ဂုဏ်သတင်းရမှတ်
Vol. 2 Ch. 18
" ရှောင်လျို့ မြန်မြန် ဒီကိုလာ!."
ဘေးက ဆောင်းယုသည် နောက်ဆုံးတွင် တုန်လှုပ်နေခြင်းမှ ရုန်းထွက်ကာ ရှောင်လျို့ ဆီသို့ ရောက်သွား၍ သူမကို အဝေးဆွဲ ခေါ်သွားသည်။
မြွေနှင့် ရှဥ့်လေးတို့၏ အတူနေထိုင်သော ဆက်ဆံရေးသည် ၎င်းတို့၏ လောကအမြင်ကို ပြောင်းပြန် လှန်လိုက်သလိုပင်။
မလှမ်းမကမ်းက မိန်းခလေး လေးယောက်ကို ဖန့်ရန်က လှမ်းကြည့်လိုက်သည်။
"ဒီတောထဲမှာ လူတွေရှိတာလား"
စိမ်းလန်းစိုပြေသော ဤတောရိုင်းသည် လူသားတို့ နေထိုင်ရာနှင့် အလှမ်းဝေးသော တောင်တန်းတစ်ခု၌ တည်ရှိသည်ဟု ထင်မှတ်ခဲ့ပေသည်။ သို့သော် သူ့အထင်မှားနေခဲ့ပုံရသည်။
ဖန့်ရန် မိန်းခလေး လေးယောက်ကို သေချာကြည့်လိုက်သည်။
ယင်းမိန်းခလေးများသည် အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိပေအုံးမည်။ ၎င်းတို့သည် ပေါ့ပါးသော တောင်တက်လွယ်အိတ် များကို ကျောပိုးထားကြသည်။
မသိလျှင် အပျော်တမ်း တောင်တက် သမားများနှင့် အထင်မှားလောက်သည်။
ပိုအရေးကြီးသည်မှာ ဤမိန်းခလေး လေးယောက်၏ အသွင်အပြင်သည် သူ့အရင်ဘဝမှ အရှေ့တိုင်းသူ အမျိုးသမီးများနှင့် ဆင်တူပေသည်။
သူ့ အတွက် ဤမိန်းကလေးလေးယောက်သည် သူအရင်ဘဝကို လွမ်းဆွတ်သော တမ်းတမှုကို ခံစားရစေသည်။
ဖန့်ရန်သည် မြွေတစ်ကောင်ဖြစ်နေခဲ့သော်လည်း လူသားအဖြစ် ကိုယ့်ကိုကိုယ် ခံယူထားဆဲပင်။
ဘယ်သူနဲ့မှ မဆက်သွယ်နိုင်ဘဲ ဤတောထဲမှာ တစ်ယောက်တည်း အချိန်အတော်ကြာ နေခဲ့ရခြင်းကြောင့် တစ်ယောက်ယောက်နှင့် သူစကားပြောလိုနေသည်။
သို့ပေမဲ့ ဤအကြံအစည်ကို လောလောဆယ် သူမလုပ်ဆောင်နိုင်သေးပေ။ ယခု သူက မြွေတစ်ကောင် ဖြစ်နေသည်။ သူ၏ ပြေးထွက်လာခြင်းက ၎င်းမိန်းခလေးများကို ကြောက်လန့်စေယုံသာ ရှိမည်။
[ပစ်မှတ် - လူသား၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၃၀၀၀ မှတ်ကို ရရှိနိုင်သည်]
ဖန့်ရန်က မိန်းခလေးများကို သေချာကြည့်၍ တွေးနေစဥ်..။ စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။
ဖန့်ရန် ရယ်ရခတ်၊ ငိုရခတ် ဖြစ်သွားသည်။
သူ့လက်ရှိ အရွယ်အစားက လူများကို မျိုချနိုင်သည့် အရွယ်အစား မဟုတ်ပေ။
နောက်ပြီး သူက သူ့ကိုယ့်ကိုသူ လူသားတစ်ယောက်အဖြစ် သတ်မှတ်ထား၏။ နောက်ဆုံးအခြေအနေ မရောက်မခြင်း လူများကို မျိုချခြင်းကို လုပ်မည်မဟုတ်...။
" ဆောင်းယု.. နင် မိဘတွေနဲ့ အတူ တောင်ပေါ်တက်တုန်းက ဒီလိုမြင်ကွင်းမျိုး နင်မြင်ဖူးလား"
