← Chapters

ဖြစ်ပေါ်လာနိုင်သော အန္တာရာယ်

Vol. 1 Ch. 6

ဖြစ်ပေါ်လာနိုင်သော အန္တာရာယ်

Vol. 1 Ch. 6

နှစ်နာရီမျှ အကြာတွင် အစာခြေမှု ပြီးစီးသွားကာ စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

[စနစ်အမှတ် ၁၀ မှတ်ကို ရရှိသည် ]

....

ယနေ့တော့ သူ အမဲလိုက်ထွက်တော့မည် မဟုတ်..။

လင်းယုန်ငှက်သည် ဤနေရာမှ လမ်းကြုံ၍ ဖြတ်သန်းသွားခြင်းလား.. အမဲလိုက်ဖို့ နေရာပြောင်းလာခြင်းလား။ သူသိဖို့ လိုနေသည်။

လင်းယုန်ငှက်၏ အန္တာရာယ်က ကာကွယ်ဖို့ ခက်ခဲသောကြောင့် သူသတိထားရပေမည်။

လက်ရှိတွင် သူက လင်းယုန်ငှက်၏ ပြိုင်ဘက် မဖြစ်နိုင်သေးပေ။

...

လင်းယုန်ငှက်ကို တွေ့တဲ့နေ့ကစပြီး သုံးရက်ကြာ.. ယူကလစ်ပင် တစ်ပင်၏ အောက် ချုံပုတ် အတွင်း...

ဤသုံးရက်အတွင်း ဖန့်ရန်သည် သတိထားကာ အမဲလိုက်ချိန်တိုင်း မြက်ပင်နဲ့ ခြုံနွယ်များကြားကနေ သွားခဲ့၏။

သူသည် ဖားငယ် ငါးကောင်နဲ့ အရွယ်ရောက် ဖားနှစ်ကောင်ကို ဖမ်းဆီး စားသောက်ခဲ့ပေသည်။

'' စနစ် ကိုယ်ရေးအကျဥ့်ပြပေးပါ ''

ဖန့်ရန်က ထိုသို့ တိုးတိုးလေး ပြောပြီးနောက် သူ့ စိတ်ထဲတွင် အပြာရောင် အလင်းတန်းတစ်ခုနှင့် အတူ ဖန်သားပြင်တစ်ခု ပေါ်လာခဲ့သည်။

[ လက်ခံသူ : ဖန့်ရန်

အဆင့် : ၃

စနစ်အမှတ် : ၂၂/၃ဝ

ကျွမ်းကျင်မှုရမှတ် : ဝ

ကိုယ်ထည်အရှည် : ၃၅ စင်တီမီတာ

အချင်း : ၁.၂ စင်တီမီတာ

ခွန်အား : ဝ.၂

ခုခံနိုင်မှု : ဝ.၁

အမြန်နှုန်း : ဝ.၄

တက်ကြွမှု : ဝ.၇

စိတ်ဝိညာဥ် : ၁.၅

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၁.ဝ

စွမ်းရည် : ပြင်းထန်သော အဆိပ် (၁/၅)

ဂုဏ်သတင်းရမှတ် : ဝ/၁,ဝဝဝ,ဝဝဝ]

သုံးရက်အတွင်း သူသည် စနစ်အမှတ် (၂၂) မှတ်ကို စုဆောင်းနိုင်ခဲ့သည်။ ယခုဆို စနစ်အမှတ် (၈) မှတ် ရသည်နှင့် နောက်တစ်ခါ ဆင့်ကဲဖြစ်စဥ် စတင်နိုင်ပြီ ဖြစ်သည်။

ဤအမြန်နှုန်းက သူ့ကို စိတ်ကျေနပ်စေသည်။

လင်းယုန်ငှက်ကြောင့် အင်းဆက်ပိုးမွှားများကို စားသောက်ဖို့ မြက်ခင်းပြင်ကို သူ မသွားနိုင်ခဲ့သော်လည်း ဖားကဲ့သို့ တိရစ္ဆာန်ငယ်များကို အမဲလိုက်ခြင်းဖြင့် စနစ်အမှတ်တွေကို လျင်မြန်စွာ သူ စုဆောင်းနိုင်ခဲ့သည်။

အကယ်၍ သူသာ မြက်ခင်းပြင်မှာ အင်းဆက် ပိုးမွှားများကို ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင် အခုအချိန်ဆို ဆင့်ကဲဖြစ်စဥ်ကို စတင်နိုင်လောက်ပြီ ဖြစ်သည်။

အင်းဆက်ပိုးမွှားများသည် တစ်ကောင်ကို စနစ်အမှတ် (၁) မှတ်ပင် မရနိုင်သော်လည်း ၎င်းတို့သည် များပြားပြီး မြင်တွေ့ရ လွယ်ကူသည်။

ဤသုံးရက်အတွင်းတွင် လင်းယုန်ငှက်သည် နှစ်ကြိမ်ပြန်ပေါ်လာပြီး ဖန်ရန်သည်လည်း ၎င်းတစ်ကြိမ် အမဲလိုက်သည်ကို မြင်ခဲ့ရပြီး ဒုတိယ အကြိမ်တွင်မှု ၎င်းသည် တစ်မီတာကျော်ရှည်သော မြွေတစ်ကောင်ကို ကုတ်ချီလာသည်ကို တွေ့ခဲ့ရသည်။

ဖန့်ရန်သည် မြွေအမျိုးအစားကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း ထိုလင်းယုန်ငှက်၏ ခြိမ်းခြောက်မှုအဆင့်က သူ့ စိတ်ထဲတွင် တိုးလာခဲ့သည်။

လင်းယုန်ငှက်သည် ယခင်က ပေါ်မလာရခြင်း အကြောင်းအရင်းမှာ ၎င်း၏ အမဲလိုက်ခြင်း အကွာအဝေး အလွန်ကြီးမားသောကြောင့် ဖြစ်နိုင်လေသည်။

ယခင်က ဤလင်းယုန်ငှက်သည် ယခင်က အခြားနေရာများတွင် အမဲလိုက်ခြင်းဖြစ်နိုင်သော်လည်း ထိုနေရာတွင် သားကောင်လျော့နည်းလာသည်နှင့် အမျှ ၎င်းသည် အမဲလိုက်ရန် ဤနေရာသို့ ပြောင်းလာခဲ့ခြင်း ဖြစ်နိုင်ပေသည်။

...

