← Chapters

စမတ်ရှဉ့်

Vol. 1 Ch. 12

စမတ်ရှဉ့်

Vol. 1 Ch. 12

အရိပ်တစ်ခု ပြေးထွက်သွားတာကို မြင်လိုက်ရသော ဖန့်ရန်သည် စိတ်ဝင်စားမိသွား၏။

သို့ပေမယ့် ၎င်းသည် ကြွက်အမျိုးအစား တိရစ္ဆာန်ငယ်လေး ဖြစ်နိုင်ခြင်းကြောင့် ပင်ပန်းနွမ်နယ်နေသော ဖန့်ရန်သည် ထိုအကြောင်းအား မတွေးတော့ဘဲ အိပ်လိုက်တော့သည်။

...

နောက်တစ်နေ့ နံနက်...

ကျယ်လောင်သော အသံတစ်ခု ဖန့်ရန်၏ နားထဲဝင်လာခဲ့သည်။

"ဟစ်အော်.! ဟစ်အော်.! "

ဖန့်ရန်သည် အိပ်ချင်မူးတူးဖြင့် အပြင်ဘက်ကို ခေါင်းပြူးကြည့်လိုက်ရာ ရှဥ့်လေးတစ်ကောင်သည် ၎င်း၏ လက်များကို ဝှေ့ယမ်း၍ တစ်ကိုင်းတစ်ခုထက်မှ အော်နေတာကို မြင်လိုက်ရ၏။

အော်နေသော ရှဥ့်လေးကို မြင်လိုက်သည်နှင့် ဖန့်ရန်၏ နားထဲဝယ် စနစ်၏ အချက်ပေးသံကို ကြားလိုက်သည်။

[ပစ်မှတ် - စမတ်ရှဥ့်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၂၀ မှတ်ကို ရရှိနိုင်သည်]

ရှဥ့်များသည် အလွန်လျင်မြန်ပြီး ဖမ်းဖို့ရန် အတော်ဒုက္ခများပေသည်။

"တစ်ခါတစ်လေတော့ မြွေကောင်းလေး တစ်ခါလောက် လုပ်ကြည့်ရအောင်"

ဖန့်ရန်သည် အနည်းငယ် စဉ်းစားရင် တီးတိုးရေရွတ်ကာ ထ်ုရှဥ့်လေးကို အကြိမ်အနည်းငယ် စိုက်ကြည့်၍ အတွင်းထဲ ပြန်ဝင်လိုက်သည်။

သစ်ပင်အတွင်းမှာတော့... ဖန့်ရန်သည် မြင်နေရသော အရာများကြောင့် အံ့အားသင့်မှုကို မထိန်းချုပ်နိုင်ဖြစ်နေသည်။

နေရာအနှံ့ ပြန့်ကျဲနေသည့် များစွာသော တိရစ္ဆာန်အမွှေးများ ရှိနေသည်။

"ဒါက ထူးဆန်းတဲ့ ရှဥ့် တစ်ကောင်ပဲ"

သူသည် တအံ့တသြ သက်ပြင်းချရင်း...

"ညတုန်းက အိပ်နေတုန်း နွေးသလို ခံစားရတာ မဆန်းပါဘူး"

အတွင်း၏ အခြားတစ်ဖက်တွင် ထင်းရှူးသီးပုံးနှင့် သစ်အယ်သီးစေ့များ ရှိနေသည်။

...

ဖန့်ရန်သည် သစ်ပင်အခေါင်းထဲမှ ထွက်၍ ပတ်ဝန်ကျင်း အခြေအနေကို စုံစမ်းရန် အပြင်ထွက်လိုက်သည်။

ဖန့်ရန်ကို မြင်လိုက်ရသည်နှင့် ရှဥ့်လေးသည် ချက်ခြင်းပင် ပြေးသွားပြီး မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ဖန့်ရန်သည် မည်သည့် အနှောက်အယှက်မှ မဖြစ်ဘဲ သစ်ပင် ထိတ်ဖျားသို့ တက်ကာ ပတ်ဝန်ကျင်း အခြေအနေနှင့် မြေအနေအထားကို သေချာ ကြည့်လိုက်သည်။

ယခုအချိန်တွင် သူရှိနေသော သစ်ပင်ကြီးသည်။ ထင်းရှူးပင်ကြီး တစ်ပင်ဖြစ်၏။ ၎င်းသည် အချင်းနှစ်မီတာခန့်ရှိ၍ အမြင့်မှာ ဆယ်မီတာကျော် ရှိပေသည်။

ထင်ရှူးပင်ကြီး၏ စိမ်းစို၍ များပြားလှသော အရွက်များသည် အနီးဝန်ကျင်းကို အုပ်မိုးထားလေသည်။

တောအုပ် တစ်ခုလုံးသည် စိမ်းလန်းစိုပြေသော သစ်ပင်များဖြင့် ပြည့်လုမတက် ဖုံးလွှမ်းနေ၏။ အပင် အများစုမှာ ယူကလစ်နှင့် ထင်းရှူး ဖြစ်သည်။

သူရှိနေသော ထင်းရှူးပင်နှင့် မီတာတစ်ရာ အကွာ၌ ပေအနည်းငယ် ကျယ်သော မြက်ခင်းပြင် တစ်ခုရှိပေသည်။

၎င်း၏ အခြားတစ်ဖက်တွင်မှု မီးခိုးရောင်ကျောက်တုံးများဖြင့် မတ်စောက်သော ချောက်ကမ်းပါး တစ်ခုရှိနေသည်။

"ဟစ်အော်!.. ဟစ်အော်!.."

