Chapter 30
Vol. 3 Ch. 30
နောက်တစ်နေ့တွင် လင်းချောင်ကိုယ်တိုင် ဆန်ပြုတ်ပြုတ်ခဲ့သည်။ သူတို့က အဒေါ်ကျန်း၏ အချဉ်ဟင်းများဖြင့်မနက်စာစားခဲ့ပြီး သူမ၏ ဆန်ပြုတ်လက်ရာကလည်း အတော်ကောင်းသည်။
မနက်စာစားပြီးနောက် နှစ်ယောက်လုံးအလုပ်သွားကြ၏။ သူတို့ထွက်သွားပြီးမကြာခင် ကျွင်းဇီကနောက်မှရောက်လာ၏။
"ဆရာမလင်း ဒါတော့မတရားဘူး။ စိတ်ဝင်စားရင် အိမ်မှာလုပ်ကြည့်လို့ရတယ်ပြောပြီး ကျွန်တော့်အဖေရိုက်တော့ မတားပေးပါလား။"
"ငါ မင်းကို ဓာတုဗေဒသင်ပေးတာလေ ပေါက်ကရလုပ်ဖို့မှမဟုတ်တာ။"
လင်းချောင်က မျက်ခုံးပင့်ပြလိုက်၏။
ကျွင်းဇီက တိတ်သွားကာ နှာခေါင်းကိုပွတ်၍ ရှက်ပြုံးပြုံးလိုက်၏။
လင်းချောင်က စာအုပ်ကိုအာရုံပြန်စိုက်ပြီး လမ်းဆက်လျှောက်လိုက်၏။
"မင်း အိမ်စာပြီးပြီလား။"
"သေချာပေါက် ပြီးပြီပေါ့။"
ကျွင်းဇီက နေရထိုင်ရခက်လာပြီး စကားလမ်းကြောင်းပြောင်းလိုက်တော့၏။
"အဲ့ဒီ စမ်းသပ်မှုလေးအပြင် အခြားဟာတွေရော သိသေးလား။"
"မင်းက ပိုပြီးသင်ချင်လို့လား။"
လင်းချောင်က ထက်ဝက်ပြုံး၍သူ့ကိုကြည့်လိုက်၏။
ဒီတစ်ခါတော့ ကျွင်းဇီအကြည့်မလွှဲခဲ့ပေ။
"သေချာပေါက်ပေါ့။ အရမ်းပျော်စရာကောင်းတယ်လေ။ ဆရာမ မသိပါဘူး။ အတန်းပြီးတော့ အခြားအတန်းတွေက ဘယ်လိုလုပ်ရလဲ လာမေးတယ်။ အထူးသဖြင့် အတန်းသုံးပေါ့ သူတို့က အစမ်းသင်ခန်းစာအတွက် ဘာလို့ သူတို့အတန်းကိုမရွေးတာလဲလို့တောင် ပြောနေသေးတယ်။"
အခြားအတန်းက ဒီစမ်းသပ်မှုအကြောင်း ဘယ်လိုသ်ိမှာလဲ။ သူတို့ဖွလိုက်ခြင်းသာဖြစ်ရမည်။ စမ်းသပ်မှုက ကောင်းမွန်သော အကျိုးသက်ရောက်မှုတော့ရှိ၏။ကျောင်းသားများက စမ်းသပ်မှုအများကြီး မလုပ်ဖူးသလို ဆရာများကလည်း သူတို့ကို စမ်းသပ်ခန်းထဲ ခေါ်မသွားပေးပေ။ စစ်တပ်အထက်တန်းကျောင်းများမှာ အခြေအနေ အတော်ကောင်းသည့်တိုင် သင်ထောက်ကူပစ္စည်းများနှင့် စမ်းသပ်ခန်းက အလွန်သေးသဖြင့် ကျောင်းသားများက ကြည့်နေရုံသာတတ်နိုင်သည်။
လင်းချောင်တက်ခဲ့သော နယ်ဖက်ရှိကျောင်းများတွင်လည်း ကျောင်းရန်ပုံငွေ အကန့်အသတ်ရှိသလိုတစ်ခါတစ်ရံတွင် ဆရာများအတွက်ပင် လစာမပေးနိုင်သဖြင့် ကျောင်းသားများ၏ လယ်လုပ်ခြင်းမှ ထောက်ပံငွေများကိုသာမှီနေရကာ ဘာစမ်းသပ်မှူမှမလုပ်နိူင်ပေ။
လင်းချောင်တွင် အတွေးတစ်ခုရှိ၏။
"စမ်းသပ်မှုတွေ ရှိတာပေါ့။ ဒါပေမဲ့..."
