← Chapters

အနက်ရောင်မြွေ

Vol. 2 Ch. 24

အနက်ရောင်မြွေ

Vol. 2 Ch. 24

ဖန့်ရန် မြက်ခင်းတစ်ခု၏ မြက်ပင်များကြား၌ တိတ်တဆိတ် လျှောတိုက်သွားနေသည်။

တစ်ခါတစ်ရံ.. သားကောင်၏ ဖြစ်နိုင်သည့် အနံ့အသက်ကို စစ်ဆေးရန် ကောင်းကင်ပေါ် ခေါင်းမော့သည်။ မြက်ပင်များကြား၌ သစ်ပင်တွေ ချုံပုတ်တွေ အများကြီးမရှိ၍ ကောင်းကင်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ဖန့်ရန် မြွေတစ်ကောင် အနေဖြင့်မကြာခင် ကျရောက်လာမည့်..ဆောင်းခိုခြင်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ဆောင်းမခိုချင်တဲ့ မြွေတစ်ကောင်အနေနဲ့ ဇိဝဖြစ်စဉ်ကို ဆန့်ကျင်ဖို့ သိပ်မလွယ်ဘူးလို့ ခံစားရသည်။

သဘာဝအတိုင်းသာဆို မြွေများသည် ဆောင်းရာသီဝင်လာပါက လှုပ်ရှားမှုနည်းနှေးကွေး၍ အများအားဖြင့် ပိုပူသောနေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိသည်။

ဆောင်းရာသီ ရောက်သွားရင်တော့ မြွေအများစုသည် တွင်းအောင်းရန် ရွေးချယ်လေ့ရှိသည်။

ယခုအချိန်သည် နွေရာသီအကုန်၍ ဆောင်းဦးရာသီဝင်စဖြစ်၍ သိပ်မကြာခင်မှာ ဆောင်းရာသီရောက်သွားမှာ ဖြစ်သည်။

ဖန့်ရန် အတွက်တော့ ဆောင်းခိုခြင်းကို ရှောင်ရှားရန် တစ်ခုတည်းသောနည်းလမ်းက အရေပြားခုခံမှုကို အဆင့်မြင့်နိုင်ဖို့

ဆင့်ကဲပြောင်းလဲဖို့သာရှိသည်။

အဘယ်ကြောင့်ဆိုသော် ဆင့်ကဲပြောင်းလဲပြီးဆုံးပါက ကျွမ်းကျင်မှုရမှတ်များကို ရရှိမည် ဖြစ်သည်။

အရေပြားခုခံမှု စွမ်းရည်တွင် ဆောင်းခိုရန်မလိုဘဲ အအေးဒဏ်ကို ခံနိုင်ရည်ရှိစေသော အအေးဒဏ်ကို ခံနိုင်ရည်ရှိသော အစွမ်းရှိသည်။

သို့သော် ယခုအချိန်၌ ထိုခံနိုင်ရည်သည် အားနည်း၍ အဆင့်မြင့်တင်ရပေမည်။

ဖန့်ရန် ဆက်လက်လုပ်ဆောင်ရမည့် အရာများကို တွေးဆရင် သားကောင်ကို ရှာဖွေနေသည်။

ယခုစုဆောင်းထားသော အမှတ်သည် (၃၂၀) မှတ်သာရှိပြီး (၁,၀၀၀) မှတ်ပြည့်ဖို့ အတော်လေး ဝေးကွာနေသည်။

ရုတ်တရက် ဖန့်ရန် သွားနေခြင်းအား ရပ်လိုက်၏။ သူ့အရှေ့၌ ဆယ်ငါးစင်တီမီတာ ခန့်ရှိသော ဖြူကောင်တစ်ကောင် ရှိနေသည်။

ဖန့်ရန် ဖြူကောင်ကို စိုက်ကြည့်လိုက်စဉ်ပင်

ဖြူကောင်လည်း သူ့ကို တွေ့သွားသည်။

ဖန်ရန်ကို စိုက်ကြည့်နေရင်း ဖြူကောင်၏ သံမဏိထိုးအပ်ကဲ့သို့ ဆူးများသည် ထောင်ထလာကာ ဘောလုံးကဲ့သို့ ကိုယ်ကိုကွေးလိုက်သည်။

