← Chapters

အလှတရား

Vol. 2 Ch. 16

အလှတရား

Vol. 2 Ch. 16

" ညီမဆောင်း မြန်မြန် နင်ပြောထားတဲ့ ထင်းရှူးပင်ကြီးဆီ ရောက်တော့မယ်..."

" ကျန်းဝေ မြန်မြန် ဓာတ်ပုံရိုက်..."

" ညီမချင် နင်ဘာလို့ နောက်ကျ နေတာလဲ မြန်မြန်လာ ငါတို့ ခရီးဆုံးရောက်နေပြီ"

ရှေ့ဆုံးက ယုန်တစ်ကောင်လို ခုန်ပေါက်သွားရင်း အော်နေသည့် ကောင်မလေးကို ကြည့်ကာ ကျန်းဝေနဲ့ ဆောင်းယုက ပြုံးလိုက်သည်။

ရှေ့ဆုံးက ခုန်ပေါက် သွားနေသော မိန်းခလေးက အမည်က ရှောင်လျို့ ဖြစ်သည်။ သူမသည် တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦးဖြစ်ကာ သူမတို့ထဲ၌ အသက် အကြီးဆုံးသူ ဖြစ်၏။

ကျန်းဝေ ကတော့ ဓာတ်ပုံဆရာမ ဖြစ်လေသည်။ သူမက တောင်တန်းများ ဆီသို့ မကြာခဏ ဓာတ်ပုံများ ရိုက်ကူးရန် သွားလေ့ရှိ၏။

ဆောင်းယု ကတော့ ဤကျေးလက်မှာ ကြီးပြင်းလာသူ ဖြစ်သည်။ သူမသည် သူမ မိဘတွေနှင့် မကြာခဏ တောင်ပေါ်တက်လေ့ ရှိ၏။

ယနေ့ တောင်ပေါ်ပြိုင်တက်ခဲ့ကြ၏။ သေချာပေါက်ပင် ချစ်စရာကောင်းသော ရှောင်လျို့လေးကို သူမတို့ ရှုံးသွားခဲ့သည်။

"အစ်မရှောင် ငါတို့ကို ခဏစောင့်ပါအုံး "

"သိပ်မပြေးနဲ့ မြွေပါး၊ ကင်းပါး သတိထားအုံး "

" ငါ...မောနေပြီ။ ကျန်းဝေ၊ ဆောင်ယု၊ ရှောင်လျို့ အနာဂတ်မှာ တောင်တက်ဖို့ နင်တို့တွေ လာခေါ်ရင်း ငါလုံးဝ မလိုက်တော့ဘူး"

အဖွဲ့၏ နောက်ဆုံးရောက်နေသော ချင်ရန်က ပြောလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူမတို့ အားလပ်ရက်တွင် မည်သည့် နေရာ သွားမည်ကို ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတော့ သူငယ်ချင်း သုံးယောက်က ချင်ရန်ကို လျစ်လျူရှု၍ တောင်တက်ရန် ဆုံးဖြတ်ခဲ့ကြ၏။

သူမတို့ ရွေးချယ်ခဲ့သော တောင်သည်

ဆောင်းယု၏ မွေးရပ်မြေရှိ တောင်ဖြစ်သည်။

ပထမတော့ ဆောင်းယုက ယင်းတောင်ရဲ့ ရှုခင်းက သာယာတယ်၊ လမ်းလည်းကောင်းတယ် ချစ်စရာတိရစ္ဆာန်လေးတွေ အများကြီးရှိသည်ဟု ဆိုကာ အကြာကြီး ဆွဲဆောင်မှု အပြီးမှာ ချင်ရန်က သဘောတူခဲ့သည်။

သို့ပေမယ့် တောင်ပေါ်စတက်သည်နှင့် သူမ နောင်တ ရလာ၏။ သတိဝင်လာချိန်တွင် အချိန်နှောင်းနေပြီ ဖြစ်သည်။

"လေ့ကျင့်ခန်း မလုပ်လို့ မောနေတာ သိသာတယ်။ ချင်ရန် နင်လေ့ကျင့်ခန်း မကြာခဏ လုပ်သင့်တယ် နို့မို့ဆို နင်ဝလာလိမ့်မယ်"

ခုန်ပေါက်နေသော ရှောင်လျို့က သတိပေးသည်။

ချင်ရန်က ရှောင်လျို့၏ စကားကိုကြားပြီးနောက် သူမသည် အံကို ကြိတ်ကာ ကျန်းဝေ၊ ဆောင်းယုနှင့် ရှောင်လျို့တို့ကို မီအောင် သွက်သွက် လျှောက်လိုက်သည်။

...

