Chapter 32
Vol. 3 Ch. 32
ထိုအချိန်တွင် ညနေစာသင်ချိန် ခေါင်းလောင်းသံ မြည်လာခဲ့သည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြေဖြူဗုံးများလည်း မရှိတော့သည့် ကျောင်းသားများသည် သူတို့၏ခုံများကို ပြန်သွားကြရသော်လည်း တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောနေကြသေး၏။
လင်းချောင်က ထိုအချိန်မှသာ ချီဟွိုင်ဝမ်သည် တစ်ချိန်ချိန်တွင်ရောက်လာခဲ့ပြီး ကျွင်းဇီဘေးရှိ ခုံတွင်ထိုင်ကာ တစ်ခုခုကို ငုံ့ကြည့်နေသည်ကို သတိပြုမိသွားခဲ့သည်။ ကျွင်းဇီပြောသည့်အတိုင်း သူက သန့်စင်ခန်းသို့သာ သွားခဲ့ပုံရပြီး ညနေကျောင်းချိန်ကို မလစ်ခဲ့ပေ။ သူက အတော်လေး ယုံကြည်ရသူဖြစ်သည်။ သို့သော် ထိုမြေဖြူနှစ်ခဲ၏ အကျိုးသက်ရောက်မှုမှာ မပြီးဆုံးသေးပေ။ ဗုံးနှစ်ခုက ညနေကျောင်းချိန်ခေါင်းလောင်း မမြည်မီက ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အခြားအတန်းများတွင် ဆူညံနေသော်လည်း အနီးအနားရှိ အတန်းသုံးနှင့် ကပ်လျက်ရှိသော အနုပညာအတန်းကဲ့သို့သော အတန်းများသည်တော့ တစ်စုံတစ်ခုကို ကြားခဲ့ကြသည်။
အတန်းလေး၌ ပုံမှန်မဟုတ်သည့် တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ကြသောကြောင့် ထိုအကြောင်းကို သူတို့မပြောဘဲ မနေနိုင်ခဲ့ကြပေ။ နောက်တစ်နေ့တွင် ညနေကျောင်းချိန်ကို မတက်ခဲ့သော ကျောင်းသားများက နောင်တရကာ ဘာကြောင့် ကျောင်းမတက်ခဲ့မိသည်ကို တွေးရင်း နှမြောတသ ဖြစ်နေခဲ့ကြသည်။ အတန်းသုံးမှ ဓာတုဗေဒအတန်းကိုယ်စားလှယ်ကပင် လင်းချောင်ကို လာရှာခဲ့သည်။
ထိုအတန်းကိုယ်စားလှယ်သည် အတန်းတစ်ခုလုံးကိုယ်စား လာရောက်ခြင်းဖြစ်ပြီး အဓိကတောင်းဆိုချက်တစ်ခုမှာ ဆရာမလင်းသည် အတန်းတစ်တန်းကို ပို၍မျက်နှာသာမပေးသင့်ဘဲ၊ သူတို့လည်း ထိုစမ်းသပ်ချက်လေးမျိုး လေ့လာလိုကြသည်ဟူ၍ပင် ဖြစ်၏။
ထိုအတန်းကိုယ်စားလှယ်သည် အတန်းလေးမှ ကိုယ်စားလှယ်ထက် စကားပြောပိုကောင်းသူဖြစ်ပြီး လုပ်ငန်းကိစ္စများကို ကျွမ်းကျင်စွာ လုပ်ဆောင်တတ်ကာ ဆရာ၊ ဆရာမများ၏ ချစ်ခင်မှုကို ခံယူထားသူဖြစ်သည်။ လင်းချောင်က ပြုံးလျက် နားထောင်ပြီး ပြောလ်ိုက်သည်။
“ကောင်းပြီလေ၊ မင်းတို့လည်း ပထမရတဲ့အတန်းနဲ့ ပျမ်းမျှရမှတ်ကွာခြားချက်ကို နှစ်မှတ်အထိ လျှော့ချနိုင်မယ်ဆိုရင် ငါ မင်းတို့နဲ့အတူ စမ်းသပ်မှုကို လုပ်ပေးမယ်။”
