← Chapters

ပဉ္စမဆင့်ကဲဖြစ်စဉ်

Vol. 2 Ch. 22

ပဉ္စမဆင့်ကဲဖြစ်စဉ်

Vol. 2 Ch. 22

" ရွှီးးး.."

မြွေအော်သံ တစ်ခု ဖန့်ရန် အနောက်မှ ထွက်လာသည်။

အသံ၏ အရင်းအမြစ်ကို ကြည့်ရန် ခေါင်းကို လည့်လိုက်သည်နှင့် ဖန့်ရန် စိတ်ထဲ တင်းကြပ်သွားသည်။

၎င်းမြွေက ထင်းရှူးပင်နဲ့ မနီးမဝေးမှာ တွေ့လေ့ရှိတဲ့ ဝါးစိမ်းမြွေ ဖြစ်နေသည်။

ဖန့်ရန်သည် ဝါးစိမ်းမြွေနှင့် အကြိမ်ပေါင်းများစွာ ဆုံဖူးသော်လည်း အကြိမ်တိုင်း သူတို့သည် ကိုယ်လုပ်ရမည့် အလုပ်ကိုသာ လုပ်ဆောင်လေ့ရှိသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုမြွေမျက်လုံးများမှ အန္တရာယ်ရှိသော အငွေ့အသက်ကို သူခံစားမိသည်။

ရုတ်တရက် ဤဝါးစိမ်းမြွေ ခေါင်းကိုမော့ကာ မျက်လုံးများက ဖန့်ရန်ကို စိုက်ကြည့်လိုက်သည်။

ဝါးစိမ်းမြွေသည် သူနှင့် မီတာဝက်ပဲ ဝေး၏ ဖန့်ရန်သာ တစ်ခုခုမှားနေတယ်လို့ ခံစားရ၍ လှည့်မကြည့်ခဲ့ပါက ဝါးစိမ်းမြွေရဲ့ တိုက်ခိုက်မှုခြင်းကို ခံနေရပေမည်။

[ပစ်မှတ် - ဝါးစိမ်းမြွေ၊ တွားသွားသတ္တဝါ၊ စနစ်အမှတ် ၄၀ မှတ်ကို ရရှိနိုင်သည်]

ဖန့်ရန် ဝါးစိမ်းမြွေကို စိုက်ကြည့်လိုက်သည်နှင့် စနစ်အသံ ထွက်လာသည်။

စနစ်၏ အသိပေးချက်ကို ကြားလိုက်ချိန်တွင် ဖန့်ရန်သည် မထိန်းနိုင်ဘဲ မဲ့ပြုံးပြုံးလိုက်သည်။

သူသာ သတိ မရှိသော မြွေတစ်ကောင်သာ ဖြစ်နေလျှင် မဆိုင်းမတွပင် တိုက်ခိုက်မှုကို ခံရမည်မှာ သေချာပေသည်။

ဝါးစိမ်းမြွေအမျိုးအစားသည် အဆိပ်ရှိသောမြွေမျိုးစိတ်တွင် ပါဝင်သည်။

ဝါးစိမ်းမြွေရဲ့အသေးစိတ်အချက်အလက်ကို သူအရင်ကတွေ့ဖူးသည်။ ဤမြွေအမျိုးအစား

အကိုက်ခံရခြင်းသည် သေစေခြင်းမရှိသော်လည်း ပျို့အန် မူးဝေ နိုင်သည်။

ဝါးစိမ်းမြွေကိုက်ခြင်းသည် လူကိုသေစေခြင်းမဟုတ်သော်လည်း လူသားများ၏ သတ်မှတ်ချက်၌ ဝါးစိမ်းမြွေကို အန္တရာယ်အဖြစ် သက်မှတ်ထားသည်။

ဝါးစိမ်းမြွေသည် သူ့အမဲလိုက်ဖို့ ရွေးချယ်ခဲ့သော နေရာအနီး၌ ပုံမှန်အားဖြင့် ဖား၊ ကြွက် နှင့် တိရစ္ဆာန်ငယ်လေးများကို ဖမ်းဆီး စားသုံးလေ့ရှိသည်။

သာမန်မြွေများအတွက် ကြွက်တစ်ကောင်က တစ်ပတ်လောက်ကြာအောင် လုံလောက်သည်။

ဤဝါးစိမ်းမြွေသည် အရင်က သားကောင်မရှိခြင်းအတွက် ဘယ်သောအခါမှ မစိုးရိမ်ရပေ။

နောက်ဆုံး ဖန့်ရန် ဤနေရာတွင် အခြေချပြီးသည်နှင့် နေ့တိုင်း သားကောင်များကို လိုက်ရှာ၍ အမဲလိုက်ခဲ့သည်။

ယခုဆိုလျှင် သူ့အနီးတစ်ဝိုက်၌ တိရစ္ဆာန်ငယ်လေးများကို တွေ့ရခဲလာသည်။

ဤဝါးစိမ်းမြွေ၏ ဆာလောင်မှုမှာ ဖန့်ရန်က သူ့ဆာလောင်မှုရဲ့ မူလဇစ်မြစ်လို့ ပြောလို့ရသည်။

ဖန့်ရန်သည် အပြစ်ရှိသလို မခံစားရပေ။ ဤသည်မှာ တောတွင်းဥပဒေ အတိုင်း ခွန်အား ကြီးသူသာ မုဆိုးဖြစ်၍ အားနည်း သူက သားကောင်ဖြစ်သည်။

" ရှီးးးးး..."

