ့၏။
ရုတ်တရက် အရေးကြီးသည့် တာဝန်တစ်ခုကို အပ်နှင်းခံလိုက်ရတော့ ချန်ပေါင်ခဲ့က သက်ပြင်းချပြီး လေးလေးနက်နက် သဘောတူလိုက်သည်။ "နားလည်ပါပြီ။"
ပြီးတော့ သူက မေးလိုက်သေးသည်။
"အစ်မ၊ ဟောင်ကောင်မြို့သွားဖို့က အလုပ်ရှုပ်လား။"
"နည်းနည်းတော့ ရှုပ်တယ်။ လုပ်ထုံးလုပ်နည်းတွေက ခက်ခဲတယ်။ ဘာဖြစ်လို့ မေးတာလဲ။ မင်းလည်း ဟောင်ကောင်မြို့ကို သွားလည်ချင်လို့လား။"
ချန်းပေါင်ခဲ့ ခဏလောက် တိတ်ဆိတ်သွားပြီး သူ့ခေါင်းကို ကုတ်လိုက်၏။
"ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်က ကမ္ဘာ့အမြင် မရှိသေးလို့ မြို့ကြီးတစ်မြို့က ဘယ်လိုပုံလဲဆိုတာ သိချင်လို့ပါ။"
သူ မြို့ကြီးများအကြောင်း ပြောသည်ကို ကြားတော့ ချန်ဖန်းရှုက လွန်ခဲ့သည့် နှစ်ရက်က ဆံပင်ကျစ်ထားတဲ့ ကောင်မလေး ထွက်သွားပြီး ပြည်နယ်မြို့တော်ကို ပြန်သွားပြီဟု ပြောသည်ကို ရုတ်တရက် သတိရလိုက်၏။
ဒီရက်ပိုင်းတွင် ချန်ပေါင်ခဲ့က အလွန် တိတ်ဆိတ်နေပြီး နေ့တိုင်း ကြိုးစားလုပ်ကိုင်နေကာ စကားတစ်ခွန်းမှလည်း မပြောပေ။
ချန်ဖန်းရှုက သူမမောင်အတွက် သနားသော်လည်း သူတို့ ထွက်ခွာတော့မည် ဖြစ်သောကြောင့် သူ့ပခုံးကို ပုတ်ပြီး ပြောလိုက်၏။
"မင်း အကောင်းဆုံး ကြိုးစားပါ။ ကျန်တာကို ငါပြန်လာမှ စီစဉ်မယ်။"
လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအရဆိုလျှင် ပြည်နယ်မြို့တော်များက သူတို့စက်ရုံအတွက် ကာလတိုအတွင်းတွင် အရေးကြီးသည့် စျေးကွက်တစ်ခု ဖြစ်လာပါလိမ့်မည်။
အချို့အရာများကို အတင်းအကျပ် လုပ်လို့မရပေမဲ့ လူနှစ်ယောက် တကယ်ပဲ ပြည်နယ်မြို့တော်တွင် တွေ့ဆုံနိုင်လျှင် ဒါကလည်း ကံကြမ္မာတစ်မျိုးပင်။
စက်ရုံကိစ္စများကို ကောင်းကောင်း စီစဉ်ပြီးပြီဖြစ်ပြီး တိုင်ကြားစာများလည်း တင်သွင်းပြီးပြီဖြစ်ကာ ရလဒ်များကိုသာ စောင့်နေရတော့သည်။
မထွက်ခွာမီ တစ်ရက်အလိုတွင် ချန်ဖန်းရှုက သူ့ကလေးနှစ်ယောက်အတွက် မူကြိုနှင့် တပ်ရင်း မူလတန်းကျောင်းကို ခွင့်သွားတောင်းခဲ့သည်။
ကျန်းချီဟန်ကြောင့် လုထောင်က ဟောင်ကောင်မြို့အကြောင်းကို အရင်ကတည်းက ကြားဖူးနေခဲ့သည်။
သူမ ဟောင်ကောင်ကို သွားမည်ဆိုသည်ကို ကြားတော့ ပထမဆုံး ကျန်းချီဟန်ထံ ပြေးသွားလိုက်သည်။ သူမ၏ မျက်လုံးလေးများက တောက်ပနေပြီး မော့ကြည့်ကာ ပြောလိုက်၏။
"ဦးလေး၊ ဟောင်ကောင်မှာ တကယ်ပဲ အရသာရှိတဲ့ အစားအစာတွေနဲ့ လှပတဲ့ အဝတ်အထည်တွေ အများကြီး ရှိတာလား။"
"ရှိတာပေါ့၊ ထောင်ထောင်ရဲ့ မင်းသမီးဝတ်စုံကို အဘွားက ဟောင်ကောင်မှာ ဝယ်ခဲ့တာလေ။"
"ဒါဆို... ထောင်ထောင်ရဲ့ စတော်ဘယ်ရီခြံကရော။"
"ဝယ်ခဲ့တာပဲ၊ ဒါပေမဲ့ အခုက စတော်ဘယ်ရီ ရာသီမဟုတ်ဘူးဆိုတော့ သွားရင်တောင် စားရမှာ မဟုတ်ဘူး။"
