← Chapters

Chapter 33

Vol. 3 Ch. 33

Chapter 33

Vol. 3 Ch. 33

သူတို့လက်ထပ်ထားသည့် တစ်လအတွင်းတွင် လင်းချောင်နှင့် ကျိသော်တို့ တစ်ခါမှ စကားမများဖူးပေ။အိမ်နီးချင်း ဗိုလ်မှူးကြီးလျန်၏ အိမ်တွင်တော့ ရံဖန်ရံခါ စကားများသံများ ကြားရတတ်သည်။ သို့သော် လင်းချောင်က သူ့အတွက် တစ်ခုခု ဝယ်ဖို့ကိုတော့ မေ့သွားခဲ့သည်။

လင်းချောင်က တကယ်တော့ မမေ့ခဲ့ပေ။ သူမက လူကြီးများကို ရိုသေကြောင်းပြရန်သာ ပစ္စည်းများ ဝယ်ခဲ့ခြင်းဖြစ်သည်။ သူမ၏ စိတ်ထဲတွင်တော့ ကျိသော်က လူကြီးမဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်သာဖြစ်သည်။

သို့သော်လည်း ရွှီလီကတော့ တခြားအတွေးဝင်မိသည်။

"မင်းရဲ့လစာနဲ့ရော ချောင်ချောင်အတွက် တစ်ခုခု ဝယ်ခဲ့သေးလား။"

ကျိသော် ခဏရပ်သွားသွားသည့်အခါ သူမက ချက်ချင်းပဲ သူ့သားကို ဆူလိုက်၏။

"မင်းက မင်းအဖေနဲ့ တူတူပဲ။ မင်းက ချောင်ချောင်အတွက် ဘာမှ မဝယ်ရင် သူက မင်းအတွက် ဘာလို့ဝယ်ပေးရမှာလဲ။"

ထိုအချိန်တွင် လင်းချောင်က ပစ္စည်းများ ခွဲဝေပြီး ပင်ပန်းသည်နှင့် ဆိုဖာပေါ်တွင် ထိုင်နေပြီး ခါးကိုပွတ်နေလိုက်သည်။

ရွှီလီက သူ့သားအကြောင်းကို ချက်ချင်း မေ့သွားတော့၏။

"ငါ့ကိုကြည့်စမ်းပါဦး၊ ငါ အရမ်းပျော်ပြီး အချိန်ကို မေ့သွားတယ်။ ချောင်ချောင် ဗိုက်ဆာနေလောက်ပြီ မဟုတ်လား?"

သူမ လှမ်းမခေါ်ခင်မှာပဲ အဒေါ်ကျန်းက ဆေးထုပ်များကို သိမ်းပြီးပြောလိုက်သည်။ "ကျွန်မ ထမင်းသွားပြင်လိုက်မယ်။

ရွှီလီက သူ့သားဘက်ကို လှည့်ပြီးပြောလိုက်သည်။

"မင်းကရော ဘာလို့ ငါ့ကို မသတိပေးတာလဲ? ဗိုက်ဆာနေတာ မင်းမိန်းမ မဟုတ်ဘူးလား?"

သူမကိုယ်တိုင် လင်းချောင်ကို ထမင်းစားခန်းသို့ ခေါ်သွားပြီး ဟင်းချိုတစ်ခွက် အရင်ခပ်ပေးလိုက်သည်။

"ဒါက အခုမှ ကျိုထားတဲ့ ကြက်မဲဟင်းချိုလေ။ အဒေါ်ကျန်းက ငါးနာရီကျော်ကြာအောင် ကျိုထားတာ။ နည်းနည်းလောက် သောက်ပြီး ဗိုက်ဖြည့်လိုက်ဦး။"

သူတို့ကို စောစောပြန်ခေါ်ပြီး လင်းချောင်ကို ဂရုစိုက်နေသည်ကို ကျိသော် မရိပ်မိရင် သူ ဒီနှစ်များကို အလကားကုန်ဆုံးခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