ဖန့်ရန် ခေါင်းမြှောက်ကာ ဝါးစိမ်းမြွေကို နောက်ပြန် ဆုတ်စေရန် ခြိမ်းခြောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အနောက်ကို ဖြည်းညှင်းစွာ ဆုတ်လိုက်သည်။

ဖန့်ရန် အနေဖြင့် အဆိပ်ရှိသော ဤမြွေနှင့် မတိုက်ချင်ပေ။ ထိုအရာသည် အလွန်အန္တရာယ် များလိမ့်မည်။

သို့သော် ဖန့်ရန်ကို ဒေါသထွက်စေသည့်အရာမှာ သူပြန်ဆုတ်သွားပြီးနောက်.. ဤမြွေသည် သူ့ သတိပေးချက်ကို အလေးအနက်မထားဘဲ သူ့ကို လိုက်ဖမ်းလိုခြင်း ဖြစ်သည်။

"ဟမ်း... ငါမင်းကို ကြောက်တယ်လို့ထင်နေတာလား...."

ဖန့်ရန် ဒေါသမထွက်ဘဲ မနေနိုင်ပေ။ သူ အန္တရာယ်ကို ရှောင်တိမ်းလို၍ ပြန်ဆုတ်သွားပေမယ့် ဒီဝါးစိမ်းမြွေက လိုက်ဖမ်းနေ၏။

"ငါတို့နှစ်ယောက်လုံးက အဆိပ်ရှိတဲ့ မြွေတွေပဲ... ဘယ်သူသေမယ်ဆိုတာ ဆုံးဖြတ်ဖို့ စောနေသေးတယ်"

အဆိပ်ကို ခံနိုင်ရည်မြင့်မားသော တိရစ္ဆာန် ဆိုလျှင်ပင် သူ့အဆိပ်မိခဲ့လျှင် နှစ်မိနစ်အတွင်း သေစေနိုင်သည့် အကျိုးသက်ရောက်မှုရှိသည်။ ပြင်းထန်သော အဆိပ်ကို အဆင့်မြှင့်တင်မှု နှစ်ကြိမ်ပြုလုပ်ပြီးနောက် အဆိပ်၏ ပြင်းထန်မှုသည် သိသိသာသာ တိုးလာခဲ့သည်။

သူတို့နှစ်ယောက် တိုက်ပွဲဖြစ်ရင် အရေပြားခုခံမှုကြောင့် သူ့အနေနှင့် အနိုင်ရဖို့ ရာခိုင်နှုန်း ပိုများသည်။ သူရှောင်ချင်သော တစ်ခုတည်းသော အကြောင်းပြချက်သည် သူ၏ သတိထားတတ်သော အကျင့်စရိုက်ကြောင့် ဖြစ်သည်။ သို့ပေမယ့် အခုချိန်မှာတော့ ရှောင်လို့မရတော့ပေ။

ဒါကိုတွေးရင်း ဖန့်ရန်ဟာ သူ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ခွေလိုက်ပြီး သူ့မျက်လုံးတွေက ဝါးစိမ်းမြွေကို စိုက်ကြည့်နေကာ အချိန်မရွေး ရှောင်တိမ်းပြီး တန်ပြန်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည်။

" ရှီး း း း း ..."

ဝါးစိမ်းမြွေက ရုတ်တရက် တိုက်ခိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်သောအရှိန်နှင့် ဖန့်ရန်ရှေ့သို့ ရောက်လာသည်။

သို့သော်လည်း ဖန့်ရန်၏ သွက်လက်ဖျတ်လတ်မှုကိုလည်း လျှော့တွက်ရန်မလိုပေ။ ဖန့်ရန်သည် ခေါင်းကို နောက်ပြန်ဆုတ်ကာ ဝါးစိမ်းမြွေ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ရှောင်တိမ်းသည်။

ဝါးစိမ်းမြွေ တိုက်ခိုက်လျှင် ဖန့်ရန်က အနောက်သို့ ဆုတ်သည်။ ဝါးစိမ်းမြွေသည် ဖန့်ရန်ကို အဆက်မပြတ် ကိုက်နေသော်လည်း မမိပေ..တိုက်ခိုက်မှုတိုင်းကို ဖန့်ရန်က ရှောင်တိမ်းသည်။

ဝါးစိမ်းမြွေ၏ အဆက်မပြတ် တိုက်ခိုက်မှုနှင့်အတူ ၎င်း၏ တိုက်ခိုက်မှု အရှိန်က တဖြည်းဖြည်း လျော့ကျလာသည်။

"ဖုတ်.."

