စွမ်းရည် အသစ်
Vol. 2 Ch. 20
မိန်းကလေးလေးယောက်ကြားတွင် ဖြစ်ပျက်သောအရာများသည် ဖန့်ရန်နှင့် မဆိုင်သလို သူလည်း မသိခဲ့ပေ။
ယခုအချိန်တွင် သူအတွက် ကျွမ်းကျင်မှုရမှတ်ကပို အရေးကြီးနေသည်။
ဂုဏ်သတင်းရမှတ်များရရှိလာခြင်းသည် ကျွမ်းကျင်မှုရမှတ်များကို ဆုလာဘ်အဖြစ် ရရှိစေခဲ့သည်။
နောက်ဆုံးအကြိမ် ဆင့်ကဲပြောင်းလဲခြင်းမှ ရရှိခဲ့သော စနစ်အမှတ်ငါးမှတ်အပြင် ဂုဏ်သတင်းရမှတ်များမှ ရရှိသော အမှတ်နှင့်ပေါင်းပြီး သူ၏ ကျွမ်းကျင်မှုရမှတ် အားလုံးသည် ဆယ်သုံးမှတ်အထိ ရောက်ရှိသွားသည်။
ယခုအချိန်၌ သူခွန်အားကို တိုးတက်အောင် အဓိက ကူညီပေးနိုင်သည်မှာ စွမ်းရည်တွေသာ ဖြစ်သည်။
"ဒီတစ်ခါမှာ စွမ်းရည်အသစ်တွေ ရနိုင်မလားမသိဘူး..."
စွမ်းရည်အသစ်တွေ ပေါ်လာဖို့ကို ဖန့်ရန် မျှော်လင့်နေမိသည်။
အခုအချိန်မှာတော့ စနစ်ဆီက ထက်ရနိုင်သည့် စွမ်းရည်များက အရောင်ပြောင်း ဖုံးကွယ်ခြင်းနှင့် ပြင်းထန်သော အဆိပ်သာ မဟုတ်ဖို့ မျှော်လင့်မိသည်။
"စနစ် လက်ရှိ ရနိုင်တဲ့ စွမ်းရည်တွေ ပြပေးပါ...."
ဖန့်ရန်၏ စိတ်ထဲ၌ အလင်းတန်းတစ်ခုနှင့် အတူ အပြာရောင်ဖန်သားပြင် ပေါ်လာသည်။
[လက်ခံသူသည် ကျွမ်းကျင်မူရမှတ်များကို စွမ်းရည်များကို အသက်သွင်းခြင်း (သို့မဟုတ်) အဆင့်မြှင့်ခြင်း ပြုလုပ်နိုင်သည်]
[အရောင်ပြောင်း ဖုံးကွယ်ခြင်း - ဤစွမ်းရည်သည် ပတ်ဝန်းကျင်နှင့် ဆင်တူသောအရောင်သို့ ပြောင်းလဲနိုင်သည်
အဆင့်မြှင့်တင်မှုတစ်ခုစီသည်
ကျွမ်းကျင်မူရမှတ် - ၃ မှတ်
လက်ရှိအဆင့် - ၀/၅]
[ပြင်းထန်သောအဆိပ် - အစွယ်မှ အဆိပ်ရည်ကို ပတ်ဖျမ်းနိုင်သည်
အဆင့်မြှင့်တင်မှုတစ်ခုစီသည်
ကျွမ်းကျင်မူရမှတ် ၃ မှတ်
လက်ရှိအဆင့် - ၂/၅]
[အစာခြေမြန်ခြင်း - ဤစွမ်းရည်သည် ဗိုက်ထဲသို့ အစာမျိုနေသမျှ ကာလပတ်လုံး အလိုအလျောက် အစာခြေနေမည် ဖြစ်သည်
အဆင့်မြှင့်တင်မှုတစ်ခုစီသည်
ကျွမ်းကျင်မူရမှတ် - ၅ မှတ်
လက်ရှိအဆင့် - ၀/၅]
[အရေပြားခုခံမှု - ဤစွမ်းရည်သည် .ယအရေပြားကိုတင်မာစေ၍ အခြေအနေတစ်ခုသို့ ခုခံနိုင်စေသည်။ အပူနှင့် အအေးဒဏ်ကို ခံနိုင်ရည် ရှိသည်
အဆင့်မြှင့်တင်မှုတစ်ခုစီသည်
ကျွမ်ကျင်မှုရမှတ် - ၈ မှတ်
လက်ရှိအဆင့် - ၀/၅]
စနစ် သတိပေးချက်များကို မြင်ပြီးနောက် ဖန့်ရန်သည် ချက်ချင်းပင် အလွန်ဝမ်းသာ သွားသည်။
အမှန်တကယ်ပင် စွမ်းရည်အသစ်များကို မြင်တွေ့နေရသည်။
'အစာခြေမြန်ခြင်း...'
