ရှောင်မာ
Vol. 1 Ch. 15
[လက်ခံသူသည် ဆင့်ကဲဖြစ်စဥ် စတင်ရန်အတွက် လုံလောက်သော စနစ်အမှတ်ကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်]
[ဆင့်ကဲဖြစ်စဥ် စတင်လိုပါသလား]
"စတင်မယ်"
ဖန့်ရန်က တီးတိုး ရေရွတ်လိုက်သည်။
ယခင်ကဲ့သို့ပင် အချိန်ကုန်လာသည်နှင့် အမျှ ပူနွေးနေရာက ပူလောင်လာခဲ့သည်။
သစ်ပင်ခေါင်းပေါက်အတွင်း၌ ဖန့်ရန်သည် နာကျင်မှုကြောင့် အဆက်မပြတ်တွန့်လိမ်ကောက်ကွေး နေခဲ့၏။
အသိုက်ထောင့်၌ ကွေးနေသော ရှဥ့်လေးသည်တော့ ဖန့်ရန်၏ ပုံမှန်မဟုတ်သော အခြေအနေကို မြင်နေရ၍ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေလေသည်။
ဆယ်မိနစ်ပြီးနောက် ဆင့်ကဲဖြစ်စဥ် ပြီးဆုံးသွားသည်။
[လက်ခံသူသည် ၅ ကြိမ်မြောက် ဆင့်ကဲဖြစ်စဥ် ပြီးမြောက်ခဲ့သည့်အတွက် စနစ်အမှတ် ၅ မှတ်အား ဆုလာဘ်အဖြစ် ရရှိသည်]
[လက်ခံသူသည် ကျွမ်းကျင်မှုရမှတ်များကို
အသုံးပြု၍ စွမ်းရည်များကို အသက်သွင်း
ခြင်း (သို့မဟုတ်) အဆင့်မြင့်တင်ခြင်း ပြုလုပ်နိုင်သည်]
ဖန့်ရန်သည် ရရှိနိုင်သော စွမ်းရည်များကို စစ်ဆေးကြည့်လိုက်ရာ ၎င်းသည် 'ပြင်းထန်သော အဆိပ်'နှင့် 'အရောင်ပြောင်း ဖုံးကွယ်ခြင်း'သာ ဖြစ်ကြောင်း တွေ့လိုက်သည်။
သူ အတော်လေးစိတ်ပျက် သွားမိသည်။
'ပြင်းထန်သောအဆိပ်' စွမ်းရည်ကို အဆင့် (၂) သို့ အမြှင့်ပြီးသွားပြီဖြစ်၍ 'အရောင်ပြောင်း ဖုံးကွယ်ခြင်း' စွမ်းရည်သည် ယခုအချိန်တွင် မလိုအပ်သေးပေ။
ဒါကြောင့် အခုလောလောဆယ် ကျွမ်းကျင်မှုရမှတ်တွေကို သိမ်းဆည်းထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည် အသစ်ပေါ်လာရင် သို့ အရေးပေါ်အခြေအနေမှာ သုံးဖို့ ဆုံးဖြတ်လိုက်သည်။
"စနစ် ကိုယ်ရေးအကျဥ်ပြပါ..."