ဆောင်းယု၏ နောက်ပြန်ဆွဲထုတ် ခံခဲ့ရသော ရှောင်လျို့သည် နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာပြီး ဆောင်းယုကို မေးလိုက်သည်။
သူမ ဘေးတွင်ရပ်နေသော ကျန်းဝေနှင့် ချင်ရန် တို့သည်လည်း ရှောင်လျို့၏ အမေးကို ကြားပြီးနောက် ဆောင်းယုကို သိလိုစိတ်ဖြင့် ကြည့်လာကြသည်။
သူ့ကို ကြည့်နေကြသည်ကို မြင်လိုက်ရတော့ ဆောင်းယုက ပြုံးပြီး ခေါင်းယမ်းသည်။ ဒီလိုမြင်ကွင်းမျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။
သူမ၏ ယခင်အသိပညာများအရ ရှဥ့်နှင့် မြွေ အတူယှဥ်တွဲ၍ နေထိုင်ဖူးကြောင်း မကြားဖူးချေ။
ထိုနှစ်ကောင် ဆုံသည်နှင့် ရှဥ့်လေးက သူ၏ ချစ်လှစွာသော အသက်အတွက် ချက်ချင်းပင် ထွက်ပြေးသွားလိမ့်မည်။
" နင်တို့ကို တောင်ပေါ်တက်မယ်လို့ ငါအဓိက တိုက်တွန်းခဲ့တာနော် ဒီလို ရှားပါးတဲ့ မြင်ကွင်းမျိုး တွေ့ခွင့်ရတဲ့အတွက်
ကျေးဇူးတင်သင့်တယ် "
ရှောင်လျို့က အရမ်းစိတ်လှုပ်ရှားနေသည်။
မြွေနှင့် ရှဥ့်လေးတို့၏ အသိုက်ထဲတစ်ခု ထဲတွင် အတူနေထိုင်ခြင်းက. ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
ဓာတ်ပုံရိုက်ကူးရန် မေ့သွားသော ချင်ရန်နှင့် ဆောင်ယုတို့သည် ဖုန်းကို အမြန်ထုတ်ကာ ဓာတ်ပုံ ရိုက်လိုက်ကြသည်။
ရှောင်လျို့က ထိုမြင်ကွင်းကို မြင်သောအခါတွင် သူမ တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ရုတ်တရက် သတိရလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းတွင် မှတ်ချက်များ ပလူပျံနေသည်။
လူတိုင်းက.. သူမ၏ အခြေအနေနှင့် ဒဏ်ရာရသွားခြင်းရှိ၊ မရှိ သို့မဟုတ် အရေးပေါ်ဝန်ဆောင်မှုများကို ဆက်သွယ်စေလိုခြင်း ရှိ၊ မရှိ မေးမြန်းနေကြသည်။
" အားလုံးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ရှောင်လျို့.. ဘာမှမဖြစ်ပါဘူ.. ဒါကြောင့် စိတ်မပူပါနဲ့ "
ရှောင်လျို့က ကင်မရာကို ကြည့်ပြီး ချိုမြိန်တဲ့ အပြုံးလေးနဲ့ ပြောလိုက်သည်။
" ဟုတ်ပြီ၊ လူတိုင်းကို အရမ်းစိတ်ဝင်စားဖို့ကောင်းတာ တစ်ခု ပြမယ်.. ဒါပေမယ့် ပထမဆုံး အနေနဲ့ ဖုန်းကို လက်ထဲကနေ မပြုတ်ကျစေဖို့ သတိပေးချင်ပါတယ် "
ရှောင်လျို့ ပြောလိုက်သည့်စကားက ဖုန်းမျက်နှာပြင်ပေါ်မှာ..မေးခွန်းအမှတ်အသားများကို ဆက်တိုက် ပေါ်လာစေသည်။