ခဏအကြာတွင် ရှောင်လျို့၊ ကျန်းဝေ၊ ဆောင်းယုနှင့် ချင်ရန်တို့သည် သူမတို့ရှေ့မှ ရှုခင်းများကို ကြည့်ရင်း အားလုံး အံ့အားသင့် နေကြသည်။

အမြင့် ဆယ်မီတာ၊ အချင်းနှစ်မီတာခန့် ရှိသော ထင်းရှူးပင်ကြီးတစ်ပင်သည်။ ၎င်း၏ အမြစ်များကို မြေပြင်ပေါ်တွင် ခိုင်မာစွာ အမြစ်တွယ်၍ ကြီးမားသောအရိပ်ရ ဧရိယာတစ်ခု ဖန်တီး ပေးထားသည်။

မြေပြင်ပေါ်မှာတော့ လှပသော မြက်ခင်းပြင်ရှိ၍ သစ်ပင်ထက်မှာတော့ ငှက်ကလေးတွေက တေးဆိုနေလျက်...

"ငါ နောက်ဆုံးတော့ အနားယူနိုင်ပြီ!"

ချင်ရန်က လတ်ဆတ်သောလေကို ရှုရှိုက်ရင်း မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းလိုက်သည်။

"ဟူးး အရမ်းအဆင်ပြေတယ်"

ကျန်းဝေနဲ့ ဆောင်းယု တို့က မြက်ခင်းပြင်ထက် ကျောပိုးအိတ်တွေကို ချလိုက်ပြီး။ တောင်ပေါ် လေနုအေးကို ခံစားရင်း ထိုင်ချလိုက်သည်။

"ရှောင်လျို့ နင်ဘာလို့ မက်တပ် ရပ်နေတာလဲ..? ငါတို့နဲ့ အတူထိုင်ပြီး အနားယူလေ"

ရှောင်လျို့ မတ်တပ်ရပ်နေတာကို မြင်တော့ ချင်ရန်က သူမကို မြက်ခင်းပြင်ပေါ်မှာ အနားယူဖို့ ခေါ်သည်။

ရှောင်လျို့က လက်ကို ဝှေ့ယမ်းရင်း..

"နောက်မှ အနားယူမယ်.. အခု တိုက်ရိုက်ထုတ်လွှင့်မှု လုပ်တော့မယ်...."

သူမက ပြောနေရင်းနဲ့ ကျောပိုးအိတ်ထဲမှာ ဆယ်လ်ဖီချောင်းနဲ့ လက်ကိုင်ဖုန်းတစ်လုံးကို ထုတ်လိုက်သည်။

ရှောင်လျို့ တိုက်ရိုက်ထုတ်လွှင့်ဖို့ လုပ်နေတာကို ချင်ရန်က မြင်တော့ ထိုင်ဖို့ ဆက်မခေါ်တော့ပေ။

ဆဲလ်ဖုန်းကို ချိန်ညှိနေသော ရှောင်လျို့ သည် နောက်ဆုံးတွင် ဖုန်းကို ဆယ်လ်ဖီချောင်း ပေါ်တင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်၏။

စက္ကန့်အနည်းငယ်အတွင်း လူတစ်ရာကျော် တိုက်ရိုက်ထုတ်လွှင့် ဧည့်ခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။

လူ အရေအတွက်သည် ဆက်လက်တိုးလာ နေဆဲဖြစ်သည်။

"အားလုံးပဲမင်္ဂလာပါ။ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြိုဆိုပါတယ်။ ငါ နာမည်ကတော့ ရှောင်လျို့ပါ.."

ရှောင်လျို့သည် ဒုတိယနှစ်ကျောင်းသူ တစ်ဦးဖြစ်ပြီး Tsukitake တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း၏။ တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦးဖြစ်သည်။

သူမ၏ ငယ်ရွယ်နုပျိုသော အသွင်အပြင်နှင့် တက်ကြွရွှင်လန်းသော ကိုယ်ရည်ကိုယ်သွေးများက ပရိသတ်အများအပြားကို ရရှိစေသည်။

ရှောင်လျို့၏ တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားမှုသည်။ ထိပ်တန်း ထုတ်လွှင့်သူ များကဲ့သို့ မကောင်းသော်လည်း သူမတွင် ပရိသတ် ၇ဝ,ဝဝဝ ကျော်ရှိပေသည်။

