← Chapters

Chapter 31

Vol. 3 Ch. 31

Chapter 31

Vol. 3 Ch. 31

ကျိသော်က စစ်သားများကို ထိန်းချုပ်လာခဲ့သူဖြစ်သည့်အတွက် လင်းချောင်ခဏလောက် ရပ်သွားသည်ကအစ သူသိသည်။ သို့သော် သူအများကြီးမတွေးခဲ့ပေ။ သူက ဒီအတိုင်းကြည့်ပြီး မေးလိုက်သည်။

"ဘာလို့ ဒီနေ့နောက်ကျနေတာလဲ။ ကျောင်းမှာ တစ်ခုခုဖြစ်လို့လား။"

လင်းချောင်က ပုံမှန်အမူအရာကို ထိန်းထားလ်ိုက်သည်။

"ဟုတ်တယ်။ ကျောင်းသားတစ်ယောက်နဲ့ ပြောစရာရှိနေလို့ပါ။"

ကျိသော်က အများကြီး ထပ်မမေးတော့ပေ။ သူက စာအုပ်မှ စာရွက်တစ်ရွက်လှန်ပြီး ပြောလိုက်သည်။

"လောင်တင်းရဲ့သားက ဒီအပတ်ပိတ်ရက်မှာ လက်ထပ်တော့မယ်။"

လောင်တင်းဆိုသည်က ကျိသော်၏ အထက်လူကြီးဖြစ်ပြီး ကျိသော်က သူသားမင်္ဂလာပွဲအတွက် လက်ဖွဲ့ရမည်ဖြစ်သည်။

ဘဏ်စာအုပ် ပေးထားပြီးနောက် ကျိသော်၏လစာများကိုလည်း လင်းချောင်ကို ပေးထားပြီး အိမ်အသုံးစရိတ်ကိုလည်း သူမထံမှသာ ယူသုံးသည်။ လင်းချောင်က တိုက်ရိုက်မေးလိုက်သည်။

"ကျွန်မတို့ မင်္ဂလာပွဲတက်မှာလား လက်ဖွဲ့ပဲပေးမှာလား။"

"လက်ဖွဲ့ငွေပဲ ပေးမှာပေါ့။ သူ့သားက စစ်တပ်ထဲမှာ လက်ထပ်မှာမှ မဟုတ်တာ။"

လင်းချောင်လည်း နားလည်ပြီး ဘီရိုထဲမှငွေသွားမယူမီ ငွေပမာဏမေးလိုက်သည်။ သူမ ဘဏ်စာအုပ််နှင့်ငွေများ ထည့်ထားသော ဘူးကိုယူလိုက်ချိန်၌ အခန်းပြတင်းတံခါး ကျယ်လောင်စွာ ပိတ်သွားလိုက်သည်။

ဒီရက်ပိုင်း ပူနေသဖြင့်ပြတင်းပေါက်များကို ညဘက်လည်းဖွင့်ထားသည်။ တံခါးလှုပ်လာပြန်တာမြင်တော့ လင်းချောင်က အပြင်ကိုကြည့်လိုက်သည်။

"လေတိုက်နေတယ်။ မိုးရွာတော့မယ်ထင်တယ်။ ကျွန်မ အဝတ်တွေအထဲ ထည့်လိုက်ဦးမယ်။"

သူမက အလျင်အမြန်ပဲ ကျိသော်ဘာမှမပြောခင် အောက်ဆင်းသွားလိုက်သည်။ ကျိသော်က ထလိုက်ပြီး ပြတင်းတံခါးပိတ်ကာ လွင့်နေသည့်ပစ္စည်းများကို ပြန်သိမ်းလိုက်သည်။ လုပ်နေရင်းနှင့် ကျောင်းသုံး မှတ်စုစာအုပ်တစ်အုပ်က စာရွက်များလေတိုက်သဖြင့် လန်နေသည်ကိုတွေ့လိုက်ရသည်။ သူ စာအုပ်ကိုပိတ်မည်အလုပ် ထင်ရှားစွာရေးသားထားသည့် စာပိုဒ်ကိုမြင်လိုက်ရသဖြင့် သူ၏လက်က မပိတ်မီရပ်သွားတော့၏။

ဒါက ဘယ်လိုဟာမျိုးလဲ!