သူက မျက်ခုံးကို အသာပင့်လိုက်တော့ ရွှီလီက သူမ အရမ်းသိသာသွားမှန်း သိသွားပြီးပြောလိုက်၏။

"ငါ ချောင်ချောင်ရဲ့လက်ဆောင်ရလို့ အရမ်းပျော်တယ်။ နောက်ပြီး ငါတို့ရဲ့ ချောင်ချောင်က ငယ်သေးတော့ အာဟာရပြည့်ဝဖို့ လိုတယ်။ သူ့ရဲ့ ချွန်နေတဲ့ မျက်နှာလေးကို ကြည့်ပါဦး အလုပ်ပင်ပန်းလို့ ပိန်သွားပြီ။"

လင်းချောင်၏ မျက်နှာက ဘဲဥပုံမကျတကျဖြစ်ပြီး မေးစေ့က သဘာဝအတိုင်း ချွန်နေခဲ့သည်။ ကျိသော်က သူမ မကြာသေးခင်ကအထိ အစားကောင်းကောင်းစားနေသည်ဟု ထင်မိပြီး သူတို့ အိပ်ရာထဲတွင် ရံဖန်ရံခါ ထိမိချိန်တွင်လည်း ခန္ဓာကိုယ်ပိုပြည့်လာသလို ခံစားရသည်။ သို့သော် ရွှီလီက သူမငယ်ရွယ်သေးကြောင်း ပြောလိုက်ချိန်မှာတော့ သူ ခဏရပ်သွားခဲ့သည်။ သူ၏အမေဖြစ်သူ တစ်ခုခုသိနေသည်ဟု သူသံသယဝင်မိသော်လည်း အပြင်မှ ခြံတံခါးပွင့်သွားပြီး ကျိကျွင်းနှင့် ယဲ့မင်ရှုး ပြန်ရောက်လာသည့်အတွက် ထပ်မေးရန် အခွင့်အရေး မရလိုက်ပေ။

သူနှင့် လင်းချောင်ကို မြင်တော့ ထိုစုံတွဲက သိသိသာသာအံ့သြသွားသည်။

"မင်းလည်း ဒီရောက်နေတာလား ဒုတိယညီလေး။"

ကျိသော်နှင့် လင်းချောင်တို့ လက်ထပ်ခဲ့ကြသော်လည်း အဆင်မပြေမှုများ အတော်များများ ရှိခဲ့သေးသည်။ ကျိကျွင်းက သူ၏ညီဖြစ်သူကို မြင်ရတိုင်း အပြစ်ရှိသလို ခံစားရသည်။ အခု သူနှင့် ယဲ့မင်ရှူး ပြန်အဆင်ပြေသွားတော့ ကျိသော်ကို ပြန်တွေ့ရသည်မှာ အားနာသလို ခံစားရသည်။

ယဲ့မင်ရှူးကလည်း လင်းချောင်ကို မတွေ့ချင်ပေ။ အနေရခက်သည့်ကိစ္စအပြင် တကယ်ကိုလည်း သူ၏ယောက်မဖြစ်သူနှင့် မပတ်သက်ချင်၍ဖြစ်သည်။

သူတို့နှစ်ယောက်စလုံးက တနင်္ဂနွေနေ့များတွင် ပြန်လာတတ်မှန်းသိတော့ သူတို့နှင့် တတ်နိုင်သလောက် ရှောင်နိုင်ရန် တနင်္လာနေ့မှ စနေနေ့အထိရက်ရွေးကာ အိမ်ဟောင်းကို သွားလည်ရန် ရွေးလိုက်ခဲ့ခြင်းဖြစ်သည်။ မထင်မှတ်ထားဘဲ တစ်လလောက်ကြာတော့ သူတို့အချင်းချင်း ပြန်ဆုံမိကြ၏။

