← Chapters

ရှဉ့်

Vol. 1 Ch. 14

ရှဉ့်

Vol. 1 Ch. 14

နီးကပ်သွားစဉ် စကတ်က ခုန်လိုက်ကာ အရှိန်နှင့် ဖန့်ရန်၏ ဦးခေါင်းကို လက်သည်းများနှင့် ကုတ်ချလာသည်။

သို့သော် ဖန့်ရန်၏ တုံ့ပြန်မှုက ပိုမိုမြန်ဆန်သည် သူသည် ၎င်းလက်သည်းကို ခေါင်းစောင်း ရှောင်လိုက်ရင်း တဆက်တည်းပင် လေထဲရောက်နေသော စကတ်၏ နောက်ခြေထောက်ကို လှမ်းကိုက်လိုက်သည်။

စကတ်က ကိုယ်ကို အနည်းငယ်ကို စောင်း၍ ရှောင်တိမ်းသည်။

စကတ်က ရှောင်လိုက်သည်နှင့် နောက်ခြေထောက်ကို လှမ်းကိုက်လိုက်သော ဖန့်ရန်၏ ခေါင်းအနေအထားမှာ ရုတ်တရက် ပြောင်းသွားခဲ့၏။

သူသည် စကတ်ကျဆင်းနိုင်သည့် နေရာမှ ပါးစပ်ကို အဆင်သင့်ဖွင့်ကာ ပြင်းထန်သော အဆိပ်ကို ထိုးသွင်းရန် အဆင်သင့်ပြင်လိုက်၏။

ဖန့်ရန်၏ အဆင်သင့်စောင့်၍ ဖွင့်ထားသော ပါးစပ်ကို လေထဲရောက်နေသော စကတ် သည် နောက်ဆုံး၌ မရှောင်နိုင်တော့ချေ။

" ရှီး.!!!"

ဖွင့်ဟထားသော ပါးစပ်ထဲ ကျလာသည့် စကတ်ကို ဖန့်ရန်က ပြင်းထန်သော အဆိပ်ကို ထိုးသွင်း၍။ ၎င်းကို ထွက်ပြေးခွင့်မပေးဘဲ တဆက်တည်း ရစ်ပတ်လိုက်သည်။

ရုန်းကန်နေသော စကတ်ကို ညိမ်သက်သွားရန် မိနစ်ပိုင်းမျှ စောင့်ပြီးနောက်..

ဖန့်ရန်သည် ကိုက်ခဲ ရစ်ပတ်ထားသည်ကို ဖြေလျှော့လိုက်ပြီး အပြင်ဘက်သို့ အမြန်ပြေးထွက်လိုက်၏။

အပြင်သို့ရောက်သောအခါ ဖန့်ရန်သည် လတ်ဆတ်သော လေအေးများကို အပြင်းအထန် ရှူရှိုက်တော့သည်။ ဤစကတ်၏ အနံ့သည် သူ့ဘဝတွင် ရှူဖူးသမျှ အနံ့များထဲ၌ အဆိုးဆုံး အနံ့ဟု ဆိုနိုင်သည်။

ထိုရနံ့ကို ရှူရှိုက်မိချိန်တွင် အသက်ရှူကျပ်သလို သူခံစားခဲ့ရသည်။

...

ဖန့်ရန်သည် ထင်ရှူးပင် အောက်ခြေ၌ လဲလျောင်းနေခဲ့သည်။

"ငါ့အဆိပ်က ဒီလောက်ပြင်းထန်မယ်လို့ မထင်ထားခဲ့ဘူး"

ဖန့်ရန်က မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ရောက်တက်ရာရာ စဉ်းစားနေခဲ့သည်။

တစ်မိနစ်ကြာပြီးနောက် အသက်ရှူဝသွားသော ဖန့်ရန်သည် ၎င်းစကတ်ကို မျိုချရန် အတွက် အတွင်းသို့ ချက်ခြင်းပြန် မဝင်သေးဘဲ အနံ့ဆိုးများ ပျောက်ကွယ်သွားလောက်သည်အထိ စောင့်နေခဲ့သည်။

