← Chapters

Chapter 28

Vol. 3 Ch. 28

Chapter 28

Vol. 3 Ch. 28

"မင်း တကယ်ပဲ အထက်တန်းသင်တော့မှာလား။"

ဆရာမယန်က အတန်းပြီး၍ ရုံးခန်းထဲ ဝင်လာသည်နှင့် အံ့သြတကြီးမေးလိုက်မိသည်။

သူမတင်မက အားလုံးကလည်းအံ့သြမိကြ၏။

လင်းချောင်က ဒီကိုရောက်သည်မှာ ရက်အနည်းငယ်သာရှိသေးပြီး အထက်တန်း ဘွဲ့ရလေးသာဖြစ်သည့်တိုင် ယခု အထက်တန်းသင်ဦးမည်။

သို့သော် ဆရာမယန်တွင် မေးလိုက်သည့် တကယ်ပဲလားဆိုသော မေးခွန်းအရ သူမလည်း အတွင်းသတင်းအချို့ ရထားပုံရသည်။ အမြဲတန်းလိုလို စိတ်သဘောကောင်းပြီး ဖြောင့်မတ်သည့် ဆရာမယန်ကိုကြည့်ပြီး လင်းချောင်ပြုံးလိုက်သည်။

"အထက်တန်း ပထမနှစ်သင်တဲ့ ဆရာကျောက် ဒဏ်ရာရသွားလို့ ဒုကျောင်းအုပ်ချီက ကျွန်မကို ခဏအစားထိုးသင်ခိုင်းတာပါ။"

ဆရာမယန်က ခေါင်းညိတ်လိုက်၏။

"အကောင်းဆုံးလုပ်ပါ။ မင်းအဆင့်နဲ့ဆို ဒီမှာနေတာက အချိန်ကုန်တယ်လေ။"

သူမ၏ တည်ငြိမ်သော အမူအရာကြောင့် အခြားသူများက ထိုသတင်းအကြောင်း စတွေးလာတော့သည်။ ဆရာမကျန်းကတော့ အလိိုမကျမှုကို ဖုံးမထားနိုင်ခဲ့ပေ။

"ကျိမိသားစုက ချွေးမကတော့ သူများနဲ့မတူဘူးနော်။ ရောက်တာမှ ရက်နည်းနည်းပဲရှိသေးတယ် အခုဆို အထက်တန်းတောင် သင်တော့မယ်။"

ဒါက သေချာပေါက် လင်းချောင်က အဆက်အသွယ်ဖြင့် တက်လာသူဟု ပြောနေခြင်းဖြစ်သဖြင့် ဆရာမယန်က မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း လင်းချောင်ကတော့ မော့ပင်မကြည််ခဲ့ပေ။

"ဆရာမကျန်း သိချင်တယ်ဆိုရင် ကျွန်မအစမ်းသင်ခဲ့တဲ့အကြောင်း ဒုကျောင်းအုပ်ချီကိုသွားမေးလို့ရတယ်။"

ဆရာမကျန်းက ပြောစရာစကားပျောက်သွားပြီး တိတ်ဆိတ်သွားတော့၏။သူမသာ အထက်တန်းသင်နိုင်လျှင် မိဘများထံမှ တိုင်ကြားစာများနှင့် အခြားသူများက သူမနေရာလုသွားမည့်အဖြစ်ကို စိတ်ပူနေစရာမလိုတော့ပေ။ သို့သော် လင်းချောင်ကတော့ သူမနှင့် သက်တူရွယ်တူနီးပါး ပညာအရည်အချင်းလည်း တူသည့်တိုင် အထက်တန်းသင်ဦးမည်။ သေချာမသေနိုင်ဘဲ ပြဿနာရှာတတ်သည့် မိဘများပြဿနာရှာမည်ကို မစိုးရိမ်သည်လား။

အထက်တန်းနှင့် အလယ်တန်းကျောင်းရုံခန်းများက သိပ်မဝေးပေ။ လင်းချောင် ရုံးခန်းထဲရောက်တော့ သိပ္ပံဌာနက အကြောင်းကြားစာ ရထားပြီဖြစ်သည့်အတွက် သူမအတွက် စားပွဲခုံပြင်ပေးထားသည်။

"ဒါက ဆရာကျောက်ရဲ့စားပွဲလေ။ မင်းသုံးနေလို့ရတယ်။"