လင်းဝေ့အကြောင်း လင်းချောင်ပြောသည်ကို ကြားပြီးနောက်တွင် ကျိသော်၏ စိတ်အခြေအနေသည် တော်တော်ကို တည်ငြိမ်သွားခဲ့ပြီး သူတို့ကို အရင်အတိုင်းပဲ နှုတ်ဆက်လိုက်သည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ညီအစ်ကိုများ ဖြစ်ခဲ့ကြသည့်အတွက် ကျိကျွင်းရဲ့ စိတ်နေသဘောထားကို သူ ကောင်းကောင်းသိသည်။ နူးညံ့ပြီး သူများပြောစကားကို လွယ်လွယ်ယုံတတ်သူဖြစ်သည်။ အရင်တုန်းကဆိုလျှင် သူ၏အမေကြောင့် ကျိသော်အပေါ် နူးညံ့ခဲ့သော်လည်း အခုတော့ ယဲ့မင်ရှူးအပေါ် နူးညံ့ခဲ့သည်။ နှစ်ယောက်စလုံးက ကိုယ်ပိုင်မိသားစုရှိသွားပြီဖြစ်၍ ငယ်ငယ်ကလို မဟုတ်တော့ပေ။ သူက ဘာမှထူးခြားသည့် တုံ့ပြန်မှုမှ မပြခဲ့သလို လင်းချောင်ကလည်း ပြရန်ကိုစိတ်ကူးမရှိပေ။

ယဲ့မင်ရှူးက သူမကို မကြိုက်ဘူးဆိုသည်ကို လူတိုင်းသိသည့်အတွက် သူမကလည်း ဝေးဝေးနေခဲ့သည်။ ယဲ့မင်ရှူးက သူမကိုအနှောင့်အယှက်မပေးလျှင် သူမကလည်း ဂရုမစိုက်ပေ။

ဒီလို ဂရုမစိုက်သည့် အပြုအမူကြောင့်လည်း ယဲ့မင်ရှူး စိတ်မချမ်းမသာဖြစ်ရသည်။ သူမက လင်းချောင်ကို အမြဲလိုလို ရိုင်းစိုင်းသည့် တောသူမလေးဟု ထင်ခဲ့သည်။ ထို့အပြင် လူအများကြီးရှိသည့် စားပွဲတွင် လင်းချောင်တစ်ယောက်တည်းကိုပဲ အထူးဂရုစိုက်နေသည်ကိုလည်း သူမ မကျေနပ်ပေ။ သားနှစ်ယောက်ကို တန်းတူ ဆက်ဆံသည်ဟု ပြောသည့် ရွှီလီက သူတို့ရောက်လာမှသာ တူနှစ်စုံ ထပ်ထည့်ခိုင်းခဲ့သည်။

ယဲ့မင်ရှူးက လင်းချောင်ကို စိုက်ကြည့်နေသည်ကိုမြင်တော့ အဘိုးကြီး၏ မှေးမှိန်နေပြီဖြစ်သည့် အပြုံးက ပို၍ပင် မှိန်သွားခဲ့သည်။

"ဒီနေ့ ဘယ်လိုလုပ် အားလပ်ချိန်ရပြီးလာလည်ကြတာလဲ။"

"အဖေရယ် ဘယ်လိုပြောလိုက်တာလဲ.. ကျွန်မတို့က အဖေနဲ့ အမေ့ကို လာတွေ့ဖို့ အမြဲတမ်းအချိန်ရှိပါတယ်။"

ယဲ့မင်ရှူးက လင်းချောင်ထံမှ အာရုံပြောင်းပြီး ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်သည်။

"ဒါပေမဲ့ ဒီတစ်ခါတော့ ဝမ်းသာစရာ သတင်းလေးပါလာတယ်။ ကျိကျွင်း ရာထူးတိုးသွားပြီ။"