အောင်မြင်သော အမဲလိုက်မူတိုင်း၌ အစာကြေအောင် စောင့်ရင်း အချိန်များစွာကုန်ဆုံးရ၏။ ၎င်းက အချိန်ကို ဖြုန်းတီးရုံမက အန္တာရာယ်ကို တိုးမြင့်စေသည်။
သားကောင်ကို မျိုပြီးတာနှင့် သူ့ခန္ဓာကိုယ်၏ အရှိန်နှင့် သွက်လက်မှုဟာ ကျဆင်းသွားလေ့ရှိသည်။ အစားခြေမြန်ခြင်းက သူ၏ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပေမည်။
သို့ပေမဲ့ ဖန့်ရန်က အရေပြားခုခံမှုကို ပိုစိတ်ဝင်စားမိသည်။
ထိုစွမ်းရည်သည် သူ့ ခုခံအားကို မြှင့်တင်ပေးရုံသာမက အပူဒဏ်ကိုလည်း ခံနိုင်ရည်ရှိ၍ အအေးဒဏ်ကိုလည်း ဖြေရှင်းနိုင်သောကြောင့် ဖြစ်သည်။
သေသေချာချာစဉ်းစားပြီးနောက် ဖန့်ရန်သည် အရေပြားခုခံမှုနှင့် အစားခြေမြန်ခြင်းကို ရွေးချယ်လိုက်သည်။
နွေးထွေးသော စီကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်နှင့် အကြေးခွံတွေဆီ တစ်လျှောက် စီးဆင်းသွားတာကို ခံစားမိလိုက်သည်။
ထို့အတူ အစာအိမ်အတွင်းက ယားယံလာပြီး မိနစ်အနည်းငယ်အကြာမှာ ပျောက်ကွယ်သွားခဲ့သည်။
ဖန့်ရန်သည် သူ၏ အမြီးကို လိမ်ကျစ်ကာ ပါးပြင်အရွယ်ခန့်ရှိသော ကျောက်စရစ်ခဲတစ်တုံး ၌ သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်လိုက်သည်။
ဂျိ. ဂျိ. ဂျိ. ဂျိ. ဂျိ..
ပွတ်တိုက်မှုမှ မာကျောသော ဒုတ်နှစ်ချောင်းကို ပွတ်တိုက်လိုက်သလို အသံများထွက်ပေါ်လာသည်။
ချက်ချင်းပင် ဖန့်ရန်သည် နေရောင်နှင့် ထိတွေ့နိုင်သော နေရာကို သွားလိုက်သည်။
ပူပြင်းသော နေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ.. သူ့ခန္ဓာကိုယ်၏ အပူချိန်ကို ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း သေချာတာက နေရောင်ခြည်က သူ့ကိုမပူစေတော့ပေ။
အဆင့်မြှင့်တင်မှု လုပ်ဆောင်ပြီးနောက်တွင် အရေပြားခံနိုင်ရည်က သိသာသော ပြောင်းလဲမှုဖြစ်ပြီး သူ့ခုခံအားကို သိသိသာသာ တိုးတက်စေသည်။
သို့သော် ကံမကောင်းစွာဖြင့် ဤစွမ်းရည်က နောက်ထပ် အဆင့်မြှင့်မှုတစ်ခုစီ အတွက် ကျွမ်းကျင်မှုရမှတ် (၈) မှတ်လိုအပ်သည်။
နောက်ထက် ဆင့်ကဲပြောင်းလဲမှုအပြီး၌ သူရရှိမည့် ကျွမ်းကျင်မူရမှတ်က အရေပြားခုခံမှုကို အဆင့်မြှင့်တင်ရန် မပြည့်မီသော်လည်း ၎င်းကို အစာခြေခြင်းမြန်ခြင်းအား အဆင့်မြှင့်တင်ရာမှာ အသုံးပြုနိုင်သည်။
အစာခြေမြန်ခြင်းက အကူစွမ်းရည် တစ်ခုလည်း ဖြစ်သည်။
'စနစ် ကိုယ်ရေးအကျဉ်ဇယားပြမယ်..'
