← Chapters

စွမ်းရည်

Vol. 1 Ch. 3

စွမ်းရည်

Vol. 1 Ch. 3

"ငှက်ဥတစ်လုံးစီက စနစ်အမှတ် ၁ မှတ်ကို ပေးနိုင်တယ်ဆိုတော့ ဥလေးလုံးရှိနေတာကို ပေါင်းလိုက်ရင် စနစ်အမှတ် ၄ မှတ်ကို ရနိုင်တယ်"

စနစ် အချက်ပေးသံက ဖန့်ရန်ကို ပျော်ရွှင်သွားစေသည်။

၎င်းစနစ်အမှတ်တွေက သူကို ပိုမိုသန်မာနိုင်စေဖို့ အဓိကအရေးပါလေသည်။

နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲခြင်းသည် သူ့ကို (၃၀) စင်တီမီတာထက် ပိုရှည်စေနိုင်မယ်လို့ ခန့်မှန်ထားသည်။

သူသည် အလုပ်ကြိုးစားဖို့ ဆုံးဖြတ်ထား၏။

အကယ်၍ တစ်ချိန်ချိန်တွင် ကံမကောင်း၊ အကြောင်းမလှ၍ အန္တာရာယ်နှင့် ကြုံလာစဥ် သူသည် အားနည်းနေပါက ပြေးချိန်ပင် မရလိုက်ဘဲ သေသွားနိုင်လေသည်။

ထိုသို့တွေးကာ ဖန့်ရန်သည် ပါးစပ်ကို ဟပြီး စာငှက်ဥလေးလုံးကို မျိုချလိုက်သည်။

ထိုနောက် ငှက်အသိုက်် ဗလာဖြစ်သွားသည်။

...

လွန်ခဲ့သော ဆယ်ရက်က အကောင်ငယ်လေးတွေကို ဖမ်းယူစားသောက်ခဲ့ရသည့် ပထမဆုံးနေ့၌ ယင်းကိုရွံရှာ စက်ဆုတ်မိခဲ့ သော်လည်း အသက်ဆက်ရှင်ချင်ပါက ရက်စက်မှ ရလိမ့်မယ်ဆိုတာ ဖန့်ရန် နားလည်လာခဲ့၏။

စာငှက်ဥများကို မျိုချပြီးနောက် ဖန့်ရန်သည် ငှက်သိုက်ထဲမှ လျှင်မြန်စွာ ထွက်ကာ သူ့အသိုက်ဆီ ပြန်ဖို့ မြန်မြန် သွားလိုက်သည်။

အချိန်သာ ပိုပြီးကြာသွားခဲ့၍ စာငှက်ပြန်ရောက်လာစဥ် သူ့ကို တွေ့သွားခဲ့ပါက သူသည် ၎င်း၏ ထိုးဆိတ်စားသောက်ခြင်းကိုခံရနိုင်ပေသည်။

၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက အားနည်းသော်လည်း သူ၏ လက်ရှိ အဆင့်ဖြင့် စာငှက်ကိုပင် မနိုင်နိုင်သေးပေ။

အပြန်လမ်းတွင် ဖန့်ရန်သည် ပိုးဟပ်အနည်းငယ်ကို တွေ့ခဲ့ရ၏။

ပိုးဟပ်တစ်ကောင်လျှင် (ဝ.၅) မှတ်ကို ပေးစွမ်းနိုင်လေသည်။

သို့သော်ငြားလည်း သူ၏ ဖောင်းကားနေသောဗိုက်နှင့်ပင် အတော်လေး ရုန်းကန်နေရလေသည်။

ထက်စားတာနဲ့ သူ့ဗိုက်ပေါက်သွားလိမ့်မယ်လို့ ဖန့်ရန် ခံစားနေရသည်။

၎င်းကြောင့် သူသည် ပိုးဟပ်တွေကို စားဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။

...

