ဧည့်သည်
Vol. 1 Ch. 13
"နောက်ဆုံးတော့ မိုးရွာတာ ရပ်သွားပြီပဲ!"
ဖန့်ရန်သည် အုံ့မှိုင်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
ဤမိုးသည် ရက်သတ္တပတ်များကြာအောင် ရွာနေမည်ကို စိုးရိမ်မိခဲ့တာတော့ အမှန်ပင်။
'နောက်ထက် ဆင့်ကဲဖြစ်စဥ် စတင်ဖို့ မြန်မြန် အမဲလိုက်ရမယ် ... ဒါမှသာ စွမ်းရည်တွေ ထက်တွေ့နိုင်မှာ'
အမဲလိုက်ဖို့ရန် ဖန့်ရန် စဉ်းစားနေခဲ့သည်။
ထိုအချိန် ရှဥ့်လေးသည် သူနှင့် မဝေးလှသော သစ်ကိုင်းတစ်ခု၌ လာရပ်လေသည်။
ယခင်ရက်များနှင့် ယှဥ်ပါက ဤရှဥ့်သည် ဖန့်ရန်ကို မကြောက်တော့သည်မှာ ထင်ရှားသည်။
ရှဥ့်လေးကို မကြည့်ဘဲ ဖန့်ရန်သည် မီတာ ၁၀၀ အကွာက မြက်ခင်းပြင်ကို လှမ်းကြည့်လိုက်သည်။
ဤအချိန်မှာ အရှေ့အရပ်မှ နေမင်းသည် ထွက်စပြုလာပြီ ဖြစ်သည်။
ဖန့်ရန်သည် အမဲလိုက်ရန် မြက်ခင်းပြင်သို့ သွားရန် ပြင်လိုက်သည်။
"...."
ကျယ်လောင်သော လင်းယုန်ငှက် တစ်ကောင်၏ အော်သံ ထွက်ပေါ်လာသည်။ ဖန့်ရန်သည် လင်းယုန်ငှက်၏ အော်သံထွက်လာသည့် နေရာကို ကြည့်လိုက်သည်။
မတ်စောက်သော ချောက်ကမ်းပါး၏ အထက် ကောင်းကင်ယံ၌ လင်းယုန်ငှက်နက်သည် စက်ဝိုင်းသဏ္ဍာန် ပျံဝဲနေရင်း အောက်သို့ ထိုးဆင်သွားခဲ့၏။ ပြန်တက်လာချိန်တွင်တော့ ၎င်း၏ ခြေသည်း တစ်စုံကြားတွင် ယုန်တစ်ကောင် ပါလာခဲ့သည်။
"အဲဒါ ငါအရင်က တွေ့ဖူးတဲ့ လင်းယုန်ငှက်များလား..?"
"ဟစ်အော်!.. ဟစ်အော်!.."
အော်သံတစ်ခုက ဖန့်ရန်ကို လှည့်ကြည့်သွားမိစေသည်။ ရှဥ့်လေးက အလွန်ကြောက်လန့်ကာ တုန်ယင် နေခဲ့သည်။
ဖန့်ရန်သည် ရှဥ့်လေးကို မသိချင်ယောင်ဆောင်ကာ ထွက်လာခဲ့လေသည်။
...
အေးစက်သော မိုးစက်များက မြက်များအပေါ်သို့ အေးစက်သည့် ရေစက်များကိုသာ တွယ်ညိစေခဲ့သည်။
ဖန့်ရန်သည် ဤနေရာ၏ အခြေအနေကို နားလည်ရန် ကြိုးစားနေခဲ့သည်။
တစ်နေရာသို့ ရောက်ချိန်တွင် ငါးများစွာရှိသော ရေကန်ငယ် တစ်ခုကို သူ တွေ့ခဲ့ရသည်။
သူသည် ဝါးပင်များကို ဖြတ်သွားစဥ်တွင် တစ်မီတာအရှည်သည့် ဝါးစိမ်းမြွေကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။
ဤမြွေမျိုးသည် အဆိပ်ပြင်းသောမြွေမျိုးစိတ်ဖြစ်ပေသည်။ ၎င်းတို့သည် သစ်ပင်အကိုင်းအခက်များ ကြား၌သာ နေတက်၍ မြင်တွေ့ရန် ခက်ခဲပေသည်။
ဖန့်ရန်သည် ထိုဝါးစိမ်းမြွေကို တစ်ချက်မျှ အကဲခတ်ပြီးနောက် ထွက်လာခဲ့သည်။ သူတို့ နှစ်ဦးသည် တူညီသောနေရာတွင် နေထိုင်ကြသော်လည်း ဤနေရာတွင် သားကောင်များစွာ ရှိခြင်းကြောင့် အချင်းချင်း ရန်ပြုရန် မလိုအပ်ပေ။
...
သူအမဲလိုက်နေခဲ့သည်။
အဆင့် (၃) ရောက်ပြီးချိန်မှာ စ၍ အမဲလိုက်ခြင်း၏ အောင်မြင်မှုနှုန်းသည် တိုးတက်လာခဲ့သည်။
အမဲလိုက်ပြီးချိန်မှာတော့ အရွယ်ရောက် တောက်တဲ့၊ ကျားဖားနှင့် အနက်ရောင်ပြောက်ကျား ဖားလေးကောင်တို့ကို ဖမ်းမိခဲ့သည်။
...
