← Chapters

သဘာဝရန်သူ

Vol. 1 Ch. 5

သဘာဝရန်သူ

Vol. 1 Ch. 5

ဖန့်ရန်သည် သူ့အသိုက်ထဲသို့ ထွက်ပြေးလွတ်မြောက် သွားပြီးနောက် လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် အနက်ရောင်အရိပ်သည် ဆန့်ကျင်ဘက် မြက်ခင်းပြင်ထဲသို့ ဆင်းသက်လာခဲ့ပြီ ဖြစ်၏။

မြင်လိုက်ရသော အရာသည် သူ၏ နှလုံးကို ရူးသွပ်စွာ ခုန်နေစေပြီ ကြောက်ရွံ့စေသည်။

ငှက်ကြီးတစ်ကောင် မြက်ခင်းပြင်ထက်၌ ရပ်နေခဲ့သည်။

၎င်းငှက်သည် တစ်မီတာမြင့်၍ ၎င်း၏ အမွေးများသည် အညိုရောင် အရောင်အဆင်း ရှိကာ ၎င်း၏ အနက်ရောင်နှုတ်သီးက သံချိတ်နှင့် တူလေသည်။ ထို့အပြင် ထိုငှက်၏ မျက်လုံးများသည် အလွန်စူးရှသည့်ပုံပင်။

"အဲဒါ....လင်းယုန်လား!"

မူလက ဤဒေသတွင် သန်မာသော အသားစား အကောင်များမတွေ့ရသလို ၎င်းပုတ်သင်ညိုကိုပင် ရှားရှားပါးပါးတွေ့ခဲ့ရခြင်းကြောင့် ဤဒေသတွင် သန်မာသော သားရဲများ သိပ်မရှိနိုင်လို့ ထင်ထားသည့် သူ့ အတွေးများမှာ မှားယွင်းနေပုံရသည်။

ဤဧရိယာ၏ ပိုင်ရှင်က ထိုလင်းယုန် ဖြစ်နေလိမ့်မယ်လို့ သူတကယ် မထင်ထားခဲ့ပေ။

လင်းယုန်ငှက်များသည် ကြွက်၊ မြွေ၊ ယုန်နှင့် ငှက်များကို ဖမ်းဆီး စားသောက်လေ့ရှိသည်။ တစ်ခါတစ်ရံဆို ၎င်းသည် ဆိတ်၊ သိုး၊ သမင်တွေတောင် ဖမ်းယူလေ့ရှိ၏။

ထိုလင်းယုန်တွင် သိုး၊ သမင် အဆင့်ရှိသည့် တိရစ္ဆာန်တွေကို ဖမ်းယူဖို့ လုံလောက်သော ခွန်အားမရှိသော်လည်း ၎င်းသည် သူ့အား အကြိမ်ကြိမ် သေဆုံးစေရန် လုံလောက်ပေသည်။

သူ့ ပတ်ဝန်ကျင်တွင် ပျံသန်းနိုင်၍ သူ့အား ဖမ်းယူစားသောက်နိုင်သည့် လင်းယုန်ငှက်တစ်ကောင် ရှိနေခြင်းသည် ဖန့်ရန်ကို တုန်လှုပ်စေခဲ့သည်။

....

ဆန့်ကျင်ဘက် မြက်ခင်းပြင်တွင်..။

လင်းယုန်ငှက်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်လျက် ပျံသန်းရန် အရှိန်ယူနေပြီ ဖြစ်သည်။

ဝှစ် ... ဖလက် ... ဖလက်

အနီးပတ်ပတ်လည်ရှိ ပေါင်းပင်များ၏ ဖရိုဖရဲ ဖြစ်ခြင်းနှင့် အတူ လင်းယုန်ငှက်သည် လေပေါ်ပျံဝဲ တက်သွားခဲ့သည်။

လင်းယုန်ငှက်ကို ချောင်းကြည့်နေခဲ့သော ဖန့်ရန်၏ မြွေမျက်လုံးများက ပြုးကျယ်ဝိုင်းစက်သွားခဲ့သည်။