"ကျိကျွင်း ရာထူးတိုးသွားပြီ?" အဘိုးကြီးကျိက တကယ်ကို အံ့သြသွားသည်။

"ဟုတ်ကဲ့၊ အခုမှ အကြောင်းကြားစာ ရောက်လာတာမလို့ အဖေနဲ့ အမေ့ကို သတင်းကောင်း လာပြောပြတာပါ။"

ယဲ့မင်ရှူးက သူမအပြုံးကို မဖုံးနိုင်ခဲ့ပေ။

ကျိကျွင်းက နည်းနည်းတော့ ရှက်သွားခဲ့သည်။

"ရာထူးက တစ်ဝက်ပဲ တိုးတာပါ၊ ကျိသော်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။"

"ဒါကလည်း သတင်းကောင်းပါပဲ။"

ရွှီလီက အဒေါ်ကျန်းကို အမြန်ခေါ်ပြီး ပြောလိုက်သည်။

"အိမ်မှာ တခြားဘာရှိသေးလဲ ကြည့်ပြီး ဟင်းနှစ်ခွက် ထပ်ထည့်လိုက်ပါ"

ကျိကျွင်းက ဤရာထူးတွင်ရှိနေသည်မှာ ရှစ်နှစ်နီးပါး ရှိနေပြီဖြစ်၍ ရာထူး တစ်ဝက်တိုးသည်ကပင် သူ့အတွက် သတင်းကောင်းဖြစ်သည်။ အဘိုးကြီးကလည်း ခေါင်းညိတ်လိုက်သည်။

ကျိကျွင်းက သူ့အဖေ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေပြီး သူ့၏ သဘောကျမှုကို မြင်ရတော့မှ စိတ်သက်သာရာရပြီး ပြုံးနိုင်တော့သည်။ ယဲ့မင်ရှူးကတော့ အမူအရာကို သိပ်ဂရုမစိုက်ဘဲ လင်းချောင်ကို တစ်ချက် လှမ်းကြည့်လိုက်ကာပြောလိုက်၏။

"အဖေနဲ့အမေရဲ့ သင်ကြားမှုကောင်းလို့ပါ။ ကျိကျွင်းက ထူးချွန်တာတော့ မဟုတ်ပေမဲ့ သူ့အလုပ်မှာ အမြဲ ကြိုးစားပြီး ယုံကြည်စိတ်ချရတဲ့သူပါ။"

သူမက လင်းချောင်ကို တမင် ဂုဏ်ဖော်ပြနေတာလား၊ ဒါမှမဟုတ် ကျိသော်က ရည်မှန်းချက်ကြီးပေမဲ့ ယုံကြည်စိတ်ချရသူ မဟုတ်ဘူးလို့ ပြောနေတာလား။

အဘိုးကြီးက သူ့သားအကြီး၏ မိန်းမက မျက်နှာသာပေး၍ မဖြစ်သူဟု သိလိုက်ရသည်။ သုံးရက်လောက်သာ မထိန်းဘဲထားလိုက်လျှင် သူမက မာနပါကြီးလာလိမ့်မည်။

"ငါ မှတ်မိတာတော့ အရင်နှစ်အနည်းငယ်ကပဲ လောင်ယွီရဲ့ စတုတ္ထသားက ဒီရာထူးကို ရခဲ့တယ်မလား။"

ယဲ့မင်ရှူး ချက်ချင်း တိတ်သွားပြီး သူ့အပြုံးကလည်း နည်းနည်း ရှက်သွားသလို ဖြစ်သွားခဲ့သည်။

လောင်ယွီ၏ စတုတ္ထသားက တကယ်ကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကပဲ ဒီရာထူးကို ရခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ရာထူးတိုးဖို့လည်း သတင်းထွက်နေသေးသည်။ သူက ကျိကျွင်းထက် ခြောက်နှစ်ငယ်သည်။