ဖန့်ရန်က တိုးတိုးလေး ရေရွတ်လိုက်သည်နှင့် အပြာရောင်ဖန်သားပြင် တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
[လက်ခံသူ : ဖန်ရန်
အဆင့် : ၅
စနစ်အမှတ် : ၁၂/၂၅ဝ
ကျွမ်းကျင်မှုရမှတ် : ၅
ကိုယ်ထည်အရှည် : ၁ မီတာ
အချင်း : ၂.၈ စင်တီမီတာ
ခွန်အား : ၂.၀
ခုခံနိုင်မှု : ၁.၀
အမြန်နှုန်း : ၁.၅
တက်ကြွမှု : ၂.၀
စိတ်ဝိညာဥ် : ၃.၃
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၂.၈
စွမ်းရည် : ပြင်းထန်သော အဆိပ် (၂/၅)]
ဤတစ်ကြိမ် ဆင့်ကဲဖြစ်စဥ်သည်။ အရှည်အား (၁) မီတာအထိ ရှည်သွားစေပြီး အချင်းကိုမှု (၂.၈) စင်တီမီတာအထိ ကြီးထွားစေခဲ့သည်။ ထို့အပြင် 'ခွန်အား' 'ခုခံနိုင်စွမ်း' 'အမြန်နှုန်း' 'တက်ကြွမှု' နှင့် 'စိတ်ဝိဉာဥ်' တို့လည်း တိုးတက်လာခဲ့သည်။
ဖန့်ရန်က နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဥ် စတင်ရန် လိုအပ်သော စနစ်အမှတ်ကို ကြည့်လိုက်ချိန်တွင် စနစ်အမှတ် ၂၅၀ လိုအပ်သည်ကို မြင်လိုက်ရသည်။
ကြည့်ရသည်မှာ နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဥ် စတင်ရန် အတွက် အနည်းငယ်ကြာ မည်ပုံပေါ်သည်။
ဤဧရိယာတွင် သားကောင်ပေါများသော်လည်း စနစ်အမှတ် ၂၅၀ ပြည့်ဖို့ အချိန်ကြာနိုင်ပေသည်။
“ဟစ်အော်.. ဟစ်အော်”
ရုတ်တရက် အော်ဟစ်သံကြောင့် ဖန့်ရန်သည် သူ့ညာဘက်ခြမ်းက ရှဥ့်လေးကို ကြည့်လိုက်သည်။
ယခုချိန်မှာတော့ ရှဥ့်လေးက သံသယများနှင့် သူ့အား စိုက်ကြည့်နေခဲ့သည်။ ဖန့်ရန်၏ ရုတ်တရက် ကြီးထွားလာမှုကို အံ့အားသင့် နေပုံရသည်။
ဤရက်များတွင် သူတို့နှစ်ဦးကြား တစ်ယောက်ကို တစ်ယောက် ယုံကြည်လာကြပြီး ရှဥ့်လေးသည် ယခင်ကလို ဖန်ံ့ရန် အပေါ် ကြောက်ရွံ့မှုနှင့် တင်းမာမှုမရှိတော့ပေ။
ရံဖန်ရံခါတွင်ပင် ရှဥ့်လေးသည် သူ၏ အဖိုးတန် သစ်အယ်သီး သို့မဟုတ် ထင်းရှူးသီးကို ဖန့်ရန်အား မြည်းစမ်းကြည့်ရန် ပေးခြင်း ကဲ့သို့ ဖော်ရွေသော လှုပ်ရှားမှုအချို့ကို ပြုလုပ်တက်သည်။
သို့သော် အပင်အခြေခံ အစားအစာများကို မျိုချခြင်းသည် စနစ်အမှတ်ကို မရရှိနိုင်သည့် အပြင် ၎င်းတို့ကို မျိုချမိပါက ဗိုက်နာခြင်းနှင့် အစာမကြေခြင်း တို့ကိုသာ ဖြစ်သောကြောင့် ရှဥ့်လေး၏ ကြင်နာမှုကို ငြင်းပယ်ရုံသာ တက်နိုင်သည်။
...