ကျိသော်က လူသစ်များကို လေ့ကျင့်ရေးဆင်းချိန်က ဒီလိုအရာမျိုးမြင်ဖူးသည်။ သူက စာအုပ်ကို ပိတ်ချလိုက်သည်။ သူက တစ်ယောက်ယောက်ကို ဆူတော့မလိုဖြစ်ပြီးနောက် သတိရသွား၏။ လင်းချောင်က သူ၏ဇနီးဖြစ်ပြီး သူ၏ စစ်သားမဟုတ်သည့်အတွက် အပြစ်ပေး၍မရပေ။

ဒါပေမဲ့ သူမက ငယ်သေးတာတောင် ဒါတွေဖတ်နေတာလား။

ဒါက မှန်သည့်အရာမဟုတ်ပေ။ လင်းချောင်က ဆယ့်ကိုးနှစ်ပြည့်ပြီဖြစ်ပြီး သူနှင့်လည်း လက်ထပ်ထားပြီဖြစ်သည်။ သူမက ငယ်လွန်းသေးပြီး အချိန်ပိုလိုအပ်သည် ဆိုသည်ကလည်း သူတစ်ဦးတည်းအတွေးပင်။

ကျိသော်က သူ့ဘာသာ လူကြီးတစ်ယောက်နေရာတွင်နေခဲ့မိသည်ကို သဘောပေါက်လာသည်။သူတို့ လက်ထပ်ထားသည်မှာ လဝက်ကျော် ကြာပြီဖြစ်သော်လည်း ဆက်ဆံရေးတွင် ဘယ်လို တ်ိုးတက်မှုမှ မရှိသေးသလို လင်းချောင်ကလည်း တကယ်ကိုငယ်လွန်းသေးသည်။

ဒီလိုအချိန်တွင် လင်းချောင်က ဒါကိုဖတ်နေသည်....

ကျိသော် မျက်မှောင်ကြုတ်လိုက်ပြီး စာအုပ်မှ စာမျက်နှာတစ်မျက်နှာကို သေချာကြည့်လိုက်သည်။ ဘယ်သူရေးထားသည်ကို မသိသော်လည်း အမှားအပြည့်နှင့်ဖြစ်ပြီး လိုက်လျောညီထွေမှုလည်းမရှိသလို ပြတ်သားသည့် အချို့အကြောင်းအရာများသာ ပါဝင်သည်။ အခြားတစ်မျက်နှာကိုလှန်မိတော့ ပို၍ မျက်မှောင်ကြုတ်မိလာသည်။

လင်းချောင်ပြန်လာတော့ စားပွဲခုံက သူမထွက်သွားချိန်ကအတိုင်းဖြစ်နေပြီး ကျိသော်ကလည်း မလှုပ်ရှားခဲ့သည့်အတိုင်း ထိုင်နေ၏။

"ကျွန်မက်ို ဒါတွေ ကူခေါက်ပေးပါဦး။"

သူမက ခြောက်နေသည့် အဝတ်များကို သူ့ကိုပေးပြီး ငွေများ ဆက်ယူလိုက်၏။

ကျိသော်က တွေဝေနေသော်လည်း ထပြီး အိပ်ယာပေါ်တွင် အဝတ်များကို သေချာခေါက်လိုက်သည်။

လင်းချောင် ငွေယူကာ ပြန်လာတော့ သူက သူမကိုကြည့်နေလေသည်။ သူမက သူမကိုယ်သူမ ပြန်ကြည့်လိုက်၏။

"ဘာဖြစ်လို့လဲ။"

သူက အကြည့်လွှဲသွားပြီဖြစ်သည်။

"ဘာမှမဟုတ်ပါဘူး။ အဝတ်ခေါက်ပြီးပြီ။"