သူမက သူ့အကြည့်နှင့်ဆုံတော့ ပြုံးလ်ိုက်၏။
"မင်း အိမ်စာအရင်ပေးရမယ်။"
"အာ"
ကျွင်းဇီ ချက်ချင်းညီးတွားလိုက်၏။
သို့သော် အတန်းခေါင်းဆောင်က အတန်းလေးမှစာအုပ်များကို ရုံးခန်းထဲယူလာပေးချိန်တွင် လင်းချောင် သူ့နာမည်ကို တွေ့နေရသေးသည်။ စာအုပ်ရှိသော်လည်း အထဲမှစာကတော့...
အမှတ်ခြစ်ပြီးသည်နှင့် တစ်ပုံစံတည်းတူသော နောက်တစ်အုပ်တွေ့ခဲ့၏။ အမှားများအားလုံး တူနေကြခြင်းပင်။
သူမ ဒီကျောင်းသားကိုမှတ်မိသည်။ သူက စာအုပ်မထပ်သည့်အချိန်မရှိသော်လည်း အချိန်တိုင်းလိုလို စာအားလုံးလွဲနေကာ အမှားများအပြည့်ဖြစ်၏။ သူက ဆက်၍ အမှားများကို အိမ်စာထပ်နေခဲ့သည်။
လင်းချောင်က ဘောပင်ယူပြီး ကျွင်းဇီ၏စာအုပ်ပေါ်တွင် မှတ်စုရေးပေးခဲ့၏။
"နောက်တစ်ခါ ကူးချလို့ကောင်းမဲ့ အခြားတစ်ယောက်ရှာလိုက်။"
"ဟဟ"
သူမအနောက်မှ ရယ်သံကြားလိုက်ရသဖြင့် လှည့်ကြည််လိုက်ရာ အဖွဲ့ခေါင်းဆောင်ကော ဖြစ်နေသည်။
ခေါင်းဆောင်ကောက ကျိသော်ထက်ပင် အရပ်ရှည်သည်။ သို့သော် သူ့တွင်အရပ်ရှည်သူများ၏ ပုံမှန်ပြဿနာရှိသည်။ သူက ကျိသော်ကဲ့သို့ ဖြောင့်တန်းစွာမရပ်နေနိုင်ပေ။ သူက လင်းချောင်၏ စားပွဲဘေးမှဖြတ်သွားရာတွင် လှည့်ကြည့်လိုက်ရာ သူမလုပ်လိုက်သည့်အရာကိုမြင်လိုက်သဖြင့် ရေသီးသွားကာ ချောင်းပါဆိုးသွား၏။
ပြန်အဆင်ပြေသွားတော့မှ သူက ရေခွက်ကိုချကာ ပြောလိုက်၏။
"နောက်တစ်ခါ လမ်းလျှောက်ရင်း ရေမသောက်တော့ဘူး။"
စာအုပ်များ ပြန်ဝေပေးချိန်မှာတော့ ကျွင်းဇီ၏အရှေ့မှကျောင်းသားက မှတ်ချက်ကိုမြင်သဖြင့် ရယ်လိုက်၏။
"ငါတို့ ဆရာမလင်းက ဒီလောက်တောင်ရယ်ရတာလား။"
ကျွင်းဇီက သူ့ကိုကြည့်လိုက်၏။
"ရယ်နေတယ်ပေါ့။ ငါ မင်းဆီက ကူးထားတာလေ။"
"ဒါဆို ဘာလို့ အခြားသူဆီက မကူးဘဲ ငါ့ဆီကပဲ ကူးနေတာလဲ။"
"ချီဟွိုင်ဝမ်က အိမ်စာဘယ်တော့မှ မလုပ်လို့မလား။"
ကျွင်းဇီက ကူကယ်ရာမဲ့ဖြစ်သွား၏။
"မင်းကပဲ ငါနဲ့အရင်းနှီးဆုံးကို မင်းဆီက မကူးရင် ဘယ်ကသွားကူးရမှာလဲ။"
ပြောနေရင်းနှင့် ကျွင်းဇီ၏ ရှေ့မှကျောင်းသားက ကျွင်းဇီ၏ ဘေးတွင်ထိုင်နေသူကို စကားလှမ်းပြောလိုက်၏။
"ချီဟွိုင်ဝမ် ကူးလို့ပြီးပြီလား။"
"ပြီးတော့မယ်။"