ပြီးမှသာ အထဲပြန်ဝင်ကာ စကတ်သေကို ခေါင်းမှစ၍ မျိုချလိုက်သည်။

သစ်ပင်အတွင်းရှိ ရှဥ့်လေးသည် ဖန့်ရန်က သေသွားသော စကတ်ကို မျိုနေသည်ကို တွေ့လိုက်ရာ ထိတ်တုန်လှုပ်နေခဲ့သည်။

ဖန့်ရန်က သူ့ကို စားမှာကို စိုးရိမ်နေပုံရသည်။

ရှဥ့်လေး၏ နောက်ခြေထောက်များသည် ဒဏ်ရာရနေသောကြောင့် ယခင်ကဲ့သို့ မြန်ဆန်မှုမရှိတော့ပေ။

ထိုကြောင့် ဖန့်ရန်ကို သူ၏ သွားများဖြဲ ပြကာ အော်ဟစ်ပြီး ခြိမ်းခြောက်သော အမူအရာသာ လုပ်ပြနိုင်သည်။

ရှဥ့်လေး၏ နဂိုက ပျော့ပျောင်းနေခဲ့သော အမွှေးများသည် သံမဏိအပ်များ ကဲ့သို့ထောင်မတ် နေခဲ့သည်။

သို့သော်လည်း ဖန့်ရန်က ရှဥ့်လေးကို လျစ်လျူရှုထားပြီး ငြိမ်သက်စွာ အနားယူနေသည်။

ဖန့်ရန်က သူ့ကို စားဖို့ စိတ်ကူးမရှိဘူးလို့ ရှဥ့်လေးက သဘောပေါက်သွားပြီးနောက် ကိုယ်ကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်ပြီး ချီတုံချတုံ ထက်မံကြည့်ကာ ဘောလုံးကဲ့သို့ ကောက်ကွေးပြီး အိပ်ပျော် သွားလေ၏။

...

နောက်နေ့ မနက်ခင်းစောစော၌...

ဖန့်ရန်သည် ခါတိုင်းလိုပင် အမဲလိုက်ဖို့ အပြင်ထွက်လေသည်။

သူ၏ လျှောတိုက်သံများက ရှဥ့်လေးက ထိတ်လန့်တကြား လန့်နိုးလာစေခဲ့၏။ ၎င်းသည် ထွက်ပြေးရန် အထ ခြေထောက်မှ ဒဏ်ရာကြောင့် ပြန်လဲကျသွားခဲ့သည်။

ရှဥ့်လေး လုပ်နိုင်သမျှမှာ ဖန့်ရန်ကို ထိတ်လန့်တကြား ကြည့်နေရုံပင်။

ဖန့်ရန်က ရှဥ့်လေးကို ရိုးရှင်းစွာ လျစ်လျူရှုလိုက်ပြီး သစ်ပင်အခေါင်းပေါက်အတွင်းမှ ထွက်ကာ သူ၏ ပုံမှန် အမဲလိုက်ခြင်းကို စတင်ခဲ့၏။

...

အာရုံတက်ချိန်ဝေသော အဖြူရောင် မြူခိုးများသည် တစ်တောလုံးကို လွှမ်းခြုံးထားကာ လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ယခုအချိန် သူ့ထံ၌ (၅) ရက်ခန့် အမဲလိုက်ခြင်းကြောင့် စနစ်အမှတ် (၈၀) ပင် ရှိနေခဲ့ပြီ ဖြစ်၏။

ယနေ့အဖို့တော့ ကံကောင်းမည့်ပုံ မပေါ်ပေ။

နေ့တစ်ဝက်ခန့် အမဲလိုက်ခဲ့ပြီ ဖြစ်သော်လည်း စနစ်အမှတ် (၅) မှတ်သာ ရရှိသေးသည်။

သူ့ထံ၌ လက်ရှိတွင် စနစ်အမှတ် (၈၅) မှတ် ရှိနေပြီ ဖြစ်၏။ စနစ်မှတ် (၅) မှတ်ဆို ဆင့်ကဲဖြစ်စဥ် စတင်နိုင်တော့မှာ ဖြစ်သည်။

