← Chapters

လွတ်မြောက်ခြင်း

Vol. 2 Ch. 26

လွတ်မြောက်ခြင်း

Vol. 2 Ch. 26

" ငါဘာလို့ဒီလောက်သတိမထား မိရတာလဲ....! "

ဖန့်ရန် သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။

ယခုအချိန်၌ ကောင်းကင်ကနေ ကြည့်လျှင် မြက်ခင်းပြင် ပေါ်မှာ မြွေတစ်ကောင်ရှိနေတာကို ရှင်းရှင်းလင်းလင်းမြင်ပေမည်။

ဖန့်ရန် ခေါင်းကို ခါယမ်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်သည်။

" ငါ အခုလိုအချိန်မှာ ကိုယ့်ကိုကို အပြစ်မတင်နေသင့်ဘူး.. ဘယ်လိုထွက်ပြေးရမလဲ အမြန် စဉ်းစားရမယ်...."

ဖန့်ရန် လေထဲကနေ ထိုးဆင်းလာသော လင်းယုန်ကို စိုက်ကြည့်ရင်း ထွက်ပြေးရန် နည်းလမ်းပေါင်းများစွာကို စဉ်းစားလိုက်သည်။

လင်းယုန် သူနှင့် နီးကပ်လာသည်နှင့်အမျှ ဖန့်ရန်၏ နှလုံးခုန်နှုန်းပိုမိုမြန်ဆန်လာသည်။

နောက်ဆုံး ဖန့်ရန် နည်းလမ်းတစ်ခုကို စဉ်းစားမိလိုက်သည်။ သို့သော် ထိုနည်းလမ်းသည်။ မှန်ကန်သောအချိန်နဲ့ အသက်ကို ရင်းရမည် ဖြစ်သည်။ ၎င်းနည်းလမ်းမှာ လင်းယုန်ငှက် သူ့ကို ထိုးသုတ်ခါနီး၌ ချက်ချင်းပင် ရှောင်တိမ်ရမည် ဖြစ်သည်။

ဖန့်ရန်၏ အကြံအစည်သည် အန္တာရာယ်အလွန်းများ၏။ တစ်စုံတစ်ရာ မှားယွင်းတာနဲ့ သူသေရမည် ဖြစ်သည်။

လွတ်မြောက်ရန် စိတ်အားထက်သန်မှုနှင့် အကောင်းဆုံးအခွင့်အရေးကို လက်လွတ်ဆုံးရှုံးမည်ကို စိုးရိမ်၍ ဖန့်ရန် မျက်တောင်မခတ်ရဲဘဲ လင်းယုန်ငှက်ကို စိုက်ကြည့်နေသည်။

' နီးလာပြီ..နီးလာပြီ..နီးလာပြီ.!!!..'

လင်းယုန်ငှက်၏ လျင်မြန်သော လေဟုန်းစီးမှုကြောင့် ဖန်ရန်ရှေ့ ချက်ချင်းရောက်လာသည်။့ ဖန်ရန် လင်းယုန်ရဲ့စူးရှတဲ့ မျက်လုံးကနေ သူ့ကိုယ်သူ ပြန်မြင်နေရသည်။

လင်းယုန်ငှက်၏ ခြေသည်းများကြား ဖန့်ရန်..

ခေါင်းရောက်ရှိလုနီးပါး ဖြစ်သွားသည့် အချိန်၌...

'အခုပဲ!..'

ဖန့်ရန်၏ အမြီးသည် ချက်ချင်းပင် တင်းမာသွားကာ စပလိန်ကို ဖိထားရာမှ ရုတ်ချည်း လွှတ်လိုက်သကဲ့သို့ မျက်စိတစ်မှိတ်အတွင်း လေးမီတာအကွာကို ရောက်သွားသည်။

ဖန့်ရန်၏ ထွက်ပြေးခြင်းကို မြင်လိုက်ရသော လင်းယုန်ငှက်သည် သူ့ခြေထောက်နှင့် ဖန့်ရန်ကို လှမ်းဆွဲလိုက်သော်လည်း ဖမ်းမမိခဲ့ပေ။

ဖန့်ရန် သူ့အမြီးကနေ ပူလောင်နာကျင်မှုကို ခံစားနေရသည်။ ထိုခံစားချက်သည် ဓားပူနဲ့တိုဟူးတုံးကို ထိုးခွဲလိုက်သလိုပင်။

ဖန့်ရန် နာကျင်နေသော်လည်း ဆက်လက်ထွက်ပြေးနေသည်။

သူသည် မီတာများစွာကို ဖြတ်ကျော်ကာ အလျင်မြန်ဆုံး အရှိန်ဖြင့် ထွက်ပြေးနေသည်။

လင်းယုန်ငှက်သည် မြေပြင်ထက် ဆင်းသက်ကာ တည်ငြိမ်စေရန် တောင်ပံကို အနည်းငယ် ခတ်လိုက်၏။ ထိုနောက် တောင်ပံခတ်၍ လေဟုန်းစီးကာ ဖန်ရန် ဆီ ဦးတည်ပျံသန်းသွားသည်..။

"ဂီး..!"