ဘယ်အတန်းကပဲ ထိုကဲ့သို့အောင်မြင်သည်ဖြစ်စေ ထိုအတန်းကို သင်ခန်းစာသင်ပေးမည်ဖြစ်သည်။ နှစ်တန်းစလုံး အောင်မြင်ပါက သူမသည် အတန်းကြီးတစ်ခုအဖြစ် ပေါင်းသင်ပေးနိုင်သည်။
အတန်းသုံးမှ ကိုယ်စားလှယ်က ကျေနပ်စွာ ထွက်သွားပြီး ဖိအားအားလုံးကို အတန်းလေးဘက်သို့ လွှဲပြောင်းခဲ့လိုက်တော့သည်။
“အတန်းသုံးက ရူးနေတာပဲ! သူတို့က ဘာလို့ ငါတို့နဲ့ လာပြိုင်နေတာလဲ။ အခု နှစ်မှတ်က လေးမှတ်ဖြစ်သွားပြီ။ ငါတို့ ဒါကို ဘယ်လိုလုပ်ရမလဲ။”
“လေးမှတ်တင် မဟုတ်ဘူးနော်။ အတန်းသုံးက နှစ်မှတ်ထက် ပိုတိုးတက်လာရင် ဘယ်လိုလုပ်မလဲ။”
ကျောင်းသားတစ်ယောက်က ထိုသို့ပြောလိုက်သည်နှင့် သူ့ကို ဝိုင်းကြည့်ကာ အော်ငေါက်ကြတော့သည်။
"မင်းကပဲ သင်္ချာ တော်တာကိုး။"
"အားငယ်နေမယ့်အစား၊ မင်းတို့အတန်းထဲက ထိပ်တန်းကျောင်းသားတွေကို မင်းတို့ကို စာ သင်ပေးဖို့ တောင်းဆိုကြပါလား။"
ချီဟွိုင်ဝမ်က ရုတ်တရက် အကြံပြုလိုက်ခြင်းဖြစ်သည်။
အားလုံးက ဒါကို ကောင်းသည့်အကြံဟု ထင်ကြသော်လည်း ထိပ်တန်းကျောင်းသားများက သူတို့နှင့် သိပ်မပေါင်းတာကြောင့် သူတို့က ကူညီသင်ပေးရန် ဆန္ဒရှိကြပါ့မလားတော့ မသေချာပေ။ သူတို့ စဉ်းစားနေတုန်းမှာပဲ အတန်းကိုယ်စားလှယ်က သူတို့ဆီ လျှောက်လာပြီး ပြောလိုက်၏။
"ဘယ်သူ့မှာ မေးစရာရှိလဲ? အတန်းပြီးရင် ငါ့ကို မေးလို့ရတယ်။"
အတန်းကိုယ်စားလှယ်တင်မက ကျောင်းသားအများအပြားကလည်း ကူညီသင်ပေးဖို့ ကမ်းလှမ်းကြသည်။ ဘာလို့လဲဆိုတော့ သူတို့အားလုံးက မြေဖြူဗုံးများလုပ်နည်းက်ို သိချင်ကြ၍ဖြစ်သည်။
အတန်းလေး၏ သင်ယူမှုအပေါ် စိတ်အားထက်သန်မှုက အရင်ကနှင့် မတူတော့ဘဲ အထွတ်အထိပ်ကို ရောက်သွားပြီဖြစ်သည်။ အနည်းဆုံးတော့ ဓာတုဗေဒ ဘာသာရပ်တွင်ပင်။ အတန်းပြီးသည့်နောက် တစ်ဦးချင်း သင်ကြားပေးသည့် အစီအစဉ်များက ပုံမှန်ကဲ့သို့ ဖြစ်လာ၏။ မြေဖြူခဲခွဲပစ်ခဲ့သည့် မိန်းကလေး လီရှောင်ချိုက ကျွင်းဇီကို စာသင်ပေးသည်။ သူမက နည်းနည်း ရှက်တတ်သော်လည်း အရမ်းစေ့စပ်သေချာပြီး သူမ၏ မှတ်စုများကို ကျွင်းဇီက်ို ငှားပေးခဲ့သည်။
ညနေခင်းတွင် ကျွင်းဇီ အိမ်ရောက်သည်နှင့် အခန်းထဲတန်းဝင်ပြီး မှတ်စုများကို ကူးရေးလိုက်သည်။ သူက အခြေခံအားနည်းပြီး အခြေခံကစပြီး မလေ့လာလျှင် နားမလည်နိုင်သည့် အရာ အများကြီးရှိသည်။ သို့သော် ဆရာမလင်းပြောသလိုပဲ တိုးတက်ဖို့ အခွင့်အရေးအများကြီးရှိပြီး နည်းနည်းလေ့လာရုံနဲ့ နှစ်မှတ်လောက် အလွယ်တကူရနိုင်၏။