သူတို့ပြောနေချိန်မှာပဲ အပြင်ဘက်တွင် မိုးရွာလာတော့၏။

လင်းချောင် အာရုံပြောင်းသွားခဲ့သည်။

"ကျွန်မ အမြန်သွားလိုက်တာ တော်သေးတယ်။ မိုးသည်းမဲ့ပုံပဲ။"

သူက ဘာမှမပြောဘဲ အင်း ဟုသာပြန်ဖြေလိုက်၏။

စာပြန်ကြည့်ပြီး အိပ်ရာပြင်ပြီးနောက်သူက သူမကိုကြည့်နေပြန်သည်ကို သတိထားမ်ိပြန်သည်။

ဒီတစ်ခါတော့ သူမက တစ်ခုခုမှားနေသလို ခံစားရသော်လည်း ပြဿနာကို တွေးမရပေ။

သူတစ်ခုခုသိထားသည်ဆိုလျှင်လည်း စာအုပ်က နေရာတကျရှိနေသေးပြီး သူကလည်း သူမ၏ ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်မည့်သူမဟုတ်ပေ။

လင်းချောင်က တိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်သည်။

"တစ်ခုခုဖြစ်နေလို့လား။"

"မဟုတ်ပါဘူး။"

ကျိသော်က ပစ္စည်းများနေရာချနေရင်း ပြန်ဖြေလိုက်၏။ သူက သူမ အနေရမခက်စေရန် မမေးဖို့ဆုံးဖြတ်လိုက်သည်။

သူမက သိချင်နေခြင်းသာဖြစ်သည်။ သူမ သိသွားသည်နှင့် ထိုကိစ္စကို စိတ်ဝင်စားမှုမရှိတော့ပေ။

နောက်တစ်ရက်အထိ မိုးဆက်ရွာနေသေးသည်။လင်းချောင် ကျောင်းသွားတော့ မိုးစက်များ ကျနေသေးသည်။ သူမက ထီးမှမိုးရေစက်များကို ခါလိုက်ပြီး ထီးကို ရုံးခန်းတံခါးဘေးနောက် ထားလိုက်သည်။ ထိုင်လိုက်သည်နှင့် အတန်းလေးမှ အိမ်စာများထပ်ထားပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ ဒါက ရှားပါးဖြစ်ရပ်ပင်။ ယခင်ကဆိုလျှင် ပထမအချိန်ကုန်ပြီးသည်နှင့် စာအုပ်လာထပ်လျှင်ပင် နေ့ကောင်းနေ့မြတ်ဖြစ်နေပြီဖြစ်သည်။

ထို့အပြင် အရင်ကထက် အိမ်စာအရည်အသွေးများလည်း ပိုကောင်းလာပုံပင်။ လင်းချောင်က အဲဒါတွေကို လှန်လှောကြည့်လိုက်တော့ ချီဟွိုင်ဝမ်အပါအဝင် နာမည်အသစ်တချို့ကိုလည်း တွေ့လိုက်ရသည်။ နောက်တန်းမှ ပြဿနာရှာသူများ ဖြစ်နိုင်သည်။ သူမက ချီဟွိုင်ဝမ်ရဲ့ စာမေးပွဲကို အရင်ဆုံး ကောက်ယူလိုက်၏။

မနေ့က လက်ရေးစာအုပ်များကို သိမ်းချိန်က လင်းချောင် ချီဟွိုင်ဝမ်၏ လက်ရေးသည် အလွန်ကောင်းမွန်ပြီး လေ့ကျင့်ထားသည့် လက်ရေးဆိုသည်ကို သတိထားမိသည်။ သူက ဒုကျောင်းအုပ်ကြီးချီ၏သားဆိုတော့ ဒါက အံ့သြစရာတော့ မဟုတ်ပေ။

လင်းချောင်ကို အံ့သြသွားစေသည်က ချီဟွိုင်ဝမ်ရဲ့ မှတ်စုစာအုပ်အများစုက ဗလာဖြစ်နေသော်လည်း ဒီစာအုပ်ကိုတော့ သူက အပြည့်အဝ ပြီးမြောက်ထားသည်။

