← Chapters

ကြီးမားသော တိုးတက်မှု

Vol. 1 Ch. 9

ကြီးမားသော တိုးတက်မှု

Vol. 1 Ch. 9

တဖြည်းဖြည်း ပူနွေးလာခဲ့သည်။

သူ့အား အံ့အားသင့်စေသော အချက်မှာ... အလွန် ပူလောင်နေပြီး နာကျင်နေသည်ဟုခံစားရသော်လည်း ယခင်အကြိမ်တွေကလောက် မနာကျင်တော့ခြင်း ဖြစ်သည်

ဆယ်မိနစ်မျှကြာပြီးနောက်.. ပူလောင်မှုများ ပျောက်ကွယ်သွားခဲ့သည်။

ဖန့်ရန်သည် သူ့ကိုယ်သူ ပိုအားကောင်းလာပြီဟု ခံစားနေရသည်။

[ဒင်]

[ လက်ခံသူသည် ၃ ကြိမ်မြောက် ဆင့်ကဲဖြစ်စဥ်ကို အောင်မြင်ခဲ့သည့်အတွက် ကျွမ်းကျင်မှုရမှတ် ၃ မှတ်အား ဆုလာဘ်အဖြစ် ရရှိသည်]

[လက်ခံသူသည် ကျွမ်းကျင်မှုရမှတ်များအား၊ စွမ်းရည်များကို အဆင့်မြှင့်ခြင်း (သို့မဟုတ်) အသက်သွင်းခြင်း ပြုလုပ်နိုင်သည်]

၎င်းအသိပေးချက် နှစ်ခုကို မြင်လိုက်သည်နှင့် ဖန့်ရန်က ပြုံးလိုက်သည်။

"စွမ်းရည်တွေ ပြပေး"

ဖန့်ရန်က တိုးတိုးလေး ပြောပြီးနောက် အလင်းတန်းတစ်ခုနှင့်အတူ အပြာရောင် ဖန်သားပြင် တစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။

[ကျွမ်းကျင်မှုရမှတ်များကို အမြှင့်တင်ခြင်း (သို့မဟုတ်) အသက်သွင်းခြင်း ပြုလုပ်နိုင်သည်]

[အရောင်ပြောင်း ဖုံးကွယ်ခြင်း : ဤစွမ်းရည်သည် ပတ်ဝန်းကျင်နှင့် တစ်သားထဲ

ပြောင်းလဲနိုင်သည်...

အဆင့်မြှင့်တင်မူ တစ်ခုစီသည်

ကျွမ်းကျင်မူရမှတ် : ၃ မှတ်

လက်ရှိအဆင့် : ဝ/၅]

[ပြင်းထန်သော အဆိပ် : ဤစွမ်းရည်သည် အဆင့်အလိုက် ပိုမို ပြင်းထန်လာမည် ဖြစ်သည်...

အဆင့်မြှင့်တင်မှုတစ်ခုစီသည်

ကျွမ်းကျင်မှုရမှတ် : ၃ မှတ်

လက်ရှိအဆင့် : ၁/၅]

စွမ်းရည် အသစ်များ ပေါ်လာမည်ဟု သူထင်ခဲ့သော်လည်း ဤစွမ်းရည် နှစ်ခုသာ ရှိနေခဲ့သည်။

"ကြည့်ရတာ ဒီစွမ်းရည် နှစ်ခုက အခြေခံ ဖြစ်ရမယ်.. ငါ့အနေနဲ့ နောက်ထက် စွမ်းရည်တွေ တွေ့ရဖို့ဆို ဆင့်ကဲဖြစ်စဥ် အတော်များများ ဖြတ်သန်းရအုံးမယ် ထင်တယ်"

စွမ်းရည် အသစ်တွေကို မရနိုင်သော်လည်းဤကျွမ်းကျင်မှုရမှတ် (၃) မှတ်ကို ချန်ထားရန် သူ့တွင် စိတ်ကူးမရှိပေ။ ကျွမ်းကျင်မှုရမှတ်ဆိုတာ အသက်ရှင်ဖို့ရန် အသုံးပြုဖို့ ဖြစ်သည်။

ဖန့်ရန်သည် ပြင်းထန်သော အဆိပ်၊ စွမ်းရည်ကို အဆင့်မြှင့်တင်ဖို့ရန် မတွန့်ဆုတ်ခဲ့ပေ။

"စနစ်၊ ပြင်းထန်သော အဆိပ်ကို အဆင့်မြှင့်မယ်"

[လုပ်ဆောင်နေပါသည်]

[ပြင်းထန်သော အဆိပ်၊ စွမ်းရည်ကို အဆင့်မြှင့်တင် ပြီးပါပြီ]

[လက်ရှိအဆင့် : ၂/၅]

စနစ်၏ အသိပေးချက် ပေါ်လာပြီးနောက်...

