← Chapters

အခေါင်း

Vol. 1 Ch. 11

အခေါင်း

Vol. 1 Ch. 11

ထွက်ပြေးနေသည့် တောရိုင်းတိရစ္ဆာန်များတွင် ဖြူကောင်၊မျောက်နှင့် သူတစ်ခါမှမမြင်ဘူးသည့် တိရစ္ဆာန်အချို့ပင် ပါဝင်၏။

မျောက်များကို မြင်ရခြင်းက ဖန့်ရန်ကို တုန်လှုပ်စေလေသည်။

မျောက်များသည် မြွေများ၏ သဘာဝရန်သူများထဲတွင် ပါဝင်သည်။ ၎င်းတို့၏ အလွန်သွက်လက်ပြီး လိုက်လျောညီထွေရှိမှုက မြွေများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းကိုရစေသည်။

မျောက်များသည် ဤအချိန်တွင် ထွက်ပြေးရန် အလုပ်များနေ၍ ဖန့်ရန်သည် ၎င်းတို့၏ စိတ်ဝင်စားမှုကို မခံရ၍ အသက်မခံရခြင်း ဖြစ်သည်။

"မိုးမရွာသေးဘူးလာ!"

မှောင်မဲနေသော ကောင်းကင်မှ

တစ်ချက်တစ်ချက် မိုးချုန်းသံများ ထွက်ပေါ်နေ၏။ လေပြင်းများက တိုက်ခတ်လျက် သစ်ပင်များမှာ လှုပ်ရမ်နေခဲ့သည်။

ပြင်းထန်လှသော လေပြင်းက တောက်လောင်နေသော တောမီး၏ လောင်ကျွမ်းမှု အရှိန်အဟုန်းကို ပို၍ မြင့်လာစေခဲ့သည်။

ဖန့်ရန် မရက်မနားပြေးနေခဲ့သည်!။

သူ၏ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို အလွန်အမင်း နာကျင်နေ၏။

...

ဖျောက်!.ဖျောက်!.ဖျောက်!...

ဝေါ!..ဝေါ!..ဝေါ!.

မိုးစက်သံများ၏ ကျဆင်းလာသော အသဲသည် ဖန့်ရန်အတွက်တော့ ချိုမြိန်သော ဂီတသံ တစ်ခုပင်။

"ငါ...ငါ..အနားယူလို့ရပြီး.."

ဖန့်ရန် သူ၏ စိတ်ကို လျှော့ချလိုက်သည်။

ဤတောမီးသည် သူ့အတွက် သေစေနိုင်လောက်သည့် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပေသည်။

ယခင်က အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးနေကြသော တိရစ္ဆာန်များသည် ယခုဆို နေရာအနှံ့အပြားသို့ ပြန့်ကြဲ ထွက်သွားခဲ့ပြီ ဖြစ်၏။

အသားစား တိရိစ္ဆာန်များသည်တော့ အမဲလိုက်ရန် အလျှင်မလိုဘဲ ပတ်ဝန်ကျင်းအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ကြရပေသည်။

ဖန့်ရန်သည် မျောက်တွေနှင့် အခြားတိရစ္ဆာန်များ ထွက်သွားတာကို ကြည့်ရင်း မြေပြင်၌ ခေတ္တမျှ အနားယူလိုက်သည်။

မိနစ်အနည်းငယ် အကြာ၌..

ဖန့်ရန်သည် သူ့ခွန်အား အနည်းငယ် ပြန်ပြည့်သွားသလို ခံစားလိုက်ရသည်။

[စနစ်အမှတ် ၁၅ မှတ်ကို ရရှိသည်]

ဖန့်ရန်၏ စိတ်ထဲ၌ စနစ်၏ အချက်ပေးသံက ထွက်ပေါ်လာသည်။

၎င်းသည် ယခင်က သူမျိုချခဲ့သော ကြွက်မကို ချေဖျက်ခြင်းဖြင့် ရရှိသော စနစ်မှတ် ဖြစ်သည်။

သူ့စိတ်ထဲတွင်...

'စနစ်၊ ကိုယ်ရေးအကျဥ်ပြပါ'

အလင်းတန်တစ်ခုနှင့် အတူ အပြာရောင် ဖန်သားပြင် တစ်ခုက ပေါ်လာသည်။

[လက်ခံသူ : ဖန်ရန်

အဆင့် : ၄

စနစ်အမှတ် : ၂၂ / ၉၀

ကျွမ်းကျင်မှုရမှတ် : ၀

ကိုယ်ထည်အရှည် : ၆၀ စင်တီမီတာ

အချင်း : ၂ စင်တီမီတာ

ခွန်အား : ၁.၀

ခုခံနိုင်မှု : ၀.၅

အမြန်နှုန်း : ၁.၂

တက်ကြွမှု : ၁.၅

စိတ်ဝိညာဥ် : ၂.၅

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၂.၁

စွမ်းရည် : ပြင်းထန်သော အဆိပ် (၂/၅)

ဂုဏ်သတင်းရမှတ် : ဝ/ ၁ဝ,ဝဝဝ,ဝဝဝ]

"စနစ်အမှတ်က ၂၂ မှတ် တောင်ရှိနေပြီ။.. သေချာ ပြန်တွေးကြည့်ရင် စနစ်အမှတ် ၉၀ ရဖို့ဆိုတာ သိပ်ခက်ခဲပုံမပေါ်ပါဘူး"

ဖန့်ရန်က တီတိုးရေရွတ်ရင် အခြားဖော်ပြချက် များကို ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ..?"