အဖွဲ့ခေါင်းဆောင်ကောက စာတမ်းအပုံကြီးနှစ်ပုံယူလာပြီး သူမစားပွဲပေါ်တင်ပေးသည်။

"နောက်ဆုံးတော့ တာဝန်ယူမဲ့သူရောက်လာပြီ။ ဒီရက်ပိုင်းအတွင်း သေမလိုပဲ။"

အထက်တန်း ပထမနှစ်တွင် သိပ္ပံအတန်းချိန် လေးချိန်ရှိသည်။ဆရာကျောက်က နှစ်ချိန်သင်ပြီး ဆရာကောက နှစ်ချိန်သင်သည်။ ဆရာကျောက်မရှိတော့ ခေါင်းဆောင်ကောကပဲ အကုန်သင်ရသဖြင့် အသက်လေးဆယ်ပင် မပြည့်သေးဘဲ ဆံပင်များကျွတ်လာပြီဖြစ်သည်။

အဖွဲ့ခေါင်းဆောင်ကောက ခေါင်းကိုကိုင်ပြီးပြောလိုက်သည်။

"အတွင်းရေးမှူးရွှီလိုဖြစ်တော့မယ်။"

"သတိထားဦး အတွင်းရေးမှူးရွှီကြားသွားဦးမယ်။"

ရုံးခန်းထဲမှလူများက ရယ်မောလိုက်ပြီး လင်းချောင်ကလည်း အဖွဲ့ခေါင်းဆောင်ကောကို ရယ်ရသူဟုမြင်မိသည်။

သို့သော် လင်းချောင်က အမှတ်ခြစ်ရသည့်အခါတွင်တော့ ရယ်စရာဟု မထင်တော့ပေ။ ဆရာကျောက်သင်သော အတန်းနှစ်တန်း၏ ဓာတုဗေဒ ရမှတ်များက အတော်ဆိုးသည်။ အထူးသဖြင့် ကျွင်းဇီရှိသော အတန်းလေးဖြစ်၏။ စာတမ်းများအားလုံးက အမှားများအပြည့်ဖြစ်နေပြီး မှတ်စုများကလည်း သိသိသာသာလျော့နေသည်။

သူမက အစမ်းစာသင်ခဲ့သည့်နေ့ရှိ ကျောင်းသားအရေအတွက်ကို အကြမ်းဖျင်း တွက်ကြည့်လိုက်သည်။ ကျောင်းသား ငါးဆယ် ခြောက််ဆယ်လောက်ရှိသည့်အတွက် လေးပုံတစ်ပုံလောက်က စာအုပ်မထပ်ထားပေ။ဒါက ဒီနေ့ပဲလား ပုံမှန်ဖြစ်နေကျလားတော့ မသဲကွဲပေ။

လင်းချောင်က အလျင်မလိုဘဲ ခေါင်းဆောင်ကောကို မေးလိုက်၏။

"အရင် လဝက်စာမေးပွဲက ရလဒ်တွေရှိသေးလား။"

"ရလဒ်?"

"ဟုတ်ကဲ့။ ကျွန်မ အတန်းနှစ်ခုရဲ့ အဆင့်တွေကို သိချင်လို့ပါ။"

သူမက လဝက်သာ အစားထိုးမည်ဖြစ်သော်လည်း ဆရာတစ်ယောက်အနေနှင့် တာဝန်ကျေရန်လိုသည်။

ခေါင်းဆောင်ကောကလည်း လင်းချောင်သည် ပေါ့ပေါ့တန်တန်လုပ်ရန်လာသူ မဟုတ်သည်ကိုသိထားသည်။

"ကောင်းပါပြီ။ ငါ ရှာပေးပါ့မယ်။ ဘယ်မှာလဲတော့ မသေချာဘူး။"

နောက်ဆုံးတော့ အံဆွဲထဲ၌ လက်ရေးဖြင့် ရေးမှတ်ထားသည့် အဆင့်များကိုရှာတွေ့ခဲ့၏။ အမှန်ပြောရလျှင် ဆရာကျောက်၏ အတန်းနှစ်တန်းက အခြေအနေမကောင်းသလို အတန်းလေး၏ ရမှတ်များက အောက်ဆုံးတွင်ဖြစ်၏။

"ဆရာကျောက်က အတန်းလေးက အတန်းပိုင်မလား။"

