အရူးအမူး
Vol. 2 Ch. 21
သုံးမိနစ်ခန့် သွားပြီးနောက် ဖန့်ရန် ကြွက်တွင်းအဆုံးကို ရောက်သွားသည်။
"ကျွီ!.ကျွီ!.ကျွီ!.."
စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။
[ပစ်မှတ် - မြေကြွက်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၅ မှတ်ကို ရရှိနိုင်သည်]
စနစ်၏ အသံမြည်ခိုက်တွင် ဖန့်ရန်သည် ကြွက်ကို ကိုက်ကာ မြေပြင်သို့ ရိုက်နှက်လိုက်သည်။
အချိန်တော်တော်ကြာ ကိုက်ရင် မြေပြင်နှင့် ရိုက်နှက်ခဲ့မှုကြောင့် နောက်ဆုံးတွင် ကြွက် သေသွားခဲ့သည်။
ဤကြွက်ကိုသာ မျိိုချလိုက်လျှင် စနစ်အမှတ် (၁၅) မှတ် ရမှာဖြစ်၍ ထပ်မံလိုအပ်သည့် စနစ်အမှတ်သည် (၄၅) မှတ် ဖြစ်သည်။
သူ၏ လှုပ်ရှားနေသော စိတ်ကို ငြိမ်သက်စေပြီး ကြွက်သေကို တွင်းထဲမှ အလျင်အမြန် ဆွဲထုတ်လိုက်သည်။
ဤကြွက်တွင်း၏ အနံအသက်သည် အလွန်ဆိုးရွားသည်။
ဖန့်ရန်သည် မြွေတစ်ကောင်ဖြစ်လာခဲ့၍ အများစုကို ခံနိုင်ရည်ရှိသွားသော်လည်း ရွံရှာဖွယ်မြင်ကွင်းနှင့် ဆိုးရွားလွန်သော အနံ့များကို သီမခံနိုင်ပေ။
အချိန်အနည်းငယ်ကြာပြီးနောက် ဖန့်ရန် တွင်းအပြင် ရောက်သွားပြီး ကြွက်သေကို ဖြည်းညှင်းစွာ မျိုချလိုက်သည်။
ကြွက်သေကို မျိုချပြီးနောက် ဖန့်ရန်သည် ဆက်လက်အမဲမလိုက်သေးပဲ အစားခြေဖို့ လုပ်လိုက်သည်။
ဦးချိုဖားနှင့် ကြွက်ကို အမဲလိုက်၍ အဆက်မပြတ် မျိုချခြင်းသည်။ သူဝမ်းဗိုက်ကို ဖောင်းကားလာစေသည်။
သားကောင်ကို ဆက်လက်မရှာဖွေမီ သူ့အစာအိမ်ထဲက အစာကိုချေဖျက်ဖို့ လိုပေသည်။
ကြွက်တွင်း၏ အဝင်ဝတွင် လဲလျောင်းနေသော ဖန့်ရန်သည် ဗိုက်အတွင်းရှိ ဖားသေနှင့် ကြွက်သေကို တိတ်တဆိတ် ချေဖျက်နေသည်။
သူ့အား အံ့အားသင့်စေသည့်အရာမှာ နာရီဝက်အတွင်း လုံးလုံးချေဖျက်လိုက်နိုင်၍ လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိလာခြင်းဖြစ်သည်။
အရင်ကဆိုရင် ဖား သို့မဟုတ် ကြွက်ကို အစာအဖြစ်ချေဖျက်ဖို့ အနည်းဆုံး နာရီဝက်ခန့်လိုအပ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် အစာခြေမြန်ခြင်း စွမ်းရည်ကို အသက်သွင်းပြီးနောက် သူ၏ အစာခြေဖျက်မှုသည်.. သုံးဆတိုးလာသည်။
"နောက်ထပ်သုံးခါလောက် အမဲလိုက်ပြီးရင် ဆင့်ကဲပြောင်းလဲနိုင်ပြီး...ငါ ဒီတစ်ကြိမ် ဆင့်ကဲဖြစ်စဉ်ပြီးသွားခဲ့ပြီဆို ဘယ်လောက်ကြီးသွားမလဲ မသိဘူ...."
