စွန့်စားမှု
Vol. 2 Ch. 29
ဟူးးး
လင်းယုန်ငှက်၏ ထိုးဆင်းလာသော အရှိန်က မြန်လွန်းသဖြင့် အဝေးမှာ ရှိနေသော၊ ဖန့်ရန်.. ပင် လေဟုန်သံများကို ကြားနေရသည်။
မြေကြီးပေါ်၌ မြက်စားနေသော ယုန်သည် ၎င်းအသံကြောင့် ထိတ်လန့်တုန်လှုပ်ကာ မတ်တပ်ရပ်၍။ အနီးဝန်းကျင်ကို ကြည့်လိုက်ချိန်၌ အနက်ရောင် အရိပ်တစ်ခုက သူ့ခန္ဓာကိုယ် အထက်တွင် ပေါ်လာခဲ့သည်။
" .... "
ယုန်၏ တစ်ကိုယ်လုံး မြေကြီးပေါ် အဖိခံလိုက်ရသည် နှင့် တပြိုင်နက် အသံတစ်ခု ထွက်ပေါ်လာသည်။ ယုန်သည် ထိတ်လန့်စွာ ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။
စွတ်..
လင်းယုန်ငှက်သည် ၎င်း၏ ချွန်ထက်သောခြေသည်းများကို ယုန်၏အသွေးထဲသို့ ထိုးသွင်းလိုက်သည်ကို... ဖန့်ရန် မြင်လိုက်သည်။
" ဒီယုန်တော့ သေမှာသေချာသွားပြီ.. "
ဒီမြင်ကွင်းကိုမြင်တော့ ချုံပုတ်ထဲမှာ ပုန်းနေတဲ့၊ ဖန့်ရန်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
ဒီလင်းယုန်ရဲ့ ခွန်အားက တကယ် ကြီးသည်။
ဖန့်ရန် လင်းယုန်ငှက်၏ ခြေသည်း ထက်ဝက်ကျော်က ယုန်အသားထဲတွင် ထိုးသွင်းထားသောကြောင့်၊ ယုန် ၏ကိုယ်တွင်းအင်္ဂါများပင် ရှင်းရှင်းလင်းလင်း မြင်နေရ၏။
ထို့အပြင် ယုန်ကို တတ်နိုင်သမျှ အမြန်ဆုံးသတ်ရန်အတွက် လင်းယုန်က ယုန်၏ ဦးခေါင်းကို နှုတ်သီးဖြင့် ထိုးဆိတ်နေခဲ့သည်။
ယုန်သည် ရုန်းကန်နေရဆဲဖြစ်သော်လည်း သေဖို့ရန် အတွက် သိသာစွာပင် ကြာတော့မည် မဟုတ်ပေ။
ဖန့်ရန် ချုံပုတ် အပြင်ဘက်ရှိ လင်းယုန်ငှက်ကို အေးစက်စွာ ကြည့်နေသည်။
၎င်းယုန်ဟာ မူလက သူ့ရဲ့သားကောင်ဖြစ်ပေမယ့် လင်းယုန်ငှက်က လုယူသွားခဲ့တာဖြစ်သည်။
ပိုအရေးကြီးတာက ၎င်းယုန်ကိုသာ သူမျိုချနိုင်သရွေ့ ဒီနေ့မှာ ချောမွေ့စွာ ဆင့်ကဲပြောင်းလဲ နိုင်မှာ ဖြစ်ပေမယ့်.. ထိုလင်းယုန်ငှက်ကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
လင်းယုန်ငှက်သည် ဟန်ချက်ကို ထိန်းရန် အတောင်ပံများကို ဖြန့်ကားထား၏။ ၎င်း၏တိုက်ခိုက်မှုအောက်တွင် ယုန်၏ ရုန်းကန်မှုက တဖြည်းဖြည်း အားနည်းလျက်ရှိသည်။ ထိုအတိုင်းဆို တစ်မိနစ်အတွင်း ယုန်သေသွားနိုင်သည်။
