တောမီး
Vol. 1 Ch. 10
ဖန့်ရန်သည် ထိုအနက်ရောင် အရိပ်ကို သေချာကြည့်လိုက်ရာ ၎င်းသည် (၁၂) စင်တီမီတာခန့် ရှိသည့် ကြွက်တစ်ကောင် ဖြစ်ကြောင်း သိလိုက်ရသည်။
[ပစ်မှတ် - မြေကြွက်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၅ မှတ်ကို ရရှိနိုင်သည်]
" ..ကျွီ.!.ကျွီ.!.ကျွီ.!."
၎င်းကြွက်သည် တစ်စုံတစ်ခုကို ရှာတွေ့လိုက်သလိုမျိုး သွေးရူးသွေးတန်း အော်ဟစ်သည်။ ၎င်း၏ မျက်လုံးတစ်စုံမှ ပြင်းထန်သော အမုန်းတရားများ ထွက်ပေါ်နေသည်။
ထိုကြွက်၏ မုန်းတီးသောအကြည့်ကြောင့် ဖန့်ရန်သည် ၎င်းက ကြွက်ငယ်လေးကောင်၏ မိခင်မှန်း သိလိုက်သည်။
၎င်းကြွက်မ၏ မုန်းတီးသော အကြည့်သည် ဖန့်ရန်ကို အပြစ်ရှိစိတ် မခံစားရစေပေ။
တောတွင်းတိုင်း၏ မပြောပြထားသော စည်းမျဥ်းမှာ အင်းအားကြီးသူက မုဆိုးဖြစ်၍ အားနည်းသူသည် သားကောင် ဟူ၍ပင်။
ဖန့်ရန်သည် အချိန်မဖြုန်းဘဲ ချက်ချင်း လှုပ်ရှားလိုက်သည်။
ဖန့်ရန်၏ လှုပ်ရှားလာမှုကို မြင်လိုက်ရသော ကြွက်မသည် တုန်လှုပ်သွားခဲ့၏။ သူမ၏ ပင်ကိုယ် ဗီဇမှ ထွက်ပြေးရန် နှိုးဆော်နေသည်။
သူမ၏ ကလေးများ အစားခံလိုက်ရ၍ ၎င်းကို မုန်းတီးသော်လည် အင်းအားကွာခြားချက်က ဤမြွေနှင့် သေသည်အထိ သူမကို မတိုက်ခိုက်စေရန် တားစီးထားပေသည်။
ကြွက်မနှင့် သူ့ကြား အကွာအဝေးသည် မီတာဝက်ခန့်သာ ရှိပေသည်။ ဖန့်ရန် အမှီးနှင့် အရှိန်ယူ၍ လေးညို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အဟုန်ဖြင့် ကြွက်မရှေ့ရောက်သွားကာ ၎င်း၏ လည်ပင်းကို ကိုက်ချလိုက်သည်။
" ကျွီ.!..ကျွီ.!..."
ကြွက်မ၏ နှလုံးသားထဲမှ မုန်းတီးမှုများ ပျောက်ကွယ်သွားကာ ကြောက်စိတ်တို့ ပေါ်လာခဲ့သည်။ သူမသည် လွတ်မြောက်ရန်အတွက် သူမ၏ နောက်ခြေထောက်များကို အသုံးပြုကာ အပြင်းအထန် ရုန်းကန်၍ ဖန့်ရန်၏ ကိုက်ခဲမှုမှ လွတ်ဖို့ ကြိုးစားနေသည်။
ကြွက်မ၏ ထိုကဲ့သို့ ရုန်းကန်မှုကြောင့် ဖန့်ရန်၏ သွားများ တဖြည်းဖြည်း ထုံကျင်လာသည်
သို့သော်ငြားလည်း ဖန့်ရန်သည် သူ၏ ကိုက်ခဲထားမှုကို မဖြေလျော့လိုက်ဘဲ သူ့ခန္ဓာကိုယ်နှင့် ကြွက်မကို ရစ်ပတ်နိုင်ရန် ကြိုးစားနေသည်။
သုံးမိနစ်နီးပါး ကြာသောအခါ ကြွက်မ ရုန်းကန်မှု လျော့ကျသွားသည်ကို အခွင့်ကောင်းယူ၍ ရစ်ပတ်လိုက်သည်။
" ကျွီ..!!! "
ကြွက်မသည် ပြင်းပြင်းထန်ထန် အော်ဟစ်ရင်း အသဲအသန် ရုန်းကန်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။
၎င်းရုန်းကန်မှုသည် ရစ်ပတ်ထားခြင်းကို ပို ၍ပင် တင်းကျပ်သွားစေခဲ့သည်။
"ကျွီ.!. ကျွီ.!. ကျွီ.! ?"