ဖန့်ရန်က စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ချေ။
သူသည် ယခင်နယ်မြေတိုးချဲ့စဥ်က မှတ်သားထားသော..။ မြေအနေအထားကို ဆုံးဖြတ်ကာ ထိုလမ်းကြောင်းအတိုင်း လျင်မြန်စွာ သွားနေသည်။
ယခင်နယ်မြေတိုးချဲ့ချိန်က နေရာတစ်ခုသို့ ဖြတ်သွားသောအခါတွင် ကြွက်သိုက် အချို့ကို တွေ့ရှိခဲ့ပေမဲ့..။ ထိုအချိန်က သူ့ပန်တိုင်းသည်..နယ်မြေအနေအထားကို စုံစမ်းရန် နှင့် တိုးချဲ့ဖို့ဖြစ်တာကြောင့် ကြွက်တွင်းများ ကို မှတ်သားထားခဲ့သည်။
ယခုအချိန်တွင် သူသည် အစာလိုအပ်နေပြီး သဘာဝအတိုင်း ဤကြွက်များကို လွှတ်ထားမည်မဟုတ်ပေ။
ဆယ်မိနစ်နီးပါး အပြေးအလွှားသွားပြီးနောက် ဖန့်ရန်သည် ပထမဆုံး မှတ်သားထားသော ကြွက်သိုက်ရှိရာသို့ ရောက်ရှိသွားသည်။
အသိုက်ပိုင်ရှင်မရှိ ဆုံးဖြတ်ရန် လျှာကိုထုတ်၍ လေထုကို အနံခံပြီး ဖန့်ရန် ကြွက်သိုက်ထဲသို့ တန်းတန်းမတ်မတ် ဆင်းလာလိုက်သည်။
...အသိုက်ထဲမှာ ကြွက်တစ်ကောင်ရှိနေသည်။
ဖန့်ရန်က ပါးစပ်ကျယ်ကျယ်နဲ့ တိုက်ခိုက်လိုက်တဲ့အခါမှာတော့... ခုန်ပေါက်၍ မျှားတစ်စင်း ပစ်သလို သူ့ကို ကျော်ဖြတ်ကာ အဝေးဆီသို့ ပြေးသွားသည်။
မြွေများသည် ၎င်းတို့၏ ပြိုင်ဘက်များကို တခဏချင်း တိုက်ခိုက်ခြင်းဖြင့် သားကောင်ကို ကိုက်လေ့ရှိပြီးနောက်..။ သန်မာသော မေးရိုးဖြင့် ကိုက်ထားလေ့ရှိသည်။
သားကောင်သည် သူတို့၏ တိုက်ခိုက်ရေးအကွာအဝေးမှ လွတ်မြောက်ပါက ယေဘုယျအားဖြင့် လျင်မြန်စွာ ပြန်လည် မတိုက်ခိုက်နိုင်၍ လွတ်မြောက်သွားလေ့ရှိသည်။
သို့သော် ကြွက်လွတ်မြောက်ပြီးနောက်.. ဖန့်ရန်က ၎င်းကြွက်နောက် လိုက်ရန် တုံ့ဆိုင်းခြင်းမရှိခဲ့ပေ။
ယခုအခါတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် (၂.၈) မှတ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သို့ကြောင့် အရှိန်အဟုန်ပြင်းပြင်းဖြင့် နှစ်နာရီကျော်လောက် ပြေးနိုင်၍ ကြွက်ကို လိုက်ဖမ်းဖို့ လုံလောက်သည့် အချိန်ရှိပေသည်။
ကြွက်သည် တွင်းထဲမှ ပြေးထွက်သွားပြီး အဝေးဆီသို့ အရူးအမူးပြေးသွားနေသည်။
သို့သော်လည်း မကြာခင်မှာပင် ဖန့်ရန်က လိုက်မှီသွားကာ ကြွက်ကို ကိုက်လိုက်ပြီး မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ကာ လျင်မြန်စွာ ရစ်ပတ်၍ ညှစ်လိုက်သည်။
လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင် ဖန့်ရန်၏ ရစ်ပတ်မှုက အဓိကတိုးတက်မှု ဖြစ်သည်။ ပြိုင်ဘက်က ရုန်းကန်နေရင်တောင် မြန်မြန်ဆန်ဆန် ရစ်ပတ်နိုင်သည်။
နှစ်မိနစ်လောက်ကြာတော့ ကြွက်သေသွားခဲ့သည်။
ကြွက်ကိုမျိုချပြီးနောက် ဖန့်ရန် ဆက်လက်အမဲလိုက်ရန် အသင့်ဖြစ်နေသည်။
သို့ပေမယ့် သူအံ့သြသွားတာက သူ့မှတ်ဉာဏ်ထဲမှာရှိတဲ့ လမ်းကြောင်းကို အတိုင်းသွားပြီးနောက် နောက်ကြွက်သိုက်ကို ရောက်တဲ့အခါမှာတော့ ဘာမှကြွက်မှရှိမနေတာကို တွေ့လိုက်ရသည်။
"ဒီအသိုက်ထဲက ကြွက်က အစာရှာဖို့ ထွက်လာတာ ဖြစ်နိုင်တယ်...."