ဖန့်ရန် မျက်လုံးထဲ၌ စွန့်စားလိုမှုနှင့် တုံ့ဆိုင်းမှုများ ပေါ်လာခဲ့သည်။
သူ့အနေနှင့် ၎င်းလင်းယုန်ငှက်ကို နည်းနည်းကြောက်ပေမယ့် ထိုယုန်ကို လွယ်လွယ်နဲ့ လက်မလျှော့ချင်ပေ။
သူ ထိုယုန်ကို စွန့်လွှတ်လိုက်ရင် ဒီနေ့ သူ့ရဲ့ ဆင့်ကဲပြောင်းလဲနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားနိုင်သည်။
နေဝင်နေပြီ၊ ညရောက်ခါနီးပြီး ဖြစ်သောကြောင့် .. အချိန်က သိပ်မကျန်တော့ပေ။
ဖန့်ရန်... ချုံပုတ်ထဲကနေရန် ဖန့်ရန်... လင်းယုန်ငှက် ကို ကြည့်နေမိသည်။ အထူးသဖြင့် ၎င်း၏ပိန်လှီ ထက်ရှသော ခြေထောက်ကို ကြည့်နေပြီး ၎င်း၏ ထက်ရှမှုကို ခံနိုင်ရည်ရှိမရှိ ချီတုံချတုံဖြစ်ကာ တိုက်ခိုက်ရန် တုံဆိုင်းနေမိသည်။
ဖန့်ရန်သည် စွန့်စားရမလားဟု တုံ့ဆိုင်းနေချိန်၌၊ စနစ်၏အချက်ပေးသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
[ဒင်]
[လက်ခံသူသည် ဂုဏ်သတင်းရမှတ် ၁၀,၀၀၀ ကို အောင်မြင်စွာ ရရှိခဲ့ပြီး ကျွမ်းကျင်မှုရမှတ် ၅ မှတ်ကို ဆုလာဘ်အဖြစ် ရရှိသည်]
စနစ်၏ချက်ပေးသံကိုကြားပြီးနောက်၊ ဖန့်ရန်.. စနစ်ကို ခေါ်ကာ (၁၀,၀၀၀) သို့ ရောက်နေသည့် ဂုဏ်သတင်းရမှတ်ကို ကြည့်လိုက်၏။ ၎င်းက တိုးလာနေဆဲ ဖြစ်သည်။
"ငါ့အကြောင်း ဗီဒီယိုက လူကြိုက်များနေတာများလား.. "
ဖန့်ရန် ခန့်မှန်းလိုက်သော်လည်း ကံမကောင်းစွာပင်။ သူ့ခန့်မှန်းချက်က မှားနေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ နာမည်ကျော်ကြားမှု မြင့်တက်လာရခြင်းမှာ၊ တိုက်ရိုက်ထုတ်လွင့်မှုကြောင့် ရေပန်းစားလာခြင်း မဟုတ်ဘဲ.. သူ့ဓာတ်ပုံပါရှိသော ဂန္ထဝင်မဂ္ဂဇင်းကို စာအုပ်ဆိုင်များတွင် စတင်ဖြန့်ဝေပြီး ဖောက်သည်များထံ ရောင်းချနေသောကြောင့် ဖြစ်သည်။
မြွေနဲ့ ရှဉ့်ပုံ ရေပန်းစားလာတာနဲ့အမျှ ဂန္တဝင် မဂ္ဂဇင်းဟာ ပရိတ်သတ်တွေကြားမှာ
နာမည်ကောင်းတစ်ခု ရရှိသွားကြသည်။
တစ်စုံတစ်ယောက်က ဂန္ထဝင်မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ထံ ၎င်းဓာတ်ပုံကို ဘယ်မှာရိုက်ခဲ့သနည်းဟုပင် မေးနေသေးသည်။
ဤအရာများကို.. ဖန့်ရန်က မသိသလို သူ့ဂုဏ်သတင်းက ဘယ်ကလာတယ်ဆိုတာကိုလည်း သူတကယ် ဂရုမစိုက်ပါ..။ ကျွမ်းကျင်မှုရမှတ် (၅) မှတ်ကိုသာ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို စဉ်းစားနေသည်။