ကျိကျွင်းလည်း ဒါကို သိထားသည့်အတွက် သူ၏ခဏတာ ပြုံးလိုက်သည့် အပြုံးက ချက်ချင်းဆိုသလို ရှက်ရွံ့သည့် အပြုံးအဖြစ် ပြောင်းသွားခဲ့သည်။

ထမင်းစားပွဲဝိုင်းတွင် အနည်းငယ် တင်းမာသွားခဲ့သည်။ လင်းချောင်က ဘာမှမပြောဘဲ တိတ်တဆိတ် ထိုင်ရာမှ ထကာ ဟင်းရည်ပန်းကန်ကို မီးဖိုခန်းထဲ ယူသွားလိုက်သည်။

မမျှော်လင့်ဘဲ ရွှီလီက ပြောလိုက်၏။

"ထားလိုက်လေ၊ ငါ နောက်မှ ရှင်းလိုက်မယ်"

"ရပါတယ်၊ ပန်းကန်တစ်ခုတည်းပါ။"

လင်းချောင်က သူ့ဘာသာ မီးဖိုချောင်ထဲ ယူသွားပြီး ပြန်ထွက်လာရင်း ခါးကို အလိုလို ဖိလိုက်မိသည်။ သူမ ဓမ္မတာလာတော့မည်ဟု ခံစားမိနေသည်။ မဟုတ်လျှင် သူမ၏ ခါးက အမြဲတမ်း မအီမသာနှင့် ကိုက်ခဲနေမည်မဟုတ်ပေ။

ရွှီလီက သတိထားမိပြီး ပြုံးလိုက်၍ပြောလိုက်၏။

"ချောင်ချောင်၊ နောက်ထပ် ဘာစားချင်သေးလဲ? မနက်ဖြန် အဒေါ်ကျန်းကို လုပ်ခိုင်းလိုက်မယ်။"

သူမက အဘိုးကြီးကိုလည်း အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

အဘိုးကြီးက လင်ချောင်အပေါ် ပိုပြီး ကြင်နာလာကာပြောလ်ိုက်၏။

"မင်း အခုအလုပ်အရမ်းများတယ်၊ ကောင်းကောင်း ချက်ပြုတ်ဖို့ အချိန်မရှိဘူး။ အိမ်ပြန်ရောက်ရင် ဘာစားချင်လဲ ပြောလေ။"

ဘယ်သူက အလုပ်မလုပ်ရဘူးလဲ? နေ့တိုင်း အလုပ်ကပြန်လာရင် ကျိကျွင်းအတွက် ချက်ပြုတ်ပေးရပြီး သူ့ကို အဝတ်အစား လဲပေးရသေးသည်။ လင်းချောင်လို တောသူမလေးက ဘယ်လိုအလုပ်မျိုး ရနိုင်မှာလဲ။

ယဲ့မင်ရှူးက မထီမဲ့မြင်လိုက်သော်လည်း လင်းချောင်က အာရုံလွှဲပေးသည်ကိုတော့ ဝမ်းသာမိသည်။ စားပွဲဝိုင်းက ပြန်လည် တည်ငြိမ်သွားသည့်အချိန်မှာတော့ သူမကပြောလိုက်သည်။

"ပြောရရင် ရှောင်ဇယ်က အရာရှိဖြစ်တာ နှစ်အတော်ကြာပြီ၊ ဒီနှစ် ရာထူးတိုးမလား မသိဘူး။"

ဘယ်သူမှ ဘာမှပြန်မပြောသလို အဘိုးကြီးက သူမကို လှည့်ပင်မကြည့်ခဲ့။

ကျိကျွင်းက သူမ ထိုသို့ပြောလိမ့်မည်ဟု မထင်ထားဘဲ စားပွဲအောက်မှ သူမကို အမြန်ဆွဲ၍တားလိုက်ကာ ခေါင်းထဲတွင် ပြောစရာတစ်ခု ရှာလိုက်သည်။

"အဖေက ရှောင်ချောင် အလုပ်ရပြီလို့ ခုနက ပြောလိုက်တယ်မလား။"