ဖန့်ရန်သည် ခေါင်းကို မော့၍ သစ်ရွက်များကို ကျော်ကာ ကောင်းကင်ကို ကြည့်လိုက်၏။ အချိန်မှာ နေဝင်၍ ညနေပင် စောင်းနေခဲ့ပြီး ဖြစ်သည်။

သူ၏ စောင့်ကြည့်မှု အရဆို လင်းယုန်ငှက်ဟာ မနက်ခင်း မှသာ အမဲလိုက်ပေသည်။ ဒါကြောင့် သူအဖို့ ဘေးကင်းစေရန်အတွက် နေ့ခင်းဘက်မှသာ အမဲလိုက်ရ၏။

ဒါကိုတွေးပြီး ဖန့်ရန်သည် လင်းယုန်ငှက်ကို တိတ်တဆိတ် ကျိန်ဆဲရင် အံကြိတ်လိုက်လေသည်။ ကြည့်ရတာ သူပိုမိုသန်မာလာခဲ့ရင် လင်းယုန်ငှက်ကို လက်စားချေဖို့ နည်းလမ်းရှာရတော့မည့် ပုံပင်။

ဒီနေ့ လေထုက အနည်းငယ် စိုစွတ်နေတာကြောင့် သူ့စိတ်ခံစားချက် ကောင်းနေခဲ့သည်။

"မိုးရွာတော့မှာလား..."

လေပေါ်မှာ ပျံဝဲနေသည့် ပုစဥ်းရင်ကွဲတွေကို တွေ့လိုက်ရသော ဖန့်ရန်သည် အနည်းငယ်တော့ အံ့အားသင့်သွားခဲ့၏။

"တကယ် မိုးရွာတော့မယ် ထင်တယ်"

ဤကမ္ဘာသို့ ရောက်နေသည့် အချိန်ဆယ်ရက်အတွင်း မိုးရွာတာက ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

သူ အဓိက စိုးရိမ်သည်မှာ ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာနေမှာကို ဖြစ်သည်။ ထိုရာသီဥတုမျိုးတွင် အမဲလိုက်ဖို့ရန် ခက်အခဲလွန်းလှ၏။

"ငါ ဒီနေ့ တတ်နိုင်သမျှ သားကောင်တွေကို

အမြန်လိုက်ရှာ သင့်တယ်"

ထိုကဲ့သို့သော အတွေးမျိုးဖြင့် ဖန့်ရန်သည် ရှေ့တည့်တည့်သို့ သွားနေပေသည်။

...

လမ်းတွင် ဖန့်ရန်သည် အနက်ရောင်ပြောက်ကျားဖားများစွာနဲ့ ရွှေရောင်းဖားအများအပြားကို တစုတစည်းတည် တွေ့ခဲ့ရသော်လည်း သူ မဖမ်းနိုင်ခင်ပင် ၎င်းတို့အားလုံးထွက်ပြေးသွားကြ လေသည်။

ဖန့်ရန်သည် အနက်ရောင် ပြောက်ကျားဖား တွေကို တွေ့ခဲ့ရသော်လည်း တစ်ကောင်မျှ မဖမ်းနိုင်ခဲ့သောကြောင့် သူသည် ပုန်းကာသွားဖို့ ဆုံးဖြတ်ခဲ့သည်။

မကြာခင်မှာပင် သစ်တုံးစိုတစ်ခုပေါ်၌ ဆယ်စင်တီမီတာကျော် အရွယ်အစားရှိသည့် အရွယ်ရောက် အနက်ရောင်ပြောက် ကျားဖားကြီး တစ်ကောင်ကို သူတွေ့လိုက်ရသည်။

“ဒီဖားက ဘယ်လိုအရသာများ ရှိပါလိမ့်”

ဖားငယ်များစွာကို သူ စားဖူးသော်လည်း အနက်ရောင်ပြောက် ကျားဖားကြီးကို မစားဖူးသေးပေ။

ဤဖားမျိုးသည် သတိလည်းကြီးသလို ခုန်နှုန်းလည်း အလွန်မြန်၍ ဖမ်းမိရန် လွယ်ကူသည့် သားကောင်တော့ မဟုတ်ချေ။

အနက်ရောင်ပြောက် ကျားဖားကြီးသည် ပုန်းအောင်းနေသော ဖန့်ရန်ကို မတွေ့ပါချေ။

ရလဒ်အနေဖြင့် ၎င်းသည် သစ်တုံးပေါ်မှ ခုန်ချလိုက်စဥ် ၎င်းခုန်ချလိုက်သော နေရာသည် ဖန့်ရန် ပုန်းအောင်းနေသည့် နေရာဖြစ်နေခဲ့သည်။

ဖန်ရန်သည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ အနက်ရောင်ပြောက်ကျားကြီးကို လျင်မြန်စွာကိုက်ကာ အဆိပ်ထိုးသွင်းလိုက်ပြီး ၎င်းသေသွားချိန်ထိ စောင့်ပြီး မျိုချလိုက်တော့သည်။

.....

All Chapters