ရက်အနည်းငယ်အတွင်း ဖန့်ရန်သည် သူ့၏ ယခင်စိတ်ကူးအရ သူ့နယ်မြေကို စတင် တိုးချဲ့ခဲ့သည်။
တောင်ဘက်သို့ အခြမ်းသို့ နယ်မြေတိုးချဲ့ချိန်တွင် မျောက်တစ်ကောင်နှင့် တွေ့ခဲ့ပေသည်။ လျင်မြန်စွာ ထွက်ပြေးပုန်ရှောင်နိုင်ခဲ့၍သာ အသတ်မခံခဲ့ရခြင်း ဖြစ်၏။
ထိုကြောင့် တောင်ဘက် အခြမ်းအား ဖန့်ရန်သည် ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။
မြောက်ဘက် အခြမ်းသို့ နယ်မြေ တိုးချဲ့နေစဉ်တွင် တစ်မီတာခွဲခန့် အရှည်ရှိ မြွေနက်တစ်ကောင်နှင့် တစ်ဖက်နှင့် တစ်ဖက် ထိတ်တိုက် တွေ့ခဲ့ပြန်သည်။
သို့သော်လည်း မြွေနက်သည် အမဲလိုက်ပြီးချိန်နှင့် ဗိုက်ပြည့်နေခဲ့သောကြောင့် ထိပ်တိုက်တွေ့ခြင်းမှ ရှောင်ရှားရန် စတင်ဆုတ်ခွာသွားခဲ့ပေသည်။
အမှန်တော့ သူ့လက်ရှိ ခွန်အားနှင့် မြွေနက်ကို သတ်ဖို့ရန် မခက်ပေ။ သို့ပေမယ့် မြွေနက်၏ ခန္တာကိုယ် အရှည်သည် သူ့ခန္ဓာကိုယ်ထက် ပိုရှည်ပေသည်။ ၎င်းကို မျိုချဖို့ဆိုတာ နေခင်းကြောင်းတောင် အိမ်မက် မက်နေသလိုပင်။
သူ၏ စူးစမ်းရှာဖွေမှုအောက်တွင် ဤနယ်မြေအတွင်း သားကောင်များ အပေါများဆုံးနေရာ၊ ပြိုင်ဘက်များတည်ရှိရာ နေရာနှင့် သူ၏ သဘာဝရန်သူများရှိရာ နေရာကို မှတ်သားနိုင်ခဲ့သည်။
အမဲလိုက်ခြင်းမပြုမီ ဖန့်ရန်သည် အပြည့်အဝ ပြင်ဆင်နိုင်စေရန် စူစမ်းလေ့လာခဲ့၏။
ဤရက်တွေ အတွင်း နယ်မြေတိုးချဲ့နေစဥ် အမဲလိုက်ရာမှ စနစ်အမှတ် (၁၂၃) အထိ ရရှိခဲ့ရာ လိုအပ်သော ပမာဏ၏ ထက်ဝက်နီးပါးကို ရသွားခဲ့ပြီဟု ဆိုနိုင်သည်။
...
သစ်ပင်တစ်ပင်အောက်၌...
ပတ်ဝန်းကျင်ရှိ အနံ့များကို စစ်ဆေးနေသော ဖန့်ရန်သည် သစ်ပင်ကြီးတစ်ပင်၏ အမြစ်တစ်ခု အောက်တွင် တွင်းပေါက်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။
သူသည် တွင်းပိုင်ရှင်၏ အနံ့ခံကိုလျက် ထိုတွင်းထဲသို့ ချက်ချင်းပင် ဝင်သွားခဲ့သည်။
ခဏအကြာတွင် အတွင်းမှ ထိတ်လန့်တကြား အော်သံများ ထွက်ပေါ်လာခဲ့သည်။သို့သော် ခဏအကြာ၌ အော်သံများရပ်တန့်သွား၏။
တစ်မိနစ်မျှကြာတော့ ဖန့်ရန်က အတွင်းကနေ အပြင်ကို ဖြည်းဖြည်းချင်း ထွက်ခဲ့သည်။ သူသည် အပြင်သို့ ရောက်သောအခါ အမြီးနှင့် ဆွဲယူလာခဲ့သည့် ကြွက်သေအား ဝါးမျို လိုက်သည်။
ကြွက်ကို မျိုချပြီးနောက် ဖန့်ရန်သည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"နေဝင်စပြု နေပြီ၊ ပြန်ဖို့အချိန် ရောက်ပြီ.."