ဟူးးး ဟူးးး ဟူးးး ဟူးးး ဟူးးး

ဖန့်ရန်သည် မီတာပေါင်းများစွာ ပြေးပြီနောက် လင်းယုန်ငှက်ဆီက လွတ်သွားပြီလို့ ထင်နေချိန်၌..။ လင်းယုန်ငှက်၏ အော်သံက

ကောင်းကင်ထက်က ထွက်ပေါ်လာ၍ လေဟုန်းသံက နီးကပ်လာသည်။

'..မြန်မြန်... မြန်မြန်ပြေးရမယ်... မြန်မြန်..!! '

ဖန့်ရန် စိတ်ထဲ အဆက်မပြတ်အော်လိုက်သည်။ လင်းယုန်ငှက် သူ့ခေါင်း အထက်ရောက်ခါနီး၌ ဖန့်ရန်သည် သူ့အရှေ့ သုံးမီတာမှာ ချုံပုတ်တစ်ခုရှိနေတာ မြင်လိုက်ရသည်။

ဖန့်ရန် ထိတ်လန့်နေဖို့အချိန်မရတောဘဲ ကျန်ရှိနေသော လက်ကျန် အင်အားကို စုစည်းကာ လှမ်းမြင်နေရသည့် ချုံပုတ်ဆီ ကျန်ရှိနေသော လက်ကျန် အင်အားကို အမြီးမှာ စုလိုက်ပြီး ခုန်ဝင်လိုက်သည်။

ချုံပုတ်ထဲ ဝင်လိုက်တာနဲ့ လင်းယုန်ငှက် အနောက်ကနေ လိုက်လာပါလာသည်။

လင်းယုန်ငှက်သည် ဖန့်ရန်ကို ဖမ်းချင်သော်လည်း ဖမ်းမမိလိုက်ပေ။ ထို့အပြင် လေထဲက ဆင်းသက်လာသော အရှိန်အဟုန်ဖြင့် ချုံပုတ်ထဲသို့ ကျသွားသည်။

" ..." သစ်ရွက်လှုပ်သံ

ချုံပုတ်ထဲ ကျသွားသော လင်းယုန်သည် အတောင်ပံများကို ဝှေ့ယမ်းလိုက်၏။ လင်းယုန်ငှက် ချုံပုတ်ထဲက ထွက်လာချိန်မှာတော့ အရင်လို ကြော့ရှင်း ခမ်းနားမှုတွေ

မရှိတော့ပေ။ ထိုအစား တစ်ကိုယ်လုံး ညစ်ပတ်ပေရေ လျက်ရှိသည်။

ဖန့်ရန်သည် လင်းယုန်ငှက်ကို ခေါ်သံပေးသလို ဖြစ်မည်စိုး၍ လင်းယုန်ငှက်၏ ဆန့်ကျင်ဘက် ချုံပုတ်ထောင့်အစွန်း အမှောင်ထဲ၌ ပုန်းရင်း ကျယ်လောင်စွာ အသက်မရှူဝံ့ပေ။

(TN/ လင်းယုန်ငှက်သည် ဆန့်ကျင်ဘက် ချုံအစပ်သို့ ကျသွားခြင်းဖြစ်သည်။)

ဖန့်ရန် ချုံပုတ်အပြင်ဘက်ရှိ လင်းယုန်ငှက်ကို ဂရုတစိုက် အကဲခတ်နေသည်။ ဒီလိုမျိုး လင်းယုန်ရဲ့ အသွင်အပြင်ကို အနီးကပ် မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်..။

ဤလင်းယုန်ငှက်သည် အကောင်အရမ်းမကြီးသော်လည်း ၎င်း၏ စူးရှသော မျက်လုံးနဲ့ ထက်ရှတဲ့ ခြေသည်းတစ်စုံကို ကြည့်ရင် ဖန့်ရန် ကြောက်ရွံ့မှုကို ခံစားရဆဲပင်။

ကံကောင်းထောက်မစွာပင် သူ လျင်မြန်စွာ ပြေးနိုင်ခဲ့သည်။ ဖန့်ရန် အနည်းငယ်သာ တုံဆိုင်းနေခဲ့ပါက..အခုချိန်ဆို သေနေလောက်ပြီ ဖြစ်သည်။

[ပစ်မှတ် - လင်းယုန်ငှက်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၂၀၀ မှတ်ကို ရရှိနိုင်သည်]

ဖန့်ရန် လင်းယုန်ငှက်ကို အကဲခတ်နေစဉ် စနစ်၏ အသိပေးချက် စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ဖန့်ရန်ကို အံ့အားသင့်စေတာက လင်းယုန်ငှက် ထံကနေ သူစားခဲ့သော ယုန်ထက် စနစ်အမှတ် နှစ်ဆ ရနိုင်ခြင်း ဖြစ်သည်။

