အမဲလိုက်ခြင်း
Vol. 1 Ch. 2
ရွှေအိုရောင် သမ်းနေသော ကောင်းကင်သည် ညနေခင်း၏ အလှကို ပြသလျက်ရှိနေသည်။
ဖန့်ရန်သည် နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲရန် စနစ်အမှတ် (၅) မှတ် လိုနေတာကို ကြည့်ရင်း တွေးလိုက်မိသည်။
'အင်း .... မမှောင်ခင်အဆင့်သုံးရောက်ဖို့ ရသလောက် အမဲလိုက်သွားမှ ရမယ်'
ထိုနောက် ဖန့်ရန်သည် ကျောက်တုံးကြီးအောက်မှ သတိထားကာ ဂရုတစိုက် ထွက်လိုက်သည်။
အပြင်ရောက်သည်နှင့် သူသည် ဘေးပတ်ပတ်လည်ကို သတိထားကြည့်ရင် အသက်ပြင်းပြင်း ရှုရှိုက်ကာ လေထဲမှ အနံ့များကို သေချာအာရုံခံ ခွဲခြားသည်။
လေကို အသေးစိတ်ခွဲခြားကြည့်ရာ သူအမဲလိုက်နိုင်သည့် သားကောင်အနံမရ၍ ဖန့်ရန်သည် ရှေ့သို့ တိုးသွားရင်၊ အနည်းငယ် မသက်မသာခံစားလာရသည်။
သူသည် ဤကမ္ဘာသို့ ကူးပြောင်းလာသည့် အတောအတွင်း တစ်ခါမှ ကျောက်တုံးကြီးနှင့် ဝေးရာသို့ မသွားခဲ့ပေ။
ယခင်က အန္တာရာယ်ကြုံလာရင် ကျောက်တုံးအောက်မှာ ပြေးပုန်းလို့ရသော်လည်း အခုတော့ ပိုသန်မာလိုစိတ်က သူ့ကို ဤနေရာမှ ထွက်သွားကာ အမဲလိုက်ဖို့တွန်းအားပေးနေသည်။
အနက်ရောင်ပြောက်ကျားဖားကြောင့် သူသည် ထက်မံ၍ အစာမစားဘဲ နှစ်ရက်သုံးရက်လောက်နေနိုင်သော်လည်း သူက ပိုသန်မာပြီး ကြီးထွားချင်ရာ သားကောင်အများအပြား အမဲလိုက်မှ ရပေမည်။
...
(၁၀၀) မီတာအကွာကို ဖြတ်ကျော်ပြီးနောက် ... ဖန့်ရန်သည် သူ့နှင့်မဝေးလှသော နေရာ၌ ခုန်ပေါက်နေသည့် တိရစ္ဆာန်တစ်ကောင်ရှိနေတာကို အာရုံခံ တုန်ခါမှုများမှတဆင့် သိလိုက်လေသည်။
ဖန့်ရန်သည် သူနှင့် အနီးစပ်ဆုံး ချုံပုတ်တစ်ခု အတွင်းသို့ ဝင်ရောက် ပုန်းကွယ်ရင်း သူသည် မြေပြင်တုန်ခါမှု၏ အရင်းအမြစ်ရှိရာဆီသို့ ချည်းကပ်သွားလိုက်သည်။