"စနစ် ပြင်းထန်သော အဆိပ်ကို တစ်ကြိမ် အဆင့်မြှင့်ပါ "
ခဏလောက်စဉ်းစားပြီးနောက်၊ ဖန့်ရန်.. အဆိပ်ကိုသာ အဆင့်မြှင့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဖန့်ရန် သူ့အဆိပ်ဂလင်းက တုန်ခါမှုနဲ့အတူ ပိုကြီးထွားလာသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
သူ့ကိုယ်က အပြောင်းအလဲကို ခံစားပြီးနောက်။ ဖန့်ရန်.. လင်းယုန်ငှက်ကို ပြန်ကြည့်လိုက်၏။ သူ့မျက်လုံးတစ်စုံက ပြင်းထန်သော စွန့်စားလိုမှုနှင့်အတူ တောက်ပလာခဲ့သည်။
အဆိပ်ကို အဆင့်မြှင့်တင်ရခြင်း အကြောင်းရင်းမှာ ဤလင်းယုန်ငှက်ကို ကိုင်တွယ်ရန်သာဖြစ်သည်။
ဖန့်ရန်.. လင်းယုန်ခြေသည်းတွေကြားကနေ သားကောင်ကို လုယူနိုင်မလား ဒါမှမဟုတ် သူ့ကို သတ်နိုင်မလား ဆိုတာကို စမ်းကြည့်ရ မည်ဖြစ်သည်။
"ပြင်းထန်သော အဆိပ်ကို သုံးကြိမ်အဆင့်မြှင့်တင်ပြီးနောက်၊ ၎င်းပြင်းထန်သော အဆိပ်က သိသိသာသာပင် အစွမ်းထက်လာနိုင်သည်။
ဖန့်ရန်.. သူသာ အကယ်၍ လင်းယုန်ငှက်ကို ကိုက်လိုက်နိုင်ပါက.. အဆိပ်က ပျံနှ့သွားသည်နှင့် တစ်မိနစ်အတွင်း လင်းယုန်ငှက်ရဲ့ တိုက်ခိုက်မှုနှင့် ပျံသန်းနိုင်စွမ်းကို ဆုံးရှုံးသွားစေမည်ဟု ခံစားရသည်။
ဖန့်ရန်.. ချက်ချင်းပင် မြှားတစ်စင်းကဲ့သို့ အလွန်မြန်သော အရှိန်ဖြင့် လင်းယုန်ဆီသို့ သွား လိုက်သည်။
ဂျစ်.! ဂျစ်!.
ဖန့်ရန်၏ လျင်မြန်စွာ သွားခြင်းက.. ပွတ်တိုက်သံများ ထွက်စေခဲ့သည်။ ၎င်းအသံက လင်းယုန်ငှက်ကို ထိတ်လန့်သွားစေခဲ့သည်။ အထူးသဖြင့်၊ ဖန့်ရန်၏ လက်ရှိအရွယ်အစားက သေးငယ်သည်တော့ မဟုတ်ပေ။
လင်းယုန်ငှက်သည် ... အရှည် (၁) မီတာခွဲနှင့် အချင်း (၄) စင်တီမီတာနီးပါးရှိသည့် မြွေတစ်ကောင်ကို တွေ့လိုက်ရသည်နှင့် ယုန်ကို မသိစိတ်ဖြင့် လွှတ်ချလိုက်ပြီး အတောင်များကို ဝှေ့ယမ်းကာ ကောင်းကင်သို့ ပျံတက် သွားလိုက်သည်။
ဖန့်ရန်.. လင်းယုန်ငှက်၏ ခြေထောက်ကို ခုန်ပျံ ကိုက်လိုက်ချိန်၌ လင်းယုန်ငှက်က ကောင်းကင်သို့ ပျံတက်သွားပြီ ဖြစ်သည်။
" တောက်.! မိ ခါနီးလေး.."