ဖန့်ရန်က တစ်ကိုယ်ထဲ တီးတိုးပြောနေသည်။ ယနေ့ သူ၏ ရိတ်သိမ်းမှုမှာ အလွန် ကြီးမားပေသည်။
ဤကြွက်အား အမဲလိုက်ခြင်းမပြုမီတွင် လိပ်တစ်ကောင်၊ (၂ဝ) စင်တီမီတာခန့် ရှိသော အိမ်မြှောင်တစ်ကောင်နှင့် သာမန်အရွယ်အစားရှိသော ဖားခြောက်ကောင် တို့ကို ဖမ်းမိခဲ့ပေသည်။
ဤကြွက်ကို ထည့်သွင်း ရေတွက်လျှင် ယနေ့အဖို့ အမဲလိုက်ခြင်းက သူ့အား စနစ်အမှတ် (၄၇) မှတ်ကို ရရှိစေခဲ့သည်။
တစ်ကောင်လျှင် အစာချေဖျက်ဖို့ရန် နှစ်နာရီ မကြာခဲ့လျှင် ပိုမြန်နိုင်ပေသည်။
နယ်မြေချဲ့ထွင်ပြီးတဲ့ နောက်မှာ သူ၏ အမဲလိုက်ခြင်း လုပ်ငန်းစဥ်သည် ပိုမိုမြန်ဆန် လာခဲ့၏။
"ဟူးး.."
ဖန့်ရန်က သက်ပြင်းတစ်ချက်ချကာ အရင်အချိန်တွေကို ပြန်စဥ်းစားနေခဲ့သည်။
ယခင် အချိန်က သူ့ကို သာမန် ငှက်ကလေးတစ်ကောင်ကပင် အလွယ်တကူ သတ်နိုင်သည်အထိအားနည်းခဲ့၏။
အခုတော့ သူ့ခန္ဓာကိုယ် အရွယ်အစား ကြီးထွားလာပြီးနောက် နယ်မြေတစ်ခုကိုပင် သိမ်းပိုက်နိုင်ခဲ့ပေသည်။
တစ်နာရီခန့် ကြာပြီးနောက် ထင်းရှူးပင်ကြီးဆီသို့ ပြန်ရောက်သွားသည်။
သစ်ပင် အခေါင်းပေါက်ထဲသို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် ရှဥ့်လေးလည်း ပြန်ရောက်လာခဲ့၏။
ရှဥ့်လေးက ထင်းရှူးသီးများ ထုတ်၍ စုပုံထားသော ထင်ရှူးသီးနှင့် သစ်အယ်သီးများ အနားချလိုက်သည်။
ဖန့်ရန်သည် သိချင်စိတ်ဖြင့် ရေတွက်ကြည့်လိုက်ရာ ထင်းရှူးသီးကိုးလုံး ဖြစ်နေသည်။
ဤနေ့သည် ရှဥ့်လေး၏ ကောင်းမွန်သော နေ့တစ်နေ့ ဖြစ်နိုင်သည်။
...
ဖန့်ရန်၏ နေ့စဥ်ဘဝသည် ငြီးငွေ့ဖွယ်ရာပင်။ ထပ်ခါတလဲလဲ အမဲလိုက်ခြင်း၊ အနားယူခြင်း၊ ထို့နောက် အမဲလိုက်ခြင်း၊ အနားယူခြင်းနှင့် သံသရာလည်နေခဲ့သည်။
သို့သော်လည်း ဖန့်ရန်သည် အားမလျှော့ဝံ့သေးပေ။ ဤတောထဲ၌ သူ့ ဘေးကင်းရေး အများကြီး တိုးတက်လာသော်လည်း လုံးဝတော့ မလုံခြုံသေးပေ။
မျောက်မ၊ တောကြောင်နှင့် မြွေပါးများ ကဲ့သို့ သဘာဝရန်သူများက သူ့အား ခြိမ်းခြောက် နေဆဲဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့သော နေထိုင်မှုပုံစံသည် ဖန့်ရန်အတွက်တော့ အလွန်စိတ်ပျက်စရာ ဖြစ်နေဆဲပင်။
ကံကောင်း ထောက်မစွာဖြင့်၊ ဤရှဥ့်လေးနှင့် အတူ ရှိနေခြင်းသည် သူ့ကို အနည်းငယ် ပျော်ရွင်စေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဖန့်ရန်သည် ရှဥ့်လေးကို ရှောင်မာဟု နာမည်ပေးခဲ့သည်။
.....