← Chapters

နှုတ်ဆက်ပါတယ်‌ ရှောင်မာ

Vol. 2 Ch. 30

နှုတ်ဆက်ပါတယ်‌ ရှောင်မာ

Vol. 2 Ch. 30

ဖန့်ရန် ထင်ရှုးပင်ဆီသို့ ပြန်ရောက်ချိန်၌ မှောင်နေပြီ ဖြစ်သည်။

ဖန့်ရန် ပြန်ရောက်လာသည်ကို မြင်တော့ သစ်ပင်ပေါက်ဝမှာ စိုးရိမ်တကြီးစောင့်နေတဲ့ ရှဉ့်လေးက စိတ်သက်သာရာရသွားပုံနဲ့ လက်ဟန်အမှုရာ လုပ်ပြကာ သူ့ထောင့်ကို ပြန်သွား၍ ဘောလုံးတစ်လုံးလို ကိုယ်ကို ကွေးပြီး အိပ်လိုက်တော့သည်။

သို့သော် အခြား တစ်ဖက်က ဖန့်ရန်.. ကတော့ ရှဉ့်လေး ကဲ့သို့ မအိပ်နိုင်သေးပေ။

" စနစ် ဆင့်ကဲဖြစ်စဉ်ကို စတင်ပါ.. "

ဖန့်ရန်.. သူ့ စိတ်ထဲကနေ ပြောလိုက်သည်နှင့် ပူပြင်း၍ နာကျင်တဲ့ ခံစားချက်က တစ်ဖန် ပြန်ပေါ်လာခဲ့သည်။

သူ ဤနာကျင်မှုကို ခဏခဏ ခံစားဖူးသော်လည်း.. နာကျင်တာကို သတ်သာရန် အတွက် နံရံနှင့် သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်နေရဆဲဖြစ်သည်။

ဆယ်မိနစ်ကြာပြီး နောက်တွင် ဆင့်ကဲဖြစ်စဉ်က ပြီးဆုံးသွားခဲ့သည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က ပိုကြီးလာ၍ ဤနေရာက အလွန်ကျပ်နေသလို၊.. ဖန့်ရန်.. ခံစားနေရသည်။

စိတ်မသက်မသာ ခံစားနေရသော်လည်း..

ဖန့်ရန်သည် သူ့ကိုယ်ရေးအကျဥ့်ဇယားကို ကြည့်ဖို့အတွက် စနစ်ကို ခေါ်လိုက်သည်။

ထိုနောက်.. သူ့ စိတ်ထဲမှာ အလင်းတန်တစ်ခုနှင့်အတူ အပြာရောင်ဖန်သားပြင်တစ်ခု

ပေါ်လာခဲ့သည်။

[လက်ခံသူ : ဖန့်ရန်

အဆင့် : ၇

စနစ်အမှတ် : ၃၅ / ၃,၀၀၀

ကျွမ်းကျင်မှုရမှတ် : ၈

ကိုယ်ထည်အရှည် : ၂.၂ မီတာ

အချင်း : ၄.၅ စင်တီမီတာ

ခွန်အား : ၆.၀

ခုခံနိုင်စွမ်း : ၆.၀

အမြန်နှုန်း : ၃.၀

တက်ကြွမှု : ၃.၅

စိတ်ဝိညာဉ် : ၅.၀

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၄.၈

စွမ်းရည် : ပြင်းထန်သော အဆိပ် (၃/၅)၊ အရေပြား ခုခံမှု(၁/၅)၊ အစာခြေမြန်ခြင်း (၂/၅)

ဂုဏ်သတင်းရမှတ် : ၁၁၀၂၄ / ၁၀၀၀၀၀၀၀]

ဤဆင့်ကဲဖြစ်စဉ်ပြီးနောက်၊ သူ့.. ၏ခန္ဓာကိုယ်အရှည်က (၂.၂) မီတာသို့ရောက်ရှိ၍ အချင်းကတော့ (၄.၅) စင်တီမီတာထိရောက်ရှိသွားခဲ့သည်။

ဤအရွယ်အစားရှိသော မြွေကို စပါးအုံးမြွေ

အဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

နောက်ဆုံးတွင်၊ မီးခိုရောင်မြွေ အများစု၏ အရှည်က (၂) မီတာထက်နည်း၏။ ယခုဆို

ဖန့်ရန်၏ လက်ရှိ ခန္ဓာကိုယ် အရှည်ဟာ ၎င်းထက်များစွာ ပိုနေသည်။

၎င်းကို မီးခိုးရောင်မြွေများကြားတွင် အရွယ်ရောက်သူ အဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။

သူ့ကိုယ်ရေးအကျဥ့်ကို ကြည့်နေစဉ်..