"ဟုတ်တယ် ဒါကြောင့် သူတို့အတန်းက အိိမ်စာတွေမထပ်တာပေါ့။ အနည်းဆုံး အတန်းသုံးကမှ သူတို့ကို စာစစ်ပေးဖို့ အတန်းပိုင်ဆရာရှိသေးတယ်။"

ပထမနှစ် သိပ္ပံအုပ်စု ခေါင်းဆောင်ဖြစ်သည့် ခေါင်းဆောင်ကောက ရက်အနည်းငယ်သာ အစားဝင်သင်ရသေးပြီး ယခုဆိုလျှင် အတန်းနှစ်တန်းအကြောင်း အတော်သိနေပြီိဖြစ်သည်။

"အတန်း လေးက ဒုက္ခအိုးအတော်များတယ်။ ဆရာကျောက်ရှိရင်တောင် အတော်ထိန်းရခက်တာ။ သူတို့ကို မထိန်းနိုင်ရင် ရှေ့မှာထိုင်တတ်တဲ့ လိမ္မာတဲ့ကျောင်းသားတွေကိုပဲ ပိုအာရုံစိုက်လိုက်ပါ။"

ဒါက ဆရာတစ်ယောက်ဘဝ၏ အမှန်တရားဖြစ်သည်။ကျောင်းသားတိုင်းက ထိန်းရမလွယ်သလို အခြားသူများကို နှောင့်ယှက်တတ်သည့် ကျောင်းသားတိုင်းက အနောက်တွင်သာထိုင်တတ်သည်။

လင်းချောင်က အဆင့်မသတ်မှတ်မီ အတန်းနှစ်ခုအကြောင်း မေးခွန်းများပိုမေးပြီး နားလည်းလည်သွားခဲ့၏။

သူမ၏ ပထမဆုံးအတန်းချိန်တွင် လင်းချောင်က စာအုပ်များကို အတန်းထဲသယ်သွားလိုက်၏။

"အတန်းခေါင်းဆောင် ဘယ်သူလဲ။"

တတိယအတန်းတွင် ထိုင်နေသည့် ခပ်အေးအေးကောင်မလေးတစ်ယောက်က လက်ထောင်လိုက်သည်။

"ကျွန်မပါ။"

တတိယအတန်းတွင် ထိိုင်နေသည့်ကျောင်းသားများက ပုံမှန်အားဖြင့်လည်း အမှတ်ကောင်းသူများဖြစ်သည်။ လင်းချောင်က သူမကို စာတမ်းစာအုပ်များ ဝေပေးလိုက်သည်။

"ဒါတွေကို မြန်မြန်ဝေပေးလိုက်ပါ။"

ထိုမိန်းကလေးက ချက်ချင်းထရပ်လိုက်ပြီး အခြားသူများကလည်း ဆူဆူညံညံ ဖြစ်လာတော့သည်။ အထူးသဖြင့် ကျွင်းဇီက မျက်လုံးများပင် ပေါက်ထွက်မတတ်ပင်။

"တကယ်ပဲ ကျွန်တော်တို့ဆရာမ လုပ်တော့မှာလား။"

"ဘယ်လိုထင်လဲ။"

လင်းချောင်က သူ့ကို အဓိပ္ပါယ်ရှိသည့်အပြုံး ပြုံးပြလိုက်သည်။

"မင်း ပိုဂရုစိုက်နေသင့်တယ်။"

ကျွင်းဇီက အစကတော့နားမလည်သော်လည်း ဖြည်းဖြည်းချင်း သဘောပေါက်သွား၏။

"ကျွန်တော့်မိဘတွေကို ဘာမှမပြောပြဘူးမလား။"

လင်းချောင်သာ သူ၏မိဘများကိုတိုင်လိုလျှင် အိမ်ထိပင်သွားစရာမလိုဘဲ သူမခြံထဲတွင်သာ အသံကျယ်ကျယ်ဖြင့် အော်လိုက်လို့ရသည်။

လင်းချောင် ဘာမှမပြောတော့ ကျွင်းဇီက ချက််ချင်းထသွားပြီး သူမလက်ထဲမှ သင်ပုန်းဖျက်ကို ယူလိုက်သည်။

"ဆရာမလင်း အနားယူပါနော်။ ကျွန်တော် လုပ်လိုက်ပါ့မယ်။"