သူကိုယ်တိုင် လုပ်ခဲ့တာလား၊ ဒါမှမဟုတ် ကူးချခဲ့တာလား။

ကောက်ချက်မချခင်မှာ လင်းချောင်က ဘယ်လိုသံသယမျိုးမဆို ကျောင်းသားကို ထိခိုက်စေနိုင်သည်ဆိုသည်ကို သိထားသဖြင့် သူမက ဆက်ပြီး အမှတ်ပေးနေလိုက်သည်။ ဒီတစ်ခါမှာတော့ ကျွင်းဇီ၏ အမှားများက တခြားသူများနှင့် မတူသည်ကို တွေ့ရသည်။ ဒါက သူကိုယ်တိုင် လုပ်ခဲ့သည်ဆိုသည့်သဘောပင်။ မှားနေသေးသော်လည်း ရိုးရိုးသားသား လုပ်ပြီး အိမ်စာတင်သည်က သူ့လိုကျောင်းသားတစ်ယောက်အတွက်တော့ တိုးတက်မှုတစ်ခုပင်။ အနည်းဆုံးတော့ စိတ်နေသဘောထားအရ သူက အလေးအနက်ထားရန် ဆန္ဒရှိပုံရသည်။

လင်းချောင်က စာအုပ်အများစုကို တစ်ခါတည်း အမှတ်ပေးလိုက်၏။ မျက်လုံးအနားယူရန် အပြင်သ်ို့ မော့ကြည့်လိုက်ချိန်မှာတော့ မိုးတိတ်သွားသည်ကို သတိထားမိခဲ့သည်။ ခဏအကြာမှာပဲ သူမက ကျန်နေသည့် စာအုပ်များကို ဆက်အမှတ်ပေးလ်ိုက်သည်။ နေမြင့်လာတာကို မြင်ရတော့ မိုးရွာတော့မှာမဟုတ်ဘူးဆိုသည်က်ိို သိလိုက်ပြီး သူမက ထသွားကာ ဓာတုဗေဒဓာတ်ခွဲခန်းကို သွားလိုက်သည်။

ညနေပိုင်းတွင်တော့ အတန်းလေး၏ ညနေစာကျက်ချိန်ကို ကြီးကြပ်ရန် သွားသည့်အချ်ိန်တွင် လင်းချောင်က သူမစာအုပ်များနှင့် လုံလုံခြုံခြုံ ပိတ်ထားသည့် မြေဖြူဘူးတစ်ဘူးကို ယူသွားလိုက်သည်။

အတန်းရှိ မြေဖြူများက ကုန်လုနီးပါးဖြစ်နေပြီး ကျောင်းသားများကလည်း သိပ်ဂရုမစိုက်ကြပေ။ သို့သော် သူတို့၏ ငယ်ရွယ်သည့် ဆရာမကို မြင်သည်နှင့် ကျောင်းသားအချို့က ခိုးပြီး ထိုင်ခုံနေရာများ လဲလိုက်ကြသည်။

လင်ချောင်က သူတို့ရဲ့ လျှို့ဝှက်လုပ်ဆောင်မှုများက လုံးဝ အဓိပ္ပာယ်မရှိကြောင်း၊ စာသင်စင်မြင့်ပေါ်မှ အားလုံးမြင်နေရကြောင်း ပြောပြချင်မိသည်။ ဘယ်သူတွေ ထိုင်ခုံချင်းလဲလှယ်ထားသည်ဆိုသည်ကို သူမ သိရုံသာမက ကျောင်းသားအတော်များများ ပျောက်နေသည်ကိုလည်း သူမ သတိထားမိပြီး သူတို့က ကိုယ်တိုင် စာလေ့လာချိန်ကို အတန်းမတက်ရန် စီစဉ်နေပုံရသည်။

လင်းချောင်က ပြုံးလျက် စင်မြင့်ကို ခေါက်လိုက်ပြီးပြောလိုက်၏။

"မင်းတို့ကို တစ်ပတ် စာသင်ပေးပြီးပြီ၊ ဒါပေမဲ့ ငါ မင်းတို့ အားလုံးကို မသိသေးဘူး။ ငါ မင်းတို့အားလုံးကို သိဖို့အတွက် တက်ရောက်စာရင်းခေါ်ရင်ရော ဘယ်လိုလဲ။"

