လင်းယုန်ငှက်
Vol. 2 Ch. 28
ဒဏ်ရာများ က သက်သာလာဖို့ ငါးရက်ကြာခဲ့၏။
ဤငါးရက်အတွင်း၊ သူ... ရရှိထားသော ဒဏ်ရာ ကြောင့်၊ အနီးပတ်ဝန်ကျင်းမှာ သာ အမဲလိုက်နိုင်၍။.. အမဲလိုက်စွမ်းရည်လည်း ကျဆင်းသွားတာကြောင့် (၂၃၂) မှတ်သာ ရရှိခဲ့သည်။
သို့သော် ခြောက်ရက်မြောက်နေ့၌၊ သူ့ခန္ဓာကိုယ်က လုံး၀ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အရင်အတိုင်းအမဲလိုက်နိုင်ခဲ့သည်။
ယခုအချိန်တွင်၊ သူစုဆောင်းထားသော စနစ်အမှတ်က (၇၆၃) မှတ်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကံကောင်းမယ်ဆိုရင်၊ တစ်ရက်၊ နှစ်ရက်အတွင်း စဉ့်ကဲဖြစ်စဥ်အတွက် လုံလောက်သော အမှတ်များကို စုဆောင်းနိုင်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ သူ့.. ဂုဏ်သတင်းရမှတ်က (၉,၈၅၄) မှတ်အထိ ထပ်မံတိုးလာခဲ့သည်။ ဤအတိုင်းသာ ဆက်လက်တိုးသွားလျှင် ရက်အနည်းငယ်အတွင်း (၁၀,၀၀၀) သို့ ရောက်ရှိနိုင်ဖွယ်ပင်.. ရှိသည်။
ယင်းက.. ဖန့်ရန်အား... 'အရေပြားခုခံမှု' စွမ်းရည်ကို အဆင့်မြှင့်ဖို့ အချိန်အကြာကြီး အချိန်ယူရလိမ့်မည်မဟုတ်ဟု ခံစားရစေသည်။
……
မြွေတစ်ကောင်သည် ချုံပုတ်များနှင့် မြက်ပင်များကြားတွင် တိတ်တဆိတ် သွားနေကာ ၎င်း၏လျှာကို လေထုနှင့်တစ်ခါတစ်ရံ ပွတ်တိုက်လျှက်ရှိသည်။ တစ်နာရီကြာ သွားပြီးနောက်... ။
ကီလိုမီတာ (၂ဝ) ကျော်ခန့် သွားခဲ့သော်လည်း လမ်းတစ်လျှောက်၌ သားကောင်၊ တစ်ကောင်ကိုမှ မတွေ့တာကြောင့် ဖန့်ရန် သက်ပြင်းချလိုက်မိသည်။
"ဒီနေ့ အဖို့တော့ သားကောင်၊ တစ်ကောင်မှ ဖမ်းမိမဲ့ပုံ မပေါ်ဘူး... "
ရုတ်တရက်.. သစ်ပင်ပေါ်မှ တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။ ဖန့်ရန်.. လှမ်းကြည့်လိုက်တော့ ၎င်းက ငှက်အသိုက်တစ်ခု ဖြစ်နေသည်။ သစ်ပင်ပေါ်တက်သွားသည်နှင့် ငှက်ဥ (၅) လုံးကို ငှက်သိုက်ထဲ၌ တွေ့လိုက်ရသည်။
ငှက်ဥတစ်လုံးစီသည် အချင်း (၃) စင်တီမီတာခန့် ရှိသည်။
စနစ်သတိပေးချက်အရ.. ဖန့်ရန်.. ၎င်းက မီးခိုးရောင် ထင်းရှာငှက်ဥမှန်း သိလိုက်ရသည်။ ၎င်းဥတွေက တစ်လုံးကို (၁၀) မှတ် ပေးနိုင်သည်။
ငှက်ဥ (၅) လုံးကို မျိုချပြီးနောက်... ဖန့်ရန်.. သစ်ပင်ပေါ်မှ ဆင်း၍။ တောင်ပေါ်၌ သားကောင်များကို ဆက်လက်ရှာဖွေလိုက်သည်။