ဗိုလ်မှူးကြီးလျန်၏ ဇနီးက သူ့ကိုခေါ်လိုက်သည်။
"မင်းအတွက် ကန်စွန်းဥဖုတ်ထားတာတချို့ စားပွဲပေါ်မှာ ချထားခဲ့တယ်။" သူမ နှစ်ခါတောင် ခေါ်သည့်တိုင် ဘာအသံမှ မကြားရပေ။
ဒါက တော်တော်ထူးဆန်းသည့်ကိစ္စပင်။ အရွယ်ရောက်လာပြီဖြစ်သည့် ယောက်ျားလေးများသည် အများကြီးစားကြပြီး ညနေစာသင်ချိန်အပြီးတွင် ကျွင်းဇီက အမြဲတမ်းလိုလို ဗိုက်ဆာနေတတ်သည်။ မိသားစုက သူ့အတွက် မကြာခဏ သရေစာများ ထားပေးလေ့ရှိသည်။ တခါတလေ ကန်စွန်းဥ၊ တခါတလေမှာ ခေါက်ဆွဲ၊ ဆောင်းဦးရာသီမှာဆိုရင်တော့ သစ်အယ်သီးများ ထားပေးလေ့ရှိသည်။
ဗိုလ်မှူးကြီးလျန်ရဲ့ဇနီးက ချက်ပြုတ်ရာမှာ ကျွမ်းကျင်ပြီး တစ်ပတ်အတွင်း ဟင်းလျာများကို ထပ်ခါထပ်ခါ ချက်လေ့မရှိပေ။ စိတ်ရှုပ်ထွေးသွားသည့်အတွက် သူမက ကန်စွန်းဥများကို သူ့အခန်းထဲ ယူသွားရန် ဆုံးဖြတ်လိုက်သည်။ သူမ ဝင်လိုက်သည်နှင့် သားဖြစ်သူသည် တစ်ခုခုကို အသည်းအသန် ကူးယူနေတာကို တွေ့လိုက်ရပြီး သူမရောက်လာသည်ကိုလည်း နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။
သူက ပြောလိုက်သည်။ "အဲ့ဒီမှာပဲ ထားခဲ့လိုက်ပါ"
သူမက ခဏလောက် ကြည့်နေသော်လည်း ဘာကို ကူးနေမှန်း မသိသည့်အတွက် ဗိုလ်မှူးကြီးလျန်ကို ချက်ချင်း ခေါ်လိုက်သည်။
"ကျွင်းဇီ ဘာတွေကူးနေလဲ လာကြည့်ပါဦး။"
ဗိုလ်မှူးကြီးလျန်လည်း သူ့သား၏ အပြုအမူသည် ထူးဆန်းနေသည်ဟု ခံစားရပြီး မကောင်းသည့်ကိစ္စတစ်ခုခုတွင် ပါဝင်နေမည်ကို စိုးရိမ်သွားခဲ့သည်။ သူ အခန်းထဲ ဝင်သွားချိန်မှာတော့ ဓာတုဗေဒမှတ်စုစာအုပ်များကို ကူးနေသည်ကိုသာ တွေ့လိုက်ရ၏။
ဒါက အရင်က မဖြစ်ဖူးသည့်ကိစ္စဖြစ်၏။ ဒီကလေးက ဘယ်တုန်းက စာကြိုးစားဖူးလို့လဲ။
"မင်း ဘာလို့ မှတ်စုတွေ ကူးနေတာလဲ"
သူကကြည့်မနေနိုင်ဘဲ မေးလိုက်မိသည်။
ကျွင်းဇီက ခေါင်းတောင်မော့မကြည့်ဘဲ ပြောလိုက်၏။
"ဆရာမလင်းက ကျွန်တော်တို့ ပျမ်းမျှအမှတ် နှစ်မှတ်တိုးရင် စမ်းသပ်မှုအသစ်တစ်ခု သင်ပေးမယ်တဲ့။ ကျွန်တော် စာတွေ လိုက်မှတ်ဖို့လိုတယ်။"
သူ့အဖေက နောက်ထပ်ထပ်မေးမည်ကို ကြောက်သည့်အတွက် သူက အလျင်အမြန် လက်ဝှေ့ယမ်းပြီးပြောလိုက်သည်။
"ဟုတ်ပါပြီ။ ကျွန်တော် စာလုပ်နေတာကို အနှောင့်အယှက် မပေးနဲ့တော့။ အဖေက လူကြီးပဲ။ လူကြီးလိုပဲ နေပါ!"