အဘိုးကြီးက သူ့ကို လျစ်လျူရှုစွာ ကြည့်လိုက်ပြီး ဘာမှမပြောခဲ့ပေ။

ပုံမှန်အားဖြင့် တိတ်တဆိတ်နေတတ်တဲ့ ကျိသော် စကားစလိုက်၏။

"သူမ အလုပ်ရပြီလေ၊ ကလေးတွေကျောင်းမှာ အထက်တန်းပြဆရာမ လုပ်နေတယ်။"

"ကျောင်းမှာ အထက်တန်းပြဆရာမလား?"

ကျိကျွင်း အတော်လေး အံ့သြသွားသည်။

"ရှောင်ချောင်က ဒီလောက်ထိငယ်ရွယ်တာ အထက်တန်းကို သင်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။"

သူက တကယ် အံ့သြသွားခြင်းဖြစ်သည်။ ယဲ့မင်ရှူးက လင်းချောင်ကို တောသူမလေးလို့ အမြဲပြောနေသည်ကို ကြားဖူးတော့ သူမ ပညာမတတ်ဘူးဟု သူထင်ခဲ့ခြင်းဖြစ်၏။

သို့သော် ယဲ့မင်ရှူးကတော့ ထိုအကြောင်း ဂရုမစိုက်ခဲ့ဘဲ ခုနက သူမပြောခဲ့သည့်အကြောင်းအရာကိုသာ စိတ်စွဲနေခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ ထမင်းစားချိန် တစ်လျှောက်လုံး အဘိုးကြီးက သူမကို စကားပြောရန် အခွင့်အရေး မပေးခဲ့ပေ။ ကျိကျွင်းကလည်း သူမကို ထိုအကြောင်း ပြန်မပြောစေချင်သည်မှာ ထင်ရှားပြီး သူတို့ ထမင်းစားပြီးသည်နှင့် သူမကို ဆွဲခေါ်သွားကာပြောလိုက်၏။

"တော်တော် နောက်ကျနေပြီ။ နောက်ရက်မှ အဖေနဲ့ အမေကို လာတွေ့ပါ့မယ်။"

အဘိုးကြီးက သူတို့ကို ဆက်နေရန် မပြောသလို ကောလဟာလများပြီး ကတည်းက ယဲ့မင်ရှူးနှင့် ခပ်ခွာခွာနေခဲ့သော ရွှီလီကလည်း ဘာမှ မပြောခဲ့ပေ။

သို့သော် ကျိသော်နှင့် လင်းချောင်က အလုပ်မှ အလျင်အမြန် ပြန်လာခဲ့ကြသည်ဖြစ်ပြီး တကယ်လည်း နောက်ကျနေပြီဖြစ်သည်။ သူတို့ ထွက်သွားပြီး မကြာခင်မှာပဲ ရွှီလီက သူတို့ကို အနားယူရန် သူတို့၏အခန်းသို့ လိုက်ပို့ပေးလိုက်သည်။

သူတို့ မထွက်သွားခင်တွင် သူမက ကျိသော်ကို ခဏဆွဲခေါ်လိုက်ပြီးပြောလိုက်၏။

"ချောင်ချောင် အရမ်းပင်ပန်းနေပုံရတယ်။ သတိထားပြီး သူ့ကို အရမ်းအပင်ပန်းမခံခိုင်းနဲ့။"

ကျိသော်က ရွှီလီ ဘာကြောင့် လင်းချောင်ကို အပင်ပန်းမခံခိုင်းနှင့်ဟု ပြောမှန်း အစပိုင်းတွင် နားမလည်ခဲ့သော်လည်း ရွှီလီက အသံတိုးတိုးနှင့် ကပ်ပြောလိုက်၏။

"ငါဆိုလိုတာက အဲ့ဘက်မှာဂရုစိုက်ပါ။ ချောင်ချောင်က ငယ်သေးတော့ အရမ်းမခံနိုင်ဘူး။"