"ငါ အတန်းတက်ရောက်စာရင်း ကောက်ဖို့ ကြိုးစားနေတာမဟုတ်ဘူးနော်၊ လူတိုင်းကို သိဖို့ပဲလုပ်နေတာ။"

ဆရာတွေရဲ့ မဖြစ်နိုင်ဆုံး လိမ်ညာမှုတွေထဲက တစ်ခုပင်။

လင်းချောင် စကားဆုံးသည်နှင့် ကျောင်းသားများက ကန့်ကွက်လိုက်ကြသည်။

"ဆရာမ! ညနေဘက် ကိုယ်တိုင် စာလေ့လာတဲ့ချိန်မှာ တက်ရောက်စာရင်းခေါ်နေတာက မဖြစ်နိုင်ပါဘူး!"

ကျွင်းဇီ၏ဘေးမှ ချီဟွိုင်ဝမ် အမြဲထိုင်နေကျ ထိုင်ခုံက ဗလာဖြစ်နေခဲ့သည်။ ကျွင်းဇီက အော်ဟစ်လိုက်၏။

"ဟုတ်ပါတယ်၊ တချို့ကျောင်းသားတွေက အိမ်သာထဲမှာပဲ ရှိသေးတယ်!"

လင်ချောင်က တကယ်တမ်း တက်ရောက်စာရင်းခေါ်ဖို့ စီစဉ်ထားခြင်း မဟုတ်ခဲ့ပေ။ နောက်ပိုင်းတွင် ဘယ်သူမှ အာရုံစူးစိုက်လွန်းပြီး လန့်မသွားစေရန် ပတ်ဝန်းကျင်ကို ပျော်ရွှင်စေချင်သဖြင့် စနောက်လိုက်ခြင်းသာဖြစ်၏။

"အားလုံး မရောက်သေးတဲ့အတွက် တက်ရောက်စာရင်းခေါ်တာကို ကျော်လိုက်ရအောင်။ မရောက်သေးတဲ့သူတွေကိုတော့ ငါတို့ စောင့်မှာမဟုတ်ဘူး။ ငါ မင်းတို့ကို အရင်ကောင်းတဲ့အရာတစ်ခု ပြမယ်။"

ကောင်းတဲ့အရာတစ်ခုလား။

ကျောင်းသားများက အစပိုင်းမှာတော့ နားမလည်သော်လည်း သူတို့၏ မျက်လုံးများက တောက်ပလာပြီး သူတို့အားလုံးက စင်မြင့်ကိုသာ စိုက်ကြည့်နေခဲ့ကြသည်။ ဆရာမလင်းရဲ့ နောက်ထပ် စမ်းသပ်မှုအသစ်တစ်ခု ဖြစ်နိုင်မလား။

ကျွင်းဇီတင်သာမက တစ်တန်းလုံးကလည်း လင်းချောင် ဘယ်အချိန်မှာ စမ်းသပ်မှုအသစ်လုပ်မလဲဆိုသည်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့ကြပြီး အထူးသဖြင့် အရင်က ပါဝင်ခဲ့ဖူးသူများက ပိုပြီး စိတ်ဝင်စားဖို့ကောင်းသောကြောင့် စောင့်နေကြသည်။

သို့သော် ကျောင်းသားများ၏ စိတ်အားထက်သန်သည့် အကြည့်များ အောက်တွင် လင်းချောင်က မြေဖြူကြုတ်ကိုဖွင့်ပြီး သာမန်မြေဖြူ တစ်ချောင်းကို ထုတ်လိုက်၏။

ကျောင်းသားများက အစပိုင်းတွင်တော့ တွေဝေသွားပြီးနောက် စိတ်ပျက်သွားကြတော့သည်။ တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်၏။