"ဟေ့ကောင်လေး၊ မင်းက အဖေကို ပြန်သင်ပေးနေတာလား!"
ဗိုလ်မှူးကြီးလျန်က သူ့ကို ပွတ်သပ်လိုက်ပြီး အခန်းထဲက ထွက်သွားတော့သည်။
တံခါးဝတွင် နားထောင်နေသည့် ဇနီးဖြစ်သူက မေးလိုက်၏။
"ဘာဖြစ်နေတာလဲ။"
"ဘာမှ မဟုတ်ပါဘူး။ ဆရာမလင်းက သူတို့ အောင်မြင်ရင် စမ်းသပ်မှုအသစ်တစ်ခု သင်ပေးမယ်တဲ့။ ဒါကြောင့် အနားနီးမှ သူ စာကျက်နေတာ။"
"ဆရာမလင်း? ဘေးအိမ်က ကပ္ပတိန်ကျ်ိရဲ့မိန်းမလား။ သူမက တကယ်ပဲ အထက်တန်းသင်နိုင်တာလား။"
သူမက ရှေးရိုးစွဲဆန်သူဖြစ်ပြီး လင်းချောင်ကလည်း တကယ်ကို ငယ်ရွယ်လွန်းပုံပေါ်သည်။
ဗိုလ်မှူးကြီးလျန်က ပြန်ပြောလိုက်၏။
"သူ မသင်နိုင်ရင် မင်းသင်မှာလား။"
သူ့ဇနီးက ချက်ချင်းတိတ်သွားခဲ့သည်။
ဗိုလ်မှူးကြီးလျန်က သားဖြစ်သူ၏ အခန်းကိုချောင်းကြည့်လိုက်သည်။
"ဆရာမလင်းက ကောင်းကောင်းလုပ်နေတယ်ထင်တယ်။ ဘယ်တုန်းကများ ဒီကောင်စာလုပ်နေတာ မြင်ဖူးလို့လဲ။"
အတန်းသုံးနှင့်လေးက ဓာတုဗေဒလုပ်ချင်စိတ် အတော်မြင့်မားနေခဲ့ပြီး ရက်အနည်းငယ်မှာပဲ ခေါင်းဆောင်ကောပင် သတိထားမိလာသည်။
"ဆရာမလင်းက ကျွန်တော့်ကို ဖိအားတွေအများကြီးပေးနေတာပဲ။"
သူက ရုံးခန်းထဲတွင် ညည်းညူပြောဆိုလိုက်၏။
"အတန်းတစ်နဲ့ အတန်းသုံးရဲ့ ပျမ်းမျှရမှတ်တွေက နှစ်မှတ်ပဲကွာတယ်။"
"အချိန်လည်း မရှိတော့လို့ လိုက်မမှီမှာ စိုးရိမ်မိတယ်။ ပြီးတော့ အတန်းနှစ်တန်းက အတော်ကြာကြာထိပ်ဆုံးမှာနေခဲ့တာ။ ကျွန်မတို့ အလှည့်အပြောင်းလေး လုပ်လို့မရဘူးလား။"
လင်းချောင်၏ စကားကြောင့် အဖွဲ့ခေါင်းဆောင်ကော ပြုံးလိုက်မိသည်။
"ဒါပေမဲ့ မင်းမြေဖြူဗုံး ဘယ်လိုလုပ်ခဲ့တာလဲ။ လူအတော်များများ ကျွန်တော့်ကိုမေးနေကြတယ်။ ဆရာမလင်း မသင်ပေးသေးလို့ မပြောပြနိုင်သေးဘူးလို့ပဲ ပြောနေရတယ်။"