ထိုကောင်လေးက တည်ငြိမ်စွာဖြေလိုက်ပြီး မော့ကြည့်စရာမလိုဘဲ ဘောပင်က ချောမွေ့စွာလှုပ်ရှားနေ၏။
ရှေ့တန်းမှကျောင်းသားက အသံတိုးတိုးဖြင့် ကျွင်းဇီကိုပြောလိုက်၏။
"မင်းမြင်လား။"
"ဘာကိုလဲ။"
ကျွင်းဇီက တွေးမရဖြစ်နေ၏။
"အဲဲဒီဟာကို မင်းသိတယ်မလား။"
ရှေ့တန်းမှကျောင်းသားက မျက်စိမှိတ်ပြပြီး အရိပ်အကဲပြလိုက်၏။ အနီးရှိကောင်လေးကလည်း ရယ်လိုက်သဖြင့် ကောင်းသည့်ကိစ္စမဟုတ်သည်မှာ သေချာ၏။
လင်းချောင်က အနောက်တံခါးမှဝင်လာသည်ကို ပြဿနာရှာတတ်သည့် ကျောင်းသားဆိုးလေးများက သတိမထားမိခဲ့ချေ။
လင်းချောင်က သူတို့ထဲမှတစ်ယောက်ကိုင်ထားသော မှတ်စုစာအုပ်ကို ယူလိုက်၏။ ဒါက လက်ရေးဖြင့်ကူးထားသော "မိိန်းမပျိုလေး၏နှလုံးသား" ဟူသောစာအုပ်ဖြစ်နေသည်။
ဒီစာအုပ်ကို ခိုးကူး၍ ရောင်းချနေသော်လည်း မြန်မြန်ပြန့်သွားလိမ့်မည်ဟုတော့ ဘယ်သူမှ မထင်ထားပေ။
လင်းချောင်ပေါ်လာသည်နှင့် ထိုကောင်ဆိုးလေးများ တိတ်ဆိတ်သွား၏။
လင်းချောင်က အခန်းကို အလျင်အမြန်ရှာဖွေလိုက်ရာ နောက်ထပ်ကောင်လေးတစ်ယောက်၏ အိတ်ထဲမှစာအုပ်နှစ်အုပ်ထပ်တွေ့ရ၏။
ထိုစာအုပ်များက "ဆယ့်နှစ်ယောက်မြောက် မိန်းမလှလေး၏အသားအရေ" ဖြစ်၏။ ဝမ်ရှောင်မေ့ဟုခေါ်သော အမျိုးသမီးအားကစားသမားတစ်ယောက်အကြောင်းဖြစ်သည်။ သူမက စာပို့ခံခဲ့ရပြီးနောက် ဆယ့်နှစ်ယောက်မြောက် မိန်းကလေး၏ အသားအရေအဖြစ် အဆုံးသတ်သွားသည်။ ရဲများက သူမပျောက်သွားသည့်အကြောင်း စုံစမ်းစစ်ဆေးခဲ့ပြီး သူလျှိူများရှိသောနေရာကိုပင် ရောက်ခဲ့သေးသည်။
သူမက ကူးချထားသည့် စာအုပ်နှစ်အုပ်ကိုသာ ရခဲ့ပြီး သူမတွေ့သွားချိန်တွင် ထိုကောင်လေးက ကူးနေဆဲဖြစ်သည်။
လင်းချောင်က စာအုပ်သုံးအုပ်ကိုယူလ်ိုက်ပြီး ထိုကောင်လေး၏ ဖတ်စာအုပ်ကိုယူ၍ အဖုံးကိုကြည့်လိုက်၏။
"ချီဟွိုင်ဝမ်။"
ထိုကောင်လေးက မငြင်းသလို မတ်တတ်ပင်မရပ်ခဲ့ပေ။ သူက ခေါင်းမော့၍သာ သူမကို တိတ်တဆိတ်ကြည့်လိုက်သည်။
လင်းချောင်က သူ့ကိုပထမဆုံးနေ့ထဲက သတိထားမိခဲ့သည်။ သူက အရပ်ရှည်ရှည် မျက်လုံးဝိုင်းလေးများဖြင့် အတော်ကြည့်ကောင်းသည်။ သို့သော် ပြုံးလေ့မရှိဘဲ ငယ်သေးသည့်အရွယ်မှာပင် ဖြစ်လာမည့်ပြဿနာကိုစောင့်နေသလိုပင်။