"ဆရာမ ပြောခဲ့တဲ့ ကောင်းတဲ့အရာက ကျွန်တော်တို့ရဲ့ ညနေစာကြည့်ချိန်ကို စာသင်မှာတော့ မဟုတ်ဘူးမလား။"

လင်းချောင်က ဘာမှမပြောဘဲ ပြုံးလိုက်ပြီး ခဲတံ၏ အဖျားပိုကြီးသည့်ဘက်ကို အောက်သို့လှည့်ကာ စင်မြင့်ဘေးမှ ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ဆောင့်ချလိုက်သည်။

ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပဲ "ဘန်း" ဆိုသည့်အသံနှင့်အတူ မြေဖြူက သူတို့ရှေ့မှာတင် ပေါက်ကွဲသွားခဲ့သည်။

"ဝိုး၊ ပေါက်ကွဲသွားပြီ!"

တစ်ယောက်ယောက်က မနေနိုင်ဘဲ အာမေဋိတ်သံပြုလိုက်သော်လည်း ဘယ်သူကမှ သူ့ကို ဂရုမစိုက်မိကြပေ။ ကျောင်းသားအားလုံး၏ အကြည့်များက ကြမ်းပြင်ပေါ်ရှိ ပြန့်ကျဲနေသည့် မြေဖြူအပိုင်းအစများပေါ်တွင်သာဖြစ်သည်။

"ဒါက သာမန်မြေဖြူတစ်ချောင်း မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပေါက်ကွဲသွားတာလဲ။"

"ငါလည်း မသိဘူး။ ဆရာမလင်းက ဆောင့်ချလိုက်တာနဲ့ ပေါက်ကွဲသွားတာပဲ။"

"ဝါး၊ မယုံနိုင်စရာပဲ! သူ ဘယ်လိုလုပ်တာလဲ။"

ဆွေးနွေးနေကြသည့်ကြားထဲတွင် လင်းချောင်က မြေဖြူဘူးထဲမှ နောက်ထပ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီးမေးလိုက်၏။

"ဘယ်သူ စမ်းကြည့်ချင်လဲ။"

"ကျွန်တော်!" "ကျွန်တော်!" "ဆရာမ၊ ကျွန်တော်!"

ကျောင်းသားတစ်အုပ်လုံးနီးပါး ရူးမတတ် စိတ်အားထက်သန်စွာ လက်မြှောက်ကြပြီး အထူးသဖြင့် အမြဲတမ်းပြဿနာရှာတတ်သူများက ပို၍စိတ်ဝင်စားနေကြသည်။

လင်းချောင်က အခန်းတစ်ခုလုံးကို မျက်စိဝေ့ကြည့်လိုက်ပြီး ရှေ့တန်းက အရပ်ပုသည့် မိန်းကလေးတစ်ယောက်ကို မြေဖြူပေးလိုက်ရင်း ပြောလိုက်သည်။

"မင်း စမ်းကြည့်လိုက်။"

"ကျွန်မလား?"

ကောင်မလေးက နည်းနည်းတော့ ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ သူမက သိပ်ပြီး ရဲရဲတင်းတင်းမရှိသော်လည်း လင်းချောင်၏ သင်ခန်းစာများကို အမြဲတမ်း အာရုံစိုက်နားထောင်လေ့ရှိသည့်တိုင် ဘယ်တုန်းကမှ စမ်းသပ်မှုများတွင် ပါဝင်ခြင်း၊ မေးခွန်းမေးခြင်းမျိုး မလုပ်ခဲ့ဖူးပေ။

လင်းချောင်က သူမ၏ စားပွဲပေါ်တွင် ခဲတံကို တင်ပေးလိုက်ပြီး "စမ်းကြည့်" ဟုပြောလိုက်၏။

"မင်း ကြမ်းပြင်ပေါ် ဒါမှမဟုတ် နံရံကို ပစ်ပေါက်လို့ရတယ်။"

ကောင်မလေးက အူလည်လည် ဖြစ်နေသေးသော်လည်း သူမဘေးမှ တစ်ယောက်က မစောင့်နိုင်တော့ဘဲ ပြောလိုက်၏။

"နင် လုပ်နိုင်လား? မလုပ်နိုင်ရင် ငါ့ကို စမ်းခွင့်ပေး!"