ဖန့်ရန်၏ ဒီရက်ပိုင်းအတွင်း သိရှိမှုအရဆို စနစ်၏ အမှတ်ပေးမှုမှာ သားကောင်၌..သွေးအဆီအနှစ် ပိုများလေ အမှတ်ပေးမှုပိုများလေ ဖြစ်ကြောင်း သိခဲ့ရသည်။ စနစ်၏ အမှတ်ပေးခြင်း၌ အခြားလုပ်ဆောင်ချက်တွေရှိမရှိတော့ သူလည်း မသိပေ။

လင်းယုန်ငှက်သည် ဤမြွေကို ဖမ်းရန် မဖြစ်နိုင်ဟု ဆုံးဖြတ်၍ အတောင်များကို ခတ်ကာ ကောင်းကင်သို့ ပျံသွားလိုက်သည်။

သို့သော် ချုံပုတ် အထက် ကောင်းကင်၌ နှစ်ပတ်ခန့် ပတ်ပြီးမှသာ အဝေးပျံသန်းသွားသည်။

ချုံပုတ်ထဲ၌ ဖန့်ရန် လင်းယုန်ငှက် မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်အထိ စောင့်ရင် နောက်ဆုံး၌ စိတ်အေးလက်အေးဖြင့် ချုံပုတ်ထဲကထွက်လိုက်သည်..။

...

ဖန့်ရန် ချုံပုတ်များဘေးတွင် လှဲနေရင် သူ့အမြီးက ဒဏ်ရာကို စစ်ဆေးလိုက်သည်။

လင်းယုန်ငှက်ကို လိုက်ဖမ်းခြင်းကို ခံနေရာချိန်က ဖန့်ရန် ဒဏ်ရာကို စစ်ဆေးရန် အချိန်မရှိဖြစ်စေခဲ့သည်။

" ဖက်.%!.. "

အမြီးပေါ်က ဒဏ်ရာကို မြင်လိုက်သည်နှင့် ဖန့်ရန်က စိတ်မထိန်းနိုင်ပဲ ဆဲရေးလိုက်မိသည်။

ဖန့်ရန်၏ အမြီး၌ (၂၀) စင်တီမီတာအရှည်ရှိသော သွေးထွက်သံယို အနာ သုံးခုရှိနေသည်။ အကြေးခွံများနှင့် အသားများသည် အနာ တစ်ဝိုက်တွင် ကွာကျနေ၍ သွေးများထွက်ကျလျက်ရှိ၏။

ထိုလင်းယုန်ငှက်၏ ထိုးသုတ်မှုသာ အနည်းငယ်ပိုမြန်သွားခဲ့ရင်..အမြီးပင် ပြတ်သွားနိုင်သည်။ ကံကောင်းလို့ လွတ်မြောက်သွားလျှင်ပင် ဒဏ်ရာမှာ ကုသရန် နည်းလမ်းမရှိသလောက်ပင် သွေးထွက်လွန်ရင်း သေသွားတာတောင် ဖြစ်နိုင်သည်။

ဤအတွေ့အကြုံအရ ဖန့်ရန် အရေပြားခုခံမှု စွမ်းရည် အဆင့်မြှင့်တင်ချင်သည်။ ကံမကောင်းစွာပင် ထိုစွမ်းရည်ရဲ့ အဆင့်မြင့်တင်မှုတစ်ခု ဆီအတွက် ကျွမ်းကျင်မှုရမှတ် (၈) မှတ် လိုအပ်သည်။

ထိုကြောင့် ဖန့်ရန်သည် နောင်တရနေရင် သက်ပြင်းချကာ ထင်းရှူးပင်ကြီးဆီကို ပြန်လိုက်သည်။

ဖန့်ရန်သည် လမ်းမှာမနားတမ်း အမြန်ဆုံးပြေးလာခဲ့သော်လည်း သူ့ဒဏ်ရာကြောင့် ထင်းရှူးပင်ဆီ ရောက်ချိန်တွင် ကောင်းကင်က မှောင်နေပြီ ဖြစ်သည်။

ဖန့်ရန် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသော်လည်း ထင်းရှူးပင်ကို မြင်လိုက်ရတော့ စိတ်အေးလက်အေး ဖြစ်သွားသည်။

" ဟစ်အော်..."

ထင်းရှူးပင်ခြေရင်းသို့ ရောက်သည်နှင့် အော်သံ တစ်ခုကို ကြားလိုက်ရ၏။ ဖန့်ရန် မော့ကြည့်လိုက်ရာ သစ်ကိုင်းတစ်ခုပေါ်တွင် ရပ်နေသော ရှဉ့်လေးကို တွေ့လိုက်ရသည်။

ဖန့်ရန် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ ကြည့်ရသည်မှာ ရှောင်မာက သူ့ကို စောင့်မျှော်နေပုံရသည်။

.....

All Chapters