← Chapters

သစ်ပင်ပုတ်သင်ညို

Vol. 1 Ch. 4

သစ်ပင်ပုတ်သင်ညို

Vol. 1 Ch. 4

[လက်ခံသူ : ဖန့်ရန်

အဆင့် : ၃

စနစ်အမှတ် : ဝ/၃ဝ

ကျွမ်းကျင်မှုရမှတ် : ၁

ကိုယ်ထည်အရှည် : ၃၅ စင်တီမီတာ

အချင်း : ၁.၂ စင်တီမီတာ

ခွန်အား : ဝ.၂

ခုခံနိုင်စွမ်း : ဝ.၁

အမြန်နှုန်း : ဝ.၄

တက်ကြွမှု : ဝ.၇

စိတ်ဝိညာဥ် : ၁.၅

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၁.ဝ

စွမ်းရည် : ပြင်းထန်သော အဆိပ် (၁/၅)

ဂုဏ်သတင်းရမှတ် : ဝ/၁ဝ,ဝဝဝ,ဝဝဝ]

……

ဆင့်ကဲပြောင်းလဲခြင်းသည် သူ့ ခန္ဓာကိုယ်အရှည်ကို (၂ဝ) စင်တီမီတာမှ (၃၅) စင်တီမီတာသို့ ရောက်ရှိ စေပြီး၊ အချင်းကိုမူ (၁.၂) စင်တီမီတာထိ ကြီးထွားစေခဲ့သည်။

'ငါ့ရဲ့ ပိုသန်မာလာတဲ့ ခွန်အားနဲ့ စွမ်းရည်ကို သေချာ သိရအောင်.... မနက်ကျ အမဲလိုက်သွားရမယ်'

ဖန့်ရန်သည် တခနမျှ အတွေးများနေပြီးနောက် အိပ်လိုက်တော့သည်။

...

မနက်ခင်၏ အရိုးကွဲမတက် အေးစက်မှု အောက်၌ မျက်လုံးများကို ဖြည့်ညှင်းစွာ ဖွင့်၍ ကိုယ်ကို အနည်းငယ် လှုပ်ခါကာ ကျောက်ဆောင်အောက်က ထွက်လိုက်သည်။

သူ့အတွက်တော့ ဤမနက်ခင်း၏ အေးစက်မူကို ကြောက်ရွံရန်ထက် ဗိုက်ဖြည့်ရန်က ပိုအရေးကြီးသည်။

"ငါက ဝိညာဥ် ကူးပြောင်းခဲ့ပင်မယ့် ဘဝက ဘာလို့ ခက်ခဲနေရတာလဲ ''

ဖန့်ရန်သည် တခနမျှ မျက်ရည်စက်လက်နဲ့ တွေးရင်း၊ အနီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မဝေးလှသော သစ်ပင်တစ်ပင် ထက်မှ အမည်မသိငှက် တစ်ကောင်ကို မြင်လိုက်ရသည်။

ဗိုက်အတော် ဆာနေသော်လည်း၊ သူ့ ခွန်အားက မလုံလောက်မှန်း သိသောကြောင့် ဖန့်ရန်သည် သရေကျနေယုံသာ တက်နိုင်လေသည်။

ထိုငှက် ပျံထွက်သွားချိန်ကို ကျောက်ဆောင် အောက်၌ ဖန့်ရန် စောင့်နေလိုက်သည်။

...

မိနစ်အနည်းငယ်မျှ ကြာပြီးနောက်..။

အမည်မသိငှက် ပျံသွားသည်ကို မြင်လိုက်သည့် ဖန့်ရန် အပြင်ထွက်လာသည်။

"အမဲလိုက်ဖို့ အချိန်ကျပြီး"

ဖန့်ရန်သည် ခေါင်းမော့လိုက်ရင် ချုံပုတ်များဆီသို့ သွားရန်အပြင်၌ အနီးရှိ ချုံပုတ်တစ်ခုမှ အသံကြားလိုက်ရာ သတိနှင့် သူ ရပ်လိုက်သည်။

မကြာခင်မှာပင် သူနှင့် သုံးမီတာအကွာက ချုံပုတ်သည် အနည်းငယ် လှုပ်ခတ်သွားပြီး (၂၅) စင်တီမီတာခန့် အရှည်ရှိ၍ အစိမ်းရောင်ခန္တာကိုယ်နှင့် မျက်နှာတွင် အညိုရောင်အကွက်ပါသည့် ပုတ်သင်ညိုတစ်ကောင် ထွက်လာခဲ့သည်။

[ပစ်မှတ် - ပုတ်သင်ညို၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၀ မှတ်ကို ရရှိနိုင်သည်]

သူ၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက် ပေါ်လာသော်လည်း ဂရုစိုက်မအားချေ။

"ဒီကောင် ဒီကို ရောက်လာတာလား!"