ဖန့်ရန် စိတ်လှုပ်ရှားဘဲ မနေနိုင်ပေ။

သူ့ ကံတရားသာ မဆိုးသရွေ့ မနက်ဖန်မှာ ဆင့်ကဲဖြစ်စဥ် စတင်ဖို့ရန် ဖြစ်နိုင်ပေသည်။

သူ့ခန္ဓာကိုယ်က ပိုမိုကြီးထွားလာလျှင် ပို၍ လုံခြုံလာမှာ ဖြစ်သည်။ အကယ်၍ သူ့ကိုယ်သူသာ လင်းယုန်ငှက်ထံ ဖော်မပြသရွေ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့်အရာက သိပ်တော့မရှိပေ။

၎င်းသည် သူစူးစမ်းပြီးသော ဧရိယာထဲမှာသာ ဖြစ်၏။

သူ့အနေနှင့် မြေပြင်အနေအထားကို စူးစမ်းလေ့လာရန်နှင့် နယ်မြေချဲ့ထွင်ရန် ဝေးကွာသောနေရာများသို့ သွားရပေမည်။

နောက်ဆုံးတွင် သူ၏ အဆင့်မြင့်လာသည်နှင့် အမျှ ဆင့်ကဲဖြစ်စဥ် စတင်ရန် အတွက် စနစ်မှတ်များ ပိုမိုလိုအပ်လာမည် ဖြစ်သည်။

ညနေရောက်သောအခါ သစ်ပင်အခေါင်းပေါက်အတွင်းသို့ ပြန်ပြီး ဖန့်ရန် အနားယူလိုက်သည်။

ရှဥ့်လေးသည် ထုံးစံအတိုင်း ထောင့်တစ်ခုတွင် ကပ်နေခဲ့ပြီ ဖန့်ရန်ကို သတိကြီးကြီးနှင့် ကြည့်နေခဲ့သည်။ မတူသည်က ကြောက်လန့်မှာ အနည်းငယ် လျော့သွားခြင်း ဖြစ်သည်။

...

နောက်တစ်နေ့မနက် ...

တက်ကြွနေသော ဖန့်ရန်က အမဲလိုက်ထွက်တော့သည်။ သူ့အား အံ့အားသင့်စေသော အရာမှာ သူ၏ ကံကြမ္မာသည် တစ်နေ့ကထက်ပင် ဆိုးရွားနေခြင်းပင်။

အမဲလိုက်စဥ်အတွင်း သားကောင်များစွာကို သိပ်မတွေ့ခဲ့ရပေ။ တွေ့သည့် သားကောင်ကလည်း သူ၎င်း၏ အနားမကပ်နိုင်မီ ထွက်ပြေးသွားလေ့ ရှိသည်။

ထိုနေ့တွင် သူသည် စနစ်အမှတ် (၃) မှတ်သာ ရရှိခဲ့သည်။

သို့သော် လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် အရည်အချင်းတန်ဖိုးကို မြှင့်တင်နိုင်သည်ဟု သူ၏ ကိုယ်ပိုင် ယူဆချက်ကို စမ်းသပ်ခဲ့သည်။

များမကြာသော စမ်းသပ်မှုများ အောက်၌ သူ့၏ ယူဆချက်က မှန်ကန်နေကြောင်း တွေ့ရှိခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အား တိုးလာစေရန် ဤနည်းလမ်းကို အသုံးပြုခြင်းသည် သားကောင်ကို အမဲလိုက်ခြင်း လောက်တော့ တိုးတက်မှု မြန်ဆန်မည် မဟုတ်..။

ဘာကြောင့်လဲဆိုတော့ သူ့၏ ရှာဖွေတွေ့ရှိချက်အရ သူ့ ခွန်အား ကို မြှင့်တင်ချင်တယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ထပ်ခါထပ်ခါ ဖြတ်ကျော်ရပေမည်။