ဒီအပြုအမူကြောင့် သူငယ်ချင်းများက သူ့ကိုနားမလည်သလို ကြည့်ကြသည်။ သူ ပြန်ထိုင်လိုက်တော့ စနောက်ခံရတော့သည်။ သူကလည်း စိတ်ရှုပ်လာပြီး ပြောလိုက်၏။

"မင်းသာ ငါ့နေရာမှာဆိုရင်လည်း ဒီလိုဖြစ်မှာပဲ။ ချီဟွိုင်ဝမ်လည်း နားလည်မှာပါ။"

အခြားသူများက သူ့ကိုမယုံနိုင်ဖြစ်နေစဉ်တွင် ချီဟွိုင်ဝမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး စာဆက်ဖတ်နေခဲ့သည်။

"ငါ တကယ်ပြောနေတာဟ။"

ကျွင်းဇီက အရေးတကြီးပြောလိုက်၏။

"သူမ အိမ်က ငါ့အိမ်ဘေးမှာလေ။ နံရံတစ်ခုပဲခြားတာ။ မင်းတို့ဆိုရင်ရော အေးဆေးနေနိုင်မလား။"

ဒီတစ်ခါတော့ သူ့ကို ဘယ်သူမှမလှောင်တော့ဘဲ ငကြောက်ဆိုသော အကြည့်ဖြင့် ကြည့်၍ ရယ်လိုက်ကြသည်။ အတန်းပြီးတော့ သူတို့က လင်းချောင်ကိုမြင်သည်နှင့် ကျွင်းဇီကို တွန်းထုတ်လိုက်၏။

"မင်း ဆရာမကိုနှုတ်မဆက်ဘူးလား။ မင်းကို မယဉ်ကျေးဘူးဆိုပြီး ဆရာမနဲ့တိုင်ရင်ဘယ်လိုလုပ်မလဲ။"

"သွားစမ်းပါ။"

ကျွင်းဇီက လွယ်အိတ်ကိုဆွဲခါလိုက်ပြီး လူအစုအဝေးလည်းကွဲသွားခဲ့၏။

လင်းချောင်က သူတို့ကိုမြင်သော်လည်း ကျောင်းဆင်းပြီဖြစ်ပြီး ကလေးအချင်းချင်း စနောက်သည့်ကိစ္စဖြစ်သဖြင့် မမြင်ဟန်ဆောင်ခဲ့သည်။ ညစာစားပြီး သူမအိမ်ပြန်လာခဲ့ရာ ညနေခင်း အလင်းရောင်အောက်တွင် အိမ်ပြင်၌ သူမကိုစောင့်နေသူတစ်ဦးကို တွေ့လိုက်ရ၏။

ကျိဇယ်က ပျင်းရ်ိနေသည့်ပုံစံဖြင့် တရုတ်ဇီးသီးပင်မှ အရွက်များကို လှမ်းကိုင်နေသည်။

လင်းချောင် အနည်းငယ်အံ့သြသွားရ၏။

"ရှင် ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။"

"မကြာသေးပါဘူး။"

ကျိဇယ်က စကားအများကြီး မပြောချင်သည်မှာသေချာ၏။ သူက ခြေရင်းနားမှ ပလတ်စတစ်ဘူးကို ယူလိုက်၏။

"ဒါက အဒေါ်လိုချင်တဲ့ သံလွင်ဆီလား။"

လင်းချောင်က သူဒီတိုင်းပြောခဲ့ခြင်းဟုသာ ထင်ခဲ့သော်လည်း အမှန်တကယ်ယူလာခြင်းဖြစ်သည်။ ပြီးတော့ ရက်နည်းနည်းမှာ ရလာခြင်းဖြစ်၏။

ပြီးတော့ ဒီလောက်ပမာဏ..