ရှောင်လျို့က အားလုံး၏ သိချင်စိတ်ကို မထိန်နိုင်တော့သောကြောင့် ဖုန်းစခရင်ကို ထင်ရှူးပင်ကြီး၏ အခေါင်းပေါက်အဝ၌ ရှိနေဆဲဖြစ်သော ဖန့်ရန်နှင့် ရှဥ့်လေးတို့ထံ လှည့်လိုက်သည်။
ဖန့်ရန်နှင့် သူ၏ ဦးခေါင်းကို မှီထားသည့် ရှဥ့်လေးတို့၏။ ပုံရိပ်က ဖန်သားပြင်ပေါ်မှာ ပေါ်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းထဲမှ မှတ်ချက်များ ခေတ်တ၊ ခဏရပ်သွားပြီးနောက်.. နောက်အခိုက်အတန့်မှာတော့ မှတ်ချက်များ ဖုန်းမျက်နှာပြင် တစ်ခုလုံး ပြည့်နှက်သွားသည်။
~" ဘုရားရေ.. မြွေနဲ့ ရှဥ့်တို့လား..? အတူတူ? ဒါမျိုး ငါ့ဘဝမှာ တွေ့ဖူးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...~
~" အဲဒီ ရှဥ့်လေးမှာ သတ္တိအတော်ရှိတာပဲ သူက မြွေကိုတောင် ပွေ့ဖက်ရဲတယ်..."~
~" ဒီမြွေနဲ့ ရှဥ့်လေးက အရမ်းရယ်ရတယ်.. သူတို့ရဲ့ မျက်လုံးတွေကို ကြည့် ကင်မရာကို ကြည့်နေတာ..."~
~" သူတို့နှစ်ယောက်က ချစ်ဖို့ကောင်းနေလိုက်တာ သူတို့ကြည့်ရတာ စုံတွဲတစ်တွဲလိုပဲ.. မြွေကို ဖက်ထားတဲ့ ရှဥ့်လေးက ယောက်ျားလက်ကို ကိုင်ထားတဲ့ မိန်းခလေးနဲ့ တူလိုက်တာ..."~
~" မင်းတကယ်ထင်နေတာလား...ငါ့အထင်တော့ ဒီရှဥ့်လေးက သူ့ကိုယ်သူ မြွေအတွက် အစာခြောက်အနေနဲ့ ထားတာ ထင်တယ်..."~
“…”
ဒီလို ရှားရှားပါးပါး မြင်ကွင်းကို ကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့် ဧည့်ခန်းထဲက ပရိသတ်တွေလည်း ငြိမ်မနေနိုင်ပေ။ တစ်ချို့လူတွေက ပေါက်ကရ မက်ဆေ့ခ်ျတွေ ပို့နေကြပြီး တစ်ချို့က လက်ဆောင်တွေ ပို့နေကြသည်။
ပေးပို့လာသော လက်ဆောင်အမျိုးမျိုးကြောင့် ဖုန်းမြက်နှာပြင်ပင် ပိတ်ဆို့သွားခဲ့သည်။
ဤအချိန်တွင် အချို့သောလူများက ဝါးပင်များကို လက်ဆောင်ပေး နေကြသည်။
Tsukitake တိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်း၏ စည်းမျဉ်းများသည် တစ်စုံတစ်ဦးမှ ဝါးပင်ကို ဆုပေးသရွေ့ လူများကို ဆွဲဆောင်ရန်အတွက် ပင်မ ပလက်ဖောင်း စာမျက်နှာတွင် ကာတွန်းပုံလေး တစ်ခု ပေါ်လာမည် ဖြစ်သည်။
တစ်စုံတစ်ယောက်က ကာတွန်းပုံလေးကို နှိပ်လိုက်သည်နှင့် သက်ဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ချက်ချင်းပြောင်းရွှေ့သွားမှာ ဖြစ်၏။
ရှောင်လျို့၏ ပရိသတ်တချို့က သူမအား ဝါးပင်များ ဆုချပြီးနောက်..တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း၏ ပင်မ စာမြင်နှာ၌ ကာတွန်းပုံလေး တစ်ခု ပေါ် လာသည်။
