← Chapters

မတော်တဆမှု

Vol. 1 Ch. 8

မတော်တဆမှု

Vol. 1 Ch. 8

"ညောင်း!!"

တောကြောင်သည် ခုန်၍ ဖန့်ရန်ကို ချွန်ထက်သော ၎င်း၏ လက်သည်းတစ်စုံနဲ့ ကုတ်လာသည်။

"ငါ့ကို နိုင်မယ် မထင်နဲ့!..."

ဖန့်ရန်သည် စိတ်ထဲမှ ကြုံးဝါးလိုက်သော်လည်း တောကြောင်၏ တိုက်ခိုက်မှုကို ထိပ်တိုက် မတွေ့ရဲပေ။

သူသည် ထိုတောကြောင်နှင့် မယှဥ်နိုင်သောကြောင့် ၎င်း၏ အားနည်းချက်ဖြစ်သည့် မျက်လုံးကိုပင် တိုက်ခိုက်နိုင်ပေမည်။

ဖန့်ရန်သည် ချွန်ထက်သော သူ၏ အစွယ်တစ်စုံနှင့် တိုက်ခိုက်ဖို့ရန် အသင့်ဖြစ်နေသည်။

သူ့စိတ်ထဲတွင် တန်ပြန်အစီအမံများကို တွေးရင် ခေါင်းဆီသို့ ရောက်လာသော ၎င်း၏ လက်သည်းများကို ရှောင်ရန် ပြင်လိုက်သည်။

ရုတ်တရက်...

ဖန့်ရန်သည် သူ့ဆီသို့ ခုန်ဝင်လာသော တောကြောင်၏ တစ်ကိုယ်လုံးကို မြင်လိုက်ရသည်။

သူသည် တောကြောင်၏ နောက်ခြေထောက်များတွင် ကုတ်ခြစ်ခံထားရသည့် နက်ရှိူင်းသော ဒဏ်ရာ တစ်ခုရှိနေတာကို မြင်လိုက်ရ၏။

ချက်ချင်းပင် လင်းယုန်ငှက်၏ ပုံရိပ်က ဖန့်ရန် အတွေးထဲဝယ် ပေါ်လာခဲ့သည်။

"ဟားဟား၊ ဒါက ကောင်းကင်က ကူညီနေတာပဲ "

ဖန့်ရန် စိတ်ထဲ ပျော်ရွင်သွား၏။

'ဒီကောင် အားနည်းနေပုံပေါ်တာ မဆန်းပါဘူး ဒဏ်ရာရနေတာကို'

"ညောင်း!"

တောကြောင်သည် လေထဲရှိနေချိန် ၎င်း၏ လက်သည်းများကို ဖန့်ရန် ဆီသို့ ချိန်ရွယ်ထား၏။

ဘန်း!..

၎င်းသည် တောကြောင်၏ ဒဏ်ရာကို မြင်၍ သတိလက်လွတ် အတွေးများနေသော ဖန့်ရန်၏ ဦးခေါင်းကို ထိမှန်ကာ ပေအနည်းငယ်သို့ လွင့်စင်သွားစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လက်သည်းနှင့် တိုက်ရိုက် မထိသွားဘဲ လက်ဖဝါးနှင့် ထိမိသွားခဲ့ခြင်း ဖြစ်သည်။

နာကျင်ကြောင့် သတိဝင်လာသော ဖန့်ရန်သည် တုန်လှုပ်သွား၏။

"ချီး၊ ကံကောင်းလို့ပဲ.. ငါသေတော့မလို့"

ဖန့်ရန်သည် ချက်ချင်းပင် အတွေးများစွာကို ဖယ်ထုတ်ကာ အနည်းငယ်မျှ တုံဆိုင်းမနေဘဲ သူ့ ကိုယ်ကို ကျုံ့ကာ အရှိန်ယူ၍ မြှားကဲ့သို့ တောကြောင်ဆီသို့ ခုန်ပျံသွားလိုက်သည်။

တစ်ချိန်ထဲမှာပင် ပါးစပ်ကိုဟ၍ အစွယ်များမှတဆင့် ပြင်းထန်သော အဆိပ်ကို တောကြောင်၏ မျက်လုံးများဆီသို့ တိုက်ရိုက်ပက် ဖြန်းလိုက်သည်။

ရှီး!.