ဒါကိုမြင်သည်နှင့် ဖန့်ရန် ထိုဖြူကောင်ကို ဖမ်းစားဖို့ စိတ်ကူးကို ဖျောက်ဖျက်၍၊ ရှောင် ကာ သွားလိုက်သည်။ သူ ဖြူကောင်ကို မစားနိုင်ခင် ဆန်ခါဖြစ်သွားနိုင်သည်။

ဖန့်ရန် သားကောင်ကို ဆက်လက်ရှာဖွေနေသည်....

..

ဖန့်ရန် ငှက်တစ်ကောင်နဲ့ ထပ်တွေ့ခဲ့ပေမယ်..

ဖမ်းမမိခဲ့ပေ။

သို့သော် လမ်းတစ်လျှောက်တွင် ဖားအချို့ကို ဖမ်းမိခဲ့သည်။ ဖားအများစုမှာ သေးငယ်သော်လည်း စုစုပေါင်း စနစ်အမှတ် (၃၀) ရသည်။

တစ်နေရာ၌ မြက်ပင်များကြား ပုန်လျို့ပုန်ကွယ်နှင့် လျှောတိုက်သွားနေသော ဖန့်ရန် သည် သွားနေခြင်းကို ရပ်၍ သူ့ဘယ်ဘက်ဘက်သို့ ခေါင်းမော့ကြည့်လိုက်သည်။

မြက်ခင်းပြင်အထက်၌ ယုန်တစ်ကောင်သည် ရံဖန်ရံခါ ခေါင်းကို မြှောက်ကာ ပတ်ဝန်ကျင်းကို အကဲခတ်လိုက် မြက်များကို စားလိုက်

လုပ်နေသည်။

[ပစ်မှတ် - ယုန်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၀၀ မှတ်ကို ရရှိနိုင်သည်]

ဖန့်ရန် ယုန်ကို စိုက်ကြည့်နေစဉ် စနစ်၏ အသိပေးချက် သူ့စိတ်ထဲ၌ ထွက်လာသည်။

ဖန့်ရန် စိတ်လှုပ်ရှား သွားသည်။ သူအနေနဲ့ ဒီနေ့ ကံမကောင်းဘူ ထင်ခဲ့ပေမယ် ယုန်တစ်ကောင်ကို တွေ့လိုက်ရသည်။

အထူးသဖြင့် ဤယုန်ကနေ စနစ်အမှတ် (၁၀၀) ရနိုင်သည်။ သူသာ ဒီယုန်ကို မြိုချနိုင်ခဲ့ရင် သူ့ရဲ့ စနစ်အမှတ် အားလုံးပေါင်း (၄၅၀) ကို ရောက်ရှိမှာ ဖြစ်သည်။

သို့သော် ယုန်များကို အလွယ်တကူ ဖမ်းလို့မရပေ..ယုန်တွေက အလွန်လျင်မြန်၏..။

ဖန့်ရန် သူ့အရင်ဘဝက ဝံပုလွေနှစ်ကောင် ယုန်တစ်ကောင်ကို လိုက်ဖမ်းတဲ့ ဗီဒီယိုကို မြင်ဖူးတာ မှတ်မိနေသေးသည်။

ရလဒ်အနေနှင့် ဝံပုလွေများသည် ယုန်ကိုလွယ်ကူစွာ ဖမ်းနိုင်မည်လို့ ထင်ထားပေမယ် ယုန်သည် လျင်မြန်စွာ ခုန်ခြင်းဖြင့် ဝံပုလွေများ၏ လိုက်ဖမ်းခြင်းကို လွယ်ကူစွာ ရှောင်တိမ်ခဲ့သည်။

ယုန်ရှိရာသို့ ဖြည်းညှင်းစွာ ပုန်းကွယ် သွားရင် ဖန်ရန် ယုန်နှင့် တစ်မီတာခန့်သာ ကွာဝေးသောအခါ ယုန်သည် မြက်စားခြင်းကို ရပ်လိုက်ပြီး..ယုန်၏အကြည့်သည် သူ့အပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။

ယုန်က သူ့ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရတော့၊ သူ့ကို ရှာတွေ့သွားပြီဆိုတာ၊ ဖန့်ရန် သိလိုက်သည်။ ချက်ခြင်းပင် သူသည် လျှပ်စီးလက်လိုက်သလို အရှိန်ဖြင့် တိုက်ခိုက်လိုက်သည်။

ရွှီး...