ကာတွန်းပုံလေး ပေါ်လာပြီးနောက် စပ်စုချင်သော လူများက ဝင်ရောက်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲ ဝင်ရောက်လာပြီးနောက် ၎င်းတို့သည် ဖန့်ရန်နှင့် သူ့ခေါင်းပေါ်မှ ရှဥ့်လေးကို မြင်တွေ့လိုက်ရပြီး ထိတ်လန့်သွားကြသည်။
ချက်ချင်းပင် ကြည့်ရူသူ အရေအတွက်သည် ၁ဝ,ဝဝဝ မှ ၅ဝ,ဝဝဝ ရောက်ရှိသွား၏။
တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းက ပိုမိုအသက်ဝင်လာသည်။ လူသစ်များက ရှောင်လျို့၏ တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းသို့ ဝင်ရောက်နေကြဆဲ ဖြစ်သည်။
ရှောင်လျို့က ကြည့်ရူသူ အရေအတွက်ကို တွေ့လိုက်သည်နှင့် ပျော်ရွင်လွန်း၍ ထခုန်လု မတက် ဖြစ်သွားသည်။
သူမတွင် ပရိတ်သတ် အားလုံးပေါင်း ၇ဝ,ဝဝဝ ကျော် ရှိသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုစီတိုင်း၌ အများဆုံး ကြည့်ရူသူ အရေအတွက် ၄ဝ,ဝဝဝ သာ ရှိတက်သည်။
ယခုအတွင်တော့ ဖန့်ရန် နှင့် ရှဥ့်လေး တို့ရှိနေသောကြောင့် ကြည့်ရူသူအရေအတွက်သည် မလျော့သွားဘဲ စက္ကန့်တိုင်း တိုးလာနေသည်။
...
ရှောင်လျို့က သူမရဲ့ တိုက်ရိုက်မှုမှာ အလုပ်ရှုပ်နေချိန်မှာ..ဖန့်ရန်က ကင်မရာကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။
" အဲဒါက တိုက်ရိုက်ထုတ်လွှင့်နေတာ ပေါ့.."
ရှောင်လျို့၏ လက်ကိုင်ဖုန်းပေါ် မှတ်ချက်များနှင့် လက်ဆောင်ပုံ အမြောက်အမြားကို မြင်တွေ့ပြီးနောက်... သူ့အရင်ဘဝက တိုက်ရိုက် ထုတ်လွှင့်မှုများကိုပင် ယသတိရသွားခဲ့သည်။
သူ မထင်ထားသည်က ဤကမ္ဘာကြီးတွင် ဖျော်ဖြေရေးအနေနှင့် တိုက်ရိုက်ထုတ်လွှင့်မှုလိုမျိုး အရာတွေ ရှိနေခြင်း ဖြစ်သည်။
[ဒင်]
[လက်ခံသူသည် ဂုဏ်သတင်းရမှတ် ၁ မှတ်ကို အောင်မြင်စွာ ရရှိခဲ့ပြီး ကျွမ်းကျင်မှုရမှတ် ၁ မှတ်ကို ဆုလာဘ်အဖြစ် ရရှိသည်]
[ဒင်]
[လက်ခံသူသည် ဂုဏ်သတင်းရမှတ် ၃ မှတ်ကို အောင်မြင်စွာ ရရှိခဲ့ပြီး ကျွမ်းကျင်မှုရမှတ် ၂ မှတ်ကို ဆုလာဘ်အဖြစ် ရရှိသည်]
[ဒင်]
[ လက်ခံသူသည် ဂုဏ်သတင်းရမှတ် ၁၀၀ ကို အောင်မြင်စွာ ရရှိခဲ့ပြီး....
........
.........
.........
[လက်ခံတွင် ကျွမ်းကျင်မှုရမှတ် ၁၃ မှတ်အထိ ရောက်ရှိနေပြီး ဖြစ်၍ သတ်မှတ်ထားသော စွမ်းရည် ၄ ခုကို သင်ယူနိုင်သည်]
ရုတ်တရက် ဖန့်ရန်သည် စနစ်၏ အချက်ပေးသံများစွာကို ကြားလိုက်ရပြီး ထိတ်လန့်သွားသည်။
ဂုဏ်သတင်းရမှတ်က နောက်ဆုံးမှာ ရလာပြီလား...
.....