ဖြန်း..

"ညောင်း!."

တောကြောင်သည် ဖန့်ရန်၏ အဆိပ်ပတ်ဖြန်းမှုကို ရှောင်ဖို့ကြိုးစားရင်း ခုန်လိုက်သည်။

ထိုအချိန် ရုတ်တရက် တောကြောင်၏ ဒဏ်ရာ ရနေသော ခြေထောက်မှာ တုန်ခါသွားခဲ့၏ ၎င်းကြောင့် တောကြောင်သည် မခုန်နိုင်တော့ပေ။

ထိုကြောင့် အဆိပ်သည် ၎င်း၏ ဘယ်ဘက်မျက်လုံးထဲသို့ တိုက်ရိုက် ပက်ဖြန်းခံရလိုက်သည်။

"ညောင်!....."

တောကြောင်သည် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ မတိုက်ခိုက်ရဲတော့ဘဲ အဝေးကို လျှင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

ဖန့်ရန်သည် တောကြောင်ခြေထောက်မှ သွေးစက်များကို သတိပြုမိသည်။

ထိုတောကြောင်ရိုင်း၏ နောက်ခြေထောက်မှ ဒဏ်ရာသည် ပွင့်ထွက်သွားကာ သွေးများယိုစီးကျနေပုံပင်။

“ဒီတောကြောင်ရဲ့ ဘယ်ဘက်မျက်လုံးက ငါ့အဆိပ်ကြောင့် ကန်းနေလောက်ပြီး သူ့ရဲ့နောက်ခြေထောက်ကလဲ... ဒဏ်ရာကြောင့် အနာဂတ်မှာ ရှင်သန်ဖို့ ခက်ခဲသွားလိမ့်မယ်...”

ထိုနောက် ဖန့်ရန်သည် ၎င်းအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်သည်။

ဤတောကြောင်၏ မျက်လုံးတွေကို ကန်းစေဖို့ အဆိပ်ကိုသာ သူ မသုံးခဲ့လျှင် ယခုချိန် သူက ထိုတောကြောင်၏ အစာဖြစ်နေနိုင်ပေသည်။

များမကြာမီ ဖန့်ရန်၏ စိတ်သည် တည်ငြိမ်သက်သွားခဲ့ကာ ပုံမှန်ပြန် ဖြစ်သွားခဲ့သည်။

ဤပြင်းထန်မှုသော လှုပ်ရှားမှုများက ကြွက်သားများကို နာကျင်စေခဲ့ပြီး ဦးနှောက်ကို ပြင်ထန်းစွာ အလုပ်လုပ်စေခဲ့ခြင်းကြောင့် သူ၏ ခေါင်းကိုက်နေခဲ့သည်။

"ခနလောက် အနားယူနိုင်မယ့် နေရာကို ရှာရမယ်"

ဖန့်ရန်သည် မဆိုင်းမတွဘဲ ချုံပုတ်တွေဆီသို့ အပြေးသွားကာ သူအနားယူနိုင်မည့် နေရာကို ရှာနေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်....

သစ်ပင်ကြီးတစ်ပင်အောက်..။ ဖန့်ရန်၏ မျက်လုံးများ တောက်ပနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိ ထူထဲသော သစ်ပင်အမြစ်များ၏ အောက်၌ တွင်းတစ်တွင်း ရှိနေသောကြောင့် ဖြစ်သည်။

"အင်း....ဒီတွင်း ပိုင်ရှင်က မြွေလား၊ ကြွက်လား..?"