ကြည့်ကောင်းသည့်နောက်ကွယ်တွင် သူက ပြဿနာရှာသူဖြစ်၏။ သူမစရောက်သည့်နေ့တည်းက သူက စာအာရုံမစိုက်သလို အိမ်စာလည်းလုံးဝမလုပ်ပေ။
လင်းချောင်က အခန်းထဲတွင် ပြဿနာမရှာချင်သဖြင့် ခုံကို ခေါက်ပြီးပြောလိုက်၏။
"အတန်းပြီးရင် ရုံးခန်းထဲမှာ ငါ့ကိုလာရှာ။"
သူမက ပြောနေရင်းနှင့် ကျွင်းဇီနှင့် အခြားကလေးများကိုကြည့်လိုက်သည်။ ဟွိုင်ဝမ်မှလွဲ၍ အားလုံးက မီးတောက်သွားသကဲ့သို့ ထရပ်လိုက်ကြ၏။ ဟွိိုင်ဝမ်ကသာ ဓာတုဗေဒစာအုပ်ပင် ဟုတ်မနေသော စာအုပ်ကိုပုံမှန်အတိုင်းဖွင့်လိုက်၏။ ထိုကောင်လေးက စိတ်ဓာတ်ပိုင်းသန်မာလွန်းသဖြင့် ထိန်းရခက်၏။
အတန်းပြီးနောက် လင်းချောင်က စာအုပ်သုံးအုပ်ကို သူမစာအုပ်ပေါ်တင်ကာ ရုံးခန်းထဲသွားလ်ိုက်၏။ အဖွဲ့ခေါင်းဆောင်ကောက ချက်ချင်းသတ်ိထားမိသွား၏။
"သိမ်းလာတာလား။"
"ဟုတ်တယ်။"
လင်းချောင် အတည်ပြုပေးလိုက်သည်။
အဖွဲ့ခေါင်းဆောင်ကောက ရယ်လိုက်၏။
"ဒီကောင်လေးတွေတော့။"
သူဆက်ပြောလိုက်၏။
"စစ်တပ်ထဲက ကလေးတွေက ပုံမှန်ကျောင်းတွေက ကလေးတွေထက် ပိုထိန်းရခက်တယ်။ အခြားကလေးတွေက သစ်သားသေနတ်နဲ့ကစားနေတဲ့အချိန်မှာ သူတို့က သေနတ်အစစ်နဲ့ကစားရတာကိုး။ ဒါပေမဲ့ စိတ်ထားဆိုးတဲ့ကောင်လေးတွေမဟုတ်လို့ စိတ်မဆိုးပါနဲ့။"
လင်းချောင်က စိတ်မဆိုးဘဲ သိချင်ခြင်းသာဖြစ်၏။
"ချီဟွိုင်ဝမ် အကြောင်းသ်ိလား။"
"ဟွိုင်ဝမ်လား။"
ခေါင်းဆောင်ကောက သူနှင့်ရင်းနှီးနေသလိုပင်။
"သူက ထက်မြက်တဲ့ကောင်လေးပါ စာမလုပ်တာပဲရှိတာ။"
"ပြီးတော့ မိဘတွေက စည်းကမ်းမတင်းကျပ်ထားဘူးလား။"
ဆရာအားလုံးက ဉာဏ်ထက်သော်လည်း အသုံးမချသည့်ကျောင်းသားကိုမြင်လျှင် ဆုံးရှုံးမှုကဲ့သို့ခံစားရ၏။
ခေါင်းဆောင်ကောကလည်း သဘောတူ၏။
"သူတို့က ဂရုစိုက်တယ်။ သူ့အဖေက စည်းကမ်းတင်းကျပ်လေလေ သူက ပိုပြီးဖောက်ထွက်လေလေပဲ။"
တင်းကျပ်လွန်းတဲ့ သားအဖကြားက ဖောက်ထွက်ချင်တဲ့ဆက်ဆံရေးလား။
လင်းချောင် ဘာမှမပြောရသေးခင် တစ်ယောက်ယောက်က ခေါင်းဆောင်ကောကို လာရှာသဖြင့် စကားဝိုင်းရပ်သွားခဲ့၏။
လင်းချောင်က အလျင်မလိုပေ။ သူမက ဖတ်စာအုပ်ထုတ်လိုက်ပြီး ဘယ်လိုစမ်းသပ်မှုမျိုးက ကျောင်းသားများ၏ အာရုံကိုဖမ်းစားနိုင်မည်ကို တွေးနေလိုက်၏။ သူတို့ကို ခဏလောက်အထိ စိတ်ဝင်စားအောင် လုပ်နိုင်မည့်အရာဖြစ်ရမည်။