ဖန့်ရန် နောက်မှပြန်လာရန် ဆုံးဖြတ်၍ နောက်ကြွက်အသိုက်ကို သွားလိုက်သည်။
သို့ပေမယ့် သူကြွက်အသိုက် သုံးခုကို ဆက်တိုက်ရှာဖွေခဲ့ပေမဲ့ ကြွက်တစ်ကောင်မှ မတွေ့၍ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရ၏။ နောက်ဆုံးတွင် ကြွက်အသိုက်တစ်ခုထဲ၌၊ ဖန့်ရန် အနံ့တစ်မျိုးကို အနံ့ရလိုက်သည်။
ထင်ရှားသည်မှာ သူမှတ်သားထားသော တွင်းများရှိ ကြွက်တွေသည်.. အခြားမြွေတစ်ကောင်၏ စားသုံးခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
အကြိမ်တိုင်း လက်ဗလာဖြင့် ပြန်ထွက်လာရပြီးနောက်၊ ဖန့်ရန် အနည်းငယ်စိတ်ပျက်သွားသည်။ ကံကောင်းထောက်မစွာပင် နောက်ဆုံးတွင် ကျားဖားတစ်ကောင်ကို ဖမ်းမိသည်။
ထိုကျားဖားက စနစ်အမှတ် (၁၀) မှတ်ရသည်။
ယေဘူယျအားဖြင့်၊ ယနေ့ သူ စုစုပေါင်း စနစ်အမှတ် (၅၀) ကို ရရှိသည်။ ဆိုလိုသည်မှာ သူ၏ နောက်ဆင့်ကဲဖြစ်စဉ်အတွက်
စနစ်အမှတ် (၂၀) သာ လိုတော့သည်။
***
ညနေခင်း၏ လိမ္မော်ရောင် သန်းနေသော အလင်းတန်းတစ်ခုသည် သစ်ပင်တစ်ပင်၏ ကျို့တိုးကျဲတဲအရွက် မျက်နှာပြင်ကို ထိုးဖောက်ဝင်ရောက်ကာ ဖန့်ရန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လျက်ရှိသည်။
မူလက ယနေ့တွင် သူ၏ ပဉ္စမမြောက် ဆင့်ကဲဖြစ်စဉ်ကို စတင်ရန် လုံလောက်သော သားကောင်ကို ဖမ်းယူရန် စီစဉ်ထားသော်လည်း ယခုတော့ မဖြစ်နိုင်တော့ပေ။
စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း ဖန့်ရန် သည် ထင်းရှူးပင်ဆီသို့ ပြန်ရောက်လာသည်။
ထင်းရှူးပင်ကြီးဆီ ပြန်ရောက်သောအခါ အနည်းငယ် အံ့သြသွားသည်။
ဖန့်ရန် အနေနှင့် အရင်တွေ့ခဲ့တဲ့ မိန်းကလေး လေးယောက်က ဒီမှာရှိနေတုန်းပဲလို့ မထင်ထားမိပေ။ အခုအချိန်မှာ သူတို့အားလုံး ထုပ်ပိုးပြီး ထွက်သွားဖို့ အဆင်သင့် ဖြစ်နေပုံရသည်။
" ဆောင်ယု၊ ညီမဝေ၊ ညီမချင် ဟိုမှာကြည့် ဟိုမြွေပြန်လာပြီ...."
ရှောင်လျို့ သူ့မျက်လုံးထောင့်ကနေ ပြန်ရောက်လာသော ဖန်ရန် ကို သတိထားမိလိုက်သည်။
" နင် နဲ့ ရှဉ့်လေးကို ကျေးဇူးတင်ပါတယ်..အခုဆို ငါ့ တိုက်ရိုက်ထုတ်လွှင့်မှု ပရိသတ်တွေက 100,000 ကျော်သွားခဲ့ပြီ...."
" နေကောင်းအောင်နေ..နောက်တစ်ခါ ပြန်တွေကြမယ်...."
" သွားပြီးနော်..ဘိုင်...."
" ဘိုင်...."
ရှောင်လျို့က ကျေးဇူးတင်ကာ ချင်ရန်၊ ကျန်းဝေနဲ့ ဆောင်းယုတို့က ဖန့်ရန်ကို နှုတ်ဆက်လက်ပြနှုတ်ဆက်၍ အိတ်များကို ထုတ်ပိုးသယ်ဆောင်ပြီး မူလလမ်းမှ ပြန်သွားသည်။
ဖန့်ရန်သည် ကျောက်တုံးကြီးတစ်ခုပေါ်မှ တက်ကာ အနီးဝန်ကျင်ကို စစ်ဆေးလိုက်သည်။
ထိုမိန်းကလေး၏ အသွင်အပြင်ကိုကြည့် လျှင် ဤတောင် ၏အနီးတစ်ဝိုက်တွင် လူသားများနေထိုင်သည့် ရွာ သို့မဟုတ်
မြို့များရှိနိုင်သည်။ ဒီလိုမှမဟုတ်ရင် ဒီအချိန်မှ ၏တောင်မှ ဆင်းကြမည်မဟုတ်ပေ။
သူသည် နယ်ချဲ့ထွင်ရာမှ ဤနေရာသည် တောင်တစ်ခု၌ ရှိသည့် တောဖြစ်မှန်းသိခဲ့ခြင်း ဖြစ်သည်။
အသက်ပြင်းပြင်းရှူရင်း ဖန့်ရန်က သစ်ပင်ပေါ်သို့ တက်၍ သူ့အသိုက်ထဲ ပြန်ဝင်ရန် အသင့်ဖြစ်နေသည်။
သူသည် ဦးခေါင်းကို နောက်လှည့်လိုက်သည့် အခိုက်တွင် အန္တရာယ်ရှိနေကြောင်း ခေါင်းထဲ၌ အန္တရာယ် အချက်ပေးသံများမြည်လာသည်။
.....