ညနေခင်း၏ လှပသော ဆည်းဆာနှင့် မသက်ဆိုင်သော ... ဖန့်ရန်သည် ထင်းရှူးပင်ဆီသို့ ပြန်နေရင်း အစာခြေနေခဲ့သည်။
ထင်းရှူးပင်ရှိရာကို ပြန်ရောက်ချိန်မှာတော့ ဗိုက်ထဲက သားကောင်အားလုံးကို အစာချေပြီးသွားခဲ့ပြီ ဖြစ်၏။
တောက်တဲ့က စနစ်အမှတ် (၅) မှတ် ၊ ကျားဖားက စနစ်အမှတ် (၃) မှတ် ၊ အနက်ရောင်ဖားလေးကောင်က စနစ်အမှတ် (၈) ရရှိခဲ့သည်။ သူ၏ စနစ်အမှတ်များသည် (၄၀) အထိ ရောက်ရှိသွားခဲ့၏။
ထင်ရှူးပင်၏ အလယ်ရှိ သစ်ပင်အခေါင်းပေါက်သို့ ဖြည်းညင်းစွာ တက်နေသော ဖန့်ရန်သည် အနားရောက်ခါနီး၌ အတွင်မှ ရှဥ့်လေး၏ ကြောက်လန့်တကြား အော်သံများ ရုတ်တရက် ထွက်ပေါ်လာလ.ခဲ့သည်။
ဖန့်ရန်သည် ခေါင်းကိုမော့ပြီး အနံခံလိုက်ရာ ပုံမှန်မဟုတ်သော အနံ့ တစ်မျိုးကို ရလိုက်လေသည်။ ထိုအနံ့သည် သူ့အနံ့မဟုတ် သလို ရှဥ့်လေး၏ အနံ့လည်းမဟုတ်ချေ။
သစ်ပင်ခေါင်းပေါက်အတွင်းမှ အော်သံများနှင့် ပေါင်းလိုက်လျှင် သိသာစွာပင် ရှဥ့်လေးက တိုက်ခိုက်ခံနေရခြင်း ဖြစ်ရပေမည်။
မဆိုင်းမတွပင် အထဲသို့ ပြေးဝင်သွားသည်နှင့် သစ်ပင်အခေါင်း ပေါက်အတွင်းက မြင်ကွင်းကို ဖန့်ရန် မြင်လိုက်ရ၏။
ဤသူ့ရှေ့၌ သူနှင့် ရင်းနှီးနေပြီ ဖြစ်သော ရှဥ့်လေးနှင့် အဖြူရောင် ကိုယ်ပေါ်တွင် အမည်းရောင် အစင်းကြောင်းများရှိသည့် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ဦး ရှိနေခဲ့သည်။
စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
[ပစ်မှတ် - စကတ်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၂၅ မှတ်ကို ရရှိနိုင်သည်]
စနစ်၏ အသံကို ကြားပြီးနောက် ၎င်းက ဘာကောင်မှန်း ဖန့်ရန် ချက်ချင်း သိသွားခဲ့သည်။
စကတ်များသည် မြွေများ၏ သဘာဝ ရန်သူမဟုတ်ပေ။ ၎င်းတို့သည် အလွန်ရန်လိုလွယ်ပြီး မြွေတွေလိုပင် ကိုင်တွယ်ရ ခက်ခဲပေသည်။
၎င်းတို့ အကျပ်အတည်း ဖြစ်လျှင် မကောင်းသော အနံ့အသက်များ ထုတ်လေ့ရှိ၏။ စကတ်များကို မည်သည့် တိရစ္ဆာန်မဆို ရှောင်လေ့ ရှိ၏။
ဖန့်ရန် ပေါ်လာပြီးနောက် စကတ်က ရုတ်တရက်မို့ ထိတ်လန့် အံ့သြသွားခဲ့သည်။ သူ အမဲလိုက်ရာကို မြွေတစ်ကောင် ဝင်ရောက်လာမည်ဟု ထင်ထားပုံမရချေ။
ဖန့်ရန်သည် ရှဥ့်လေး၏ ဘယ်ခြေထောက်၌ ဒဏ်ရာရ၍ သွေးများထွက်နေတာကို တွေ့လိုက်ရသည်။ သေချာသည်မှာ ရှဥ့်လေးက စကတ်နဲ့ တိုက်ခိုက်ရာတွင် အရေးနိမ့်နေခြင်း ဖြစ်သည်။
“ ခွီး!.”
တောက်ပလာသော မျက်လုံးများနှင့် အတူ စကတ်က ခြိမ်းခြောက် အော်ဟစ်ရင်း ဖန့်ရန်ဆီ ပြေးလာခဲ့သည်။
ဖန့်ရန်၏ နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကော့တက်သွားခဲ့သည်။ သူသည် ခေါင်းမော့၍ တိုက်ခိုက်ရန် အသင့် အနေအထားကို ပြုပြင်လိုက်သည်။
နှစ်ဖက်စလုံး၏ ရန်လိုမှုနှင့်အတူ တစ်ယောက်နှင့် တစ်ယောက်ကြား အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။
.....