ကျောင်းဆင်းပြီး ဆယ်မိနစ်ကြာတော့ ရုံးခန်းထဲတွင် ဘယ်သူမှမရှိတော့ချိန်မှ ချီဟွိုင်ဝမ် ရောက်လာ၏။ သူက တိတ်တဆ်ိတ်ဝင်လာ၍ တံခါးဘေးတွင်ရပ်နေကာ နှုတ်ဆက်လိုက်၏။
"ဆရာမလင်း။"
သူက ကျိသော်ထက်တောင် ပိုအေးနိုင်လား။ လင်းချောင်က စိတ်ထဲမထားဘဲ ဘောပင်ချ၍ စာအုပ်သုံးအုပ်ကိုကိုင်လိုက်၏။
သူမ စကားပြောတော့မည့်အချိန်တွင် တံခါးခေါက်သံကြားလိုက်ရ၏။ ဒုကျောင်းအုပ်ချီ ဝင်လာခြင်းဖြစ်သည်။
တစ်ခုခု အရေးကြီးသည့်အရာဟု လင်းချောင်ထင်လိုက်မိ၏။ သ်ို့သော် ဒုကျောင်းအုပ်ချီက တံခါးဘေးရှိကောင်လေးကိုကြည့်၍ ရှက်သလိုပုံဖြင့် ပြောလိုက်၏။
"ကျွန်တော်က ချီဟွိုင်ဝမ်ရဲ့ အုပ်ထိန်းသူပါ။ ကလေးက ပြဿနာရှာထားလို့လား။"
ဒုကျောင်းအုပ်ချီက ချီဟွိုင်ဝမ်အဖေလား။
လင်းချောင် ထိုသို့မထင်ထားပေ။ သူမက ကျောင်းရောက်သည်လည်း မကြာသေးသလို လုပ်ဖော်ကိုင်ဖက်များအကြောင်းလည်း ရင်းရင်းနှီးနှီးမသိသေးပေ။
ပြီးတော့ ကျောင်းက ဆရာမလုံလောက်သဖြင့် ဒုကျောင်းအုပ်ချီက ကျောင်းကိစ္စများအပြင် အတန်း သုံးနှင့် လေးတွင် ရူပဗေဒလည်း သင်ရသေး၏။ ဒါကြောင့် သူက ဟွိုင်ဝမ်ကိုသိပ်ဂရုမစိုက်နိုင်ပေ။
လင်းချောင်က ပြုံးလိုက်၏။
"ကိစ္စကြီးမဟုတ်ပါဘူး။ အတန်းထဲ စာနားမထောင်တာကို မိသွားရုံပါ။"
သူမ၏စကားများက ပျော့သော်လည်း ဒုကျောင်းအုပ်ချီ ဝင်လာချိန်ထဲက ထိုကောင်လေး၏ မျက်နှာက လုံးဝကိုအေးစက်သွားခဲ့၏။
ဒုကျောင်းအုပ်ချီ၏ မျက်နှာကလည်း အလိုမကျသလိုပင်။
"သူ့ကို ကောင်းကောင်းမဆုံးမဖြစ်တဲ့ ကျွန်တော့်အမှားတွေပါ။ တောင်းပန်ပါတယ် ဆရာလင်း။"
"ကိစ္စကြီးမဟုတ်ပါဘူး။"
လင်းချောင်က "ဆယ့်နှစ်ယောက်မြောက် မိန်းမလှလေး၏အသားအရေ" စာအုပ်ကူးထားသည့် နှစ်အုပ်ကို ချီဟွိုင်ဝမ်အား ပြန်ပေးလိုက်သည်။
"ကျောင်းချိန်ပြီးရင် မင်းဘာသာမင်း အပျော်ရှာတာကို ငါမတားပါဘူး။ ဒါပေမဲ့ ကျောင်းက စာသင်ရမဲ့နေရာလေ။ ဒီဟာတွေကို နောက်တစ်ခါ အတန်းထဲယူမလာပါနဲ့။"
ချီဟွိုင်ဝမ်က ဘာမှမပြောဘဲ စာအုပ်များကိုယူလိုက်၏။
လင်းချောင်က ထို့နောက် "မိန်းမပျိုလေး၏နှလုံးသား" စာအုပ်ကိုယူကာ အထဲကိုဖွင့်လိုက်၏။
"ဒီတစ်ခုကတော့..."