ဖန့်ရန် ၏ အရှိန်က အလွန်မြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ယုန်ခြေထောက်တွေကို ကိုက်မိလိုက်သည်။

သို့သော် ယုန်သည် ၎င်း၏ခြေထောက်ကို မြေကြီးပေါ်သို့ မြန်ဆန်စွာ ထပ်ခါတလဲလဲကန်၍ ဖန့်ရန် လက်က လွတ်အောင် ခွာကာ အဝေးသို့ ပြေးသွားခဲ့သည်။

ယုန်သည် ဖန့်ရန်၏ မြင်ကွင်းမှ လျင်မြန်စွာ

ပျောက်သွားခဲ့သည်။

တောယုန် ပြေးသွားသည့် လမ်းကြောင်းကို ကြည့်လိုက်ရင်၊ ဖန့်ရန်သည် စိတ်လှုပ်ရှားမှုမရှိဘဲ ယုန်ပြေးသွာရာလမ်းကြောင်းကို

လိုက်သွားသည်။

တစ်ခါတစ်လေ ဖန့်ရန် လေထဲရှိ အနံ့အမျိုးအစားကို ခွဲခြားရန် သူ့လျှာကို ရံဖန်ရံခါ လေထုအပြင်ထုတ်တက်သည်။

မီတာ (၄၀၀) ကျော် လျှောတိုက်သွားပြီးနောက်၊ ဖန့်ရန်သည် သွားနေတာကို ရပ်၍ အရှေ့တည့်တည့်ကို ကြည့်လိုက်သည်။

သူ့နဲ့ မဝေး၊ မဝေးမှာတော့ ယုန်တစ်ကောင် မြေပြင်ပေါ်မှာ လဲကျနေပြီး ရံဖန်ရံခါ လှုပ်ယမ်းနေတာကို တွေ့လိုက်သည်။

ဖန့်ရန်သည် ယုန်ကို ကိုက်လိုက်ချိန်တွင် အစွယ်ကနေတဆင့် အဆိပ်ကို ယုန်၏ ခြေထောက်ထဲ ထိုးသွင်းခဲ့သည်။

သူသည် ယုန်ဘေးနားသို့ လျှောတိုက်သွားကာ ယုန်သေသွားတာကို စောင့်နေသည်။

မိနစ်ပိုင်းလောက်အကြာမှာတော့ ဖန့်ရန်သည် သေသွားပြီး ဖြစ်သည့် ယုန်ကို မြိုချဖို့ လုပ်လိုက်သည်။

ထိုအချိန်.. ရုတ်တရက် သူ့နေရာနဲ့ မနီးမဝေးက ချုံပုတ်မှ ဆူညံသံတစ်ခုနှင့်အတူ အနက်ရောင် မြွေတစ်ကောင် ထွက်လာသည်။

ယုန်သေကို မြိုချရန် လုပ်နေစဉ် သစ်ရွက် လှုပ်သံက ဖန့်ရန်ကို လှည့်ကြည့်မိစေသည်။

ထိုအခါ မြွေနက်တစ်ကောင်ကိုတွေ့လိုက်ရသည်။

ဖန့်ရန် မြွေနက်ကို ကြည့်လိုက်ချိန် စနစ်၏ အသံ သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ပစ်မှတ် - အနက်ရောင်တောင်မြွေ၊ တွားသွားသတ္တဝါ၊ စနစ်အမှတ် ၈၀ မှတ်ကို ရရှိနိုင်သည်]

.....

All Chapters