ဖန်ရန်၏ စိတ်လှုပ်ရှားမှုများက ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။

သူ ပြဿနာတစ်ခုကို တွေ့သွားတာကြောင့် ပင်။

ဤဆင့်ကဲဖြစ်စဉ်ပြီးနောက်၊ သူ့ခန္ဓာကိုယ်အရွယ်အစားသည်။ ကြီးမားလာ၍ ဤသစ်ပင်တွင်းနှင့် လိုက်လျောညီထွေမဖြစ်နိုင်တော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်မာကို အနှောက်အယှက်မဖြစ်စေဘဲ သူ့ထောင့်၌ပင် အံဝင်ခွင်ကျဖြစ်အောင် နေနိုင်မှာ မဟုတ်တော့ပေ။ သူ့ ခန္ဓာကိုယ်က ရှောင်မာရဲ့ ထောင့်ကိုပါ သိမ်းပိုက်သွားရလိမ့်မည်။

ထို့အပြင် သူ၏နောက်ဆင့်ကဲဖြစ်စဉ်အတွက် စနစ်အမှတ် (၃၀၀၀) ကို လိုအပ်သည်။

ဤနေရာ၌သာ ဤမျှစနစ်အမှတ်ပမာဏကို စုဆောင်းလိုပါက မည်သည့်နှစ်အထိ အမဲလိုက်ရမည်ကို မသိနိုင်ပေ။

ထို့အပြင် ဆင့်ကဲဖြစ်စဉ်တစ်ခုစီတိုင်းအတွင် လိုအပ်သော စနစ်အမှတ်ပမာဏက ပိုမိုများပြားလာနေသည်။

သူ ထွက်သွားဖို့ အချိန်တန်ပြီ ဖြစ်သည်။

ဖန့်ရန် ... အခြားထောင့်တွင် အိပ်ပျော်နေသော ရှဉ့်လေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ရိုးရိုးသားသား ဆိုရလျှင် ဒီရှဉ့်လေးနဲ့ အကြာကြီး နေခဲ့ပြီး ရှဉ့်လေးကို ထားသွားရမယ်ဆိုတဲ့ အတွေးက.. သူ့ကို နည်းနည်းတော့ ဝမ်းနည်းမိစေသည်။

ရှောင်မာသည် သူနှင့်မဆက်သွယ်နိုင်သော်လည်း သူအမဲလိုက်သည့်နေ့မှ ပြန်ရောက်ချိန်တိုင်းကို စောင့်နေခဲ့သည်။

ဤရှဥ့်လေးက သူ့ကို အမဲလိုက်နည်းကိုသာ သိသော သွေးအေးတိရစ္ဆာန် ဖြစ်လာရန် တားဆီးခဲ့သည်။

သူသာထွက်သွားခဲ့ရင် အထီးကျန်တဲ့

အရင်လို အေးခဲပြီးရက်စက်တဲ့ နေ့များကို ရင်ဆိုင်ရတဲ့ နေ့ရက်တွေကို ပြန်သွားရမည်ဖြစ်သည်။

သို့ပေမဲ့ ဒီလိုလုပ်မှ ရပေမည်။

အကယ်၍ သူသာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနိုင်ခဲ့ရင်။

စနစ်တာဝန်ကို ပြီးမြောက်နိုင်ပြီး အိမ်သို့ပင် ပြန်သွားနိုင်သည်။

အချိန်အတော်ကြာအောင် ငြိမ်သက်နေသော

ဖန့်ရန်သည် ထက်မံ သက်ပြင်းချကာ သူစိတ်ခံစားချက် ကို သိမ်ဆည်းလိုက်၏။ ထိုနောက် စနစ်ဖန်သားပြင်ကို ပြန်ကြည့် လိုက်သည်။

"ငါ့မှာ ကျွမ်းကျင်မှုရမှတ် ၈ မှတ်ရှိဆိုတော့..