ဝါးစိမ်းမြွေ၏ ကိုက်ရန် ရည်ရွက်ချက်ဖြင့် တိုက်ခိုက်မူမှာ ထက်မံလွဲသွားကာ မြေပြင်ကို ထိသွားသည်။

' အခွင့်အရေး...'

ဖန့်ရန်သည် ထိုအချိန်၌ ရှောင်တိမ်းနေတာကို ရပ်၍ ဝါးစိမ်းမြွေ၏ လည်ပင်းကို လှမ်းကိုက်လိုက်သည်။

" ရွှီးးး...."

ဝါးစိမ်းမြွေသည် ၎င်း၏ ဦးခေါင်းကို နောက်ဆုတ်လိုသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ဝါးစိမ်းမြွေကို ကိုက်မိလိုက်တဲ့အချိန်မှာ ဖန့်ရန်က အစွယ်တစ်စုံမှ တဆင့် အဆိပ်ကို ထိုးသွင်းလိုက်သည်။

ဖန့်ရန်သည် ကိုက်ထားသော အနေအထားကလည်း ဝါးစိမ်းမြွေအတွက် ပြန်လှည့်ပြီးကိုက်ဖို့ မဖြစ်နိုင်ပေ။

ဝါးစိမ်းမြွေသည် အကိုက်ခံရပြီးနောက် ကမူးကရူးပင် ကိုက်ခဲခြင်းမှ လွတ်ရန် ရုန်းကန်သည်။

သို့သော် ဖန့်ရန်က မဖြေလျော့ဘဲ သစ်ငုတ်၌ သံကိုရိုက်ထားသလို မလွှတ်တမ်း ကိုက်ထားသည်။

မိနစ်ဝက်ကြာ ရုန်းကန်ပြီးနောက် ဖန့်ရန် သူ့သွားများ ကျဉ်လာသလို ခံစားလာရသည်။ ထိုအချိန်၌ ဝါးစိမ်းမြွေ၏ ရုန်းကန်မှုသည် အားနည်းလာပြီး နောက်တစ်မိနစ်အကြာတွင် ရပ်တန့်သွားသည်။

ဘုတ်...

ချက်ခြင်းပင် ဖန့်ရန် ကိုက်ထားတာကို ရပ်လိုက်ပြီး မြေပြင်ပေါ် ပစ်ချလိုက်သည်။

ဝါးစိမ်းမြွေသည် မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး မျက်လုံးများက မှုံမှိုင်းနေသည်။

ဖန့်ရန် ခဏလောက်အနားယူပြီးနောက်.. ဝါးစိမ်းမြွေကို ခေါင်းမှစ၍ မျိုချလိုက်သည်။

...

သစ်ပင်တွင်းသို့ ပြန်ရောက်သောအခါ ဖန့်ရန် ဝါးစိမ်းမြွေကို အစားခြေသည်။ တခဏအကြာတွင် ဝါးစိမ်းမြွေသည် အသားစများအဖြစ် ကြေမွသွားသည်။

[ဒင်]

[စနစ်အမှတ် ၄၀ မှတ်ကို ရရှိသည်]

ဤအသံကိုကြားသောအခါ ဖန့်ရန်သည် မပြုံးနိုင်ဘဲ ဆက်ပေါ်လာမည့် အသံကို စောင့်နေ၏။

[လက်ခံသူတွင် လုံလောက်သော စနစ်အမှတ် ရရှိ၍ ဆင့်ကဲပြောင်းလဲ နိုင်သည်]

[ဆင့်ကဲပြောင်းလဲချိန်တွင် စနစ်မှ ကာကွယ်ထား၍ လုံခြုံစွာ ဆင့်ကဲပြောင်းလဲနိုင်သည်]

[ ဆင့်ကဲပြောင်းလဲလိုပါသလား]

ဖန့်ရန်သည် လုံးဝတွန့်ဆုတ်ဘဲ "ဆင့်ကဲပြောင်းလဲ " ဟု တီးတိုးရေရွတ်လိုက်သည်။

သူ့အသံထွက်သွားပြီးနောက်မှာ ပူနွေးသော စီးကြောင်းတစ်ခု ချက်ချင်းပေါ်လာပြီး ခန္ဓာကိုယ်အနှံ့ လည်ပတ်နေ၍ တဖြည်းဖြည်း ပိုပိုပူလာသည်။

သို့သော် ၎င်းနာကျင်မှုထက် သူ့

ခံနိုင်ရည်ရှိမှုမှာ ကျော်လွန်နေပြီ ဖြစ်သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် မြွေအရေခွံတစ်ခု ဖန့်ရန် ဘေး၌ ရှိနေသည်။

"စနစ် ကိုယ်ရေးအကျဉ်ပြ...."

ပဉ္စမအကြိမ်ဆင့်ကဲဖြစ်စဉ်က သူ့ကိုဘာတွေပြောင်းလဲသွားစေလဲ ဖန့်ရန် သိချင်နေသည်။

.....

All Chapters