ဖန့်ရန်သည် ခေါင်းမော့ကာ သူအရှေ့က ပုတ်သင်ညိုကို သေချာကြည့်လိုက်သည်

လွန်ခဲ့သော သုံးရက်.. အမဲလိုက်ထွက်စဥ်တွင် သစ်ပင်ကြီး တစ်ပင်အောက်၌ နှုတ်ခမ်းမှာဒဏ်ရာ ရနေသော ပုတ်သင်ညိုတစ်ကောင်ကို မြင်ခဲ့ရသည့်အတွက် သူထိုနေရာကို ပတ်၍ ရှောင်တိမ်းခဲ့ရသည်။

ပုတ်သင်ညိုများသည် အစုံစားနိုင်သည့် တိရစ္ဆာန်များဖြစ်သောကြောင့် ထိုစဥ်က မြွေသေးသေးလေးသာဖြစ်သော သူသည် ၎င်းကို ရှောင်းရှားမှ ဖြစ်ပေမည်။

ဒီသစ်ပင်ပုတ်သင်ညိုကို သူတကယ် ပြန်တွေ့ရလိမ့်မယ်လို့ သူတကယ် မထင်ထားခဲ့ပေ။

ပုတ်သင်ညိုသည် ၎င်း၏ နီမြန်းသောလျှာကို လှန်လိုက်ကာ သူ့ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

' ဒီကောင်ငါ့ကို စားချင်နေတာလာ! '

စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာပြီးနောက်.. ဖန့်ရန်သည် ရင်ထိတ်သွားကာ အလျင်စလို နောက်ဆုတ်လိုက်မိသည်။

' မဟုတ်ဘူး ဒီကောင်ငါ့နေရာကို လုချင်လို့ပဲ! '

၎င်း၏ မျက်လုံးများက သူ့အသိုက်ကို ကြည့်နေသောကြောင့် ဖန့်ရန်သည် ၎င်း၏ အကြံကို ရိပ်မိသွားခဲ့ပြီ ချက်ချင်းဆိုသလို

ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤတောတွင်း၌ ကိုယ်ပိုင် နေထိုင်ရန် အသိုက်တစ်ခုခုမပိုင်ဆိုင်ခဲ့လျှင် ၎င်းသူသည် ညဘက်အစာရှာထွက်လေ့ ရှိသူတို့အတွက် စားစရာဖြစ်သွားနိုင်လေသည်။

"နေပါဦး၊ ဒါက ပြင်းထန်သော အဆိပ် အစွမ်းကို စမ်းသပ်နိုင်မယ့် အခွင့်ရေးပဲ."

ဖန့်ရန်၏ ပုတ်သင်ညိုကို စိုက်ကြည့်နေသည့် အကြည့်မှာ အရောင်လက်လာခဲ့သည်။

ဤပုတ်သင်ညိုသည် သူ့အား စနစ်အမှတ် (၁ဝ) ပေးစွမ်း နိုင်ပေသည်။

"ငါ့အဆိပ်က ဒီပုတ်သင်ညိုကို သေစေနိုင်ရဲ့လာမသိဘူး"

ဖန့်ရန်၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသော်လည်း သူသည် တစ်ချက်ကလေးမျှ မရပ်တန့်ခဲ့ပေ ဆန့်ကျင်ဘက်ပင်။

သူသည် ပုတ်သင်ညို ဆီသို့ လျှင်မြန်စွာ တွန့်လိန် သွားလိုက်သည်။

ယင်းပုတ်သင်ညိုသည် ဖန့်ရန်က သူအား တိုက်ခိုက်မည် မဟုတ်ဘဲ ထွက်ပြေးလိမ့်မည်ဟု ယုံကြည်ထားပုံရသည်။

သို့သော် သူ ယုံကြည်ထားသလို ဖန့်ရန်က မပြေးဘဲ တိုက်ခိုက်လာ၍ ၎င်းသည် နောက်ဆုတ်ရမည်လား တိုက်ခိုက်ရမည်လား အလျင်အမြန် စဥ်းစားရသောကြောင့် ၎င်း၏ လည်ချောင်းသည် စိတ်လှုပ်ရှားမှုကြောင့် ဖောင်းကားလာသည်။

ပုတ်သင်ညိုနှင့် အကွာအဝေးသည် မီတာဝက်နီးပါး အရောက်တွင် ဖန့်ရန်သည် ဤအကွာအဝေးက တိုက်ခိုက်ရန် သူ့အတွက် လုံလောက်သည်ဟု ခံစားခဲ့ရသည်။

"အခုဘဲ"

ဖန့်ရန်သည် လက်ရှိ အကွာအဝေးက လုံလောက်ပြီဟု ဆုံးဖြတ်လိုက်လေသည်။ သူသည် တိုက်ခိုက်ရန် အသင့် ဖြစ်နေခဲ့၏။

ထိုအချိန်တွင် ရုပ်တရက်...

" ဂီး..! "

စူးရှသောအော်သံနှင့် အတူ ဥက္ကာခဲကဲ့သို့အနက်ရောင်အရိပ်တစ်ခုက မြေပြင်သို့ ပျံဝဲ ဆင်းသက်လာခဲ့သည်။

၎င်းကို ရိပ်ခနဲ့ မြင်လိုက်ရသည့် ဖန့်ရန်သည် သူ့အသိုက်ဆီသို့ လျင်မြန်စွာ ပြန်ပြေးသွားလိုက်သည်။

.....

All Chapters