← Chapters

ပြန်ဝင်စားခြင်း

Vol. 1 Ch. 1

ပြန်ဝင်စားခြင်း

Vol. 1 Ch. 1

အမည်မသိ တောတစ်ခုတွင် ... အရှည် (၂ဝ) စင်တီမီတာခန့်ရှိသည့် သေးငယ်သော မြွေလေး တစ်ကောင်သည် တွင်းပေါက်တစ်ခု၏ အနီးက သစ်ရွက်ခြောက်များကြားတွင် ပုန်းအောင်းနေသည်။

၎င်းမြွေ၏ ခန္ဓာကိုယ် အရောင်သည် ပတ်ဝန်းကျင်နှင့် တစ်သားထဲဖြစ်နေ၏။

ထိုအချိန်တွင် လက်သည်းခွံ အရွယ်ခန့် ဖားလေးတစ်ကောင်သည် တွင်းအပြင်သို့ သူ၏ ပြူးကျယ်နေသော မျက်လုံးများနှင့် ခေါင်းကိုထွက်ပြီ အပြင်ဘက်ကို လေ့လာလိုက်သည်။

[ပစ်မှတ် - အနက်ရောင်ပြောက်ကျားဖား၊ ကုန်းနေရေနေသတ္တဝါ၊ စနစ်အမှတ် ၁ မှတ် ကို ရရှိနိုင်သည်]

ဖန့်ရန်၏ စိတ်ထဲတွင် စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းဖား၏ အသေးစိတ်အချက်အလက်ကို သူသိလိုက်ရသည်။

" စနစ်အမှတ် (၁) မှတ် မဆိုးပါဘူး"

ဖန့်ရန်သည် တွင်းပြင်ကို အကဲခတ်နေသော

အနက်ရောင်ပျောက်ကျားဖားအား စိုက်ကြည့်နေရင်း အခွင့်အရေးကို စောင့်နေလိုက်သည်။

...

တစ်ခနမျှစောင့်ပြီးနောက်...

လက်သည်းခွံအရွယ်ခန့်ရှိသည့် အနက်ပြောက်ကျားဖားသည် ၎င်း၏ သေးငယ်သော တွင်းလေးထဲမှ အပြင်သို့ ခုန်ထွက်လာသည်။

'' အစ်.. အွမ် ''

'' ဝှစ် ''

ဖန့်ရန်သည် လျှပ်စီးကဲ့သို့ အရှိန်ဖြင့် အနက်ရောင်ပြောက်ကျားဖားကို လှမ်းဟပ်၍ ကိုက်လိုက်သည်။

သူသည် ဖားကို သေချာကိုက်ခဲထားခဲ့၏။

အနက်ရောင်ပြောက်ကျားဖားသည် အပြင်းအထန် ရုန်းကန်နေရသည့်တိုင် မလွတ်မြောက်နိုင်ခဲ့ပေ။

တစ်မိနစ်ခန့် ကြာပြီနောက် သူ၏ လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

ဒီတော့မှ ဖန့်ရန်လည်း သူ့အစွယ်တွေကို သိမ်းပြီ ဖားကို ဖြည်းညှင်းစွာ မျိုချလိုက်သည်။

ထိုအချိန်မှာပင် အစာအိမ်သည် ပြင်းထန်သော အက်စစ်ဓာတ်အမြောက်အမြားကို ထုတ်လာကာ အစာချေဖျက်နေသည်။

...

ဖန့်ရန် သူနှင့်သိပ်မဝေးလှသော မလှမ်းမကမ်းနေရာမှ ကျောက်တုံးကြီးဆီသို့ ပြေးသွားပြီး အထဲသို့ လျှောဝင်လိုက်သည်။

ကျောက်တုံးကြီးအောက်၌ မီတာအနည်းငယ်ကျယ်သော ပုရွက်ဆိတ်အုံ အဟောင်းတစ်ခုရှိနေလေသည်။

သူ့အတွက်ကံကောင်းသည်မှာ ယာယီပုန်းခိုရန်အတွက် ဤနေရာမှာ ပုရွက်ဆိတ်များ ရှိမနေခြင်း ဖြစ်သည်။

ဗိုက်ထဲက အနက်ရောင်ပြောက်ကျားဖားကို တိတ်တဆိတ် အစာချေဖျက်ရင်း ဖန့်ရန်သည်အသိုက်ထဲမှာ ခွေနေလိုက်သည်။

မြွေများသည် အစာချေရန် အတွက် အချိန် ကြာမြှင့်လေ့ရှိသည်။ အထူးသဖြင့် သေးငယ်သော မြွေများအတွက်ပင်။

သို့သော်လည်း သူ၏ ထူးဆန်းသော အနေအထားဖြင့် တစ်နာရီမပြည့်မီတွင် အနက်ရောင်ပြောက်ကျားဖားသည် လုံးဝကြေမွသွားပြီး အရေပျော်သွားခဲ့သည်။

[စနစ်အမှတ် ၁ မှတ်ကို ရရှိသည်]