သူမက တူဖြစ်သူကို ကြည့်လိုက်၏။

"ဘယ်နှပေါင်တောင်လဲ။"

"ပေါင် နှစ်ဆယ်လောက်ထင်တယ်။ သူငယ်ချင်းတစ်ယောက် ယူလာပေးတာ။ လိုချင်သလောက်ရလားတော့ မသေချာဘူး။"

ကျိဇယ်က သူမရှေ့တွင် ထိုဘူးကိုချပေးလိုက်ပြီး လင်းချောင်ကလည်း ဖွင့်ကြည့်လိုက်သည်။

"တကယ်ကို သံလွင်ဆီပဲ။"

"ကျွန်တော် အထဲပို့ပေးမယ်။"

ကျိဇယ်က ထိုပလတ်စတစ်ဘူးကို အလျင်အမြန် မလိုက်သည်။

ပေါင်နှစ်ဆယ်က အတော်များသည်။ သူ သယ်ပေးမည်ဆိုတော့ လင်းချောင်လည်း မငြင်းတော့ပေ။ သူမက သော့ထုတ်လိုက်ပြီး တံခါးဖွင့်လိုက်၏။

"ညစာစားပြီးပြီလား။"

"ဟုတ်ကဲ့။"

ကျိဇယ်က ပုံမှန်အတိုင်းပဲပြန်ဖြေလိုက်သည်။ သူက အိမ်ထဲ ခြေလှမ်းစလှမ်းလိုက်သည့်အချိန်မှစ၍ အနေရခက်သလို ခံစားမိနေသည်။ သူက သူ့ဦးလေး၏ အဆောင်နှင့် ရုံးခန်းကိုရောက်ဖူးသော်လည်း ဤအိမ်သစ်ကိုတော့ ပထမဆုံးရောက်ဖူးခြင်းပင်။ ပြီးတော့ ဦးလေးဖြစ်သူလည်း အိမ်တွင်မရှိသည့်အတွက် သူနှင့် လင်းချောင် နှစ်ယောက်တည်းဖြစ်သောကြောင့် အနေရခက်မှုက ပိုသိသာစေ၏။

ကျိဇယ်က လှည့်ပတ်ကြည့်မနေတော့ဘဲ ဆီထည့်ထားသောဘူးကို မီးဖိုချောင်ထဲ ထည့်ပြီးသည်နှင့် ထွက်သွားရန်ပြင်လိုက်တော့၏။

"ဘယ်လောက်ကျလဲ။" လင်းချောင်လည်း အတော်ကုန်မည်အထင်နှင့် မေးလိုက်ခြင်းဖြစ်၏။

ကျိဇယ်က လှည့်၍ပင်မကြည့်ခဲ့။

"ကျွန်တော်လည်းမသိဘူး။ ဒီတိုင်း သုံးလိုက်ပါ။"

သူက ခြေလှမ်းကျယ်ကြီးများဖြင့် ခြံဝင်းထဲမှ ထွက်သွားတော့သည်။

ကျိမိသားစုမှ အမျိုးသားများအားလုံး ခြေတံရှည်ကြသည်။ ကျ်ိဇယ်က သူ့ဦးလေးလောက် အရပ်မရှည်သည့်တိုင် ၁.၈ မီတာကျော်တော့ရှိ၏။ လင်းချောင် လိုက်မမှီနိုင်သည့်အတွက် မလိုက်တော့ပေ။ သူမက ကျိသော်ကိုစောင့်ပြီးမှ သူနှင့်ဆွေးနွေးရန် ဆုံးဖြတ်လိုက်၏။ အလုပ်မဖြစ်လျှင်လည်း အိမ်လုပ်ဆပ်ပြာအနည်းငယ်လုပ်ပြီးတော့သာ ကျိဇယ်ကိုပေးလ်ိုက်တော့မည်။ သူမတစ်ယောက်တည်းသာသုံးနေလျှင် ပေါင်နှစ်ဆယ်က သုံးမကုန်ပေ။

ဆီလည်း ရပြီဖြစ်သည့်အတွက် လင်းချောင်က အခြားပါဝင်ပစ္စည်းများယူကာ စနေနေ့ညတွင် ဆပ်ပြာလုပ်ခဲ့သည်။

သူမက တနင်္ဂနွေနေ့တွင် အိမ်ဟောင်းသို့ သွားရဦးမည်။ ထို့အပြင် မင်္ဂလာဓာတ်ပုံများကိုလည်း လာယူ၍ရပြီဖြစ်သဖြင့် ဓာတ်ပုံဆိုင်လည်းသွားရဦးမည်။