အရေပြား ခုခံမှုကို တစ်ကြိမ် အဆင့်မြင့်လို့ရတယ် "

ဖန့်ရန် စိတ်ထဲမှာ တွေးနေမိသည်။

“စနစ်၊ အရေပြားခုခံမှုကို အဆင့်မြှင့်ပါ.."

ချက်ချင်းပင်၊ အရေပြား ခုခံမှု က (၂/၅) ဖြစ်သွားသည်။

ထိုသို့လုပ်ပြီးနောက် ရလဒ်များကို မကြည့်နိုင်တော့ပဲ အိပ်ပျော်သွားခဲ့သည်။

...

နောက်တစ်နေ့ နံနက်စောစောတွင် ဖန့်ရန် နိုးလာပြီးနောက် မျက်လုံးများကို ပွတ်နေရင်း အိပ်ငိုက်နေတဲ့ ရှဉ့်လေးကို ကြည့်ကာ ပြုံးလိုက်မိသည်။

ရှဥ့်လေးက ဖန့်ရန်၏ ရုတ်တရက်ကြီး ထွားသွားတာကိုမြင်ပြီးနောက် အံ့အားသင့်၍ မဆုံးနိုင်တော့ပေ။

ပထမအကြိမ်လောက်ထိ မတုန်လှုပ်ပေမယ့် ဖန့်ရန်ကို စူးစူးစိုက်စိုက်ကြည့်ဆဲ ဖြစ်သည်။

ဖန့်ရန်က ရှောင်မာဆီကို ဖြည်းညှင်းစွာ သွားပြီး သူ့ခေါင်းကို ညင်သာစွာ နမ်းလိုက်သည်။

ရှောင်မာက ပျော်ရွင်သွားသော အကြည့်ဖြင့် ကြည့်ကာ သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်..

ဖန့်ရန်က နမ်းရှုံ့ခြင်းကို ရပ်လိုက်ပြီး၊ ရှဉ့်လေးကို နောက်ဆုံး နက်နဲသော အကြည့်ဖြင့်ကြည့်ကာ ရှဥ့်လေး၏ ပုံရိပ်ကို သူ့စိတ်ထဲမှာ နက်ရှိုင်းစွာ မှတ်သားထားလိုက်သည်။

ဖန့်ရန် သူ့ကိုကြည့်နေတာကို မြင်တော့ ရှောင်မာက ကျေနပ်အားရစွာနဲ့ အော်သည်။

ဖန့်ရန် သစ်ပင်ထက်မှ ဖြည်းဖြည်းခြင်း လျှောဆင်းလာလိုက်ပြီး မြေကြီးပေါ်သို့ ရောက်သောအခါ ဆက်မသွားသေးဘဲ နောက်ဆုံး အနေနဲ့ ထင်းရှူးပင်ကို ပြန်လှည့် ကြည့်လိုက်၏။ ဒီအချိန် ဒီနေရာကို သူ့နှလုံးသားထဲမှာ နက်နက်နဲနဲ မှတ်သားထားမည် ဖြစ်သည်။

" အော်!.. ဟစ်အော်!.."

ရှဉ့်လေးက ကြိမ်ဖန်များစွာ အော်ရင်း.. သစ်ကိုင်းများထက်မှ တဆင့် တောထဲဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

သူက ဖန့်ရန်၏ ကွဲလွဲချက်ကို မတွေ့ခဲ့ပေ။

သူ့၏ တစ်ဦးတည်းသော သူငယ်ချင်း အဖြစ် မှတ်ယူထားသော ရှဥ့်လေး လုံးဝပျောက်ကွယ်သွားတာကို ကြည့်ပြီးနောက်..