ဒါက သူမပြောချင်တဲ့ သဘောပေါ့။ သူမက လင်းချောင်ရဲ့ ငယ်ရွယ်မှုကို အလေးပေးပြောနေသည်က အံ့သြစရာ မဟုတ်ပေ။

ကျိသော်က အနည်းငယ်လောက် စကားမပြောနိုင်ဖြစ်သွားပြီး သူ့အမေနှင့် အရာအားလုံး ဆွေးနွေးရသည်ကို မကြိုက်သဖြင့် ခေါင်းငြိမ့်ကာ "သိပါပြီ" ဟုသာပြောလိုက်၏။

သူ ထွက်သွားပြီးနောက် အဘိုးကြီးက ရွှီလီကိုပြောလိုက်၏။

"မဟုတ်ရင် ဘယ်လိုလုပ်မလဲ? လက်ထပ်ပြီးတာနဲ့ ကိုယ်ဝန်ရတာ ဒီလောက်မြန်နိုင်လို့လား။"

"ဖြစ်နိုင်တာပဲလေ။ ရှင် မမြင်ဘူးလား ချောင်ချောင်က ခါးကို အမြဲပွတ်နေတာ။ ကျွန်မ ကျိသော်ကို လွယ်ထားတုန်းကလည်း ခါးက မသက်မသာဖြစ်ခဲ့တာပဲ။"

အဘိုးကြီးက တစ်ခုခုပြောချင်နေသည်ကိုမြင်တော့ သူမက ပြုံးပြီးပြောလိုက်သည်။ " ရှင်က တကယ်မဖြစ်မှာကို စိတ်ပူပြီး အလကားပျော်နေမှာကို စိုးရိမ်နေတာမဟုတ်လား။ ဒါပေမဲ့ မဖြစ်ရင်တောင် ချောင်ချောင်ရဲ့ ကျေးဇူးသိတတ်မှုလေးတစ်ခုနဲ့တင် ကျွန်မ သူ့ကို ပိုဂရုစိုက်ချင်တယ်။ ပြီးတော့ ကျွန်မ ဘာမှားပြောမိလို့လဲ။ သူက ငယ်ပါသေးတယ်။ ကျွန်မမှာ မြေးမလေးတစ်ယောက်ရှိရင်တောင် ချောင်ချောင်နဲ့ ရွယ်တူလောက်ပဲ ရှိမှာ။"

ရွှီလီ၏ ပထမဦးဆုံးကလေးက သမီးလေးတစ်ယောက်ဖြစ်သည်။ အကယ်၍ သူမသာ အသက်ရှင်နေပြီး အိမ်ထောင်ကျခဲ့လျှင် သူမ၏ မြေးမလေးကလည်း လင်းချောင်နှင့် ရွယ်တူလောက်ဖြစ်နိုင်သည်။ ဒါကြောင့် သူမက ကျိယန်ကို သူမရဲ့ သမီးအရင်းကဲ့သို့ အမြဲသဘောထားခဲ့သည်။ ကျိယန်၏ ဖခင်က ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားခဲ့ပြီး သူမက မိခင်၏ နောက်အိမ်ထောင်နှင့် လိုက်ပါသွားခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ သူမ၏ မိခင်လည်း ကွယ်လွန်သွားခဲ့ပြီးသူမက ပထွေးဖြစ်သူအိမ်တွင် အားကိုးရာမဲ့တစ်ယောက်တည်း ကျန်ခဲ့လေသည်။ သူမနှင့် အဘိုးကြီးတို့က ဘာကိုမှ မစဉ်းစားတော့ဘဲ သူမကို ခေါ်ယူကာ ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ကြ၏။