ရုပ်ပိုင်ဆိုင်ရာ ခွန်အား ဖော်ပြချက်က (၂) ဖြစ်သည်ကို သူ သေချာမှတ်မိနေသည်။

သို့သော် ယခု (၂.၁) ဖြစ်နေသည်။

ထိုကြောင့် ဖော်ပြချက် ကော်လံရှိ 'ရုပ်ပိုင်ဆိုင်ရာ ခွန်အား' သည် ကျိန်းသေပေါက်ပြောင်းလဲသွားပေသည်။

အကြောင်းရင်းက ဘာလဲ..?

ဖန့်ရန်သည် အကြောင်းပြချက်ကို စဉ်းစားရင် သူ့စိတ်ထဲ မေးခွန်းတစ်ခု ပေါ်လာသည်။

'တစ်နာရီလောက် အရှိန်အဟုန် အပြည့်နဲ့ မရက်မနား ပြေးခဲ့လို့ ... ရုပ်ပိုင်ဆိုင်ရာ ခွန်အား ဖော်ပြချက်က တန်ဖိုးတွေများ တိုးလာတာလာ!'

ထိုအကြောင်း တွေးလေလေ ဖန့်ရန်အဖို့ ပိုသေချာလာသည်။ လူသားများသည် လေ့ကျင့်ခြင်းဖြင့် ၎င်းတို့၏ ရုပ်ပိုင်ဆိုင်ရာ ခွန်အားကို တိုးမြှင့်နိုင်ပေသည်။

ထိုကြောင့် တိရစ္ဆာန်များသည်လည်း သဘာဝအတိုင်း လုပ်နိုင်ရပေမည်။

ဤနည်းကိုတွေးမိလိုက်သော ဖန့်ရန်သည် စိတ်လှုပ်ရှားမူ မဖြစ်အောင် မထိန်းချုပ်နိုင်ချေ။

'ဒါကို အရင်က ငါဘာလို့ မတွေးမိခဲ့တာလဲ..'

သူသည် လေ့ကျင့်ရေး အစီအစဉ်တစ်ခု ရေးဆွဲ၍ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဝေါ.!. ဝေါ.!. ဝေါ.!

ဖျောက်.!. ဖျောက်.!. ဂျွတ်.!! ဂျွတ်.!!

ဝုန်း!

ဝေါ.! ဝေါ.! ဝေါ.!

လေပြင်း၏ တိုက်ခတ်ခြင်း၊ သစ်ကိုင်ကျိုးကျသံများနှင့် အတူ ပေါ်ထွက်လာသော လေတိုက်ခတ်သံများသည်.. ဖန့်ရန်၏ အတွေးများ ပြတ်တောက် သွားစေခဲ့သည်။

'ဒီမိုးက အတော်ကြီးတယ် မိုးခိုဖို့ နေရာရှာရမယ်'

သူသည် မိုးရွာထဲတွင် ပုန်းခိုရန် နေရာတစ်ခုကို ရှာဖွေနေခဲ့၏။

...

ရုတ်တရက် ဖန့်ရန်သည် သစ်ပင်ကြီးတစ်ပင်၏ အရိပ်ကို လျှက်စီးလက်သည့် အခိုက် မြင်လိုက်ရ၍ ထိုနေရာသို့ တွန့်လိန် သွားလိုက်သည်။

များမကြာမီ ဖန့်ရန်သည် ၎င်းသစ်ပင်ပင်စည်းပေါ်သို့ တက်ရင်း အနားယူ၍ အိပ်စက်ရန် သင့်တော်သော အကိုင်းအခက်ကို ရှာဖွေလိုက်သည်။

ပင်စည်း၏ အလယ်နေရာသို့ သူရောက်သွားသောအခါ ရုတ်တရက် အခေါင်းပေါက်ကို တစ်ခုကိုတွေ့လိုက်၏။

"ဒါ..."

ဖန့်ရန်သည် ထိုအခေါင်းပေါက်ကို လေ့လာရင်း အတွင်းပိုင်းကို အနံခံကြည့်လိုက်သည်။

ထူးခြားသည့် အနံ့တစ်မျိုးကို ရလိုက်သော်လည်း ထိုအနံကို သူမခွဲခြားတက်ပေ။

'ဒီအခေါင်းပေါက်မှာ ပိုင်ရှင်ရှိပုံရတယ် ဘာပဲဖြစ်ဖြစ် ဒီညတော့ ဒီမှာနေရမယ်'

ဖန့်ရန်သည် အတွင်းထဲသို့ ဖြည်းညှင်းစွာ ဝင်သွားသည်။

ဘုတ်!.

ရုတ်တရက် ဖန့်ရန် အတွင်းထဲသို့ ထိုးကျသွား၏။

အောက်ရောက်ချိန်တွင် သူ၏ အောက်၌ အမွှေးအမျှင်များ ရှိနေခြင်းကို ခံစားလိုက်ရသည်။

ဖန့်ရန် ရင်ထိတ်သွားခဲ့သည်။

သူရင်ထိတ်နေစဥ်မှာပင် အရိပ်တစ်ခုက သူ့အား ဘေးသို့ တွန်းဖယ်ကာ အပြင်ဘက်သို့ လျင်မြန်စွာ ခုန်ပျံ၍ ထွက်ပြေးသွားလေသည်။

.....

All Chapters