တကယ်တော့ ရိုးရှင်းသည်။ ဖော့စဖောရပ် အနီကို ပိုတက်စီယမ် ကလိုရိတ်နှင့် ၂:၇ ဖြင့်အရည်အနေအထားရောစပ်ကာ မြေဖြူခဲ၏ ပိုထူသောအပိုင်းသို့ထည့်ခဲ့ပြီး အပေါက်ကို မြေဖြူမှုန့်များဖြင့် ပြန်ပိတ်ထားခြင်းဖြစ်သည်။ နာရီအနည်းငယ် အခြောက်ခံလိုက်လျှင် သုံး၍ရပြီဖြစ်သည်။ စွန့်စားရသည်အပိုင်းကတော့ အရည်အနေအထား ပြောင်းလဲနေစဉ် စိုစွတ်သွားပြီးလေနှင့်ထိလျှင် အလွယ်တကူ ပေါက်ကွဲတတ်ခြင်းပင်။ အခြောက်ခံနေစဉ်လည်း အလွန်သတိထားရသည်။ သူမက ဘယ်သူမှမထိစေရန် ဘီရိုအလွတ်တစ်ခုထဲထည့်ကာ စာပင်ကပ်ထားခဲ့ရသည်။
သို့သော် သူမက အခုတော့ ထုတ်မပြောချင်သေးပေ။ သူမ ပြုံးလိုက်သည်။
"ဒါဆို ကျွန်မအတွက် ဆက်ဖုံးထားပေးပါဦး ဆရာကော။"
"သိပါတယ်။"
ဆရာကောက ခေါင်းညိတ်ပြပြီး ဘာမှထပ်မပြောတော့ပေ။
"မင်း ဒီလိုပါးနပ်တဲ့အကြံတွေ ဘယ်ကရလာလဲ ကျွန်တော်တွေးမရဘူး။"
"အတန်းသုံးနဲ့လေးက အခြေခံမခိုင်ဘူး ကျွန်မကလည်း ငယ်သေးတော့ သေချာမထိန်းနိုင်ဘူး။ သူတို့ စာကိုစိတ်ပါလာဖို့ ဒီလိုတွေတွေးရတော့တာပဲ။"
လင်းချောင်က ရိုးသားသည်။ ဒီနေ့ခေတ်များတွင် ကလေးများက ရှစ်နှစ်၊ကိုးနှစ်အရွယ်မှ ကျောင်းတက်ကြသဖြင့် သူမအတန်းရှိကျောင်းသားအချို့က သူမအရွယ်ဖြစ်နေသည်။ အသက်လည်း ပိုမကြီးသလို အစားထိုးဆရာမတစ်ဦးအနေနှင့် သူမက ပို၍အားစိုက်ထုတ်ရသည်။
ခေါင်းဆောင်ကောက ဒါကိုနားလည်ပြီး ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်သည်။
"မင်း ပိုတက်ဆီယမ်ဟိုက်ဒြောက်ဆိုဒ် ဝယ်ချင်တယ်လို့ ပြောခဲ့တယ်မလား။"
လင်းချောင် တကယ်ကိုဝယ်လိုသည်။
သူမတွင် ကျိဇယ်ပေးခဲ့သည့် သံလွင်ဆီများ ရှိနေသေးပြီး အားလုံးကို ဆပ်ပြာခဲမလုပ်ဘဲ ဆပ်ပြာရည်လည်းလုပ်ရန် သူမတွေးထားသည်။
သို့သော် ဆပ်ပြာရည်က ဆပ်ပြာခဲထက် ပိုခက်သည်။ သုံးရသည့် အယ်ကာလီအရည်က ဆိုဒီယမ်ဟိုက်ဒြောက်ဆိုဒ်မဟုတ်ဘဲ ပိုတက်ဆီယမ် ဟိုက်ဒြောက်ဆိုဒ်ဖြစ်၏။ စျေးကွက်ထဲရှာမရသဖြင့် သူမက ကျောင်းမှဓာတုဓာတ်ပြုပစ္စည်းများရနိုင်မလားဟု ဆရာကောကိုမေးခဲ့ခြင်းဖြစ်သည်။
ဆရာကောက ဒါကိုပြောလာတော့ သူမနားလည်လိုက်သည်။
"ကျောင်းက ဓာတ်ပြုပစ္စည်းတွေ ဝယ်တော့မှာလား။"
"ဟုတ်တယ်၊ ကျွန်တော် မင်းအတွက် ကုန်သွယ်ရေးဌာနကိုဆက်သွယ်ပေးထားတယ်။ မင်း ဘယ်လောက်လိုတာလဲ။ သူတို့ယူလာပေးလိမ့်မယ်။"