ဖန့်ရန်သည် သူ၏ လျှာကို ထုတ်လိုက်ပြီး ဤတွင်း၏ ပိုင်ရှင်က မည်သူမှန်း စစ်ဆေးဖို့ ကြိုးစားလိုက်သည်။

ခဏအကြာတွင် သူ့မျက်လုံးများ တောက်ပလာခဲ့သည်။

ဤတွင်း၌ ထူးဆန်းသော အနံ့များရှိသော်လည်း ၎င်းသည် မြွေတော့ မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ ဤတွင်း၌ အနံ့တစ်ခု မကချေ။

ချက်ချင်းပင် ဖန့်ရန်သည် အတွင်းထဲသို့ ဝင်လိုက်သည်။ ဤတွင်းသည် ပုရွက်ဆိတ်သိုက်ထက် အများကြီးကျယ်၍ လမ်းကြောင်းမှာ တွန့်လိန်ကောက်ကွေးပေသည်။

နောက်ဆုံးတွင် ၎င်းတွင်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဖန့်ရန် ရောက်သွားခဲ့သည်။

"ကျွီ! .. ကျွီ! .. ကျွီ! ..ကျွီ! ..."

ဤနေရာတွင် အလင်းရောင်မရှိသော်လည်း သူ၏ အပူဓာတ်ပုံရိပ်အမြင်ဖြင့် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

လက်မအရွယ် ကြွက်ငယ်လေးကောင်သည် အော်ဟစ်နေကြ၏။

[ပစ်မှတ် - ကြွက်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၂ မှတ်ကို ရရှိနိုင်သည်]

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသော ဖန့်ရန်သည် ၎င်းကြွက်ငယ်လေးကောင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

အန္တရာယ်က နီးကပ်လာနေတာကို ခံစားမိသော ကြွက်ငယ်လေးကောင်သည် ကူကယ်ရာမဲ့စွာဖြင့် သနားစဖွယ် အော်ဟစ်နေကြသည်။

" ကျီ! ... ကျွီ! ...ကျွီ! ...ကျွီ! ...

ကျီ! ... ကျွီ! ...ကျွီ! ...ကျွီ! ... "

တခဏအတွင်း ဖန့်ရန်သည် ကြွက်ငယ် လေးကောင် အနီးသို့သွားပြီး သနားစဖွယ် အော်သံများကို လျစ်လျူရှုကာ တစ်ကောင်ပြီး တစ်ကောင် မျိုချလိုက်သည်။

ချက်ချင်းလိုပင် သူ့ဗိုက်ဖောင်းကားသွား၏။ ဤစိတ်ခံစားချက်က သူ့ကို သာယာ ကြည်နူးစေသည်။

"ငါအနားယူဖို့ နေရာရှာနေတုန်း စနစ်အမှတ် တွေ ရဖို့ အကြောင်းဖန်လာတာပဲ"

ဖန့်ရန်က ဝမ်းသာအားရ တွေးလိုက်သည်။

ယခင်က စနစ်အမှတ် (၇) မှတ် ရထားပြီး ဖြစ်၍ ယခုဆို ဆင့်ကဲဖြစ်စဥ် စတင်ရန် အတွက် စနစ်အမှတ် (၁) မှတ်သာ လိုတော့သည်။

"ဒီကြွက် လေးကောင်၊ အစာကြေတာနဲ့ ဆင့်ကဲဖြစ်စဥ် စတင်နိုင်လိမ့်မယ်!"

စိတ်အား ထက်သန်စွာဖြင့် ဖန့်ရန်သည် အစာချေ ပြီးစီးချိန်ကို စောင့်နေလိုက်သည်။

နှစ်နာရီမျှ အကြာတွင် စနစ်၏ အသိပေးချက်များ ဆက်တိုက်ထွက်ပေါ်လာသည်။

[စနစ်အမှတ် ၈ မှတ်ကို ရရှိသည်]

[လက်ခံသူတွင် လုံလောက်သော စနစ်အမှတ်များ ရှိသောကြောင့် ဆင့်ကဲဖြစ်စဥ် စတင်နိုင်ပြီ ဖြစ်သည်]

[ ဆင့်ကဲဖြစ်စဥ် စတင်လိုပါသလား ]

စနစ်၏ အသိပေးချက်က ဖန့်ရန်ကို ပြုံးမိသွားစေသည်။

"စတင်မယ်"

.....

All Chapters