ဖန့်ရန်သည် စိတ်ထဲတွင် တီတိုးရေးရွတ်လိုက်ရာ သူ့စိတ်ထဲတွင် အလင်းတန်းနှင့်အတူ အပြာရောင် ဖန်သားပြင် တစ်ခု ချက်ချင်းပေါ်လာသည်။
[လက်ခံသူ : ဖန်ရန်
အဆင့် : ၅
စနစ်အမှတ် : ၁၈၀ / ၂၅၀
ကျွမ်းကျင်မှုရမှတ် : ၀
ကိုယ်ထည်အရှည် : ၁ မီတာ
အချင်း : ၂.၈ စင်တီမီတာ
ခွန်အား : ၂.၀
ခုခံနိုင်စွမ်း : ၄.၀
အမြန်နှုန်း : ၁.၅
တက်ကြွမှု : ၂.၀
စိတ်ဝိညာဉ် : ၃.၀
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၂.၈
စွမ်းရည် : ပြင်းထန်သော အဆိပ် (၂/၅)၊ အရေပြားခုခံမူ (၁/၅)၊ အစာခြေမြန်ခြင်း (၁/၅)
ဂုဏ်သတင်းရမှတ် : ၇၁၂၂ / ၁၀၀၀၀၀၀၀]
" ဟမ်.. စနစ်အမှတ် ၁၈၀ ရှိနေတာပဲ.. နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲဖို့ စနစ်အမှတ် ၇၀ ပဲ လိုတော့တယ်.."
ဖန့်ရန် မျက်လုံးများ တောက်ပနေသည်။
ယခု သူသည် အမြန်အစာခြေခြင်း စွမ်းရည်ကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။ ထိုကြောင့် သူ၏ အမဲလိုက်ချိန်က အများကြီး တိုးလာတော့မည် ဖြစ်သည်။
ကံကောင်းမည်ဆိုလျှင် တစ်ရက်အတွင်း ဆင့်ကဲပြောင်းလဲရန် လုံလောက်သော သားကောင်ကို ရှာဖွေနိုင်ပေမည်။
အမဲလိုက်ခြင်းအကြောင်း တွေးနေရင်းနှင့် ဖန့်ရန်၏ အကြည့်များသည် ခုခံနိုင်စွမ်း အပေါ်ကို ကျရောက်သွားသည်။
ခုခံနိုင်စွမ်း၏ ဖော်ပြချက်သည် (၄.၀) ဖြစ်နေသည်။ သူနောက်ဆုံးအကြိမ်က (၁.၀) သာဖြစ်မှန်း သူမှတ်မိနေသည်။
ရုတ်တရက် ခုခံနိုင်စွမ်း (၄) ဆ တိုးလာခြင်းက သူကို အံ့အားသင့်စေသည်။
သို့သော် ၎င်းက အရေပြားခုခံမှု
စွမ်းရည်ကြောင့် ဖြစ်မှန်း ထင်ရှားပေသည်။
အနာဂတ်မှာ သူ၏ ခုခံနိုင်စွမ်းကို တိုးမြှင့်ချင်တယ်ဆိုရင် ခံစစ်စွမ်းရည်ကို အားကိုးတာ ပိုကောင်းတယ်လို့ ထင်သည်။
ခဏလောက်စဉ်းစားပြီးနောက်.. ဖန့်ရန်သည် သူ့အတွေးများကို ရပ်ဆိုင်ကာ သားကောင်ကို စတင်ရှာဖွေလိုက်သည်။
လေထုထဲ လျှာကိုထုတ်၍ စတင် အနံခံလိုက်သော ဖန့်ရန်သည် မနီးမဝေး၌ ဖုံးကွယ်ထားသော ကြိုးစားနေသည့် အနံ့တစ်ခုရလိုက်သည်။
သူသည် ခေါင်းငုံကာ မသိမသာ လှမ်းကြည့်လိုက်၏။ ဤနေရာနှင့် မဝေးသော နေရာတစ်ခု၌ အချင်း ဆယ်စင်တီမီတာရှိသော ဖားတစ်ကောင် ဝပ်၍ ပတ်ဝန်းကျင်နှင့် ရောယှက်နေသည်။