ဒါဟာ အဘိုးကြီး၏ တစ်သက်တာ နောင်တဖြစ်ပြီး သူက တိတ်ဆိတ်သွားခဲ့သည်။

ရွှီလီက ဝမ်းနည်းစရာ အတိတ်များကို ပြန်မဖော်ချင်သဖြင့်ပြောလ်ိုက်၏။

"တကယ်ဆိုရင် နောက်နွေဦးမှာ ဖြစ်မှာပေါ့။ ဒါပေမဲ့ ချောင်ချောင်က တက္ကသိုလ်စာမေးပွဲ ဆက်ဖြေချင်သေးလားတော့ မသိဘူး။ သူ ဖြေမယ်ဆိုရင် ကျွန်မ ကလေးကို ကူညီပြီး စောင့်ရှောက်ပေးနိုင်ပါတယ်။ ဘာမှ နောက်ကျသွားမှာ မဟုတ်ဘူး။"

သူမက မဟုတ်နိုင်ဘူးလို့တောင် မထင်ခဲ့ဘဲ ကလေးကို ဘယ်သူ စောင့်ရှောက်မလဲဆိုသည်ကိုပင် ကြိုတင်စီစဉ်နေခဲ့ပြီးပြီဖြစ်သည်။ စီစဉ်နေရင်းနှင့် သူမ၏သားဖြစ်သူ ကျိသော်ကိုလည်း မကျေမနပ်ဖြစ်နေခဲ့၏။

"ကျိသော်က တကယ်ကို ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်မြန်နေရတာလဲ။ ကျွန်မ လုံးဝ အဆင်သင့်မဖြစ်သေးဘူး။"

"မင်းက သူ့ကို မြန်တယ်လို့ ပြောနေပေမဲ့ မင်းကြည့်ရတာ တော်တော်ပျော်နေတာပဲ။"

အဘိုးကြီးက ကုတင်ဘေးမှ ပြောလိုက်၏။

ရွှီလီ ပျော်နေသည့်အတွက် သူမက သားအကြီးဆုံး၏ မိသားစုအကြောင်းကို ထုတ်မပြောတော့ပေ။ သူမက အစီအစဉ်သစ်များကိုသာ စဉ်းစားနေခဲ့သည်။

......

ကျိကျွင်းကလည်း မယုံနိုင်ဖြစ်နေသည်။ သူနှင့် ယဲ့မင်ရှုးတို့ အိမ်ထဲကို ဝင်ဝင်ချင်းပဲ သူက မနေနိုင်တော့ဘဲမေးလိုက်၏။

"အရင်တုန်းက မင်း အဲဒီလောက်ပြဿနာအကြီးကြီးရှာခဲ့တာကို အဖေက အခုထိ စိတ်ဆိုးနေတုန်းပဲ။ ရှောင်ဇယ်အကြောင်းကို ဘယ်လိုလုပ်ပြီး ထုတ်ပြောရဲတာလဲ။"

"ကျွန်မထင်တာတော့ သူတို့တော်တော်အဆင်ပြေကြတယ်ထင်တယ်။ သူတို့က အခုမှ လက်ထပ်ပြီးတာတောင် ကိုယ်ဝန်ရှိနေလောက်ပြီ။"

ယဲ့မင်ရှူးက နှုတ်ခမ်းစူပြီး ပြောလိုက်၏။

ကျိကျွင်၏ အံ့ဩနေသည့်ပုံကို မြင်တော့ သူမကထပ်ပြောလ််ိုက်၏။

"မဟုတ်ရင် အမေက ချောင်ချောင် ခါးပွတ်နေတာကိုမြင်တာနဲ့ ဘာလို့ ဒီလောက်စိတ်ပူနေမှာလဲ။ အမေက သူ့ကို ကြက်စွပ်ပြုတ်တိုက်နေတာ ရှင် မမြင်ဘူးလား။"

"အဲ့ဒါနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ။ သူတို့ အဆင်ပြေနေတယ်ဆိုတာနဲ့ မင်း အရင်တုန်းက မမှားခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။"

All Chapters