အန္တရာယ်
Vol. 2 Ch. 25
မူလက ၎င်းမြွေကို မောင်းထုတ်ချင်သော်လည်း စနစ်၏အချက်ပေးသံက ဖန့်ရန်ကို မီးတောက်မီးလျှံ လောင်ကျွမ်းမတက် အကြည့်နဲ့မြွေနက်ကို ကြည့်မိစေသည်။
မြွေနက်၏ ပုံသဏ္ဍာန်သည် ဖန့်ရန်နှင့်ဆင်တူသည်။
သူနှင့် မြွေနက်၏ အကွာအဝေးသည် သိပ်မဝေးလှသောကြောင့် မြွေနက်ကို လျင်မြန်စွာ ဖမ်းနိုင်သည်။
ဤသည်က ကောင်းကင်က စနစ်အမှတ်တွေကို အိမ်တိုင်းရာရောက် ပို့လိုက်ခြင်းသာ...
ဤသည်ကိုတွေးရင်း ဖန့်ရန်သည် ကောင်းကင်ကို ကျေးဇူးတင်ကာ မြွေနက်ရဲ့ အားနည်းချက်နဲ့ ဘယ်လို ကိုက်ရမလဲဆိုတာ ကြည့်လိုက်၏။
ယခုအချိန်တွင် မြွေနက်သည် ဖန့်ရန်ကို မောင်းထုတ်ကာ ယုန်ကို သိမ်းပိုက်လိုပုံရသည်..။
မြွေနက် မသိသည်က သူကိုစားဖို့ တစ်စုံတစ်ယောက်က စိတ်ကူးနေမှန်း ဖြစ်သည်။
ဒါကိုမြင်တော့ ဖန့်ရန် အမူအရာ ထူးဆန်းသွားသည်။ ကြည့်ရတာ ဤမြွေနက်က သူအပေါ်လျှော့တွက်ထားပုံရသည်။
ဖန့်ရန် အံသြသွားသော်လည်း ခေါင်းငုံ့ပြီး သူ့လည်ပင်းအောက်ရှိနေရာကို အနည်းငယ်ကာထားလိုက်သည်။ ထိုနေရာမှာ မြွေများကို သေစေနိုင်သော နေရာဖြစ်သည်။
မြွေကိုသတ်ရန် ခုနစ်လက်မကိုထိ ဟူသော အဓိပ္ပါယ်မှာ နှလုံးသားကို ရိုက်ခတ်ခြင်းဟု အဓိပ္ပာယ်ရသည်။
ရှီးးး
ရုတ်တရက် မြွေနက်က ဖန့်ရန်ကို လျှပ်စီးလက်သလို အရှိန်ပြင်းပြင်းနဲ့ တိုက်ခိုက်လိုက်ပေမဲ့.. ဖန့်ရန်ရဲ့ တုံ့ပြန်မှုအရှိန်က မနှေးဘဲ မြွေနက်၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းရင်း လျင်မြန်စွာ ပြန်ကိုက်လိုက်သည်။
မြွေနက်သည် ဖန့်ရန်၏ တိုက်ခိုက်မှုကို ပြန်လည် ရှောင်တိမ်းလိုက်သော်လည်း ဖန့်ရန်သည် ထိုအချက်ကို ကြိုတင်ပြင်ဆင်ထားသည်။ ထိုကြောင့် ပထမအကြိမ်က အရောင်ပြ ကိုက်လိုက်ခြင်းသာ ရုတ်ချည်း လေထဲရောက်နေသော အပေါ်ပိုင်းကို အမြီးကနေ အရှိန်ယူကာ တွန့်၍ ပြန်ကိုက်လိုက်သည်။
ထိုအခါမှာတော့ မြွေနက် လုံးဝရှောင်တိမ်းလို့ မရတော့ဘဲ ဖန့်ရန်၏ အကိုက်ခံလိုက်ရသည်။
" ရှီးး..! "
ဖန့်ရန်၏ ကိုက်ခဲမှုအောက်တွင် မြွေနက်သည် ခေါင်းစောင်းကာ ဖန့်ရန်ကို ပြန်ကိုက်ချင်သော်လည်း ဖန့်ရန်သည် ယင်းအခွင့်အရေးကို မပေးဘဲ ကိုက်နေသည်ကို ရုတ်ချည်းပင် လွှတ်ကာ မြွေနက်ကို ထပ်မံမတိုက်ခိုက်တော့ဘဲ စိုက်ကြည့် နေလိုက်သည်။
မြွေနက်သည် ဖန့်ရန်ကို ပြန်လည် ကိုက်ခဲချင်သော်လည်း..