ဖန့်ရန်.. မကျေမနက် အော်လိုက်မိသော်လည်း မတုံဆိုင်းဘဲ ချုံပုတ်ထဲသို့ ပြန်ပြေးသွားလိုက်သည်။
ရှင်းလင်းစွာပင် လင်းယုန်ရဲ့ ပစ်မှတ်အဖြစ် သူ နေနေမည်မဟုတ်ပေ။
လင်းယုန်ငှက်ဆီမှ လွတ်မြောက်သွားသော ယုန်သည် မတ်တပ်ရပ်ရန် မတုံဆိုင်းခဲ့ဘဲ အကြိမ်အနည်းခန့်ငယ် ခုန်ကာ တော.. အတွင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
" ငှား ား ား ား "
ဖန်ရန်.. ကောင်းကင်ထက်က လင်းယုန်ငှက်ရဲ့ ဒေါသတကြီးအော်သံကိုကြားနေရသည်။
လင်းယုန်ငှက်က သူ့.. အား သတိရနေမည်မှာ သေချာသော်လည်း ကောင်းသော သတိရခြင်းတော့ မဟုတ်တာတော့၊ ဖန့်ရန်.. သေချာသိနေသည်။
သို့ပေမယ့် သူ ဂရုမစိုက်ပေ။ ဒီအတိုင်းသာ ဆက်လက် တိုးတက်နေခဲ့မယ်ဆိုရင်
လင်းယုန်ငှက်က သူ့ပြိုင်ဘက်ဖြစ်နိုင်တော့မှာ မဟုတ်ပေ။
ဤတစ်ကြိမ် ဆင့်ကဲဖြစ်စဉ်ပြီးသွားခဲ့လျှင် "အရေပြားခုခံမှု" ကို အဆင့်မြှင့်နိုင်မှာ ဖြစ်သည်။
ထိုအချိန် လင်းယုန်ငှက်က သူ့ကိုသာ တိုက်ခိုက်လာခဲ့မယ် ဆိုရင် သေဖို့ သေချာနေသည်။
အနီးဝန်ကျင်းကို လင်းယုန်ငှက်သည် ကောင်းကင်ယံကနေ စက်ဝိုင်းသဏ္ဍာန် ပျံဝဲကြည့်၍။ မိနစ်အနည်းငယ်အကြာတွင် စူးရှသော အော်သံနှင့်အတူ ထွက်သွားခဲ့သည်။
" နောက်ဆုံးတော့ ဒီကောင် သွားပြီပေါ့ "
ဖန့်ရန်.. ချုံပုတ်များထဲမှ ခေါင်းထွက် ကာ ကောင်းကင်ကို မော့ကြည့်၍ လင်းယုန် မရှိကြောင်း သေချာစေကာ ချုံပုတ်ထဲမှ အပြင် ထွက်လိုက်သည်။
ဖန့်ရန်.. သက်ပြင်းတစ်ချက်ချရင်း လျှာကို ထုတ်၍ လေထဲက အနံ့ကို ခွဲခြားစိတ်ဖြာ လိုက်ပြီးနောက် မျက်လုံးကနေ အရောင်များ တောက်ပလာ၏။ ထိုနောက် ချက်ချင်းပင် တည်နေရာတစ်ခုဆီ သွားလိုက်သည်။
...
ခဏအကြာတွင် ဖန့်ရန်.. ချုံပုတ်တစ်ခုထဲသို့ ဝင်သွားလိုက်သည်။
သူ့ အရှေ့မြေပြင်၌ ယုန်တစ်ကောင်က လဲလျောင်းနေခဲ့သည်။
ဤယုန်က လင်းယုန်ငှက်ဆီမှ လွတ်မြောက်ခဲ့သော်လည်း။ ပြင်းထန်သော ဒဏ်ရာများကြောင့် အနည်းငယ် ပြေးလွှားပြီးနောက် ဤနေရာတွင် သေသွားခဲ့သည်။
ဖန့်ရန်.. ၎င်းယုန်အရှေ့သီု့ သွား၍။ သေမသေ သေချာစေပြီးနောက် ချက်ချင်းပင် မျိုချလိုက်သည်။
ထို့နောက် ဖန့်ရန်.. ချုံပုတ်အတွင်းရှိ မြေပြင်၌ ရိုအစာကြေစေရန် စောင့်ဆိုင်းနေလိုက်သည်။
နာရီဝက်ခန့်စောင့်ဆိုင်းပြီးနောက် ယုန်သည်
ကြေမွှသွားခဲ့သည်။
[စနစ်အမှတ် ၁၀၀ မှတ်ကို ရရှိသည်]
[လက်ခံသူတွင် လုံလောက်သော စနစ်အမှတ်ရှိသည်ကို ထောက်လှမ်းတွေ့ရှိ၍ ဆင့်ကဲပြောင်းလဲနိုင်ပြီ ဖြစ်သည်]
[ ဆင့်ကဲဖြစ်စဉ်သည် ဆယ်မိနစ်ကြာ၍ ထိုအချိန်၌ လက်ခံသူ၏ လုံခြုံမှုကို သေချာစေမည် ဖြစ်သည်]
[ဆင့်ကဲပြောင်းလဲလိုပါသလား]
ရုတ်တရက်၊ စနစ်အသိပေးချက်များစွာသည်။ ဖန့်ရန်.. စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
သို့သော် ဖန့်ရန်.. ဆင့်ကဲပြောင်းလဲရန် မရွေးချယ်လိုက်ပေ။
နောက်ဆုံးတော့ ကောင်းကင်ကြီးက မှောင်စပြုနေပြီ ဖြစ်သည်။
.....