ရှစ်မိနစ်မျှ နှေးကွေးစွာ သွားပြီးနောက်...။

ဖန့်ရန်သည် နောက်ဆုံးတွင် သူ၏ ကျောက်တုံအောက်မှ အသိုက်ဆီသို့ ပြန်ရောက်လာခဲ့သည်။

အေးစက်မှောင်မိုက်သည့် သစ်တောထဲတွင် ဤအသိုက်ကသာ ဖန့်ရန်ကို နွေးထွေးတဲ့ခံစားချက်နှင့် လုံခြုံမှုကို ခံစားရစေသည်။

အစာအိမ်က သစ်သန်ကောင်သေနဲ့ စာငှက်ဥတွေကို အစာချေနေသည်။

အစာကြေဖို့ရန် နှစ်နာရီခန့် ကြာသည်။

[ဒင်]

[စနစ်အမှတ် ၅ မှတ်ကို ရရှိသည်]

ဖန့်ရန် စိတ်ထဲ၌ စနစ်၏ ခံစားချက် မရှိသည့် အေးစက်သော အသံထွက်ပေါ်လာသည်။

[လက်ခံသူတွင် လုံလောက်သော စနစ်အမှတ်ရရှိ၍ ဆင့်ကဲပြောင်းလဲနိုင်ပါသည်]

[ဆင့်ကဲပြောင်းလဲချိန်တွင် စနစ်မှ ကာကွယ်ထား၍ လုံခြုံစွာ ဆင့်ကဲပြောင်းလဲ နိုင်ပါသည်]

[ဆင့်ကဲပြောင်းလဲ လိုပါသလား]

"လုပ်လိုက်"

ထိုသို့ ပြောပြီး စက္ကန့်အနည်ငယ် အကြာ၌ ဖန့်ရန်ကို နွေးထွေးသော အလင်းရောင် တစ်ခုက လွှမ်းခြုံသွားကာ သူ့ကို အလွန်သက်တောင့်သက်သာဖြစ်စေသည်။

တဖြည်းဖြည်းနှင့် သွေးများကို ပူနွေးလာစေပြီး အချိန်ကြာလာသည်နှင့် အမျှ ပူနွေးသော ခံစားချက်များ ပျောက်ကွယ်သွား၍ သွေးများပွက်ပွက် ဆူလာခဲ့သည်။

ယင်းက ဖန့်ရန်ကို အလွန်အမင် နာကျင် ခံစားရစေသည်။

နောက်ဆုံး မခံနိုင်တော့ဘဲ သူ အော်ဟစ်လိုက်တော့သည်။

"အား!....."

...

ဆယ်မိနစ်ကြာပြီးနောက်..။

''နောက်ဆုံးတော့ ပြီးသွားပြီ ''

ဖန့်ရန်သည် သူ၏ ခန္ဓာကိုယ်က အလေးတုံအဖြစ်မှ ငှက်မွှေးလေးအဖြစ် ပြောင်းလဲသွားသလို ခံစားနေရသည်။

ဆင့်ကဲပြောင်းလဲစဥ်က နာကျင်မူကို ပြန်တွေးကြည့်ရင်း သူသည် ၎င်းဖြစ်စဥ်၏

ခက်ခဲကြမ်းတမ်းခြင်းကို မနေနိုင်ဘဲ သက်ပြင်းချမိသည်။

စနစ်အမှတ်များ ရရှိရန် အမဲလိုက်ဖို့ ခက်ခဲသော်လည်း နောက်ဆုံးတွင် လုံလောက်စွာ စုဆောင်းမိပြီး ဆင့်ကဲဖြစ်စဥ် စတင်နိုင်ခဲ့သည်။

သို့သော် သူ၏ စိတ်ဆန္ဒကသာ အရင်ကထက် ပိုမခိုင်မာလာခဲ့လျှင် ဤဆင့်ကဲဖြစ်စဥ်အတွင်း ၎င်းနာကျင်မှုတို့ကြောင့် သူ့အသိစိတ် ပျက်စီးကာ သေဆုံးသွားနိုင်ပေသည်။