ဝါရင့်ဆရာတစ်ယောက်အနေနှင့် ဒုကျောင်းအုပ်ချီ ဤစာအုပ်က အခြားနှစ်ခုထက် ပို၍ပြဿနာကြီးသည်ကို သိလိုက်၏။ သူက ဟွိုင်ဝမ်ထက်အရင် လှမ်းယူလိုက်၏။
"ကြည့်ရအောင်။"
တစ်ချက်ကြည့်လိုက်သည်နှင့် သူ့မျက်နှာမဲသွား၏။ ဒီစာအုပ်ကိုသူသိသည်။ ၁၉၇၀ နောက်ပိုင်းတွင် ဒီစာအုပ်ကိုဖတ်သည့် မည်သူမဆို လူသိရှင်ကြားအပြစ်ပေးခံရ၏။ သူ့သားက စကားနားမထောင်သော်လည်း ဒီလို စာအုပ်မျိုးကို ဖတ်နေမည်ဟု သူမထင်ခဲ့ပေ။
[T/N ချစ်ရေးချစ်ရာကိစ္စတွေ ရေးထားတဲ့စာအုပ်မျိုးပါ။]
ဒုကျောင်းအုပ်ချီက စာအုပ်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး သားဖြစ်သူကိုဆူလိုက်၏။
"ငါ မင်းကို ကျောင်းပို့ထားတာ ဒါတွေဖတ်ဖို့အတွက်လား။"
"အဖေ ပို့ပေးနေစရာမလိုပါဘူး။"
ထိုကောင်လေးက အမှားဝန်မခံဘဲပြောလိုက်၏။
ထိုအမူအရာကြောင့် ဒုကျောင်းအုပ်ချီ ပိုဒေါသထွက်သွားကာ စာအုပ်များကို လက်ညှိုးထိုး၍ ပြောလိုက်သော်လည်း ဗိုလ်မှူးကြီးလျန်ကဲ့သို့ ကလေးနောက်ပြေးလ်ိုက်ဆုံးမတတ်သူမျိုးမဟုတ်ပေ။
"မင်း စာမသင်ချင်ဘူးဆိုရင် ငါလည်းမတတ်နိုင်ဘူး။"
သူက လင်းချောင်ကို လှည့်ကြည့်လိုက်သည်။
"ဆရာမလင်း လူသိရှင်ကြား အပြစ်ပေးတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကြိုက်တာလုပ်ပါ။ ကျွန်တော် မတားပါဘူး။ ဒီကလေးက သင်ခန်းစာပေးမှဖြစ်မယ်။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။"
ဒုကျောင်းအုပ်ချီက ဂုဏ်သိက္ခာကိုပင် စတေးရန်အသင့်ဖြစ်နေ၏။ လင်းချောင်က ဘာမှမပြောသေးဘဲ လက်သီးဆုပ်ထားသော ကောင်လေးကို ကြည့်လိုက်၏။
"ဒီစာအုပ်က မင်းဟာမဟုတ်ဘူးမလား။"
ဒုကျောင်းအုပ်ချီက အံ့သြသွားပြီး ကောင်လေး၏ အကြည့်ထဲတွင်လည်း အံ့သြသည့်အရိပ်အယောင်ပေါ်သွား၏။
သို့သော်ကောင်လေးက အမြန်ခေါင်းမော့လိုက်၏။
"ကျွန်တော့်ဟာမဟုတ်ရင် ဘယ်သူ့ဟာဖြစ်ရမလဲ။ သူ့ကြောင့်နဲ့ ကာပေးမနေပါနဲ့။"
သူ၏စကားများက ပြင်းလွန်းသဖြင့် ဒုကျောင်းအုပ်ချီ၏ စာအုပ်ကိုင်ထားသည့်လက်က ဒေါသဖြင့်လှုပ်နေခဲ့သည်။
လင်းချောင်က တည်ငြိမ်နေပြီး ဒုကျောင်းအုပ်ချီထံမှ စာအုပ်ယူလိုက်၏။
"ရှင်းပါတယ်။ စာအုပ်ထဲက လက်ရေးက အခြားနှစ်အုပ်နဲ့မတူဘူးလေ။"
ပြီးတော့ သူမ ဖမ်းမိချိန်က သူက စာအုပ်ဖတ်နေသည်မဟုတ်ဘဲ ကမ်းပေးနေခြင်းသာဖြစ်၏။