ဥပမာအားဖြင့် တစ်နာရီကြာ ပြေးပြီးနောက် နောက်ဆုံးအကြိမ်တွင် သူ၏ ကာယကြံ့ခိုင်မှု (၀.၁) မှတ် တိုးလာသည်။

ထိုနောက်မှာတော့ တူညီတဲ့ ပမာဏနဲ့ ခွန်အားကို တိုးဖို့ရန် တစ်နာရီကြာ ပြေးရုံနဲ့ မလုံလောက်တော့ပေ။

စမ်းသပ်ချက်များအရ သူ့ ခွန်အားကို မြှင့်တင်လိုလျှင် တစ်နာရီ ပြေးပြီးလျှင် နောက်တစ်ကြိမ် နှစ်နာရီ ပြေးရမည် ဖြစ်သည်။

ဤနည်းလမ်းကို ကံဆိုးစွာ သားကောင်မဖမ်းနိုင်သည့် နေ့၌ သူကိုယ်သူ ပိုမို အားကောင်းအောင် ဤနည်းလမ်းကို အသုံးပြုနိုင်သည်။

နေ့တစ်ဝက်နီးပါးကြာ လေ့ကျင့်ပြီးချိန်တွင် ဖန့်ရန်၏ ရုပ်ပိုင်ဆိုင်ရာ ခွန်အားမှာ (၂.၁) မှ (၂.၂) တိုးလာခဲ့သည်။

ထင်ရှူးပင် ဆီသို့ ပြန်ရောက်ချိန်တွင် ကောင်းကင်ကြီးက မှောင်နေခဲ့ပြီ ဖြစ်သည်။

ဖန့်ရန်သည် ရှဥ့်လေးအား မတွေ့လိုက်ရသော်လည် မအံ့သြချေ။

မနက်ကပင် ရှဥ့်လေး၏ ဒဏ်ရာက ပြန်ကောင်းသွားမှန်း သူတွေ့ခဲ့ရသည်။ ၎င်းသည် အနားယူရန် နေရာရှာဖို့ ထွက်သွားခြင်း ဖြစ်ရပေမည်။

ယခင် ၎င်းဒဏ်ရာ မရခင်ကပင် သူသည် အတွင်း၌ အိပ်ကာ ရှဥ့်လေးက အပြင်မှာ အိပ်ခြင်း ဖြစ်သည်။

သို့ပေမယ့် ဖန့်ရန်ကို အံ့သြသွားစေတာက သိပ်မကြာခင်မှာပင် ရှဥ့်လေးက အထဲသို့ ဝင်လာပြီး ထောင့်တစ်ခု၌ သွားကာ အိပ်ခြင်း ဖြစ်သည်။

ရှဥ့်လေး၏ သူ့အပေါ် ကြောက်စိတ်များမှာ လျော့နည်းလာပုံရသည်။

ဖန့်ရန်သည် ဤကိစ္စကို သိပ်တော့ မစဉ်းစားခဲ့ပေ။ ဤရှဥ့်လေး ရှိနေတာပင် သူ့စိတ်ထဲ ပျော်ရွှင်နေမိသည်။

အကြောင်းအရင်းကို သူကိုယ်တိုင်လည်း မသိပေ။

မည်သို့ပင်ဖြစ်စေ အထီးကျန်လွန်သောကြောင့် အဖော်အဖြစ် တစ်စုံတစ်ယောက်ကို လိုအပ်နေခြင်း ဖြစ်နိုင်သည်။

ထိုအကြောင်းကို တွေးရင်း ဖန့်ရန်သည် မသိလိုက်မဘာသာနှင့် အိပ်ပျော်သွားတော့သည်။

...

နောက်တစ်နေ့ နံနက်တွင်...

ပုံမှန်အတိုင်း အမဲလိုက်ခဲ့၏။ ထိုနောက် သူသည် (၄) ကြိမ်မြောက် ဆင့်ကဲဖြစ်စဥ် စတင်ရန် လိုအပ်သော စနစ်အမှတ်ကို ရရှိခဲ့သည်။

.....

All Chapters