ယင်းသည် လေပေါ် ပျံဝဲတက်သွားသော လင်းယုန်ငှက်၏ ခြေသည်းများကြားတွင်

အဖြူရောင် ယုန်တစ်ကောင်ကို မြင်လိုက်ရ၍ ဖြစ်သည်။

ဖန့်ရန်သည် ထိုလင်းယုန်ငှက်၏ သားကောင် မဖြစ်သွားသည့် အတွက် သူသည် အလွန်အမင် ဝမ်းသာသွားခဲ့၏။

လင်းယုန်ငှက်သည် ယုန်ကိုတွေ့၍ လေပေါ်မှ ဆင်းသက်လာခြင်း ဖြစ်လေသည်။

မြွေတစ်ကောင်ဖြစ်လာသောအခါ ဖန့်ရန်သည် သူ့ကိုယ်သူ မြွေတစ်ကောင်လို့ တွေးတောခဲ့၏။ သူ့တွင် သဘာဝရန်သူ အများအပြား ရှိပေသည်။

သို့သော် ... သူ၏ သဘာဝရန်သူကို အမှန်တကယ် မြင်တွေ့လိုက်ရသော အခါ ယခင်က ကြိုတင် ပြင်ဆင်ထားခဲ့သော စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများ အားလုံးသည် ပြိုပျက်သွားကာ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့သည် သူ၏ နှလုံးအိမ်တွင် ထင်ဟပ်လာ၏။

ဖန့်ရန်သည် လူသားဖြစ်စဥ်အချိန်က ဘာမှမခံစားရခဲ့ပေ။

သူသည် နေ့တိုင်း ကျောင်းသွားရခြင်းသည် ပျင်းစရာ ကောင်းလွန်းတယ်လို့တောင် တွေးခဲ့ကာ ငှက်တစ်ကောင်များ ဖြစ်လာနိုင်မလားဟု မကြာခဏ တွေးမိသည်။

ဒါမှသာ လွတ်လွတ်လပ်လပ် နေနိုင်ပေမည်။

သို့ပေမယ့် အခု မြွေဖြစ်လာချိန်တွင် သူသည် လွတ်လပ်မှုဆိုသော ခံစားချက်ကို မခံစားရတော့ပေ။

အသက်ရှင်နိုင်အောင် မနည်း ရုန်းကန်ရင်း သူသည် ဖိအားတွေပဲခံစား နေရ၏။

"ငါသာ အစာကွင်းဆက်ရဲ့အသန်မာဆုံး သူ ဖြစ်လာခဲ့ရင် ဘာကိုမှ ကြောက်လန့်နေစရာ လိုမှာ မဟုတ်ဘူး"

အကယ်၍ သူသာ အစာကွင်းဆက်၏ အသန်မာဆုံး ဖြစ်နေလျှင် ဘယ်အရာက သူ့ကို စိုးရိမ်ကြောက်လန့် စေမည်နည်း။

'ငါ့သာ ဆယ်မီတာ ဒါမှမဟုတ် မီတာ ဒါဇင်နဲ့ချီတဲ့ ခန္ဓာကိုယ်အရွယ်အစား ရှိနေရင်း ငါ့ကို ဘယ်သူက စိန်ခေါ်၊ ဖမ်းဆီး စားသောက်ဖို့ ကြံစည်းရဲမှာလဲ '

"...."

ဖန့်ရန် အတွေးများနေသည့် အချိန်တွင် အော်မည်သံတစ်ခုက သူ့ အတွေးများကို နှောက်ယှက်လိုက်သွားခဲ့၏။

သတိဝင်လာသော ဖန့်ရန်သည် အသိုက်ထဲမှ ဖြည်းညှင်းစွာထွက်ကာ အော်မည်သံကြားရာကို ကြည့်လိုက်လေသည်။

မြင်လိုက်ရသည် မြင်ကွင်းက သူ့အား အံအောသင့် သွားစေသည်။

ယခုက သူ့အသိုက်ကို အပိုင်စီးလိုခဲ့သော ပုတ်သင်ညိုသည် ဘယ်ဘက်ခြမ်းရှိ ကျောက်တုံး အက်ကွဲကြောင်းတစ်ခု၌ ညပ်နေခဲ့လေသည်။

ယင်းပုတ်သင်ညိုသည် လွတ်မြောက်ရန် အလိုငြား အပြင်းအထန် ရုန်းကန်နေခဲ့၏။

ဤမြင်ကွင်းက ဖန့်ရန်ကို ပျော်ရွှင်သွားစေသည်။ ၎င်းသည် လင်းယုန်ငှက်ကို မြင်တွေ့လိုက်ရချိန်က လေးလံသွားခဲ့သည့် စိတ်ခံစားချက် များကိုပင် မှေးမှိန်သွားစေခဲ့၏။