ဒါကိုကြားတော့ ဒုကျောင်းအုပ်ချီက စာအုပ်ကိုသေချာကြည့်လိုက်၏။
"လက်ရေးက တကယ်မတူဘူး။"
ကောင်လေးက အမူအရာမပြောင်းသွားပေ။
"ကျွန်တော် မရေးရင်တောင် ကျွန်တော်ဖတ်တယ်။ အပြစ်မပေးချင်ဘူးဆိုရင်လည်း ဒီတိုင်းပြောလိုက်ပါ။ ဘာလို့ ရှုပ်အောင်လုပ်နေတာလဲ။"
လင်းချောင်သာ ယခင်တည်းက သံသယဝင်ခဲ့လျှင် ဒီကောင်လေးက တစ်ယောက်ယောက်ကို ကာပြောပေးနေသည်ဟု ထင်မိလိမ့်မည်။ စာအုပ်က သူ့ထံမှရသည့်အတွက် သူကအခြားသူများကို ဆွဲမထည့်လိုခြင်းဖြစ်မည်။
ဆယ်ကျော်သက်အရွယ်များက သစ္စာရှိတတ်ကြသည်။ ဒီခေတ်မှမဟုတ်သော လင်းချောင်ပင်လျှင် ကိုယ်တိုင်ကောင်းကျိုးနှင့် သစ္စာရှိမှုကို မရွေးချယ်နိုင်ပေ။
သူမက ခဏလောက်အထိ ထိုကောငိလေးကို ကြည့်နေလိုက်၏။
"မပြောချင်ရင်လည်း ရပါတယ်။ ငါပြောသလိုပဲ အချိို့အရာတွေက မင်းတို့အသက်အရွယ်နဲ့ မသင့်တော်ဘူး။ ဒီဟာကို ငါသိမ်းထားမယ်။ မင်းရဲ့ ရှေ့လျှောက်အပြုအမူပေါ်မူတည်ပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားမယ်။"
သူ၏အပြုအမူပေါ်မူတည်၍ အပြစ်ပေးမလား အခွင့်အရေးပေးမလား ဆုံးဖြတ်မည်။ ချီဟွိုင်ဝမ်က စိတ်အေးရမည်လား မအေးရမည်လားပင် မသိတော့ဘဲ တိတ်နေခဲ့၏။
သူမ၏ ဆုံးဖြတ်မှုကြောင့် ဒုကျောင်းအုပ်ချီ အံ့သြသွားပြီး သားဖြစ်သူကို ဆူလိုက်ပြန်၏။
"ဆရာမပြောနေတာ ကြားလား။"
ချီဟွိုင်ဝမ်က ပြန်ပြောချင်သော်လည်း လင်းချောင်က်ိုကြည့်၍ တီးတိုးပြောလိုက်၏။
"ဟုတ်ကဲ့။"
"ညစာသွားစားတော့။ နောက်ကျနေပြီ။"
လင်းချောင် ပစ္စည်းများကိုယူလိုက်၏။
"မင်းရဲ့ အပြုအမူတွေကို ငါစောင့်ကြည့်နေမယ်။"
သူမထွက်လိုက်သည်နှင့် စင်္ကြံတွင် အရိပ်တစ်ခုမြင်လိုက်ရ၏။
လင်းချောင်က တံခါးအောက်မှ စာရွက်လေးတစ်ရွက်ကိုတွေ့လိုက်ပြီး ယူဖတ်လိုက်သည်။
"ဆရာမ၊ စာအုပ်က ချီဟွိုင်ဝမ်ဟာ မဟုတ်ပါဘူး။ သူက ကမ်းပေးရုံပါ။ သူ့ကို အပြစ်မပေးပါနဲ့။"
ဘယ်လက်ဖြင့်ရေးထားခြင်းဖြစ်၍ လက်ရေးက ရှုပ်ထွေးနေ၏။
လင်းချောင်က ဘာမှမပြောသလို ထ်ိုသူနောက်လည်း ပြေးမလိုက်ဘဲ စာရွက်ကိုသာ ဒုကျောင်းအုပ်ချီထံပေးလိုက်၏။
ဖတ်ပြီးနောက်တွင်တော့ ဒုကျောင်းအုပ်ချီက ခဏငြိမ်သွားပြီး သားဖြစ်သူကိုငုံ့ကြည့်လိုက်၏။
"တစ်ယောက်ယောက်ကို ကာပြောပေးတာကလည်း အပြစ်ပဲ..."