ဖန့်ရန်၏ စိတ်ထဲတွင် စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသည်။ သူသည် မျက်လုံးတွေမှိတ်လိုက်ပြီး သူ့စိတ်ထဲတွင် ' စနစ် ' လို့ခေါ်လိုက်ရာ အပြာရောင် စခရင်တစ်ခုက ပေါ်လာခဲ့သည်။

[လက်ခံသူ : ဖန့်ရန်

မျိုးစိတ် : မီးခိုးရောင်မြွေ (မျိုးကွဲမျိုးစိတ်)

အခြေအနေ : အရွယ်မရောက်သေး

လက်ရှိကမ္ဘာ : အပြာရောင်ဂြိုလ် (ကမ္ဘာနှင့်တူသောဂြိုလ်)

အဓိကတာဝန် : ဂုဏ်သတင်းရမှတ် (၁၀) သန်းအား ရရှိရန်။

မစ်ရှင်ကာလ : မီးခိုးရောင်မြွေ ဘဝစက်ဝန်း (ဆယ်နှစ်)]

[ အကြံပြုချက် : သားကောင်တွေကို အမဲလိုက်ခြင်းမှ စနစ်အမှတ်များကို ရရှိနိုင်သည်။ လိုအပ်သော ဂုဏ်သတင်းအမှတ်ကို ရရှိရန်အတွက် ဆင့်ကဲပြောင်းလဲခြင်းမှ ရသည့် ခွန်အားနှင့် စွမ်းရည်တွေကို ဂုဏ်သတင်းကျော်ကြားအောင် အသုံးပြုနိုင်သည်။

အကယ်၍ လက်ခံသူသည် 'မြွေတို့၏' သဘာဝအတိုင်း သို့မဟုတ် မတော်တဆမှုနှင့် မသေဆုံးမီတွင် လုံလောက်သည့် ဂုဏ်သတင်းရမှတ်များ မရရှိခဲ့ပါက မစ်ရှင်ကိုပျက်ကွက်ကြောင်း စနစ်က ဆုံးဖြတ်မည်ဖြစ်ကာ လက်ခံသူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ်တို့ကို ဖျက်စီး၍ သေဆုံးစေမည် ဖြစ်သည် ]

ဖန့်ရန် "...."

"စနစ် ဂုဏ်သတင်းရမှတ်က ဘာကိုဆိုလိုတာလဲ ''

[လက်ခံသူသည် အပြာရောင်ကမ္ဘာ ဖြစ်သော ဤကမ္ဘာတွင် လူသိများ ကျော်ကြားလာလေလေ။ ဂုဏ်သတင်းရမှတ်များ ပိုမိုရရှိလာလေလေ ဖြစ်သည်]

စနစ် စခရင်ကို ကြည့်ရင်း ဖန့်ရန်သည် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းတစ်ခုကို ချမိလိုက်သည်။

"ဒီတာဝန်ကိုပြီးလုပ်ဖို့ ဘယ်လောက်တောင် ကြာမယ်မှန်း ဘယ်သူက သိမှာလည်း၊ တစ်ခုတော်သေးတာက အမဲလိုက်ရာကနေ စနစ်မှတ်ရနိုင်လို့ ..."

ဖန့်ရန်သည် စနစ်မှတ်များ အကြောင်းတွေးနေရာကနေ သူကူးပြောင်းလာခဲ့သည့် အကြောင်းရင်းကို စဥ်းစာမိလိုက်သည်။

ဤလောကသို့ ကူးပြောင်းလာခဲ့တာ ဆယ်ရက်ခန့်ပင် ရှိနေခဲ့သော်လည်း၊ လက်တွေ့မဆန်သည့် ခံစားချက်တစ်ခုက သူ့ဆီမှာ ရှိနေတုန်း ဖြစ်သည်။

ဒါက အိပ်မက်တစ်ခုသာဖြစ်ပြီး နောက်ဆုံးမှာ သူနိုးသွားလိမ့်မယ်လို့ သူ့စိတ်ထဲမှာ အမြဲမျှော်လင့်နေမိသည်။

သို့သော်လည်း သူ့စိတ်ထဲက အပြာရောင် ဖန်သားပြင်ကို ကြည့်မိတိုင်း သူသည် အဖြစ်မှန်ကို အသိအမှတ်ပြုရ၏။

သူသည် အမှန်တကယ် ကမ္ဘာကူးပြောင်းသွားခဲ့ပြီ၊ မြွေတစ်ကောင်အဖြစ် ပြန်ဝင်စားခဲ့လေသည်။

သူသည် သာမန် အသက် (၁၈) နှစ်အရွယ် အထက်တန်း ကျောင်းသားလေး တစ်ယောက်သာ ဖြစ်သည်။

လွန်ခဲ့သော ဆယ်ရက်လောက်က အတန်းတက်ဖို့ ထုံးစံအတိုင်း အိမ်ကနေ ကျောင်းကိုထွက်အလာတွင် ဤစနစ်က လမ်းတစ်ဝက်မှာ ပေါ်လာခဲ့ပြီ၊ သူကို ကမ္ဘာမြေနှင့် တူသည့် ဤ အပြာရောင်ဂြိုလ်ဆီ ခေါ်လာခဲ့လေသည်။