ကျယ်လောင်သော အသံသည် တဖြည်းဖြည်း တိုးကျလာကာ ကြွက်မ၏ အသံသည် များမကြာမီ ထွက်မလားတော့ပေ။
နောက်ဆုံးတွင် ကြွက်မ၏ နှလုံးခုန်သံသည် အားနည်းလာပြီး ရပ်တန့်သွားခဲ့သည်။
ဖန့်ရန်သည် သေသွားပြီ ဖြစ်သော ကြွက်မကို တင်းကျပ်စွာ ရစ်ပတ်ထားခြင်းမှ ဖြေလျှော့၍ ၎င်း၏ ခေါင်းမှစကာ မျိုချလိုက်သည်။
ဗိုက်ပြည့်သွားပြီ ဖြစ်သောကြောင့် ဖန့်ရန်သည် ထက်မံ အမဲမလိုက်တော့ဘဲ သူ၏ အသိုက်ဆီသို့ ပြန်လိုက်တော့သည်။
.....
ဆယ်မိနစ်လောက်ကြာတော့ သူ့အသိုက်ဆီသို့ ပြန်ရောက်သွားခဲ့၏။
ယနေ့အဖို့ အမဲလိုက်ခြင်းသည် အလွန်အကျိုးရှိပေသည်။
သူသာ နေ့တိုင်း ဒီလို အမဲလိုက်နိုင်မည်ဆိုလျှင် သူ့အဖို့ မြန်မြန် အတက်ရန် ဖြစ်နိုင်သည်။
ဂျိန်း!!
ထိုအချိန် ရုတ်တရက် အသိုက်အပြင်ဘက်မှ ကျယ်လောင်သော မိုးခြိမ်းသံ တစ်ခုထွက်ပေါ်လာခဲ့သည်။
"ဒါက မိုးခြိမ်းသံလား?"
ဖန့်ရန် အံ့သြသွားသည်။
ပထမအကြိမ် မိုးခြိမ်းသံ မြည်ပြီးနောက် ဆက်တိုက်ဆိုသလို မိုးခြိမ်းသံများ မကြာခဏ ထွက်ပေါ်လာလေသည်။
ဖန့်ရန်သည် အပြင်ဘက်မှ ဆူညံစွာ အော်မည်နေသည့် ငှက်များစွာ၏ အသံကို ရံဖန်ရံခါ ကြားနေရ၏။
သူသည် မိုးချုန်းသံများကို ဂရုမစိုက်ဘဲ ခန္ဓာကိုယ်ကို ခွေကာ အိပ်စက်လိုက်တော့သည်။
သူ၏ အသိုက်သည် မြေပြင်မှ အတော်လေးမြင့်သော နေရာတွင် တည်ရှိခြင်းကြောင့် မိုးသည်း၍ ရေတက်လာမည်ကိုပင် ကြောက်နေစရာမလိုချေ။
...