သိပ်မကြာခင်၌.. ဖန့်ရန်၏ အကြာကြီး ရှာဖွေအောက်မှာ သားကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။
တောကြောင်တစ်ကောင်သည် မြက်ပင်တွေကြား၌ တိတ်တဆိတ် ပုန်းနေပြီး တစ်စုံတစ်ခုကို စားနေသည်။
ဖန့်ရန်.. ၏ ရှုထောင့်မှကြည့်လျှင် တောကြောင်၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
တောကြောင်၏ ကိုယ်ထည်အရှည်မှာ (၅၀) စင်တီမီတာခန့်ရှိပြီး။ အမွေးများမှာ အဝါရောင်နှင့်အညိုရောင်ရောစပ်၍ အနက်ရောင်အစက်အပြောက်များပါရှိသည်။ မျက်လုံးများ က နက်မှောင်၏။ မျက်လုံးအိမ် အထက်၌ အဖြူရောင်အကွက်ရှိသည်။
[ ပစ်မှတ် - ကြောင်ကတိုး၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၅၀ မှတ်ကို ရရှိနိုင်သည် ]
ဖန့်ရန်.. ၎င်းကြောင်နှင့်တူသော အကောင်ကို စိုက်ကြည့်နေစဉ်။ စနစ်၏ အသိပေးချက်က ထွက်ပေါ်လာသည်။
" ဒီကြောင်ကတိုး တစ်ကောင်ထဲက စနစ်အမှတ် ၁၅၀ တောင် ရနိုင်တာပါလား.. "
ဖန့်ရန်.. အနည်းငယ် အံ့အားသင့်သွားသော်လည်း သေချာစစ်ဆေးပြီးနောက် ချက်ချင်းနားလည်သွားသည်။ ၎င်းကြောင်ကတိုးမှာ အတော်လေးဝ၍ အလေးချိန် (၂၅) ပေါင်ရှိရမည်မှာ သေချာသည်။
ကြည့်ရသည်မှာ သူမျိုချနိုင်ဖို့ အများကြီး ကြိုးစားရမည့် ပုံပေါ်သည်။ ၎င်းကြောင်ကတိုးကို မျိုချနိုင်ရန် မလွယ်ကူပေ။
သို့သော် စနစ်အမှတ် (၁၅၀) က၊ ဖန့်ရန်ကို အလွန်ဆွဲဆောင်နေသည်။ ထိုကြောင့် သူ.. အနည်းဆုံးတော့ မျိုချနိုင်မလား စမ်းကြည့်ချင်မိသည်။
ဖန့်ရန်.. ကြောင်ကတိုးနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်နှင့်အမျှ ၎င်းကြောင် ဘာလုပ်နေသည်ကို တဖြည်းဖြည်းမြင်လာရသည်။
ကြောင်ကတိုးသည် မြက်ခင်းပေါ်၌ ထိုင်လျက် အသီးတစ်ခုကို စိတ်အားထက်သန်စွာဖြင့် စားနေကာ ပတ်ဝန်းကျင်ကို ဂရုမပြုဘဲ ရှိသည်။
ဖန့်ရန်.. ဤမျှလောက် မိုက်မဲပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်သော.. ၎င်းကြောင်ကတိုးက ယခုအချိန်ထိ အသက်ရှင်ကျန်နေသေးတာ ကိုပင် အံ့သြမိသည်။
ကြောင်ကတိုးနှင့် မီတာဝက်ခန့်အကွာအဝေး သို့ ရောက်သည်နှင့်၊ ဖန့်ရန်.. စတင်တိုက်ခိုက်လိုက်သည်။
" ညောင်း.."