လင်းချောင်က စာရွက်ယူပြီး လိုသည့်အရာများ ချရေးလိုက်သည်။
"ဘယ်လောက်ကျမှာလဲ။ ကျွန်မ အခုပေးမယ်။"
အခုပေးထားသည်က ဘယ်အချိန်ပစ္စည်းရမည်ကို စိတ်ပူနေရန် မလိုတော့ပေ။ အဖွဲ့ခေါင်းဆောင်ကောက ပြောလိုက်သည်။
"ဒီလကုန် မဟုတ်ရင် နောက်လအစောပိုင်းရမယ်ထင်တယ်။"
လင်းချောင် အလျင်မလိုပေ။ လကုန်ရန်နီးကပ်လာပြီဖြစ်သလို သူမတွင်လည်း လုပ်စရာအများကြီးရှိသည်။
ပထမဆုံးအနေနှင့် သူမပြောခဲ့သည့်စာမေးပွဲဖြစ်သည်။ ခေါင်းဆောင်ကောက မေးခွန်းထုတ်ပြီး ကျောင်းပုံနှိပ်စက်ရုံကို ပို့ထားပြီဖြစ်သည်။ စာမေးပွဲရက် နီးကပ်လာသည်နှင့်အမျှ ကျောင်းသားအများစုက လင်းချောင်ကို စာမေးကြသည်။ ညနေခင်း ကိုယ်တိုင်စာကြည့်ချိန်တွင်ပင် မေးခွန်းမေးလိုသူ များလွန်းသည့်အတွက် တစ်ခန်းလုံးကိုစာသင်နေရသည်။
ဒီလို အလုပ်ရှုပ်သည့်အပြင် မိသားစုစီမံကိန်း စစ်ဆေးမှူကလည်း ရှိသေးသည်။
ဆရာမယန်နှင့် အခြားအမျိုးသမီး ကျောင်းဆရာမတစ်ယောက်က မှတ်တမ်းစာရွက်ဖြင့် အမျိုးသမီးလုပ်ဖော်က်ိုင်ဖက်များကို ဒီလအတွက် ဓမ္မတာလာပြီလား လိုက်မေးနေခဲ့သည်။
လင်းချောင်က စွင်းရှို့ကျစ်ထံမှ မြို့ပေါ်တွင် မိသားစုစီမံကိန်းက အလွန်တင်းကျပ်သည်ဟု ကြားထားသော်လည်း ယခုလိုအမေးခံရခြင်းကတော့ အနေရခက်မိသည်။
ပြီးတော့ သူမဘာပြောသင့်လဲ။ လာပြီပြောရမလား မလာဘူးပြောရမလား။
လာပြီဟုပြောရအောင်လည်း တကယ်မလာသေးပေ။ မလာသေးလို့ပြောလျှင်လည်း အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အတွက် ဒါက ဘာသဘောဖြစ်သွားမလဲ။
ပြဿနာမဖြစ်ချင်၍ လာပြီဟုသာ လင်းချောင်ပြောလိုက်သည်။
ဆရာမယန်က ဒီအလုပ်နှင့် အသားကျနေသဖြင့် လင်းချောင် အနေရခက်နေသည်ကို သတိထားမိကာပြောလိုက်သည်။
"ငါတို့က လတိုင်းမေးတယ်။ မကြာခင် အသားကျသွားမှာပါ။"
လင်းချောင်က အရှက်အကြောက်ကြီးသူ မဟုတ်သလို အမျိုးသား လုပ်ဖော်ကိုင်ဖက်များကို မေးနေသည်ကိုတွေ့ရတော့ ကျိသော်လည်း အမေးခံရမလားဟု တွေးမိနေသည်။