ရုတ်တရက် ၎င်း၏တစ်ကိုယ်လုံးပူလောင်လာကာ နောက်ဆုံးတွင် မြေပြင်ပေါ်တွင် အော်မည်ရင်း အဆက်မပြတ် လူးလှိမ့်နေသည်။
တစ်မိနစ်မျှ လူးလှိမ့်ပြီးနောက် မြွေနက်၏ လှုပ်ရှားရပ်တန့်သွားသည်။
ဖန့်ရန်သည် သေဆုံးသွားသော မြွေနက်၏ အမြီးကိုကိုက်ကာ ချုံပုတ်များဆီသို့ ဆွဲကာ ထားပြီးနောက် ယုန်ကို မျိုချရန် သွားလိုက်သည်။
ယုန်ကို မျိုချပြီးနောက် ငါးမိနစ်ခန့်အကြာ၌ အစားချေပြီးသွားသည်။ ဖန့်ရန်သည် အချိန်မဖြုန်းတော့ဘဲ ချက်ချင်း မြွေနက်ကို မျိုချလိုက်သည်။
မြွေနက်ကို တစ်ဝက်ခန့် အစာချေပြီးနောက် ဖန့်ရန်က ချုံပုတ်အတွင်းမှ ထွက်၍ ကောင်းကင်ကိုကြည့်လိုက်ရာ မှောင်ခါနီးနေပြီ ဖြစ်သည်။
" ပြန်ဖို့အချိန်ရောက်ပြီ...."
ဖန့်ရန်.. တစ်ကိုယ်ထဲ တီးတိုးရေရွတ်လိုက်မိသည်။ သူ့လက်ရှိအနေအထားက ထင်းရှူးပင်နဲ့ တော်တော်ဝေးတာကြောင့် ထင်းရှူးပင်ဆီကို ပြန်ရောက်တာနဲ့ ကောင်းကင်က မှောင်နေလောက်ပေမည်။
ဖန့်ရန် လျင်မြန်စွာနဲ့ သစ်ရွက်ခြောက်တွေပေါ်ဖြတ်သန်းလျက် သစ်ရွက်ခြောက်များ၏ ကျေမွသွားသံများက ထွက်ပေါ်လျက်ရှိသည်။
[ စနစ်အမှတ် ၈၀ မှတ်ကို ရရှိသည်]
"စနစ် ကိုယ်ရေးအကျဉ်ပြပါ...."
ဖန့်ရန်၏ စိတ်ထဲတွင် အလင်းတန်းတစ်ခုနှင့်အတူ အပြာရောင် ဖန်သားပြင် တစ်ခု ပေါ်လာသည်။
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၆
စနစ်အမှတ် : ၅၃၀/၁၀၀၀
ကျွမ်းကျင်မှုရမှတ် : ၁
ကိုယ်ထည်အရှည် : ၁.၅ မီတာ
အချင်း : ၃.၆ စင်တီမီတာ
ခွန်အား : ၃.၀
ခုခံနိုင်စွမ်း : ၅.၀
အမြန်နှုန်း : ၂.၅
တက်ကြွမှု : ၃.၀
စိတ်ဝိညာဉ် : ၄.၀
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၃.၈
စွမ်းရည် : ပြင်းထန်သောအဆိပ် (၂/၅)၊ အရေပြားခုခံမှု (၁/၅)၊ အစာခြေမြန်ခြင်း (၂/၅)
ဂုဏ်သတင်းရမှတ် : ၉၂၂၅/၁၀၀၀၀၀၀၀]
" စနစ်အမှတ်က ၅၃၀ အထိ ရောက်နေပြီ ဆိုတော့ သိပ်မလိုတော့ဘူး... ဒီလိုသာဆို နောက်ရက်နည်းနည်းဆို ဆင့်ကဲဖြစ်စဉ်အတွက် အမှတ်ပြည့်သွားမှာပဲ...."