ကြောင်ကတိုးသည် သူ့.ကို မြွေတစ်ကောင် က ရုတ်တရက် တိုက်ခိုက်လာတာကြောင့် ထိတ်လန့်တကြား အော်ဟစ်ပြီး ခုန်လိုက်ရာ မီတာဝက်အကွာကို ချက်ချင်းရောက် သွားသည်။
သို့သော် ဖန့်ရန်၏ အခြေအနေအတွက် မျှော်လင့်၍ ကောင်းစွာပြင်ဆင်ထားသည်။
ထိုကြောင်ကတိုး မြေပြင်ပေါ် အရောက်၌ သူ့ မြီးနဲ့ မြေပြင်ကို ရိုက်လိုက်ပြီး။ ထိုတန်ပြန်အင်အားကို သုံး၍။ ကြောင်ကတိုးကို အလွန်လျင်မြန်သော အရှိန်ဖြင့် တိုက်ခိုက်လိုက်သည်။
သူ့ပန်းတိုင်မှာ ကြောင်ကတိုး၏ အကာအကွယ်မဲ့နေသော နောက်ဖက်ခြေထောက် ဖြစ်သည်။
ဖောင်း!
သို့သော် ဖန့်ရန်.. ကြောင်ကတိုး၏ နောက်ခြေထောက်ကို ကိုက်မိလိုက်သည်နှင့် အလွန် ရွံရှာဖွယ်ကောင်းသော အနံ့အသက်တစ်ခုကို ရှူရှိုက်လိုက်ရသည်။
ဖန့်ရန် သူကိုက်မိလိုက်သည့် ကြောင်ကတိုး၏ နောက်ခြေထောက်ကို ချက်ချင်းပင် လွှတ်လိုက်ပြီး မီတာအနည်းငယ်ကို လျှင်မြန်စွာဆုတ်၍။ ထိုရွံရှာဖွယ်အနံ့အသတ်မှ လွတ်မြောက်ရန် လတ်ဆတ်သောလေကို ပြင်းပြင်းထန်ထန် ရှူရှိုက်လိုက်သည်။
ထိုအချိန်တွင် သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလိုက်သော ကြောင်ကတိုးသည် ချက်ချင်းပင် ထွက်ပြေး သွားသည်။
ဖန့်ရန်.. ကြောင်ကတိုး ပျောက်ကွယ်သွားသော လမ်းကြောင်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းက တုန်ရင်နေလျက်ရှိသည်။
စကတ်သည် အန္တရာယ်ကြုံလာသောအခါတွင် ထိုကဲ့သို့ ဆိုးရွားသောအနံ့အသက်များ ထုတ်လေ့ရှိသည်ကို သူသိသော်လည်း ဤကြောင်ကတိုးလည်း ထိုကဲ့သို့ အစွမ်းမျိုး ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။
ဤကြောင်ကတိုး ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်ရခြင်း၏ ၎င်းကြောင့်ပင် ဖြစ်နိုင်သည်။
သို့သော် ကြောင်ကတိုးက သူ့လက်ကလွတ်သွားသော်လည်း၊ သေခြင်းတရားကနေ လွတ်မည်မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် သူ.. ၎င်းကြောင်ကတိုးကို ကိုက်မိတာနဲ့ အဆိပ်ကို သွေးကြောထဲကို ထိုးသွင်းထားသည်။
ဖန့်ရန်.. ၎င်းကြောင်ကတိုးအနောက်ကို အနံခံလိုက်၊ လိုက်သည်နှင့် မီတာရာဂဏန်းအကွာ မြေပြင်၌ လဲကျနေတာကို တွေ့လိုက်ရ၏။
ယခုအချိန်တွင် ကြောင်ကတိုးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ရှုရန် ရုန်းကန်နေရကာ မကြာခဏ အော်မည်နေသည်။
ကြောင်ကတိုးသည်.. မြွေတစ်ကောင်က သူ့ဆီ လာနေတာကို မြင်လိုက်ရသောအခါ ကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေးလိုသော် လည်း၊ သူ့ခြေလက်များက ပျော့ပျောင်းနေသည်။ သူ တဖြည်းဖြည်းအသက်ရူကျပ်လာသည်။
ဖန့်ရန်.. ကြောင်ကတိုး၏ရှေ့၌ ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှုရင်း၊ ၎င်းကြောင်ကတိုးသေသွားချိန်ထိ စောင့်နေလိုက်၏။
...