သေချာပေါက် ကျိသော်လည်း အမေးခံရသည်။ ရွှီလီ၏ မိတ်ဆွေဟောင်းဖြစ်သူ အမျိုးသမီးလုပ်ဖော်က်ိုင်ဖက်တစ်ဦးက သူ့ရုံးခန်းကိုလာကာ ဇနီးဖြစ်သူ ဓမ္မတာလာပြီလားဟု မေးလိုက်သည်။ ကျိသော်က ဘာလို့လဲဟုမေးချ
င်သော်လည်း မမေးလိုက်ရပေ။
ကြင်စဦးမောင်နှံများကိစ္စ ဖြေရှင်းနေကျ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောလိုက်သည်။
"အရင်က မင်းအ်ိမ်ထောင်မကျသေးလို့ မမေးတာလေ။ တည့်တည့်ပြောပါ လာပြီလား မလာသေးလား။"
ကျိသော်က လင်းချောင်နှင့် သိပ်မရင်းနှီးသလို ဒီလိုကိစ္စများမဆွေးနွေးဖြစ်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"မလာသေးဘူး။"
"မလာသေးဘူးလား။"
တစ်ဖက်လူက သူ့ကိုကြည့်၍ပြုံးပြကာ ဘာမှမမေးဘဲ ထွက်သွားတော့သည်။
သို့သော်လည်း သူအလုပ်ဆင်းသည်နှင့် ရွှီလီထံမှ ဖုန်းဝင်လာခဲ့သည်။
......
"အမေက ဒီညပြန်လာစေချင်တယ်လို့ ပြောတာလား။"
လင်းချောင်က နေ့လည်ခင်း အလုပ်မှပြန်ရာလာ ထိုသတင်းကြားလ်ိုက်ရသဖြင့် အံ့သြသွားခဲ့သည်။
ကျိသော်လည်း အံ့သြနေခဲ့သည်။ ရွှီလီက စိတ်မရှည်သည့်သူ ထိန်းချုပ်တတ်သည့်သူမျိုးလည်း မဟုတ်ပေ။ အရင်တုန်းက သူက တစ်လကျော်လောက်အချိန်တွင် ဆယ်ရက်လောက်ပဲ အိမ်ပြန်ခဲ့သည့်တိုင် သူမက ဘာမှမပြောခဲ့ပေ။ အခု သူတို့ ဒီအပတ် တင်နင်္ဂနွေပြန်လာမည်က််ိုသိသိတိုင် သူမက တစ်ညတောင် ထပ်မစောင့်နိုင်တော့။
"အမေက ဒီမနက်က ဖုန်းဆက်ပြောတာ။"
သူက လင်းချောင်ကို ငွေစက္ကူများ အထုပ်လိုက်ပေးလိုက်သည်။ နွေရာသီဝတ်ယူနီဖောင်း လက်တိုအောက်မှ မြင်နေရသော သူ၏ ကြွက်သားအပြည့်နှင့် လက်မောင်းများတွင် သွေးကြောအချို့ပင် ထောင်နေခဲ့လေသည်။
လင်းချောင်က ငွေစက္ကူထုပ်ကိုယူလိုက်သည်။
"ရှင်လည်း လစာထုတ်လာတာလား။"
"အင်း။"
ကျိသော်က လစာအကြောင်း သိပ်ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"မင်း ဒီညလုပ်စရာရှိလား။"
"ကျွန်မ ဘာမှစီစဉ်ထားတာတော့မရှိဘူး။ ပြန်လို့ရပါတယ်။"