မည်မျှ ကြာအောင် အိပ်ပျော်သွားသည်ကိုပင် မသိ ဖန့်ရန် ရုတ်တရက် နိုးလာခဲ့၏။
နေရာတစ်ခုလုံး မီးခိုးများဖြင့် ပြည့်နေသည်။ ရုတ်တရက် နိုးလာရခြင်းကြောင့် ဖန့်ရန်၏ အတွေးများက အနည်းငယ် ရှုပ်ထွေးနေခဲ့၏။
သူသည် ကျောက်တုံးအောက်က ခေါင်းပြူ၍ ကြည့်လိုက်လေသည်။
မီးတောက် မီးလျှံများသည် သစ်ပင်များထက် စွဲကပ်၊ လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။
တောမီး !
ဖန့်ရန်၏ ခေါင်းထဲတွင် အတွေးတစ်ခုက ချက်ချင်း ပေါ်လာသည်။
တောမီးသည် သူနှင့် မီတာငါးရာသာ ဝေးကွာတော့၏။ ဤနေရာသို့ ရောက်လာဖို့ရန် အချိန်သိပ်မလိုတော့ပေ။
သူသည် အသိုက်ထဲတွင်နေမည်ဆိုပါက မီးလောင်ကျွမ်းမှုကို လွတ်မြောက်နိုင်သော်လည်း မီးခိုးတွေကြောင့် သေဆုံးနိုင်ဆဲဖြစ်သည်။
ချက်ချင်းပင် ဖန့်ရန်သည် အသိုက်ထဲမှထွက်၍ အမြန်ဆုံးထွက်ပြေးလိုက်၏။
သူ့စိတ်ထဲ ဝမ်းနည်းနေမိသည်။
ဤမီးလောင်ကျွမ်းမှုကြောင့် နေရာတော်တော်များများ ပျက်စီးသွားမှာ သေချာပေသည်။
ဤနေရာတွင် အကြာကြီးနေခဲ့သည့် သူ့အဖို့ ထွက်ခွာရန် ဆန္ဒမရှိသည်မှာ အသေချာပင်။
ယင်းအသိုက်သည် ဤကမ္ဘာပေါ်တွင် သူ၏ ပထမဆုံးအိမ် ဖြစ်ခဲ့၏။ သူ သံယောဇဥ် ရှိသည်မှာ သဘာဝပင်။
...
ဖန့်ရန်သည် အပြေးသွားနေချိန်၌ သူ့ကဲ့သို့ ပြေးလွှားနေရသော တိရိစ္ဆာန်များစွာကို တွေ့မြင်နေရသည်။
ယင်းတို့ထဲတွင် သူနှင့် ယခင်တိုက်ခိုက်ခဲ့သည့် တောကြောင်လည်း ပါဝင်ပေသည်။
ဤအချိန်တွင် တောကြောင်သည် ဒဏ်ရာရနေသော ၎င်း၏ ခြေထောက်ကို မြောက်ကာ အစွမ်းကုန် ပြေးနေခဲ့၏။
သို့သော် တောကြောင်သည် ၎င်း၏ ဒဏ်ရာရနေသော ခြေထောက်ကြောင့် အခြားသော တိရိစ္ဆာန်များကို မှီရန်နိုင်ရန်ပင် မနည်း ရုန်းကန်နေရ၏။
ဖန့်ရန်၏ အဆိပ်ကြောင့် ၎င်းတောကြောင်၏ ဘယ်ဘက် မျက်လုံးသည် မှုန်မှိုင်းနေလေပြီ ၎င်း၏ ထိုမျက်လုံးမှာ ကန်းသွားခဲ့ပြီ ဖြစ်၏။
တိရိစ္ဆာန်များစွာ၏ အရူးအမူးထွက်ပြေးခြင်းထက် များစွာ နှေးကွေးနေသော တောကြောင် အပါအဝင် တိရိစ္ဆာန်အချို့လည်း မီးလျှံများ၏ လိုက်မှီသွားခြင်းကို ခံလိုက်ရပြီး ၎င်း၏ ဝါးမျိုသွားခြင်းကို ခံလိုက်ရပေသည်။
.....