သူမ မစားရဘူးဆိုသည်ကို ကြားတော့ ကောင်မလေး၏ ပါးစပ်လေးက စူထွက်လာပြီး သူ့မျက်လုံးကြီးများက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်သွားခဲ့သည်။
ကျန်းချီဟန်က သူ့ကို အမြန် ချော့လိုက်သည်။
"ရပါတယ်၊ ရပါတယ်၊ စတော်ဘယ်ရီ မစားရရင်တောင် နဂါးမောက်သီးတွေနဲ့ သရက်သီးတွေ ရှိသေးတယ်။ ဦးလေး ပြောပြမယ်၊ ဒီလောက်ကြီးတဲ့ အသီးတစ်မျိုး ရှိတယ်၊ အနံ့က မစင်နံ့လိုပဲ၊ ဒါပေမယ့် အရသာကတော့ တကယ် ကောင်းတယ်။"
"မစင်နံ့လိုလား။"
ကောင်မလေးက အာရုံစိုက်လာ၏။ သူ့လက်ညှိုးလေးကို ကိုက်ပြီး စိတ်ရှုပ်ထွေးသည့် မျက်နှာနှင့် ကြည့်လိုက်သည်။
"မစင်ကိုလည်း စားလို့ရတာလား။"
'အဖေက မစင်က နံတယ်၊ အဝတ်အစားလည်း ဝတ်လို့မရဘူး၊ ခေါင်းပေါ်လည်း တင်လို့မရဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘာလို့ ဦးလေးက မစင်နံ့လိုပဲ ဒါပေမဲ့ အရသာက ကောင်းတယ်လို့ ပြန်ပြောတာလဲ။'
ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတစ်ခုက လုထောင်ကို အချိန်အတော်ကြာ ဒုက္ခပေးခဲ့သော်လည်း သူမ ပစ္စည်းထုပ်ပိုးသည်ကိုတော့ နှောင့်နှေးစေခဲ့ခြင်း မရှိပေ။
သူမက အဘွားဝယ်ပေးထားသည့် ကျောင်းလွယ်အိတ်အသစ်လေးကို ထုတ်လိုက်ပြီး အရင်ဆုံး သူမ၏ အဖိုးတန်ပစ္စည်းကြီးကို ကျောင်းအိတ်ထဲ ထိုးထည့်လိုက်သည်။
ထိုးထည့်ပြီးနောက် အရုပ်ပုံကြီးကို လှည့်ပတ်ကြည့်ပြီး ပန်းရောင်မက်မွန်သီးကြီးကို ကောက်ကိုင်လိုက်သည်။
ဒီတစ်ခါတော့ သူမအနည်းငယ် အခက်တွေ့ခဲ့သည်။ မက်မွန်သီးကြီးကို ထည့်လိုက်တော့ ကျောင်းအိတ်တစ်ခုလုံး ပျောက်သွားသလို ဖြစ်သွား၏။
အာ့ဝူလင်က သူမကိုကြည့်ပြီး ရယ်မောလိုက်သည်။
"မင်းရဲ့ကျောင်းလွယ်အိတ်လေးက ဒီမက်မွန်သီးလောက်တောင် မကြီးဘူး။"
လုထောင်းက မက်မွန်သီးကို မချချင်ဘဲ ပြန်ချလိုက်ရပြီး ခုတင်ပေါ်မှ ဘာဘီအရုပ်တစ်ရုပ်ကို ကောက်ကိုင်လိုက်သည်။
၂၅၀ က ပြန်ပြီးအသံမြည်လာ၏။
[အဲဒီပစ္စည်းကို ယူသွားတာ ဘာအဓိပ္ပာယ်ရှိလဲ။ မင်း ကံကောင်းခြင်းကြယ်နဲ့ အလင်းရောင်ဝတ်ထားသင့်တယ်။ ဒီလောကမှာ မင်းအတွက် အထူဆုံးရွှေပေါင်က ငါပဲလို့ ပြောလို့ရတယ်။ ငါ့ကို ကောင်းကောင်းဆက်ဆံရမယ်၊ နားလည်လား။]
သူ၏ အထောက်အထားကို ဖော်ထုတ်ပြီးကတည်းက လုထောင်က ထိုသို့သောစကားမြားကို နေ့တိုင်း အကြိမ်ပေါင်းများစွာ ကြားနေရ၏။
၂၅၀ က စာများဖတ်နေသည်။ သူက ချစ်နေဟန်ဆောင်ပြီး အပြီးတွင် နည်းနည်းလေးအံ့ဩသည့် လေသံဖြင့် ပြောလိုက်၏။
"အိုး! ထောင်ထောင် မရှိတော့ဘူး။ ကောကောဝေ့ချောင်က ထောင်ထောင်အကြောင်း စာရေးတဲ့အခါ ဘာလုပ်ရမလဲ။ သူ ထောင်ထောင်ရဲ့အတောင်ပံလေးတွေကို ကြိုက်ရဲ့လား မသိဘူး။"
၂၅၀ - .....