ဤကမ္ဘာသို့ ရောက်ရှိချိန် ပထမဆုံးနေ့တွင် ဖန့်ရန်၏ စိတ်ထဲ၌ အကန့်အသတ်မရှိသော ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုသာ ပြည့်နှက်နေခဲ့သည်။

အွန်လိုင်းဝတ္ထုများထဲက ပြန်ဝင်စားတဲ့ လူတွေလို မပျော်ရွှင်နိုင်ဘဲ သူသည် မိဘနှစ်ပါး၊ ဆွေမျိုးများနှင့် သူငယ်ချင်းများကိုသာ သတိရနေမိသည်။

...

သူ့ကို ဤကမ္ဘာသို့ ခေါ်ဆောင်လာသော စနစ်သည် မစ်ရှင်ကို သတ်မှတ်ထားသော အချိန် (၁၀) နှစ်အတွင်း မအောင်မြင်လျှင် ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဥ်ကို သေဆုံးစေပေမည်။

သူ့တွင် စနစ်၏ ထိုတာဝန်ကို ပြီးမြောက်အောင် ကြိုးစားချင်စိတ် အပြည့်ရှိသည်။ သူသာ တာဝန်များကို ပြီမြောက်ပါက အိမ်ပြန်ဖို့ အခွင့်အရေးကို ရနိုင်လောက်၏။

ဖန့်ရန်၏ စိတ်ခံစားချက်များ အလွန်ရှုပ်ထွေးနေခဲ့သည်။ စနစ်သည် သူကိုသေဆုံးစေခဲ့ပြီး တစ်ဖက်တွင် စနစ်ကို အသက်ရှင်ရန် အားကိုးရပေမည်။

ဤစနစ်ကို ကမ္ဘာများကြား ခရီးသွားခြင်း စနစ်ဟု ခေါ်လေသည်။ ၎င်း၏အမည် အတိုင်းပင် ၎င်းစနစ်သည် စကြဝဠာတစ်ခွင်လုံး သူ့ကို ခေါ်ဆောင်သွားနိုင်သော စနစ်တစ်ခု ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာ သူသည်

သာမန်မြွေတစ်ကောင်သာ ဖြစ်သောကြောင့်

ဂုဏ်သတင်းရမှတ် အများကြီးကို ရှာဖို့ရန် မဖြစ်နိုင်ချေ။

ဖန့်ရန်သည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည့်အခါ ဆင့်ကဲပြောင်းလဲနိုင်သည်ကိုမြင်လိုက်သည်။

"စနစ် ဆင့်ကဲပြောင်းလဲမယ် "

[ဒင်]

[လုပ်ဆောင်နေပါသည်]

သိပ်မကြာခင်အခိုက်အတန့်တွင် သူ့စိတ်ထဲတွင် အလင်းတန်းများ တဖျပ်ဖျပ်ဖျပ်လက်သွားကာ အားပိုကောင်းလာသည်ဟု ဖန့်ရန် ခံစားလိုက်ရသည်။

ဆင့်ကဲပြောင်းလဲအပြီးမှာ ဖန်ရန်၏ အမြင်အာရုံနဲ့ အကြားအာရုံဟာ ကြီးကြီးမားမားတိုးတက်လာခဲ့သည်။

"စနစ် အသေးစိတ်ကြည့်ဖို့ အချက်အလက်ဇယားပြပေးအုံး"

[လက်ခံသူ : ဖန့်ရန်

အဆင့် : ၂

စနစ်အမှတ် : ၁၀/၁၅

ကျွမ်းကျင်မှုရမှတ် : ၁ ( စွမ်းရည်များကို အသက်သွင်းရန်နှင့် အဆင့်မြှင့်ရန် အသုံးပြုသည် )

ကိုယ်ထည်အရှည် : ၂၀ စင်တီမီတာ

အချင်း : ၀.၇ စင်တီမီတာ

ခွန်အား : ၀.၁

ခုခံနိုင်စွမ်း : ၀.၀၅

အမြန်နှုန်း : ၀.၂

တက်ကြွမှု : ၀.၂

စိတ်ဝိညာဉ် : ၁.၂

ရုပ်ပိုင်းဆိုင်ရာ ခွန်အား : ၀.၅

စွမ်းရည် : မရှိပါ။

ဂုဏ်သတင်းရမှတ် : ၀/၁၀၀၀၀၀၀၀ (ဤကမ္ဘာပေါ်တွင် လက်ခံသူ၏ မည်သည့်ကျော်ကြားမှုမျိုးမှ မရှိပါ)]

ဖန့်ရန်သည် စနစ် မျက်နှာပြင်ကို စစ်ဆေးရင်း သူသည် နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲရန်အတွက် စနစ်အမှတ် (၅) မှတ် လိုနေသည်ကိုတွေ့လိုက်သည်။

.....

All Chapters