[ပစ်မှတ် - ဦးချိုဖား၊ သွေးအေးသတ္တဝါ၊ စနစ်အမှတ် ၁၀ မှတ်ကို ရရှိနိုင်သည်]
ဖန့်ရန်က ဖားကို စိုက်ကြည့်လိုက်သည်နှင့် စနစ်၏ အသံသည် သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
မြက်ခင်းပြင်မှာ ဝပ်နေသော ဖားဘက်သို့ ဖန့်ရန်က ဖြည်းဖြည်းချင်း ချင်းကပ်သွားလိုက်သည်။
ဤဖားမျိုးသည် ထူးဆန်းသော ပုံသဏ္ဍာန်ရှိ၍ ပုသောကိုယ်နှင့် ကြီးမားသောပါးစပ် ရှိ၏။ ထိုကြောင့် သူသည် အတိတ်ဘဝက အလွန်ရေပန်းစားခဲ့သော အိမ်မွေးဖားတစ်ကောင်ကို သတိရမိသည်။
ဖန့်ရန်သည် သူ့အရင်ဘဝတုန်းက အတန်းဖော်တစ်ယောက်ရဲ့အိမ်မှာ ဤဦးချိုဖားမျိုးကို တွေ့ဖူးသည်။
နှစ်မိနစ်ကြာ ချောင်းပြီးနောက်.. ဖန့်ရန်သည် ဦးချိုဖားနှင့် သုံးဆယ်စင်တီမီတာမျှသာ ကွာဝေးတော့ချိန် ပါးစပ်ကျယ်ကျယ်ဖြင့် လှမ်းဟပ်၍ ကိုက်လိုက်သည်။
ဖန့်ရန် အကိုက်ကို ခံရသည့်အခိုက်တွင် ဦးချိုဖားက ချက်ချင်းထခုန်ကာ အကိုက်ခံရခြင်းမှ လွတ်မြောက်ရန် အပြင်းအထန် ရုန်းကန်လေသည်။
သူ၏ ချွန်ထက်သောသွားနှင့် ကိုက်မိလိုက်စဉ်တွင် ဦးချိုဖား၏ ကံကြမ္မာက ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။
ယခု ရုန်းကန်မှုသည် သေခါနီး ဖားတစ်ကောင်၏ နောက်ဆုံး ရုန်းကန်မှုမျှသာ
ဖြစ်သည်။
နှစ်မိနစ်ခန့် အရူးအမူးရုန်းကန်ပြီးနောက် ဦးချိုဖား နောက်ဆုံးတွင် မလှုပ်ရှားတော့ဘဲ ဖန့်ရန်၏ အစာဖြစ်သွားသည်။
..
ဟူး...
ဖန့်ရန်သည် သူ့ဗိုက်ထဲတွင်ရှိနေသော ဖား၏ အရသာကို ပြန်စဉ်းစားရင်း သက်ပြင်းတစ်ချက်ချကာ စိတ်လှုပ်ရှားနေ၏။
" အခုဆို စနစ်အမှတ် ၁၀ မှတ် ရထားပြီး နောက်တစ်ခါ ဆင့်ကဲပြောင်းလဲဖို့ မြန်မြန်အမဲလိုက်ရမယ်.."
သူ့ ရည်ရွယ်ချက်က လျင်မြန်စွာ ဆင့်ကဲပြောင်းလဲဖို့ ဖြစ်သည်။
မိနစ်အနည်းငယ် လျှောတိုက်သွားပြီးနောက် ကြွက်တွင်းတစ်ခုကို တွေ့လိုက်ရသည်။
ဖန့်ရန်က သူ့လျှာကို လေပွတ်ထုအား ပွတ်တိုက်ရင်း ကြွက်တွင်းထဲ ဆင်းလာသည်။ အထဲရောက်လာသည်နှင့်အမျှ ကြွက်နံ့က ပိုမို အားကောင်းလာလေလေ ဖြစ်သည်။
ကြည့်ရသည်မှာ သူကံကောင်းမည်ဆို ဒီမှာတင် စနစ်အမှတ် လုံလောက်စွာရရှိနိုင်ပေမည်။
.....