သူမသည် မကြာမီကာလအတွင်း ပရိသတ် ၁ဝဝ,ဝဝဝ ကျော်ရှိသော တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိသည်။

~" မလွယ်ပါဘူး နှစ်ပတ်လောက်စောင့်ပြီးမှ ရှောင်လျို့က တိုက်ရိုက်ထုတ်လွှင်မှု လုပ်တယ် "~

~" ရှောင်လျို့ မင်းအခု ဘယ်က လွှင့်နေတာလဲ မင်းကျောင်းရဲ့ တောအုပ်ထဲကလား ဒါမှမဟုတ် မြို့လယ်ပန်းခြံကလား.."~

~" ပြင်ပ ထုတ်လွှင့်သူ တစ်ယောက်အနေနဲ့၊ ကျောင်းရဲ့ တောအုပ်နဲ့ မြို့လယ်ပန်းခြံတွေက မင်းဝင်လေ့ရှိတဲ့ တစ်ခုတည်းသော နေရာတွေပဲ.. ပြင်ပ ထုတ်လွှင့်သူ တစ်ယောက်အနေနဲ့ ... မင်းစိတ် မထိခိုက်ဘူးလား.."~

ရှောင်လျို့က နှုတ်ဆက်ပြီးတဲ့ နောက်မှာတော့ တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းထဲ၌

ညည်းညူသူတွေနဲ့ ချက်ချင်း ပြည့်လျှံသွားသည်။

~" ညီမ ရှောင် ထုတ်လွှင့်တဲ့နေရာက အရမ်းအရေးကြီးနေလို့လား.. ရှောင် ညီမလေးကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ အမြဲတွေ့ချင်တယ် "~

~" အဲ့ဒါတွေ မပြောပါနဲ့ ရှောင် ညီမလေးကို ဂုဏ်ပြုဖို့အတွက် ဝါးကိုင်းတစ်ရာကို ပေးရမယ် "~

~" ဝါးကိုင်းတစ်ရာ လာနေပြီ!."~

ချက်ချင်းပင် ရှောင်လျို့၏ လက်ကိုင်ဖုန်း မျက်နှာပြင်ပေါ်တွင် ဝါးရွက်များ လွင့်ပျံလာပြီးနောက် ဝါးအကိုင်းအခက်များ ရံဖန်ရံခါ ပေါ်လာသည်။

ရှောင်လျို့သည် မိုဘိုင်းလ်ဖုန်းစခရင်ပေါ်ရှိ ဝါးအကိုင်းအခက်များကို ကြည့်ကာ အနည်းငယ် ရှက်သလို ခံစားနေရသည်။

ပြင်ပ ထုတ်လွှင့်သူ တစ်ယောက် ဆိုသောလည်း သူမက တောတောင်တွေထဲ တစ်ခါမှ မရောက်ဖူးပေ။ ကျောင်းရဲ့ တောအုပ် ဒါမှမဟုတ် မြို့လယ်ပန်းခြံတွေကို ရံဖန်ရံခါ သွားလေ့ရှိသည်။ ထိုကြောင့် သူမ အနည်းငယ် ရှက်မိတာအမှန်ပင်။

သူမ ဖုန်းပေါ်တွင် ရံဖန်ရံခါ ပေါ်လာသော ဝါးရွက်များနှင့် ဝါးကိုင်းများကို ကြည့်ကာ ရှောင်လျို့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

Tsukitake တိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်း၏ လက်ဆောင်စနစ်အား အနိမ့်မှ အမြင့်အထိ အဆင့်လေးဆင့် ခွဲခြားထားလေသည်။ ၎င်းတို့မှာ ဝါးရွက်၊ ဝါးကိုင်း၊ မျှစ်နှင့် ဝါးပင်များဖြစ်သည်။

ဝါးရွက်က ၁ ယွမ်၊ ဝါးကိုင်က ၁၀ ယွမ်၊ မျှစ်က ၁၀၀ ယွမ်နှင့် ဝါးပင်က ယွမ် ၁၀၀၀ တန်သည်။

ထုတ်လွှင့်မှုမှ ရရှိသော လက်ဆောင်များသည် တစ်ဝက်သာရပြီး ကျန်တစ်ဝက်မှာ တိုက်ရိုက်ပလက်ဖောင်းက ယူပေသည်။