ကြည့်ရသည်မှာ ဤပုတ်သင်ညိုသည် လင်းယုန်ငှက်ကို မြင်တွေ့လိုက်ရချိန်တွင် ၎င်းသည် ကြောက်လန့်တကြားနှင့် ထွက်အပြေး ၎င်းအက်ကွဲကြောင်းထဲ မတော်တဆ ညပ်သွားခြင်း ဖြစ်နိုင်လေသည်။

အဆက်မပြတ် ရုန်းကန်နေသော ပုတ်သင်ညိုကို ကြည့်ရင်း ... ဖန့်ရန်သည် ၎င်းဆီသို့ စိတ်အားထက်သန်စွာ သွားလိုက်သည်။

ဤပုတ်သင်ညိုက သူ့ကို စားချင်သည့်အပြင် သူ့အသိုက်ကိုလည်း အပိုင်စီးလိုခဲ့သည်။

ဒါကြောင့် သူသည် ၎င်းအား သတ်ရပေမည်။ ထို့အပြင် စနစ်မှတ် (၁၀) ကိုလည်း လက်လွှတ်ပေးရန် စိတ်ကူး မရှိဘူးချေ။

ဖန့်ရန်၏ ချဉ်းကပ်လာမှုသည်၊ ပုတ်သင်ညိုအား ပို၍ ရုန်းကန်စေခဲ့သည်။

ယင်းသည် အလွန်အမင် ရုန်းကန်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ဝက်သည် အက်ကွဲကြောင်းထဲတွင် ညပ်နေခြင်းကြောင့်

ရုန်းထွက်ဖို့က မလွယ်ကူပေ။

ပုတ်သင်ညိုသည် ရုန်းမထွက်နိုင်တာကြောင့် ရုန်းကန်နေခြင်းကို ရပ်လိုက်သည်။

ထိုနောက် သူ၏ ခန္ဓာကိုယ်ကို အရောင်မျိုးစုံ ပြောင်းလဲကာ ဖန့်ရန် သူ့အနား ကပ်မလာစေရန် ပါးစပ်ကို ဖြဲ၍ ခြိမ်းခြောက်လေသည်။

သို့သော် ဖန့်ရန် အတွက်တော့ ထိုခြိမ်းခြောက်မှုသည် ဟာသတစ်ခုထက် မပိုချေ။

ဖန့်ရန်သည် စက္ကန့်အနည်းငယ်အတွင်း ကျောက်တုံး အက်ကွဲကြောင်း၌ ညပ်နေသည့် ပုတ်သင်ညို အရှေ့သို့ ရောက်သွားခဲ့သည်။

ထိုနောက် သူသည် လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်နေသော ပုတ်သင်ညို၏ လည်ပင်းကို ကိုက်ပြီး တင်းကျပ်စွာ စတင် ရစ်ပတ်လိုက်သည်။

ရစ်ပတ်ခြင်းကို ခံလိုက်ရသော ပုတ်သင်ညိုမှာ သူ၏ ခြေလက်များနှင့် တွန်းကန်နေရင် တဖြည်းဖြည်း ၎င်း၏ မျက်လုံးအိမ်က ပြူးထွက်လာခဲ့သည်။ ၎င်း၏ ဝမ်ဗိုက်သားများလည်း ပွန်းပဲ့လာခဲ့၏။

...

တခဏမျှ ရုန်းကန်ပြီးနောက်...

သေဆုံးသွားသော ပုတ်သင်ညိုကို ဖန့်ရန်သည် ၎င်း၏ ခေါင်းမှ စကာ မျိုချတော့သည်။

များမကြာမီတွင်..။

ဖောင်းနေသော ဗိုက်နှင့် သူ၏ အသိုက်ဆီသို့အလျင်အမြန် ပြန်လာခဲ့သည်။

အသိုက်ထဲတွင်..။ လဲလျောင်းပြီးနောက်.. ဖန့်ရန်သည် အစာကျေစေရန် စောင့်ဆိုင်း နေလိုက်သည်။

.....

All Chapters