← Chapters

ရာသီပြောင်းချိန်

Vol. 2 Ch. 23

ရာသီပြောင်းချိန်

Vol. 2 Ch. 23

[လက်ခံသူ : ဖန့်ရန်

အဆင့် : ၆

စနစ်အမှတ် : ၂၀ / ၁၀၀၀

ကျွမ်းကျင်မှုရမှတ် : ၆

ကိုယ်ထည်အရှည် : ၁.၅ မီတာ

အချင်း : ၃.၆ စင်တီမီတာ

ခွန်အား : ၃.၀

ခုခံနိုင်စွမ်း : ၅.၀

အမြန်နှုန်း : ၂.၅

တက်ကြွမှု : ၃.၀

စိတ်ဝိညာဥ် : ၄.၀

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၃.၈

စွမ်းရည် : ပြင်းထန်သော အဆိပ် (၂/၅)၊အရေပြားခုခံမူ (၁/၅)၊ အစာခြေမြန်ခြင်း (၁/၅)

ဂုဏ်သတင်းရမှတ် : ၇၁၂၂ / ၁၀၀၀၀၀၀၀]

ဟူးးး.....

ကိုယ်ရေးအကျဉ်ကို စစ်ဆေးပြီးနောက် ဖန့်ရန်က သက်ပြင်းတစ်ချက်ချလိုက်သည်။

ရလဒ်က သူထင်ထားသလိုသာ..

ဤတစ်ကြိမ်ဆင့်ကဲပြောင်းလဲခြင်းက

သူကို အရှည်ကို (၁) မီတာကနေ (၁.၅) မီတာထိ ရှည်စေ၍ အချင်းကို (၂.၈) စင်တီမီတာ ကနေ (၃.၆) စင်တီမီတာ အထိ ကြီးထွားစေခဲ့သည်။

" ဒီတစ်ခါတော့ နောက်ထပ် ဆင့်ကဲဖြစ်စဉ် ခံယူဖို့ဆို စနစ်အမှတ် တစ်ထောင်ကို စုဆောင်းမှရမယ်...."

ဖန့်ရန် အဖို့ ခွန်အားတိုးလာခြင်းက သူကိုပျော်ရွှင်စေသော်လည်း ဆင့်ကဲဖြစ်စဉ်တိုင်းအတွက် သုံးဆခန့် လိုအပ်ခြင်းက.. သူ့အနေဖြင့် တိုးချဲ့ထားသော နယ်မြေက သားကောင်များသည် နောက်ထပ်အဆင့်ကဲဖြစ်စဉ်အတွက် လုံလောက်ရဲ့လာဆိုတာ.. သံသယဝင်မိစေသည်။

ဖန့်ရန် သူ့ကံကြမ္မာကို ရိုးရိုးသားသားလက်ခံပြီးနောက်..

ကျန်ရှိသော ကိုယ်ရေးအကျဉ်းကော်လံ

ရှိ ကျွမ်းကျင်မှုရမှတ် ပေါ်အကြည့်ရောက်သွားသည်။

သူစုဆောင်းထားသော ကျွမ်းကျင်မူရမှတ်များသည် ခြောက်မှတ်အထိရရှိထားသည်။ ထိုခြောက်မှတ်က ဆင့်ကဲပြောင်းလဲပြီးချိန်က စနစ်မှ ဆုအနေဖြင့် ပေးထားခြင်း ဖြစ်သည်။ သူမှာ 'အရေပြားခုခံမှု' စွမ်းရည်မှ လွဲ၍ အခြားစွမ်းရည်နှစ်ခု၌ တစ်ကြိမ်အဆင့်မြင့်နိုင်သည့် ကျွမ်းကျင်မူရမှတ် ရှိသည်။

ဘယ်ဟာက သူ့အတွက်လိုအပ်ဆုံးလဲ?..

အချိန်အတော်ကြာပြီး..နောက်ဆုံးတွင် ဖန်ရန် 'အစာခြေမြန်ခြင်း' စွမ်းရည်ကို ရွေးချယ်လိုက်သည်။

သူ၏ လက်ရှိအစွမ်းအစနှင့်ဆို ၎င်း အဆိပ်သင့်နိုင်မှုက ယခုအချိန်တွင် လုံလောက်သည်။

"ဟစ်အော်...."

ရုတ်တရက် အသံတစ်ခုက ဖန့်ရန် အတွေးကို ရိုက်ခတ်သွားကာ လက်တွေ့ဘဝသို့ ပြန်ရောက်သွားစေသည်။

လှမ်းကြည့်လိုက်ချိန် ရှောင်မာကို မြင်တော့ သူမပြုံးပဲမနေနိုင်.. ရှောင်မာသည် သူပြန်လာချိန်မှာ သွားတုန်းကထက် ပိုကြီးလာ၍ ဖန့်ရန်ကို သူနှင့် အတူတူအိပ်သောသူ ဟုတ်ပါ့မလားဟု သံသယဖြင့် စိုက်ကြည့်နေသည်။

ခဏလောက် စိုက်ကြည့်လိုက်ပြီးနောက် ဖန့်ရန်ကို ဂရုမစိုက်တော့ဘဲ..သူအနားယူနေတဲ့ နေရာကို ပြန်သွားပြီး အသီးအနှံတွေကို မွှေနှောက်နေသည်။

ဖန့်ရန် အနေဖြင့် သစ်ပင်တွင်း၌ ခွေ၍နေရန်သာ တတ်နိုင်သည်။ သူသာ ထိုသို့ မလုပ်ရင် ရှောင်မာအတွက် သစ်ပင်အတွင်း နေထိုင်ရန် ခက်ခဲနေလိမ့်မည်။

*****

အချိန် ခုနစ်ရက် ကုန်ဆုံးသွားသည်...