[မင်း ငါနဲ့အတူရှိနေတာတောင် တခြားယောကျ်ားတွေကို စဉ်းစားနေတယ်။ ငါ ဒီလိုဆက်နေလို့ မရဘူး။]
များသောအားဖြင့် စိတ်တိုတတ်သည့်အဖေက ရုတ်တရက် ငိုယိုနေသည့်ဇနီးငယ်လေးလို ဖြစ်လာတော့ လုထောင် နည်းနည်းရှုပ်ထွေးသွားတော့သည်။
သူမက လက်ချောင်းများကို ချိတ်ပြီး နှစ်သိမ့်သလိုပြောလိုက်၏။
"အဖေ၊ မဝမ်းနည်းပါနဲ့။ အဘွားအတုတို့ နောက်ဆုံးအကြိမ် ထွက်သွားတုန်းက ယာယီအခက်အခဲတွေက ဘာမှမဟုတ်ဘူးလို့ အဖေ ပြောခဲ့တယ်မဟုတ်လား။ ဘဝက ဒီလိုပါပဲ၊ အတက်အကျတွေနဲ့။"
၂၅၀ - "[ငါ မင်းကို ပါးစပ်ပိတ်ထားဖို့ တောင်းပန်ပါတယ်၊ ရရဲ့လား။]"
ကျန်းမိသားစုက ကန်းချန်မြို့၏ မူရင်းနေထိုင်သူများ မဟုတ်ပါပေ။ သူတို့က ဆူပူအုံကြွမှုတွေ စတင်ချိန်၌သာ အဲဒီကို ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်၏။
သို့သော် ကျန်းမိသားစု၏ အဖေက ဉာဏ်ရည်ထက်မြက်ပြီး အမြင်ကျယ်သူဖြစ်သည်။ သူက သူ၏ကြွယ်ဝမှုအားလုံးကို တော်လှန်ရေးအတွက် လှူဒါန်းနိုင်ခဲ့သည်။ ဟောင်ကောင်ကို ရောက်ပြီးနောက်တွင် သူက သူ့မိသားစုတစ်ခုလုံးနဲ့အတူ အခြေအနေကို ပြန်စပြီး ကြီးမားသည့်ကြွယ်ဝမှုကို ရှာဖွေနိုင်ခဲ့သည်။
လုထောင်က သူ့မိဘများနှင့်ဦးလေး ကျန်းချီဟန် တို့နှင့်အတူ တောင်ဘက်သို့ ရထားစီးပြီး၊ ထို့နောက်မှ သင်္ဘောပြောင်းကာ ဆိပ်ကမ်းမြို့သို့ကို ရောက်လာခဲ့လေပြီ။ ကျန်းမိသားစုမှကားရောက်လာပြီး ကားပေါ်မှ ဆင်းလိုက်ရာ စိမ်းစိမ်းစိုစိုသစ်ပင်များ ဝန်းရံထားသည့် ဇိမ်ခံဗီလာတစ်လုံးကို တွေ့လိုက်ရသည်။
ကောင်မလေးက ထိုနေရာတွင် ခဏလောက် ကြောင်တောင်တောင်လေး ရပ်နေခဲ့သည်။
" လှလိုက်တာ။"
သူမက ပန်းရောင်ဝတ်စုံလေး ဝတ်ထားပြီး လှပသည့်ကောက်ကောက်ကွေးကွေး ဆံပင်လေးကို ပန်းရောင်ဖဲကြိုးနှင့် ခေါင်းပေါ် ဆံထုံးလေးထုံးထားလိုက်သည်။ သူ့အသားအရေက ဖြူလွန်းလို့ တောက်ပနေသလိုပင်။
တခြားသူတစ်ယောက်က ဒီစကားကို ပြောမည်ဆိုလျှင် တောသားမြို့ရောက်သည်ဟု သတင်းထွက်လာမည်ဖြစ်ပြီး တစ်ချက်တည်းနှင့် သိသာစေမည်ပင်။
အမေကျန်းက ဆူညံသံကို ကြားပြီး နှုတ်ဆက်ဖို့ ထွက်လာခဲ့သည်။ သူမ၏ မြေးမလေးကို ပွေ့ဖက်ပြီး မေးလိုက်၏။