တခြားသူများ၏ တိုက်တွန်းမှုကြောင့် သူမက မဆိုင်းမတွ မြေဖြူကို ဆုပ်ကိုင်လိုက်သည်။

"ဒါကို အဖျားပိုကြီးတဲ့ဘက်ကို အောက်မှာထားပြီး ဆောင့်ချရမှာလား။"

လင်းချောင်က အစောပိုင်းမှာ ဒါကို မပြောခဲ့သော်လည်း သူမက ကောင်မလေးကို ပြုံးပြရင်း ပြောလိုက်သည်။

"ဟုတ်တယ်၊ အဖျားပိုကြီးတဲ့ဘက်ကို အောက်မှာထား။ မင်း သေသေချာချာ လေ့လာခဲ့တာပဲ။"

ဒီချီးကျူးမှုကြောင့် ကောင်မလေးက အားတက်သွားပုံရသည်။ သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး မြေဖြူကို ကြမ်းပြင်ပေါ်သို့ အားကုန်ဆောင့်ချလိုက်သည်။

နောက်တစ်ကြိမ် "ဘန်း" ဆိုသည့်အသံနဲ့အတူ ဒီတစ်ခါမှာတော့ သူမက မြေဖြူပေါက်ကွဲမှုကို အနီးကပ် မြင်ရုံတင်မကဘဲ ပေါက်ကွဲမှုကြောင့် ထွက်လာသည့် အဖြူရောင်အငွေ့များကိုပါ ရှူရှိုက်မိလိုက်သည်။

သူမ၏ မျက်နှာတစ်ခုလုံး နီရဲသွားပြီး မျက်လုံးများ တောက်ပလာကာ နှလုံးသားကလည်း အရင်ကနှင့်မတူဘဲ တဒုတ်ဒုတ်ခုန်နေခဲ့သည်။

ထိုကောင်မလေးတင်မက ကျောင်းသားအားလုံးက လည်ပင်းရှည်ပြီး ကြည့်နေကြသည်။ တချို့က ထရပ်လိုက်ကြပြီး မမြင်ရသူများက ရှေ့တန်းသို့ ပြေးလာကြသည်။ စင်္ကြံလမ်းတွင် လူများပြည့်ကျပ်သွားပြီး ကျွင်းဇီနှင့်အတူ အခြားလူအနည်းငယ်က သူတို့၏ ကုလားထိုင်ပေါ်တွင် မတ်တတ်ရပ်နေကြသည်။ လူတိုင်း၏ စိတ်ထဲမှာ မေးခွန်းတစ်ခုသာ ရှိသည် - ဒါကို ဘယ်လိုလုပ်လိုက်တာလဲ?

လင်းချောင်က သူမ၏နာရီကို တစ်ချက်ကြည့်ပြီး စင်မြင့်ကို နောက်တစ်ကြိမ် ခေါက်လိုက်ရင်းပြောလိုက်သည်။

"ကဲ၊ ညနေစာကြည့်ချိန် ရောက်ပြီ"

ဒါပဲလား? လူတိုင်းက အံ့အားသင့်သွားပြီး အနီးရှိလူများက မြေဖြူဘူးကို ချောင်းကြည့်နေကြသည်။

လင်းချောင်က ဘူးကိုဖွင့်ပြီး လူတိုင်းကို ပြလိုက်ရင်းပြောလိုက်၏။

"ဒါပဲလေ။ မင်းတို့ မြင်အောင်လို့ ငါ နည်းနည်းပဲ လုပ်ထားတာ။ မင်းတို့ စိတ်ဝင်စားရင်..."