တစ်နည်းဆိုရသော် ယွမ် ၁၀၀၀ ထောင်လျှင် ယွမ် ၅၀၀ သာရသည်ဟု ဆိုနိုင်သည်။

ငွေကြေးမတတ်နိုင်သော်လည်း ကျောင်းတက်နေဆဲ ဖြစ်သော ရှောင်လျို့အတွက် ဤငွေများသည် အထောက်အပံ့ဟု ယူဆနိုင်သည်။

"အဟမ်း... လက်ဆောင်ပေးတဲ့ လူအားလုံးကို ကျေးဇူးတင်ပါတယ်. "

ရှောင်လျို့က ကျေးဇူးတင်ကြောင်း ပြောပြီး ပြုံး၍ ပြောသည်။

"ဒါပေမယ့် ငါအခု ရောက်နေတဲ့နေရာက ကျောင်းတောအုပ်နဲ့ မြို့လယ်ပန်းခြံ မဟုတ်ဘူး "

တစ်စက္ကန့်မျှ ခေတ္တရပ်လိုက်ပြီး...

" အခု ကျွန်မ ရောက်နေတဲ့နေရာက နတ်သမီးတောင်လို့ ခေါ်တဲ့ နေရာမှာပါ။ နတ်သမီးတောင်က နတ်သမီး ခရိုင်မှာ တည်ရှိပါတယ်။ ခရီးသွားလာဖို့အတွက် ရှုမြင်ကွင်းကြည့် မဏ္ဍိုင်တွေ မတည်ဆောက်ရသေးပေမယ့်... ဒီနေရာ ရှုခင်းတွေက အလွန်လှပပြီး သာယာကြည်းနူးဖို့ ကောင်းလှပါတယ်.."

" ပြီးတော့ နတ်သမီးတောင်ရဲ့ ဂေဟာစနစ်အမှာ အမျိုးမျိုးသော တောရိုင်းတိရိစ္ဆာန်မျိုးစုံရှိတယ်လို့ ဆိုနိုင်တယ်။ အချို့သော ကောလဟာလတွေက ဒီနေရာမှာ ဧရာမစပါးအုံးမြွေကြီးတွေ ရှိတယ်လို့ ဆိုထားတယ် "

ရှောင်လျို့၏ အသံမှာ တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းထဲက လူအများစု အတွက် မယုံကြည်နိုင်စရာ ဖြစ်နေသည်။

~" သူတို့က မင်းကို ယုံသည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ငါကတော့ မယုံဘူး ဟေ့"~

~" မင်း ရိုးရိုးသားသား ဝန်ခံလိုက် အဲနေရာက မင်းအရင်က မရောက်ဖူးသေးတဲ့ ပန်းခြံတစ်ခု မှတ်လာ.."~

~" ဒီပန်းခြံက တော်တော်ကောင်းတယ်။ တကယ့် တောရိုင်းနဲ့ဆင်တယ် ညီမလေး ရှောင် ပန်းခြံနာမည်ကို ပြောပြလို့ရမလား ငါ့ကောင်မလေးနဲ့ အတူသွားချင်လို့."~

တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းထဲက မှတ်ချက်များကို မြင်တော့ ရှောင်လျို့က ပြုံးလိုက်သည်။

အများကြီး ရှင်းပြမနေဘဲ သူမက ချက်ချင်း ဆယ်လ်ဖီချောင်းကို အနည်းငယ်လှည့်ပြီး ကင်မရာနဲ့ ပတ်ဝန်းကျင်က သစ်ပင်တွေနဲ့ မြေပြင်ပေါ်က မြက်ခင်းပြင် ပုံရိပ်တွေကို ဖမ်းယူ မြင်နိုင်စေသည်။

ပတ်ဝန်းကျင် ရှုခင်းကို မြင်ပြီးနောက်..... ရှောင်လျို့၏ တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းမှာ ချက်ချင်းပင် ဆူညံပွက်လော ရိုက်သွားသည်။

~" ရှောင်ညီမလေး... သူ တကယ်တောထဲရောက်နေတယ်.."~

~" ရှောင်လျို့က နောက်ဆုံးတော့ တောထဲသွားချင်စိတ်ရှိပြီး တကယ့်အပြင် ထုတ်လွှင့်သူ တစ်ယောက်ဖြစ်ပြီပဲ "~

~" ဘာလို့ ရုတ်တရက် ငိုချင်လာတာလဲ..."~

~" မပြောနဲ့တော့ ညီမလေးရှောင်ကို လက်ဆောင်တွေ ပို့လိုက်ရအောင်.."~

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

.....

All Chapters