အချိန်အတော်ကြာ စိတ်တည်ငြမ်အောင် လုပ်ပြီးနောက်..ဖန့်ရန်သည် စနစ်ကို သူ့ စိတ်ထဲမှ ဖွင့်လိုက်သည်။

[လက်ခံသူသည် ၂ ကြိမ်မြောက် ဆင့်ကဲဖြစ်စဉ်ကို အောင်မြင်ခဲ့သည့် အတွက် ဆုလာဘ်အဖြစ် ကျွမ်းကျင်မှုရမှတ် ၂ မှတ် ကို ရရှိပါသည်]

[လက်ခံသူတွင် ကျွမ်းကျင်မှုရမှတ်များ လုံလောက်စွာရှိသည်ကို ထောက်လှန့်မိပါသည်။ လက်ခံသူသည် ရရှိနိုင်သည့် စွမ်းရည် တွေကို မြင်တွေ့လိုပါသလား]

ဖန့်ရန် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်စဥ် မက်ဆေ့ချ်နှစ်ခုက ပေါ်လာပြီး သူ့ကို အံ့အားသင့်စေခဲ့သည်။

ဖန့်ရန် ချက်ချင်းပင် ဝမ်းသာမိသွားသည်။

ပထမဆုံးအကြိမ် ဆင့်ကဲဖြစ်စဉ်၌ သူသည် ရရှိနိုင်လောက်သည့် စွမ်းရည် တစ်မျိုးမျိုးကို စနစ်က ပေးလာမှာကို မျှော်လင့်နေခဲ့မိသည်။

သူသည် မီးလုံးပစ်နိုင်သည့် စွမ်းရည် (သို့မဟုတ်) လေဓားသွားပစ်နိုင်သည့် စွမ်းရည်ကို ရရှိရန် မျှော်လင့်မိခဲ့သည်။

သို့ပေမဲ့ ကျွမ်းကျင်မှုရမှတ် မရှိလို့ သူသင်ယူနိုင်သည့် စွမ်းရည်များကို မမြင်ခဲ့ရပေ။

မမျှော်လင့်ဘဲ ဤဆင့်ကဲဖြစ်စဉ်ပြီးနောက်...

ကျွမ်းကျင်မှုရမှတ် (၂) မှတ်ရရှိကာ လိုအပ်ချက်များ ပြည့်မီသွားခဲ့သည်။

ချက်ချင်ပင် သူ့ စိတ်ထဲမှ ဖန့်ရန်က ပြောလိုက်သည်။

''လက်ရှိရနိုင်တဲ့ စွမ်းရည်တွေကို ပြပေး စနစ် ''

[လက်ခံသူသည် ကျွမ်းကျင်မှုရမှတ်များကို အောက်ပါ.. စွမ်းရည် နှစ်ခုကို အသက်သွင်းရန် အသုံးပြုနိုင်ပါသည်]

[အရောင်ပြောင်း ဖုံးကွယ်ခြင်း : ဤစွမ်းရည်သည် ပတ်ဝန်းကျင်နှင့် တစ်သားထဲ

ပြောင်းလဲနိုင်သည်...

အဆင့်မြှင့်တင်မူ တစ်ခုစီသည်

ကျွမ်းကျင်မူရမှတ် : ၃ မှတ်

လက်ရှိအဆင့် : ဝ/၅]

[ပြင်းထန်သော အဆိပ် : ဤစွမ်းရည်သည် အဆင့်အလိုက် ပိုမို ပြင်းထန်လာမည် ဖြစ်သည်...