ဖန့်ရန်.. ကြောင်ကတိုးသေသွားသည်နှင့် ခေါင်းကနေ စပြီး ဖြည်းဖြည်းချင်း မျိုချ၏။
ကြောင်ကတိုး၏ ကြီးမားမှုကြောင့်
ငါးမိနစ်နီးပါးကြာအောင် ကြိုးစားပြီး နောက်မှသာ သူမျိုချနိုင်ခဲ့သည်။
ယခုအချိန်၌ ဖန့်ရန်၏ ဗိုက်သည် ဖောင်းကား၍ ကွဲထွက်လုမတတ် ဖြစ်နေသည်။ သူ့အဖို့ နာကျင်မှုကို ခံနိုင်ရည် မြင့်မားလာသော်လည်း၊ အလွန်မသက်မသာ ခံစားနေရဆဲဖြစ်သည်။
" အစာမြန်မြန်ကြေဖို့ သွားဖို့ပဲ မျှော်လင့်ရမယ်.. "
ဖန့်ရန်.. ချုံပုတ်တစ်ခု ဆီသို့ ကြိုးစား၍
သွားကာ သူ့ဗိုက်ပြန်ချပ်လာချိန်ကို စောင့်နေလိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက်...
[ စနစ်အမှတ် ၁၅၀ မှတ်ကို ရရှိသည်]
" စနစ် ကိုယ်ရေးအကျဉ်ကို ပြပါ.. "
ဖန့်ရန် သူ့စိတ်ထဲ၌ ပြောပြီးနောက်.. အလင်းတန်းတစ်ခုနှင့်အတူ အပြာရောင် ဖန်သားပြင် တစ်ခုပေါ်လာခဲ့သည်။
[လက်ခံသူ : ဖန်ရန်
အဆင့် : ၆
စနစ်အမှတ် : ၉၂၃/၁,၀၀၀
ကျွမ်းကျင်မှုရမှတ် : ၁
ကိုယ်ထည်အရှည် : ၁.၅ မီတာ
အချင်း: ၃.၆ စင်တီမီတာ
ခွန်အား : ၃.၀
ခုခံနိုင်စွမ်း : ၅.၀
အမြန်နှုန်း : ၂.၅
တတ်ကြွမူ : ၃.၀
စိတ်ဝိညာဉ် : ၄.၀
ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၃.၈
စွမ်းရည် : ပြင်းထန်သော အဆိပ် (၂/၅)၊ အရေပြားခုခံမှု (၁/၅)၊ အစာခြေမြန်ခြင်း (၂/၅)၊
ဂုဏ်သတင်းရမှတ် : ၉၈၅၄ /၁၀၀၀၀၀၀၀]
" ငါမှာအခုဆို ၉၂၃ မှတ်တောင် ရသွားပြီး ငါ့ ကံသာ ကောင်းမယ်ဆိုရင်.. ဒီနေ့မှာပဲ ဆင့်ကဲဖြစ်စဉ်အတွက် လုံလောက်တဲ့ အမှတ်ကို ရနိုင်မှာလိမ့်မယ်.. "
ဖန့်ရန်.. ကိုယ်ရေးအကျဉ့်ကို စစ်ဆေး ပြီးနောက် တော်တော်လေးပျော်သွားခဲ့သည်။
ကြောင်ကတိုးကို မျိုချလိုက်တာက သူ့ဗိုက်ကိုကွဲလုမတတ် ဖြစ်စေသော်လည်း ၎င်းကတန်သည်။ အခုဆို သူ့စူဆောင်းမှုက စနစ်အမှတ် (၉၂၃) မှတ် အထိ ရောက်သွားပြီ ဖြစ်၍။ ဆင့်ကဲဖြစ်စဉ်အတွက် ယုန် (သို့) ငှက်တစ်ကောင်ကိုသာ မျိုချဖို့လိုတော့သည်။
စိတ်လှုပ်ရှားမှု တည်ငြိမ်သွားပြီးနောက်၊
ဖန့်ရန်.. ချုံပုတ်ထဲက ထွက်၍ ရှေ့ကိုဆက်သွားလိုက်သည်။
ဖန့်ရန်.. သူ့စိတ်ထဲ၌ သားကောင်ကြီး ရပါစေဟု ဆုတောင်း၍။ တစ်ကီလိုမီတာခန့် သွားခဲ့သော်လည်း။ သားကောင်သိပ် မတွေ့ခဲ့ရဘဲ၊ ထိုအစား ဖားငယ်အချို့ကို တွေ့၍ (၁၂) မှတ်ခန့်သာ ရရှိခဲ့သည်။
....