မကြာမီတွင် သူသည် အရွယ်ရောက် ငှက်တစ်ကောင်ကို မြင်တွေ့လိုက်ရသည် ၎င်းသည် သေးငယ်သည့် ပိုးမွှားတွေကို ကောက်စားရင်း ခုန်ပေါက်ရွေ့လျားနေလေသည်။
ငှက်များသည် အစေ့များကို စားသုံးလေ့ရှိပြီး.. အသားအတွက် အင်းဆက်ပိုးမွှားတွေကို စားသုံးလေ့ရှိ၏။
ဖန့်ရန်သည် သူ့ အရင်ဘဝက သင်ယူခဲ့ဖူးသော အသိပညာများမှ သင်ခန်းစာတစ်ခုကို ပြန်တွေးလိုက်မိသည်။
သူ၏ လက်ရှိအခြေအနေမှာ ကြီးမားသော တီကောင် တစ်ကောင်နှင့် သိပ်တော့ မကွာခြားလှပေ။
"ငှက်က ငါ့ကိုတွေ့ရင် စားလိုက်မှာပဲ"
ထိုသို့တွေးပြီး ဖန့်ရန်သည် သူ၏ ကိုယ်ကို ကွေးကောက်၍ မလှုပ်မရှားဘဲ ချုံပုတ်ထဲမှာ ပုန်းအောင်း ငြမ်သက်နေလိုက်သည်။
ငှက်သည် သူ၏ ချွန်ထက်သော နှုတ်သီးဖြင့် သစ်စေ့ကို ထိုးဆိတ်လို့ ပိုးမွှားတွေကို ကောက်စားသည်။
ငှက်သည် ဖန့်ရန်ကို မတွေ့မြင်ခဲ့ပေ။
သုံးမိနစ်ခန့်အကြာတွင် ငှက်သည် လေပေါ်ပျံသန်း ထွက်သွားခဲ့လေသည်။
...
ဖန့်ရန်သည် ပျော့ပြောင်းသော သူ၏ ခန္ဓာကိုယ်ကို ဖြေလျော့ရင် ချုံပုတ်ထဲမှထွက်ကာ သူအမဲလိုက်နိုင်သည့် သားကောင်ကို ဆက်လက် ရှာဖွေသည်။
မီတာအနည်းငယ် သွားပြီနောက် သူသည် အနက်ရောင်ပြောက်ကျားဖား တစ်ကောင်ကို မြင်လိုက်ရသည်။
ကံဆိုးသည်က ထိုအနက်ရောင်ပြောက်ကျားဖားမှာ အရွယ်ရောက်နေလေပြီ။ ၎င်း၏ ခန္ဓာကိုယ်အရွယ်အစားသည် လေး၊ ငါးစင်တီမီတာခန့် ရှိလေသည်။
အချိန်အနည်းငယ်အတွင်း ဖန့်ရန်သည် သားကောင် အမြောက်အများကို မကြာခဏန မြင်ခဲ့ရသည်။ ကံဆိုးသည်မှာ သူလက်ရှိ အရွယ်အစားက အလွန် သေးငယ်နေခြင်းပင်။
" ရှီး... ရှီး "
ဖန့်ရန်သည် လျှာထုတ်ကာ လေထဲမှ အနံများကို ခွဲခြမ်းစိပ်ဖြာ စိတ်ဖြာလိုက်သည်။
ရုတ်တရက်....
သားကောင် အနံ့ ရလိုက်သည့်အတွက် သူဝမ်းသာသွားမိသည်။
သားကောင်အနံ့ကို ခွဲခြမ်းစိပ်ဖြာရင် သားကောင်ရှိနေသည့် နေရာကို ဆုံးဖြတ်ကာ သူသည် ထိုနေရာကို လျင်မြန်စွာ သွားလိုက်သည်။
...