လွန်ခဲ့သော ငါးရက်က မိုးရွာသွန်းမှုတစ်ခု ရှိ၍ နေထွက်ရန် သုံးရက်ခန့် ကြာခဲ့၏။ ယခု ဖန့်ရန် ရာသီဥတုက ယခင်ကဲ့သို့ မပူတော့ကြောင်း ခံစားရသည်။

"ရာသီဥတုက အေးလာပြီ...."

အနည်းငယ်လေ့လာပြီးနောက်...သစ်ပင်များက အရွက်တွေ ကြွေကျနေတာ ကိုလည်း တွေ့ရှိခဲ့သည်။

ရာသီပြောင်းချိန်ရောက်ပြီဟု သူထင်သည်။

ဖန့်ရန် စိုးရိမ်မိသည်။ မြွေတစ်ကောင်အနေနဲ့ အပူချိန်ကျသွားရင် သူ့ရဲ့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေလည်း ကျဆင်းသွားလိမ့်မည်။

အပူချိန် အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခြင်းက သွေးအေးတိရစ္ဆာန်များအတွက် ၎င်းတို့၏ ဇီဝကမ္မဖြစ်စဉ်ကို လွန်ကဲသော အဆင့်အထိ နှေးကွေးစေသည့် အတွက် တွင်းအောင်းနေရန် လိုအပ်သည်။

ထို့ထက် ပိုအရေးကြီးသည်မှာ မြွေများသည် တွင်းအောင်းရန် နေရာကို ရိုးရိုးရှင်းရှင်း ရှာဖွေရုံလို့မရပေ။

တွင်းအောင်ရန်အတွက် ခြောက်သွေ့သောနေရာတစ်ခုကို ရွေးချယ်ပြီးနောက် မြွေဒါဇင်ခန့်သည် အတူတကွ ဆောင်းခိုရန် အတူတကွစုရုံးလေ့ရှိသည်။

အကြောင်းမှာ မြွေတစ်ကောင်သည် သူ့အလိုလို ဆောင်းခိုရန် ရွေးချယ်လိုက်သောအခါတွင် ၎င်း၏ ရှင်သန်နိုင်ခြေမှာ နည်းပါး၍ ဖြစ်သည်။

အခန့်မသင့်လျှင် ဆောင်းခိုရန် စုဝေးနေသော မြွေများပင်လျှင် အန္တရာယ် ကျရောက်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ဆောင်းခိုဖို့ ရွေးချယ်တဲ့ နေရာကို ကြွက်လို အကောင်သေးသေးလေးတွေက ရှာတွေ့ခဲ့ရင်

အစာအဖြစ် စားသွားနိုင်လို့ ဖြစ်သည်။

*မြွေများ ဆောင်းခိုနေသော အချိန်သည် အားအနည်းဆုံး အချိန်ဖြစ်၏..။*

ထို့ကြောင့် သူ့လုံခြုံမှုကို အာမခံရန်အတွက် သူ ဆောင်းခို ဆင်းလို့မရပေ။

...

ထူထပ်သော ချုံပုတ်တစ်ခုတွင် အတွင်း၌ မီးခိုးရောင်မြွေတစ်ကောင်သည် ကျောက်တုံးကဲ့သို့ မလှုပ်မယှက်ဘဲ ခေါင်းကို အနည်းငယ် မြှင့်ကာ အဝေးက တိရစ္ဆာန်တစ်ကောင်ကို စောင့်ကြည့် နေသည်။

မြွေကြည့်နေသော တိရစ္ဆာန်သည် ငှက်ဖြစ်၍ ၎င်း၏ အမြီးကရှည်လျား၍ လှပသော အမွေးများရှိသည်။ ထိုငှက်သည် အရွယ်ရောက်နေသော ငှက်တစ်ကောင်ဖြစ်ကြောင်း ထင်ရှားသည်။

[ပစ်မှတ် - ငှက်မြီးရှည်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၈၀ မှတ်ကို ရရှိနိုင်သည်]

ဖန့်ရန် ထိုငှက်ကို စိုက်ကြည့်နေစဉ် စနစ်၏ အသိပေးချက်သည် စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင် ဖန့်ရန် အမဲလိုက်ရန် ပြင်ဆင်နေသော သားကောင်မှာ ထိုငှက်သာ...