သူ၏ အစွယ်နှင့် အဆိပ်ဂလင်းအိပ်က ပြောင်းလဲသွားသလို ခံစားမှုမျိုးကို ဖန့်ရန် ခံစားနေရသည်။

အဆိပ်ဂလင်းအိပ်က အနည်းငယ် ပိုကြီးလာ၏။ ယခင်က သူသုံးခဲ့သော အဆိပ်တွေလည်း ပြန်ပြည့်သွားသလို အစွယ်များသည်လည်း ပိုရှည်လာ၍ ခိုင်ခန့်လာသည်။

"ငါ့ရဲ့ လက်ရှိ အဆိပ်သင့်မှုက တခြား အဆိပ်ရှိတဲ့ မြွေတွေနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ မသိဘူး " ဖန့်ရန်က တွေးလိုက်သည်။

ဤကမ္ဘာသည် ကမ္ဘာနှင့်တူသော ဂြိုဟ်တစ်မျိုးဖြစ်၍ အပြိုင်စကြာဝဠာ ဖြစ်နိုင်ပေသည်။ ထိုကြောင့် မျိုးစိတ်များသည်လည်း သူ၏ ယခင်ကမ္ဘာပေါ်ရှိ မျိုးစိတ်များနှင့် အကြမ်းဖျင်း တူနေနိုင်လေသည်။

သူ၏ ယခင်ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးမြွေမှာ ဩစတြေးလျမှ ကုန်းတွင်းထိုင်ပန်ဖြစ်ပြီး ၎င်းနောက်တွင်မှု အနက်ရောင် mambas မြွေ ဖြစ်ကာ အခြားသော အဆိပ်ပြင်းမြွေများက ၎င်းတို့နောက်မှ လိုက်သည်။

ထို့အပြင် အချို့သောပင်လယ်မြွေများ၏ မျိုးစိတ်ခွဲများသည် ၎င်းတို့၏ ကုန်းနေဖက်များထက်ပင် အဆိပ်ပြင်းပေသည်။

ဥပမာအားဖြင့် ပင်လယ်မြွေ ဖြစ်သော မြွေကြိုးဝိုင်သည် အဆိပ်အပြင်းဆုံး ပင်လယ်မြွေဖြစ်ယုံသာမက ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးမြွေဖြစ်၏။ ၎င်းသည် ကုန်းတွင်းထိုင်ပန် အပါအဝင် အခြားသော မြွေများထက် အဆပေါင်း '၁၀၀' ပို၍ အဆိပ်ပြင်းပေသည်။

သူ၏ ခန့်မှန်းချက်အရ "ပြင်းထန်သော အဆိပ်" ကိုသာ ပြည့်စုံအောင် အဆင့်မြှင့်ပြီးခဲ့လျှင် သူ၏ အဆိပ်ပြင်းထန်မှုသည် ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံးမြွေနှင့်ပင် အဆင့်တူနိုင်သည်ဟု ခန့်မှန်းထားသည်။

သို့သော် ၎င်းသည် ပို၍ပင် အဆိပ်အား မြင့်မားနိုင်ပေသည်။

မှန်ပေသည်။ ၎င်းသည် ခန့်မှန်းချက်သာ ဖြစ်၏။ ပြင်းထန်သော အဆိပ်သာ အမြင့်ဆုံး အခြေအနေ ရောက်သွားခဲ့လျှင် ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ သူလည်း မသိချေ။

ဖန့်ရန်သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကာ ပျံ့လွင့်နေသော သူ့ အတွေးများကို ဖယ်ထုတ်လိုက်သည်။

"စနစ် ကိုယ်ရေး အကျဥ်ပြပေး "