ရုတ်တရက် ကြားလိုက်ရသော အော်သံတစ်ခုကြောင့် ဖန့်ရန်က လှည့်ကြည့်လိုက်သည်။

သူ၏ အခြားဘက် သစ်ပင်တစ်ပင် အကိုင်းတစ်ခုပေါ်တွင် ရှဥ့်လေး တစ်ကောင်သည် ရပ်နေခဲ့၏။ ဖန့်ရန် လှည့်ကြည့်လာသည်နှင့် ၎င်းသည် မေးငေါ့၍ ဆက်အော်သည်။

ဖန့်ရန်သည် သူ့အား နှောက်ယှက်နေသော ရှဥ့်လေးကို ကြောက်လန့်စေရန် အတွက် သူ၏ ခေါင်းကို ဘယ်၊ ညာ ယိမ်းထိုးကာ တိုက်ခိုက်သည့်ဟန် ပြုလိုက်သည်။

"ဟစ်အော်!."

မေးငေါ့အော်နေသော ရှဥ့်လေးသည် ချက်ချင်းပင် ကြောက်လန့်သွားပြီ သစ်ကိုင်းထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဘုတ်!

ရှဥ့်လေးသည် မြေပြင်ထက်ကို ပြုတ်ကျခဲ့သော်လည်း မြေပြင်ပေါ်ရှိ ထူထဲမြက်ပင်များနှင့် ၎င်း၏ ပျော့ပျောင်းသော အမွှေးများကြောင့် ဒဏ်ရာ မရခဲ့ပေ။

ထိုနောက် ရှဥ့်လေးသည် ကြောက်လန့်တကြား ထရပ်ကာ ထွက်ပြေးသွားသည်။

ဤမြင်ကွင်းကို ကြည့်ရင်း သစ်ပင်ပေါ်ရှိ ဖန့်ရန်သည် အနည်းငယ် ပြုံးမိသွားခဲ့၏။

"အတော်တုံးတဲ့ ရှဥ့်လေးပါလား...."

တစ်ဖန် တိတ်ဆိတ်သွားပြီးနောက်...

ဖန့်ရန်သည် နေထိုင်ဖို့ နေရာ ပြဿနာကို စတင်စဉ်းစားခဲ့သည်။ မိုးက ရွာသွန်းနေသေး၏။ ဤသို့ဆိုလျှင် သူနေထိုင်ဖို့ နေရာကို ရှာနိုင်မည် မဟုတ်..။

အုံ့မှိုင်း၍ ရွာသွန်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်၏။ မိုးက စဲသွားဖို့ အလားအလာမရှိခြင်းကို သူ မြင်ရသည်။

သူလုပ်နိုင်သမျှမှာ သစ်ပင် အခေါင်းအတွင်းသို့ ပြန်သွားရန်သာ ဖြစ်သည်။

...

မိုးက ခုနစ်ရက်ပတ်လုံး ရွာသွန်းနေခဲ့၏။

ထိုခုနစ်ရက်လုံး သူသည် အမဲလိုက် မထွက်နိုင်ခဲ့ပေ။ ကံကောင်းသည်က တစ်နေ့က နေ့လည်ခင်းတွင် မိုးရေများ စိုရွှဲနေသော ငှက်တစ်ကောင်ကို မလှမ်းမကမ်း မြေပြင်ပေါ်တွင် ပြုတ်ကျနေတာကို မြင်တွေ့ခဲ့ရ၏။

ထိုငှက်ကို မျိုချပြီးနောက် ဖန့်ရန်သည် သစ်ပင် အခေါင်းပေါက်သို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင် ရှဥ့်လေးသည် သစ်အယ်သီးတစ်လုံးကို ကိုက်ချီကာ သစ်ပင် အခေါင်းအတွင်းမှ ထွက်ပြေးသွားကြောင်း သူ တွေ့ခဲ့ရ၏။

ထိုနေ့မှစကာ ဖန့်ရန်သည် အမဲလိုက်သွား သလိုလိုနှင့် တမင်အပြင်သို့ ထွက်သွားလေ့ရှိ၏။

ရှဥ့်လေးသည် နေ့ခင်းဘက်ဆို သစ်ပင်ပေါက်ရှေ့မှာ ရပ်ပြီး မကျေမနပ်နဲ့ အော်ဟစ် ၍ ညဘက်ဆို သစ်ကိုင်းတွေအပေါ် သွားအိပ် လေ့ရှိပေသည်။

ခုနစ်ရက်အကြာတွင် မိုးရွာသွန်းမှု ရပ်တန့်သွားခဲ့၏။

.....

All Chapters