အဆင့်မြှင့်တင်မှုတစ်ခုစီသည်

ကျွမ်းကျင်မှုရမှတ် : ၃ မှတ်

လက်ရှိအဆင့် : ဝ/၅]

ဤ စွမ်းရည်နှစ်ခုသည် သူမျှော်လင့်ထားသည့်အရာနှင့် အနည်းငယ်ကွာခြားသည်။

ယင်းက သူ့ကို အနည်းငယ် စိတ်ပျက်သွားစေသည်။

ဖန့်ရန်သည် စိတ်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်သည်။

ကြည့်ရတာ သူအလွန် လောဘကြီးလွန်း နေပုံရသည်။

ဤစွမ်းရည်များကို သူ မမျှော်လင့်ထားသော်လည်း.. ဤစွမ်းရည်များသည် ယခုအချိန်တွင် သူ့အတွက် သေချာပေါက် လိုအပ်နေတာ အတိအကျပင်။

အရောင်ပြောင်း ဖုံးကွယ်ခြင်းသည် သဘာဝ ရန်သူများကို ရှောင်ရှားနိုင်စေပြီး သားကောင်ကို အောင်မြင်စွာ အမဲလိုက်နိုင်စေမည့် အခွင့်အလမ်းများကို ရရှိစေသည်။

ပြင်းထန်သော အဆိပ်သည် သူ၏ တိုက်ခိုက်နိုင်စွမ်းကို တိုးစေနိုင်သည်။

သို့သော် သူ၏ လက်ရှိ ကျွမ်းကျင်မှုရမှတ်သည် စွမ်းရည်နှစ်ခုကို သင်ယူရန် မလုံလောက်ပေ။

သူသည် တစ်ခုတည်းကိုသာ ရွေးချယ်နိုင်သည်။

တခဏစဉ်းစားပြီးနောက်...

"ပြင်းထန်သော အဆိပ် စွမ်းရည်ကို အသက်သွင်းလိုက် စနစ်"

၎င်းက ဖန့်ရန်၏ အလျင်စလို ဆုံးဖြတ်ချက် မဟုတ်ပေ။

ယခုအချိန်၌ သူလိုအပ်နေသည်က တိုက်ခိုက်ရေး စွမ်းရည်အမျိုးအစား တစ်ခု ဖြစ်သည်။

ယင်းမှသာ မြန်မြန်ဆန်ဆန် အမဲလိုက်နိုင်ပြီး တိုက်ခိုက်နိုင်စွမ်း တိုးတက်လာမှာ ဖြစ်သည်။

ပြင်းထန်သောအဆိပ် စွမ်းရည်ကို အသက်သွင်းခြင်းက တစ်ချိန်ချိန်၌ သူ၏ သဘာဝရန်သူကိုသာ မတော်တဆတွေ့မိခဲ့လျှင် လုံးဝကြီး ကူကယ်ရာ ဖြစ်တော့မည် မဟုတ်ပေ။

ပိုအရေးကြီးသည်မှာ လက်ရှိတွင် ဖုံးကွယ်နိုင်သည့် စွမ်းရည်ကို မလိုအပ်သေးပေ။

ပြင်းထန်သော အဆိပ်ကို ရွေးချယ်အပြီးတွင်.. ဖန့်ရန်၏ လည်ချောင်းက ယားယံလာခဲ့သည်။

မိနစ်အနည်းငယ် အကြာမှာတော့ ယားယံခြင်းသည် ပျောက်ကွယ်သွားပြီး၊ သေးငယ်သော သူ့ အစွယ်များ အနည်းငယ် ပိုရှည်လာခဲ့၏။

သူ့အစွယ်တွေကနေ အဆိပ်တွေကို လွှတ်ထုတ်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို ဖန့်ရန် ခံစားနေရသည်။

ပြင်းထန်သော အဆိပ် စွမ်းရည်ကို အသက်သွင်းပြီးနောက်... အချက်အလက် ဘောင်ပေါ်ရှိ အမျိုးမျိုးသော အရည်အချင်းများ ပြောင်းလဲသွားသည်ကို ဖန့်ရန် မြင်တွေ့လိုက်ရသည်။

.....

All Chapters