"ဒါ အဘွားရဲ့ ထောင်ထောင်လား။ အိုး၊ အရမ်းလှတာပဲ။ လာ၊ အဘွား ပွေ့ဖက်ပေးမယ်။"
အဘွားလုနှင့် ယဉ်လျှင် သူမက သိသိသာသာ ပိုငယ်ပုံရသည်။
လုထောင်က သူမ၏ကောင်းစွာ ထိန်းသိမ်းထားသည့်မျက်နှာကို ကြည့်ပြီး၊ အဲဒီနောက်မှာ သူဝတ်ထားသည့် ပန်းအဆင်ဆင်ချည်ထည် ဝတ်စုံကို ငုံ့ကြည့်ပြီး ပြောလိုက်၏။
"အဘွားလည်း အရမ်းလှတယ်၊ အဘွားလည်းလှတယ်၊ အဘွားရဲ့ အင်္ကျီလည်း လှတယ်၊ အားလုံး လှတာပဲ။"
"ငါတို့ရဲ့ ထောင်ထောင်က တကယ် စကားပြောတတ်ပြီး အရမ်းချိုသာတာပဲ!"
အမေကျန်းက လုထောင်ကို တင်းတင်းဖက်ပြီး ချန်ဖန်းရှူနှင့် လုဟွေ့ တို့ကို တစ်ယောက်ချင်းစီ နှုတ်ဆက်လိုက်သည်။
အဲဒီနောက်တွင်မှ ဖန်းရှုက သူ့သားသမီးနှစ်ယောက်က သူ့ဘေးမှာ ရပ်နေသည်ကို သတိရသွား၏။
"ကောပင်း၊ မင်းဆံပင်က ဘာဖြစ်တာလဲ။ ရှောင်ဟန်က မင်းဆံပင်ကောက်ခိုင်းတုန်းက မင်းမလုပ်ချင်ဘူး မဟုတ်လား။"
လုကောပင်း - "..."
ဆံပင်ကိစ္စက တကယ်ရှင်းပြရခက်သည့်အတွက် လုကောပင်းက လက်ခံလိုက်သည်။
သူ အရှက်ရနေသည်ကို မြင်တော့ အာ့ဝူလင် က ရယ်မောလိုက်သည်။
[ငါပြောတော့ ဒီလိုက ကောက်နေတယ်၊ သူ့ကို နေ့တိုင်း ငါ့အတွက် တွင်းတူးခိုင်းနေတယ်။]
မကြာခင်မှာ ၂၅၀ လည်း မရယ်နိုင်တော့ပေ။
အရင်က ရှိူ့ချွေ့ခရိုင်တွင် သူ့သမီးအတွက် သူ့ကိုယှဉ်ပြိုင်သူနှစ်ယောက်သာ ရှိခဲ့သည်။ လုကောပင်းနှင့် ကျန်းချီဟန်။
ကျန်းအိမ်ရောက်တော့ ကျန်းအဖေနှင့်အမေအပြင် အစ်ကိုကြီးနှင့် ညီမလည်း လုထောင်ကို လာဖက်ကြသည်။
အမေကျန်းက သူမအတွက် နို့မှုန့်၊ သကြားလုံး၊ သွားရည်စာနှင့် ဟောင်ကောင်မုန့်များ လုပ်ကျွေးခဲ့သည်။
အစ်ကိုကြီးမိသားစုက တင်းကျပ်သော်လည်း တူ၊ တူမလေးများကို အနီရောင်စာအိတ်များ ပေးသည်မှာ ရက်ရောသည်ဟု ပြောလို့ရသည်။
ကျန််းမိသားစု၏ အငယ်ဆုံး လေးက အတက်ကြွဆုံးဖြစ်ပြီး လုထောင်ကို သူမအခန်းထဲဆော့ရန် ခေါ်သွားလ်ိုက်သည်။
လုထောင်က ပထမဆုံးအကြိမ်အဖြစ် အခန်းလှလှလေးနှင့် အဝတ်လှလှလေးများက်ို မြင်ခဲ့ရပြီး နိဗ္ဗာန်ရောက်သွားသလို ခံစားလိုက်ရသည်။