လင်းချောင်အတွက် ဆပ်ပြာလုပ်ရသည်က ကိတ်မုန့်ဖုတ်ရသည်ထက် ပိုလွယ်သည်။ သူမက ကျောင်းမှ ပေါင်းခံရည်ယူလာခဲ့ပြီး ဆိုဒီယမ်ဟိုက်ဒြောက်ဆိုဒ်ကလည်း စျေးတွင်ဝယ်၍ရသည်။ ကျန်သည်ကတော့ တွက်ချက်ချိန်ဆရန်ပင်။ စစ်ယူထားသည့်ရေကို အပူပြင်းပြင်းတွင် ဆီနှင့်ရောစပ်ခြင်းက ရေစက်များစင်လျှင် အသားကိုလောင်နိုင်၏။ မီးတောက်များကလည်း ပြင်းသဖြင့် လက်နှင့်မျက်လုံးများကို ကာထားလျှင်ပိုကောင်း၏။

လင်းချောင်က လေဝင်လေထွက်ကောင်းစေရန် ပြတင်းတံခါးနှင့် မီးဖိုချောင်တံခါးများဖွင့်၍ အလုပ်ရှုပ်နေစဉ် ဂျစ်ကားတစ်စီး အိမ်ရှေ့တွင်ရပ်သွား၏။

ဆယ်ရက်လောက် အဝေးရောက်နေပြီး အစည်းအဝေးများတက်နေသည့်တိုင် ကျိသော်၏ အမူအရာက မပြောင်းသွားသော်လည်း ပို၍ မေးရိုးများချွန်လာကာ အရင်ထက်လည်း စကားပိုနည်းလာ၏။ သူက မျက်လုံးမှိတ်ထားကာ နောက်ခုံတွင်မှီထားခဲ့သည်။

ရှောင်ဖန်းက ကားရပ်၍ သူ့ကိုခေါ်မည်အလုပ် ထူးဆန်းသည့်အနံ့တစ်ခုရလိုက်၏။

ကားတံခါးဖွင့်ထားသဖြင့် ကျိသော်လည်း အနံ့ရ၏။ လင်းချောင်က အဆိပ်မရှိဘဲ စားလို့ရသည့်အရာတော့လုပ်တတ်သည်ဟု ပြောခဲ့သည်ကိုသတိရသွားကာ အနံကလည်းပိုပြင်းလာသဖြင့် ကားထဲမှထွက်၍ ခြံထဲဝင်လိုက်၏။ အနံ့သာမက မီးဖိုချောင်ဖက်မှ အဖြူရောင်မီးခိုးများပါ ထွက်လာတော့သည်။

ကျိသော်က မျက်နှာထားတင်းတင်းဖြင့် အိမ်ထဲဝင်သွားပြီး မီးခိုးထွက်နေသည့်အရာကို အုပ်ရန်လုပ်လိုက်၏။

"ခဏ မအုပ်လိုက်နဲ့။"

လင်းချောင် အလျင်အမြန်အော်လိုက်၏။ သူမ မီးဖိုချောင်ထဲ ဆပ်ပြာလုပ်နေစဉ် ကျိသော်ပြန်ရောက်လာမည်ဟု မထင်ခဲ့ပေ။

ကံကောင်းစွာပဲ ကျိသော်က လှုပ်ရှားမှုမြန်သည့်တိုင် တစ်ဝက်တစ်ပျက်ဖြင့်ရပ်သွား၏။

လင်းချောင်က အလုပ်ဆက်လုပ်ပြီး အလျင်အမြန်ရှင်းပြလိုက်၏။

"ကျွန်မ မီးရှိူ့နေတာမဟုတ်ဘူး ဆပ်ပြာလုပ်နေတာပါ။"

ဒီမီးခိုးများက အိုးထဲမှမဟုတ်ဘဲ ဇလုံလေးတစ်လုံးထဲမှဖြစ်ကြောင်း ကျိသော်နားလည်သွား၏။ သို့သော် မီးဖိိုခန်းထဲ မီးခိုးပြည့်နေသဖြင့် ဘယ်သူမဆို နောက််တစ်မျိုးတွေးမိနိုင်သည်။ သူက ဆပ်ပြာရည်ဇလုံကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ လင်းချောင်က လှမ်းပြောလိုက်သည်။

"ဘာမှမရှိတော့ဘူး နောက်ဆုတ်နေနော်။ အထဲက အရည်တွေလာစင်မယ်။"

ထိုအမျိုးသမီးငယ်က လက်အိတ်များပါဝတ်၍ စနစ်တကျလုပ်နေသည့်တိုင် အရည်များက ဟိုစင်ဒီစင်ဖြစ်နေသေးသည်။ ကျိသော်လည်း သူဘာမှ မလုပ်နိုင်သည်ကို သိသဖြင့် နောက်ဆုတ်လိုက်၏။