မိနစ်အနည်းငယ်မျှ သွားပြီးနောက် ... ဖန့်ရန် သည် ပုရွက်ဆိတ်တွေကို မြင်လိုက်ရသည်။
ပုရွက်ဆိတ် ... ၎င်းတို့ အားလုံးနီးပါးသည် အစာအနည်းငယ်ဆီကို သယ်ဆောင်ထားကြသည်။
ပုရွက်ဆိတ်တွေ သယ်လာသော အစာတွေကို ဖန့်ရန် ဂရုမစိုက်ခဲ့ချေ။
သူ၏အဓိက အာရုံစူးစိုက်ရာမှာ ငါးစင်တီမီတာရှည်သည့် သေဆုံးနေသော သစ်သန်ကောင်သာ တစ်ကောင်ဖြစ်သည်။
[ပစ်မှတ် - သစ်သန်ကောင်၊ ကုန်းနေသတ္တဝါ၊ စနစ်အမှတ် ၂ မှတ်ကို ရရှိနိုင်သည်]
အသံတစ်ခု သူ့စိတ်ထဲတွင် ထွက်ပေါ်လာနောက် ဖန့်ရန်သည် ချက်ချင်းပင် ပုရွက်ဆိတ်များကြား တိုးဝင်ကာ သစ်သန်ကောင် အသေကို ပါးစပ်ဖြင့် ကိုက်၍ ပုရွက်ဆိတ်အုပ်စုနှင့် ဝေးရာကို ဆွဲယူပြီးနောက် မြိုချလိုက်သည်။
ပုရွက်ဆိတ်တွေကိုတော့ သူ ဂရုမစိုက်ချေ။
ယင်းတို့ကို သူယခင်က စမ်းစားကြည့်ခဲ့သော်လည်း ၎င်းမှ စနစ်အမှတ်များကို မရရှိနိုင်ခဲ့ပေ။
အကယ်၍ သူသာ ဂရုမစိုက်မိခဲ့ပါက ပုရွက်ဆိတ်အမြောက်အမြား ဝိုင်းအုံလာပြီး အရှင်လတ်လတ် ဝိုင်းအုံစားသောက်ခံရနိုင်လေသည်။
ယင်းက ကောင်းမွန်တဲ့ အကြံလို့ သူ မထင်ပေ။
သစ်သန်ကောင်ကို ဝါးမျိုးပြီနောက် ဖန့်ရန်သည် ပုရွက်ဆိတ်များနှင့် ဝေးရာကို ထွက်ခွာလာခဲ့သည်။
ဆယ်မီတာကျော်အကွာအဝေးကို သွားပြီးနောက်၊ ဖန့်ရန်သည် ရုတ်တရက် ရပ်တန့်လိုက်ကာ မြက်ခင်းပြင်ပေါ်တွင် အကြိမ်အနည်းငယ် လူးလှိမ့်၍ သူ့ကို ကိုက်ခဲနေသေးသည့် ပုရွက်ဆိတ်တွေကို ဖယ်ရှားလိုက်သည်။
' အင်း... စနစ်အမှတ် ၂မှတ် ရတယ်ဆိုတော့ ပြန်သင့်ပြီ၊ မနက်ကျမှ သားကောင် ပြန်ရှာရမယ် '
သူအနားယူရာ အသိုက်ဆီသို့ ပြန်နေချိန်တွင် ဖန့်ရန်သည် ညဘက်၌ အန္တရာယ်များစွာရှိကြောင်းနှင့် ဇီးကွက်၊ ကြွက်များနှင့် လင်နို့ အစရှိသည့် သူဖတ်ဖူးခဲ့သော စာအုပ်များမှ အကြောင်းအရာများကို စဥ်းစာနေခဲ့သည်။
...
နှစ်မိနစ်ခန့်အကြာ၌...။
ဖန့်ရန်သည် သစ်ပင်အကိုင်းအခက်တစ်ခု အထက်က ငှက်သိုက်တစ်ခုကို တွေ့လိုက်သည်။
သူသည် ငှက်သိုက် ပတ်ဝန်ကျင်းကို အကဲခတ်လိုက်ရာ ငှက်တစ်ကောင် တစ်လေ မတွေ့ရ၍ သစ်ပင်ပေါ်တက်ကာ ငှက်သိုက်ထဲသို့ ဝင်သွားလိုက်သည်။
ချက်ချင်းပင် အသိုက်တွင် ဥလေးလုံး ရှိနေတာကို သူမြင်လိုက်သည်။
[ပစ်မှတ် - စာငှက်ဥ၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁ မှတ်ကို ရရှိနိုင်သည်]
.....