သူ့စိတ်ထဲတွင် အလင်းတန်းတစ်ခုနှင့် အတူ အပြာရောင် ဖန်သားပြင် ပေါ်လာသည်။

[လက်ခံသူ : ဖန့်ရန်

အဆင့် : ၄

စနစ်အမှတ် : ၇/၉ဝ

ကျွမ်းကျင်မှုရမှတ် : ဝ

ကိုယ်ထည်အရှည် : ၆ဝ စင်တီမီတာ

အချင်း : ၂ စင်တီမီတာ

ခွန်အား : ၁.ဝ

ခုခံနိုင်စွမ်း : ဝ.၅

အမြန်နှုန်း : ၁.၂

တက်ကြွမှု : ၁.၅

စိတ်ဝိညာဥ် : ၂.၅

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၂.ဝ

စွမ်းရည် : ပြင်းထန်သော အဆိပ် (၂/၅)

ဂုဏ်သတင်းရမှတ် : ဝ/၁ဝ,ဝဝဝ,ဝဝဝ]

ယခုတစ်ကြိမ် ဆင့်ကဲဖြစ်စဥ်သည် သူ့အား အလျား (၃၅) စင်တီမီတာမှ (၆ဝ) စင်တီမီတာအထိ ရှည်လျား သွားစေကာ.. အချင်းကိုမှု (၁.၂) စင်တီမီတာမှ (၂) စင်တီမီတာအထိ ကြီးထွားသွားစေ၏။

ဖန့်ရန်သည် ဝမ်းသာအားရနှင့် စစ်ဆေးနေစဥ် နောက်တစ်ခါ ဆင့်ကဲဖြစ်စဥ် စတင်ရန် လိုအပ်သည့် စနစ်အမှတ်များကို မြင်လိုက်ချိန်တွင် ကျိန်ဆဲမိမလို ဖြစ်သွားခဲ့၏။

"ဘာ...စနစ်အမှတ် ကိုးဆယ်လိုတယ်"

ဖန့်ရန် ဆွံ့အသွားသည်။

ယခင်က ဆင့်ကဲဖြစ်စဥ် စတင်ရန် စနစ်အမှတ် (၃၀) သာ လိုအပ်သော်လည်း နောက်တစ်ခါ ဆင့်ကဲဖြစ်စဥ် စတင်ရန် အတွက် ယခုတော့ စနစ်အမှတ် (၉၀) လိုအပ်နေသည်။

သို့ပေမယ့် ဤအခြေအနေကို ဖန့်ရန်က လျှင်မြန်စွာ လက်ခံလိုက်ရ၏။

"ဂုဏ်သတငတေရမှတ်တွေ ဘယ်တော့များမှ ရနိုင်မှာပါလိမ့်"

သူသည် ဤတောမှ ထွက်ခွာ၍ လူနေများသည့် မြို့တစ်ခုခုသို့ သွားချင်နေသော်လည်း

မသေချင်သေးပေ။

လူတချို့မြွေကို ကြောက်နိုင်သော်လည်း၊ အချို့က မစားဘူဟု မဆိုလိုပေ။

သူ သက်ပြင်းချလိုက်မိသည်။

ကြည်ရသည်မှာ ဤတာဝန်ကို အချိန်တို အတွင်း ပြီးမြောက်ရန် ဖြစ်နိုင်ပုံမပေါ်ပေ။

ဖန့်ရန်သည် ခေါင်းကိုခါယမ်းရင်း တွင်းပေါက်ဝဆီသို့ သွား၍ ထွက်ခွာရန် ပြင်လိုက်သည်။

ဆင့်ကဲဖြစ်စဥ် စတင်ပြီးနောက် သူဗိုက် အလွန်ဆာလောင်နေခဲ့သည်။ ထိုကြောင့် အပြင်ထွက်၍ သားကောင်အချို့ကို ဖမ်းယူရန် သူ အဆင်သင့်ဖြစ်နေသည်။

အချိန်သည် ညရောက်နေခဲ့ပြီ ဖြစ်၏။

ဖန့်ရန်သည် ဤအနီးနား ပတ်ဝန်းကျင်တွင် သူဖမ်းယူနိုင်သော သားကောင် ရှိ၊ မရှိ စစ်ဆေးရန် တွေးရင်၊ တွင်းပေါက်ဝသို့ ရောက်ရှိ လာသည်။

ထိုအချိန်တွင် သူ့အရှေ့၌ အရိပ်တစ်ခု ပိတ်ရပ်နေခဲ့သည်။

.....

All Chapters