ဖန့်ရန် အရင်က ကိုယ်ရေးအကျဉ်ကို ကြည့်တော့ စနစ်အမှတ် (၁၀၀၀) က အလွန်များပုံပေါ်သော်လည်း အခုတော့ ပြဿနာမဟုတ်ဟု ထင်ရသည်။
ဖန့်ရန် အဖို့ ပိုကြီးလာလေလေ သူအမဲလိုက်ပြီး မျိုချနိုင်တဲ့ သားကောင်က ပိုကြီးလာလေဆိုတော့ ဆိုလိုတာက အနာဂတ်မှာ အမှတ်တွေ ပိုပြီးတော့ ရလာနိုင်သည်။
ဒီနေ့ ယုန် လိုမျိုး သားကောင်တစ်ကောင်ကို နေ့တိုင်းသာ ဖမ်းနိုင်သရွေ့ သိပ်မကြာခင် အမှတ် အလုံအလောက် စုဆောင်းနိုင်သည်။
ဖန့်ရန် သူအမြဲတမ်း ဒီလိုကံကောင်းဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သည်..။ အမဲလိုက်ရာမှာ အခက်ခဲဆုံးက စနစ်အမှတ် လုံလောက်လောက် ပေးနိုင်တဲ့ သားကောင်ကို ရှာဖွေတာဖြစ်သည်။
ဖန့်ရန် ကိုယ်ရေးအကျဉ်ဇယားကို စစ်ဆေးနေစဉ်တွင် ဘယ်အရာမှ သူကို အံ့အားသင့်သွားအောင် မလုပ်နိုင်ခဲ့ပေ။
စနစ်အမှတ် မှလွဲ၍ နောက်ထပ်ပြောင်းလဲမှုတစ်ခုမှာ ဂုဏ်သတင်းရမှတ်က (၇၄၀၀) ကနေ (၉၀၀၀) ကျော်အထိ ပြောင်းလဲသွားတာကို တွေ့ရသည်..။
ဖန့်ရန် အကြောင်းအရင်းကို စဉ်းစားကြည့်ရာ တိုက်ရိုက်ထုတ်လွှင့်မှုမြင်ကွင်းကနေ တစ်စုံတစ်ယောက်က မှတ်တမ်းတင်ပြီး ဗီဒီယိုပလက်ဖောင်းပေါ်မှာ တင်လိုက်ခြင်းဖြစ်နိုင်သည်။
သို့သော် ထိုဗီဒီယိုသည် သိပ်ရေပန်းစားပုံမပေါ်ပေ။
" ဒါက နာမည်မကြီးလာဘူး ဆိုရင်တောင်မှ ဂုဏ်သတင်းရမှတ် ၈၀၀ ကျော်ရပါစေ...."
ဖန့်ရန် ရှိရှိသမျှဘုရားတွေဆီ ဆုတောင်းရင်း ဂုဏ်သတင်းရမှတ် (၈၀၀) ထပ်ရဖို့ ဆုတောင်းနေသည်။ ဂုဏ်သတင်းရမှတ် (၁၀၀၀၀) ကျော်သွားရင် ကျွမ်းကျင်မှုရမှတ် (၅) မှတ်ခန့် ထပ်ရနိုင်သည်။
ထို (၅) မှတ်နဲ့ ဆင့်ကဲပြောင်းလဲပြီးရင်ရတဲ့ အမှတ်နဲ့ဆို အရေပြားခုခံမှုကို တစ်ကြိမ် အဆင့်မြှင့်တင်နိုင်သည်။
အဆင့်မြှင့်ပြီးရင်တော့ အရေပြားက ပိုမိုမာကြောလာမှုနဲ့အတူ အအေးဒဏ်ခံနိုင်ရည်လဲ သေချာပေါက် တိုးလာမှာဖြစ်၍..။ သူ့အနေနဲ့ ဆောင်းခိုရဖို့ ဖြစ်နိုင်ခြေနည်းပါးသွားမှာဖြစ်သည်။
အဲအချိန်ဆို တောင်ပေါ်ကအပူချိန် ကျဆင်းသွားရင်တောင် စိုးရိမ်စရာ မလိုတော့ပေ..။
"ဂီး..!"
ဖန့်ရန် သူ့အတွေးထဲတွင် နစ်မြုတ်နေချိန်၌ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာကာ လေထုအတွင်းပျံ့နှံ့သွားသည်။ စူးရှသော အော်သံသည် ဖန့်ရန်ကို သူ့အတွေးထဲကနေ ချက်ချင်း သတိဝင်လာစေသည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် အရိပ်တစ်ခု လေပေါ်ကနေ ဖန့်ရန် ဆီသို့ မြန်ဆန်စွာဆင်းသက်လာသည်။
"အဲဒါ လင်းယုန်ပဲ..."
ချက်ချင်းပင် ဖန့်ရန်သည် သူလင်းယုန်ငှက်ရဲ့ မြင်ကွင်းထဲ တိုးဝင်သွားမိသည်ကို သတိထားမိသွားသည်။
.....