သူမက ခဏရပ်လိုက်ပြီး မျက်လုံးထောင့်နားမှ မှဲ့လေးပေါ်အောင် မျက်လုံးကို အနည်းငယ်ပင့်လိုက်ပြီးပြောလိုက်သည်။

"ဒါဆိုရင် ကြိုးစားပြီး စာသင်ယူကြ။ မင်းတို့ ဒီလ စာမေးပွဲမှာ တတိယနေရာနဲ့ ပျမ်းမျှရမှတ် ကွာဟချက်ကို နှစ်မှတ်အထိ လျှော့ချနိုင်ရင် အဲ့ဒီမြေဖြူဗုံးတွေ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်၊ ပြီးတော့ တစ်ယောက်ယောက်ကို အတန်းထဲမှာ စမ်းသပ်ခွင့်တောင် ပေးဦးမယ်။"

"ဒါပဲလား?" ကျောင်းသားများက လုံးဝ စိတ်ပျက်သွားကြသည်။ သို့သော်လည်း လင်းချောင်က သူတို့ကို သင်ပေးမည်ဆိုသည့် ကမ်းလှမ်းချက်ကို စဉ်းစားပြီး သူတို့၏ မျက်နှာများ ပြန်လည် တောက်ပလာကြသော်လည်း ထိုအခြေအနေကတော့...

သူတို့ ဘာတွေတွေးနေလဲဆိုသည်ကို သိပုံရသည့် လင်းချောင်က လက်ချောင်းများကို ခါလိုက်ရင်းပြောလိုက်သည်။

"ဒီလို စမ်းသပ်မှုတွေ လုပ်ဖို့ဆိုတာ မလွယ်ဘူး။ ငါ့ကို နည်းနည်းလောက်တော့ အသိအမှတ်ပြုပေးကြပါဦး၊ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်သွားတယ်လို့ မခံစားရစေနဲ့နော်။ ပြီးတော့ ငါက မင်းတို့ကို တတိယနေရာရဖို့ မတောင်းဆိုပါဘူး၊ နှစ်မှတ်ပဲ ကွာဟချက်ကို လျှော့ချခိုင်းတာပါ။"

သူမက ပြုံးပြီး ပြောလိုက်သည်။

"တကယ်တော့ ငါတို့အတန်းမှာ တိုးတက်အောင် လုပ်ဖို့နေရာ အများကြီးရှိပါသေးတယ်။ ငါတို့က စမ်းသပ်မှုလေးတော်တော်များများကို သင်ယူနိုင်တယ်။"

ကျောင်းသားများက နည်းနည်းတော့ ရှက်သွားကြသည်။ အထူးသဖြင့် ပျမ်းမျှရမှတ်ကို ဆွဲချခဲ့တဲ့ ကျွင်းဇီဖြစ်သည်။

လင်းချောင်က သူတို့၏ စိတ်အားထက်သန်မှုကို ဆက်ထိန်းထားချင်သည့်အတွက် ပြောလိုက်သည်။

"နှစ်မှတ်ဆိုတာ များတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ရနိုင်တဲ့ အနေအထားမှာရှိပါတယ်။ အတန်းထဲမှာ အာရုံစိုက်ပါ၊ အိမ်စာကို ကောင်းကောင်းလုပ်၊ နောက်ထပ် ကွက်လပ်ဖြည့်ကို မှန်အောင်ဖြည့်၊ ပြီးတော့ မေးခွန်းကြီးတွေထဲက မေးခွန်းငယ်တစ်ခုကို မှန်အောင်ဖြေနိုင်ပြီဆိုရင် နှစ်မှတ်ထက်တောင် ပိုရနိုင်ပါတယ်။"

သူတို့အတန်းတွင် တကယ်ကို တိုးတက်အောင်လုပ်ရန် နေရာအများကြီးရှ်ိသည်။

စင်္ကြံတွင် ကျောင်းသားများ စုပြုံနေတာကို မြင်တော့ လင်းချောင်က လက်ခုပ်တီးလိုက်သည်။

"ကဲ အားလုံးပဲ၊ ညနေစာကြည့်ချိန်အတွက် ပြန်ကြတော့။ ခေါင်းဆောင်တစ်ယောက်ယောက် လာစစ်ရင် ငါကတာဝန် မကျေဘူးလို့ ပြောလိမ့်မယ်။"

All Chapters