ကျိသော်က ဘာမှမပြောတော့ဘဲ လင်းချောင်ကလည်း သူမအိတ်ထဲမှ ငွေစက္ကူများကိုထုတ်လိုက်သည်။
"ကျွန်မလည်း လစာရလာတယ်။ အဖေနဲ့ အမေအတွက် တစ်ခုခုဝယ်သွားရအောင်။"
ကျိသော်၏ ငွေများနှင့် ယှဉ်လျှင် လင်းချောင်၏ငွေက သနားစဖွယ်ကောင်းလောက်အောင် နည်းပါးနေပြီး ယွမ်၃၀ ထက်နည်းသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက အလုပ်ဝင်တာ နောက်ကျသည်ဖြစ်ပြီး ရက်၂၀ လောက်သာ အလုပ်လုပ်ရသေးသည်။ သို့သော် ငွေပမာဏနည်းနည်းလေးကလည်း သူမဘဝတွင် ပထမဆုံးရသည့်လစာဖြစ်သဖြင့် သူမက အဘိုးကြီးတို့နှင့်အတူ ပျော်ရွှင်မှုမျှဝေချင်သည်။
လင်းချောင်က သူမအတွက် အသုံးစရိတ်အနည်းငယ်သာယူထားပြီး ကျန်ငွေများကို လက်ဆောင်ဝယ်လိုက်သည်။ သူမက မစ္စတာကျိ အညောင်းအညာပြေနှိပ်နိုင်ရန် သစ်သားတူလေးတစ်ခုနှင့် ဆင်းဟွာစာအုပ်ဆိုင်မှ အိမ်တွင်မရှိသေးသော စာအုပ်များနှင့် အဒေါ်ကျန်းအတွက်လည်း ခြေထောက်ဆေးရည်စိမ်ရန်ဆေးအချို့ဝယ်ခဲ့သေးသည်။
စားပွဲပေါ်တွင် ပစ္စည်းများပြည့်သွားခဲ့သည်။ ရွှီလီက စိတ်ကျေနပ်နေပြီး မစ္စတာကျိကလည်း ပြုံးနေခဲ့သည်။
ကျိသော် တစ်ယောက်သာလျှင် ခြေထောက်ဆန့်ကာ ဘေးဘက်တွင် ထိုအရာများကိုကြည့်နေကာ ထိုင်နေခဲ့သည်။
ရွှီလီ ပျော်ရွှင်သွားပြီးနောက် သူ့ကို တိုးတိုးလေး တံတောင်နှင့်တို့ပြီးမေးလိုက်သည်။
"ဘာဖြစ်တာလဲ? ချောင်ချောင်ပေးတဲ့ဟာတွေ မကြိုက်လို့လား?"
သူမ၏သားက ကျေနပ်အောင်လုပ်ရခက်မှန်း သူမ သိသည်။
"ကဲပါ၊ သူတစ်ခုခုပေးတာနဲ့တင် ကောင်းပါပြီ။ မင်းက အမြဲတမ်း မျက်နှာတည်နေတော့ ဘာကြိုက်တတ်မှန်း ဘယ်သူသိမလဲ?"
ကျိသော် မပျော်ရွှင်သည်တော့ မဟုတ်ပေ။ ဒါပေမဲ့ သူ၏အမေက ထိုသို့ပြောလာတော့ ရွှီလီကို လှမ်းကြည့်ကာပြောလိုက်၏။
"သူက ကျွန်တော့်ကို ဘာမှ မပေးဘူး။"
ရွှီလီ ဘာပြောရမှန်း မသိတော့ပေ။
"မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြလို့လား? ဒါမှမဟုတ် မင်း ချောင်ချောင်ကို စိတ်ဆိုးအောင် လုပ်လိုက်လို့လား?"
"မဟုတ်ဘူး။"