ဖန့်ရန် အရင်က ဒီလိုမျိုး ငှက်တစ်ကောင်နဲ့ တွေ့ဖူးသည်။ အဲဒီအချိန်တုန်းက ချုံပုတ်တစ်ခုထဲဝင်ပုန်းခဲ့ရ၏။ သို့သော် ယခုအချိန်မှာ သူက အမဲလိုက်မည့်သူသာ ဖြစ်သည်။

ငှက်မြီးရှည် မှာတော့ မကြာခင် သေရမည်မှန်း မသိဘဲ မြေပြင်ပေါ်တွင် အေးအေးဆေးဆေး ပိုးကောင်းတွေကို ရှာဖွေနေရင်း ဖန့်ရန် ပုန်းနေသော ချုံပုတ်နှင့် ငှက်မြီးရှည် ခုန်ဆွ ခုန်ဆွ နှင့် တဖြည်းဖြည်း နီးကပ်လာသည်။

သူတို့ကြားက အကွာအဝေးက မီတာဝက်လောက်သာ ရောက်တဲ့အခါမှာတော့ ဖန့်ရန် က သူ့ကိုယ်ကို စပလိန်လိုမျိုး ခုန်၍ တိုက်ခိုက်လိုက်ရာ မျက်လုံးတစ်မှိတ်အတွင်းမှာ ငှက်လည်ပင်းကို ကိုက်မိလိုက်သည်။

ငှက်များ၏ ကိုယ်သည် သဘာဝအားဖြင့် ထူထဲသောအမွှေးများက ဖုံးအုပ်ထားရာ အဆိပ်ထိုးသွင်းရန် ခက်ခဲနိုင်၍။ ဖန့်ရန် အနေဖြင့် အဆိပ်ထိုးသွင်းသတ်ရန် ကြံရွယ်ထားခြင်းမရှိပေ။

ဖျက်..ဖျက်..ဖျက်....

" အိုး!..အိုး! "

ချက်ခြင်းပဲ ငှက်မြီးရှည်သည် စူးစူးဝါးဝါးအော်သံဖြင့် ရုန်းကန်ခဲ့သော်လည်း ဖန့်ရန်ရဲ့ချုပ်နှောင်မှုအောက်မှာ အော်ဟစ်သံသည် တဖြည်းဖြည်း တိုးသွားသည်။

တစ်မိနစ်ခန့် ကြာပြီး နောက်ဆုံးတွင် ငှက်မြီးရှည် မလှုပ်ရှားတော့ဘဲ မျက်လုံးတစ်စုံ ပြူးကျယ်ကာ သေသွားသည်။

ထိုအချိန်မှသာ ဖန့်ရန် ရစ်ခွေ၍ ချုပ်ထားသည်ကို လွှတ်ကာ ခေါင်းကနေစ၍ ငှက်မြီးရှည်ကို မျိုချလိုက်တော့သည်။

ငှက်ကို မျိုချပြီးနောက်..ဖန့်ရန်သည် အလစ်အငိုက် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပူပန်မှု မရှိဘဲ ချုံပုတ်များကြားကို လျှောတိုက်သွားကာ ထိုနေရာတွင် အနားယူနေရင် အစားခြေသည်။ နာရီဝက်လောက်ကြာတော့ အစာကြေညက်သွားသည်။

အမြန်စာခြေခြင်း စွမ်းရည်ကို ရယူပြီးနောက် သူ၏ အစာခြေနိုင်မှု မြန်ဆန်လာသည်။

[စနစ်အမှတ် ၈၀ မှတ်ကို ရရှိသည်]

စနစ်၏ အသံကို ကြားလိုက်သောအခါ လေကို ငေးစိုက်နေကြည့်နေသော ဖန့်ရန်သည် လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။

"ဒီအမှတ် ၈၀ နဲ့ဆို ငါစုဆောင်းထားတာ ၃၂၀ မှတ်ကို ရောက်သွားခဲ့ပြီး...."

ဒီရက်ပိုင်းအတွင်း ထိုစနစ်အမှတ်ကို ရဖို့ ဘယ်လောက်တောင်မှ ခက်ခက်ခဲခဲ အမဲလိုက်ခဲ့ရလဲဆိုတာ ဖန့်ရန် တွေးတောင် မတွေးချင်တော့ပေ။

သူ၏ အရင်က နေ့တိုင်းအမဲလိုက်ခြင်းက ဤဒေသရှိ သားကောင်များကို ပျောက်ကွယ်လုနီးပါးဖြစ်စေခဲ့၍။ ယနေ့သားကောင်ရှာစဉ်တွင် ဖားများ ကြွက် များကို အနည်းငယ် သာတွေ့ခဲ့ရသည်။

' ဒီလိုအမြဲတမ်းဖြစ်နေမယ်ဆို ငါအမဲလိုက်တဲ့ အကွာအဝေးကို တိုးရတော့မယ်...'

ဖန့်ရန်သည် သူ့ပတ်ဝန်းကျင်ရှိ တောအုပ်ကိုကြည့်ရင်း တွေးလိုက်၏။

.....

All Chapters