အချိန်တွေ တရွေ့ရွေ့ ကုန်သွား၍။ နေက မိုးကုပ်စက်ဝိုင်းပေါ် သို့ မေးတင် နေခဲ့ပြီဖြစ်သည်။
ချုံပုတ်တွေကြား ကနေ သွားနေတဲ့
ဖန့်ရန် တဖြည်းဖြည်း စိုးရိမ်လာခဲ့သည်။
အစပိုင်းတွင်၊ ဒီနေ့၌ ဆင့်ကဲဖြစ်စဉ်အတွက်
လုံလောက်တဲ့ စနစ်အမှတ်ပမာဏကို ရရှိ မည်ဟု ထင်ခဲ့သော်လည်း။ သူ့ကံက ဤမျှလောက် ဆိုးရွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဖန့်ရန်.. လက်လျှော့ခါနီး၌ ရင်းနှီးနေသော အနံ့တစ်ခုကို ရလိုက်သည်။
ထိုရနံ့ကို အရ၌ပင်.. မြက်ခင်းပြင် အစပ်၌ ယုန် တစ်ကောင်ကို တွေ့လိုက်ရသည်။
၎င်းယုန် က မြက်စားနေရင်း မကြာခဏ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
[ပစ်မှတ် - တောယုန်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၀၀ မှတ်ကို ရရှိနိုင်သည်]
စနစ်၏ အချက်ပေးသံကိုကြားပြီးနောက်...
ဖန့်ရန်.. ချုံပုတ်ထဲကနေ ထွက်၍။ ယုန်နားကို ချဉ်းကပ်ဖို့ လုပ်လိုက်သည်။ ရုတ်တရက် ယုန်ရဲ့ ခေါင်းပေါ်မှာ ပျံဝဲနေသော အရိပ်တစ်ခုကို သူတွေ့လိုက်ရ၏။
ဖန့်ရန်.. ကောင်းကင်ကို မော့ကြည့်၍။ အရိပ်ပိုင်ရှင်က ဘယ်သူလဲဆိုတာ ကြည့်လိုက်သည်။
ကောင်းကင်၌ ငှက်တစ်ကောင် ပျံဝဲနေတာကို သူတွေ့လိုက်ရသည်။
လင်းယုန်!
ဖန့်ရန်.. လင်းယုန်ငှက် ကိုကြည့်ရင်း.. အံကြိတ်လိုက်သည်။
"ဒီလင်းယုန်ငှက်ကတော့ .. ငါ အရင်က ဒီငှက်စုတ်ကြောင့် ဒဏ်ရာရခဲ့ရတယ်။ .. အခုလည်း ငါ့သားကောင်ကို လာလုယူချင်နေတယ်..ဒီကောင်. %&$&@!* "
ဖန့်ရန်.. သူ့ စိတ်ထဲမှာ လင်းယုန်ကို ကျိန်ဆဲနေချိန်၌ လင်းယုန်ငှက်ဟာ၊ ရုတ်တရက် ထိုးဆင်းလာပြီး ယုန်ကို တိုက်ခိုက်လိုက်သည်။
.....