အပြင်ထွက်လိုက်တော့ ရှောင်ဖန်းနှင့်ဆုံမိသည်။

"ဘာဖြစ်နေတာလဲ။"

"ဘာမှ မဖြစ်ပါဘူး။ မင်းမရီးက တစ််ခုခုလုပ်နေတာ။"

ကျိသော်က မီးဖိုချောင် တံခါးပိတ်လိုက်၏။

ရှောင်ဖန်းက မယုံသလိုဖြစ်နေသော်လည်း ကျိသော်ကိုယ်တိုင်ပြောလာသဖြင့် ဘာမှထပ်မမေးတော့ပေ။

"ဘာကိစ္စမှ မရှိတော့ရင် ကျွန်တော်သွားတော့မယ်။"

ဆီနှင့်အရည်များကိုရောပြီးသည်နှင့် ရောစပ်ထားသည့်အရည်ကို ပုံစံခွက်ထဲ ထည့်ရတော့မည်။ လင်းချောင်လည်း ရောစပ်ထားသောအရည်ကို ပုံစံခွက်ထဲထည့်လိုက်ပြီး ကျန်နေသည့်အရည်များကို ခြစ်ယူကာ ပစ္စည်းများဆေးကြောလိုက်ပြီး မီးဖိုခန်းမှထွက်ခဲ့၏။

ဧည့်ခန်းထဲတွင်တော့ သတင်းထုတ်လွှင့်မှုအသစ် ပြီးသွားသည်မှာကြာပြီဖြစ်သည်။ ကျိသော်က ဆေးလိပ်တစ်လိပ်က်ိုင်ထားကာ ဆေးလိပ်ပြာခွက်ထဲတွင်လည်း နှစ်လိပ်ရှိနေပြီး အိပ်ချင်သလိုဖြစ်နေ၏။

ထိုသူ၏ ခေါင်းမာ၍ချောမောသောမျက်နှာက မီးခိုးငွေ့များကြားတွင် အနည်းငယ်ပင်ပန်းနေပုံပေါ်သည်ဟုခံစားမိသည်။ ပုံမှန်ဆိုလျှင်လည်း သူက ဆေးလိပ်သောက်တတ်သည်။ သို့သော် တစ်ခါတည်းနှင့် အများကြီးသောက်သည်ကတော့ရှား၏။ သူမက ရှေ့တစ်လှမ်းတိုးလိုက်၏။

"ရှင် အပေါ်တက်ပြီး အိပ်လိုက်မလား။"

"မလိုပါဘူး။"

ကျိသော်က အိပ်ချင်နေသည့် အကြည့်ပျောက်သွားပြီး ပုံမှန်အမူအရာဖြစ်သွား၏။

"အားလုံး ပြီးသွားပြီလား။"

"ပြီးသွားပြီ။ မနက်ဆို အပိုင်းဖြတ်လို့ရပြီ။"

လင်းချောင်က ဆိုဖာတစ်ဖက်ခြမ်းတွင်ထိုင်၍ အနားယူရန်လုပ်လိုက်စဉ် ဧည့်ခန်းအနေအထားကလည်း အနံ့အသက်မကောင်းသည်ကို သိလိုက်ရ၏။

"ရှင် လမ်းလျှောက်ထွက်ချင်လား။ အနံ့ပျောက်သွားရင် ပြန်လာလို့ရတယ်လေ။"

သူမက အနံ့ပျောက်သွားမှ ပြန်လာအိပ်ရန်တွေးထား၏။

မထင်ထားဘဲ ပင်ပန်းနေပုံပေါ်သည့်ကျိသော်က စီးကရက်ကို ပြာခွက်ထဲထည့်လိုက်၏။

"သွားစို့။"

မေလလယ်တွင် ယန်ဒူ၏ရာသီဥတုမှာနွေးနေပြီဖြစ်သည်။ ကျိသော် တံခါးပိတ်လိုက်သည်နှင့် ကျိဇယ်က သူမဆီယူလာပေးသည်ကို သတိရသွား၏။

"သူက ဆီသယ်ပေးပြီးတာနဲ့ တန်းထွက်သွားတာ။ ဘယ်လောက်ကျလဲတောင် မမေးလိုက်ရဘူး။"