ချီဟွိုင်ဝမ်က သူ့စကားမဆုံးခင် ထွက်သွားလိုက်၏။
အခြားသူများနှင့်ပတ်သက်လျှင် ညင်သာယဉ်ကျေးတတ်သည့် ဒုကျောင်းအုပ်ချီက သားဖြစ်သူနှင့်ပတ်သက်လျှင်တော့ ပြဿနာရှိပုံရသည်။ လင်းချောင်လည်း ခေါင်းခါလိုက်ပြီး သူ့ကိုနှုတ်ဆက်လိုက်၏။
မထင်မှတ်ထားအောင်ဘဲ သူမထွက်သွားသည်နှင့် တစ်ယောက်ယောက်က သူမနောက်လိုက်နေခဲ့၏။
ခြေသံများက သိသာနေသဖြင့် လင်းချောင်တစ်ဖက်လှည့်လိုက်သည်နှင့် ထိုသူကိုမိသွား၏။
"ကျွင်းဇီ။"
"ဆရာမလင်း။"
ကျွင်းဇီက အနေရခက်စွာဖြင့် လမ်းမီးတိုင်နောက်မှထွက်လာပြီး သူမကိုပြုံးပြလိုက်၏။
လင်းချောင်က နာရီကြည့်လိုက်သည်။
"ကျောင်းဆင်းတာကြာပြီလေ။ မင်း ညစာစားဖို့ အိမ်မပြန်သေးဘူးလား။"
ကျွင်းဇီက ပို၍ရှက်ရွံ့သလိုဖြစ်သွား၏။
"ကျွန်တော် အိမ်မသွားချင်လို့ မဟုတ်ပါဘူး။ ဆရာမကို စောင့်နေတာပါ။"
"ငါ့ကိုစောင့်နေတာ။"
လင်းချောင်က စိတ်ဝင်တစား မျက်ခုံးပင့်ပြလိုက်၏။
"နေ့ခင်းက ကိစ္စအကြောင်းပါ။"
ကျွင်းဇီက တုံ့ဆိုင်းနေသော်လည်း ပြောလိုက်၏။
"စာအုပ်က ဟွိုင်ဝမ်ဟာ မဟုတ်ပါဘူး။"
ဒါက မသင့်တော်သည့်စာအုပ်ဖြစ်ကြောင်း သိသဖြင့် ကျွင်းဇီက ရှက်ကာမျက်နှာနီနေ၏။ သို့သော် ချီဟွိုင်ဝမ်တွင်တော့ သူငယ်ချင်းကောင်းများရှိပုံရသည်။ သူတို့က လာပြောပေးကြ၏။
လင်းချောင် လက်ပိုက်လိုက်၏။
"ဒါက ချီဟွိုင်ဝမ်ဟာ မဟုတ်ဘူးဆိုရင် ဘယ်သူ့ဟာလဲ။"
ကျွင်းဇီတိတ်သွားပြန်၏။
"အင်း...အဲ့ဒါက ဟွိုင်ဝမ်ဟာမဟုတ်ပါဘူး သူက ကမ်းပေးနေရင်းနဲ့ မိသွားတာပါ။"
စာအုပ်က သူ့ဟာမဟုတ်သည့်အတွက် သူက စာရွက်ပစ်မပေးဘဲ လူကိုယ်တိုင်လာပြောရဲ၏။ သို့သော်လည်း စာရွက်ပစ်ပေးသူကလည်း ကာပြောပေးချင်စိတ်ရှိသဖြင့် တာဝန်ယူမှုတော့ရှိသည်။ ဒီလိုမဟုတ်လျှင် ချီဟွိုင်ဝမ်ကသာ ဝန်ခံလိုက်လျှင် အဲ့ဒီစွန့်စားမှူဒဏ်ကို ဘယ်သူခံမှာလဲ။
လင်းချောင်က ထပ်ပြီးဖိအားမပေးတော့ပေ။
"အခုကစပြီး မင်းတို့ ဘယ်လိုပြုမူနေထိုင်တယ်ဆိုတဲ့အပေါ် မူတည်ပြီးဆုံးဖြတ်မယ်။"
ညစာစားပြီးနောက် သူမက အပေါ်ထပ်သို့သွားပြီး စာကြည့်ရန်လုပ်လိုက်ချိန်တွင် ကျောင်းစာအုပ်တစ်အုပ်ကို ရင်းနှီးသလိုခံစားရ၏။ သူမက "မိန်းမပျိုလေး၏နှလုံးသား" ကိုအိမ်သို့ မတော်တဆယူလာခဲ့မိခြင်းပင်။
ပြန်ထားလ်ိုက်ရမလား။ ပစ္စည်းက သူမပစ္စည်းမဟုတ်သော်လည်း ဒီလိုဖမ်းမိထားသည့် ပစ္စည်းကိုအိမ်ယူလာခြင်း အထူးသဖြင့် ဒီလိုစာအုပ်မျိုးက ဘယ်လိုကြည့်ကြည့် အဆင်မပြေပေ။
လင်းချောင်က ခဏရပ်လိုက်ပြီးနောက် တည်ငြိမ်စွာပဲ ထိုစာအုပ်ကိုယူကာ သူမ၏အခြားစာအုပ်များဘေးထားလိုက်၏။ ထိုအချိန်တွင် သူမဘေးမှလူ၏ သိချင်စိတ်ဖြင့်အကြည့်က သူမလှုပ်ရှားလိုက်သည့်လမ်းကြောင်းအလိုက် ကြည့်လ်ိုက်သည်။
သူမသာ အနေရခက်သလိုလုပ်နေလျှင် ထိုစာအုပ်က မေးခွန်းထုတ်စရာ စာအုပ်တစ်အုပ်ဖြစ်ကြောင်း ဘယ်သူမှမသိနိုင်ပေ။ ကျိသော်ကလည်း အထူးတလည် ဖွင့်စစ်မှာတော့ မဟုတ်ဘူးမလား။