"ကျိဇယ်က ဆီရှာပေးတာလား။"

ထိုသူ၏ အမူအရာရပ်သွားခဲ့၏။

လင်းချောင် ခေါင်းညိတ်ရန်အလုပ် ဘေးခြံမှ အော်သံကျယ်ကျယ်တစ်ခု ကြားလိုက်ရ၏။

"ကယ်ကြပါဦး လူသတ်နေပါတယ်။"

ရှေ့မှ မျောက်တစ်ကောင်ကဲ့သ်ို့ ကို့ယိုးကားယား ပြေးလာသူနှင့် နောက်မှဒေါသတကြီးလိုက်နေသော ဗိုလ်မှုးကြီးလျန်ကိုတွေ့လိုက်ရ၏။

"မင်း ခွေးကောင်လေး ရပ်လိုက်စမ်း။"

"အရူးပဲ အရိုက်ခံဖို့ ရပ်စောင့်နေလိမ့်မယ်။"

ကျွင်းဇီက ပြေးနေရင်းအော်ပြောလိုက်၏။

ပို၍စိတ်တိုလာသဖြင့် ဗိုလ်မှူးကြီးလျန်က ရိုက်ရန်ခါးပြတ်ဖြုတ်လိုက်၏။

ကျွင်းဇီက လင်းချောင်ထံပြေး၍ အနောက်တွင်ပုန်းလိုက်၏။

"ဆရာမလင်း ကယ်ပါဦး။"

သူက သူမနောက်ပြေးပုန်းလိုက်၏။

စည်းကမ်းမရှိသည့်သားကို မြင်နေရသည်ကပင် ရှက်စရာကောင်းနေပြီဖြစ်ပြီး အခုသူက အခြားတစ်ယောက်နောက်တွင် ပုန်းနေပြန်လေပြီ။ ဗိုလ်မှုးကြီးလျန်က ဒေါသတကြီးဖြင့် လက်ညှိုးထိုးလိုက်၏။

"မိန်းမတစ်ယောက်နောက်မှာ ပုန်းနေတာ ဘယ်လိုယောက်ျားမျိုးလဲ။ ထွက်ခဲ့စမ်း။"

အမြဲ ရိုးသားသည့်ကျွင်းဇီက ပြောလိုက်၏။

"ကျွန်တော်မှ ကပ္ပတိန်ကျိနောက်မှာ မပုန်းရဲတာ။"

လင်းချောင်က သူမဘေးမှလူကိုကြည့်ရင်း နောက်မှကောင်လေးကိုလည်းကြည့်ကာ ရယ်လိုက်၏။

"တစ်ယောက်ယောက်က မင်းအိမ်ကို မင်းအကြောင်းလာတိုင်လို့လား။"

ဒါက သေချာပေါက် စနောက်ခြင်းဖြစ်သဖြင့် ကျွင်းဇီရယ်လိုက်၏။

"မဟုတ်ပါဘူး။ ကျွန်တော် ဆရာမပြောတဲ့အတိုင်း စမ်းသပ်မှုလေးတစ်ခု လုပ်ကြည့်ခဲ့တာပါ။"

သူက ပြောနေရင်း မျက်ခုံးပင့်ပြလိုက်ပြီး ဗိုလ်မှုးကြီးလျန်ကတော့ လက်ထဲမှအရာများကို ပစ်ပေးကာပြောလိုက်၏။

"မင်း ဒီလိုအရာတွေကို စမ်းသပ်မှုလို့ခေါ်တာလား။"

ထို့နောက် လင်းချောင်က ဗိုလ်မှူးကြီးလျန် စီးကရက်အရွက်များကဲ့သို့ စာရွက်တစ်ခုကိုင်ထားသည်ကို မြင်လိုက်ရပြီး ကျွင်းဇီက အမြန်ယူလ်ိုက်သည်။ သူက သူမကိုဂုဏ်ယူစွာ ပြလိုက်သည်။

"ဆရာမ မြင်လား ကျွန်တော် ဘာအမှားမှမလုပ်ဘူး။ အပူပေးလိုက်ရင် စာလုံးတွေပေါ်လာလိမ့်မယ်။"

စာလုံးများပေါ်လာသော်လည်း ဗိုလ်မှူးကြီးလျန်ကတော့ မြင်ပြီးသည်နှင့် ပို၍ ဒေါသထွက်သွားရတော့သည်။

All Chapters