ဖန့်ရန် တောနက်ထဲကို မသွားသေးဘဲ မြက်ခင်းပြင် ရှိရာသို့ သွားလိုက်သည်။ သူ မထွက်သွားခင် လုပ်စရာတစ်ခု ရှိ၏။

အုံဆိုင်းနေသော တောစပ်က ထွက်လာသော ဖန့်ရန်ကို ကောင်းကင်ပေါ်မှ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

ဖန့်ရန်သည် သူ့ကိုယ်သူ ဖုံးကွယ်ထားရန် မရည်ရွယ်ထားပေ။ သူသည် မြက်ခင်းပြင် ပေါ်မှာ သွားနေသည်။

ဖန့်ရန် မြက်ခင်းပြင် ပေါ်မှာ တစ်နာရီခန့်

အေးအေးလူလူ လှည့်ပတ်ပြီးနောက်..

သူ့ခေါင်းထက်တွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ဖန်ရန် ဆက်မသွားတော့ဘဲ ထိုအရိပ် ပိုင်ရှင်ကို မော့ကြည့်လိုက်သည်။

သူထင်ထားသည် အတိုင်းပင် သူ့အထက်မှာ ပျံဝဲနေတာက လင်းယုန်ငှက် ဖြစ်သည်။

သူ့အတွက် လက်စားချေရန် အတွက်ရော ရှဥ့်လေးအတွက်ပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တဲ့ ထိုလင်းယုန်ငှက်ကို သူမထွက်သွားခင် သတ်ပစ်ဖို့၊ ဖန့်ရန် ဆုံးဖြတ်ထားသည်။

လင်းယုန်ငှက်ဆိုတာ ငှက်အမျိုးအနွယ်ဖြစ်တာကြောင့် ကောင်းကင်ပေါ်မှာ ရှိနေသ၍ သူ့အဖို့ သတ်ပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့ပေမယ့် မြေကြီးပေါ်ကနေ မြှူဆွယ်ဖို့ မဖြစ်နိုင်ဘူးလို့ မဆိုလိုပေ။

သူ့ ယခင်အတွေ့အကြုံအရ၊ ဤနေရာက လင်းယုန်ငှက်အတွက် အဓိကအမဲလိုက်သော နေရာ ဖြစ်တာကြောင့် ၎င်းလင်းယုန်ငှက်နှင့်တွေ့နိုင် မယ်ထင်၍ လာခြင်းပင်..။

ဟူးးး

လင်းယုန်ငှက် လေပေါ်မှာ ပျံဝဲနေချိန် သူ့ အမွေးများက လေနှင့်အတူ ကခုန်နေသည်။

သူ့ရဲ့အမဲလိုက်မှုကို ဖျက်ဆီးခဲ့တဲ့ ၎င်းမြွေကို သူ မမေ့ခဲ့ပေ။

အခုတော့ ၎င်းမြွေကို ဖမ်းနိုင်ဖို့ အခွင့်ရေး.. သူရလာခဲ့ပြီ ဖြစ်သည်။

စက္ကန့်အနည်းငယ်အကြာတွင် လင်းယုန်ငှက် မြေပေါ်ထိုးဆင်းကာ ခြေသည်းများကို ဝှေ့ယမ်းပြီး ဖန့်ရန်၏ ဦးခေါင်းကို ထိုးကုတ် ရန် ကြိုးစားလိုက်သည်။

လင်းယုန်ငှက်၏ ခြေသည်းများက သူ့ခေါင်းနားကို ရောက်သွားသည်နှင့် ဖန့်ရန်.. သူ့အမြန်နှုန်းကို အားကိုးကာ ဘယ်ဘက်သို့ရုတ်တရက် ရှောင်လိုက်သည်။

ဖုတ်...!

လင်းယုန်ငှက် မြေပြင်ပေါ် တည့်တည့်ကျပြီး အကြိမ်အနည်းငယ် မြေပြင်ပေါ် လိမ့် သွားကာ သူ့ခြေထောက်များက ကျိုးလုမတက် ဖြစ်သွားသည်။

" အချိန်ကျပြီ.."

ဖန့်ရန် မျက်လုံးက အရောင်တောက် သွားကာ သူ့ခေါင်းကိုမော့၍ လင်းယုန်ငှက်၏ ခြေထောက်ကို ကိုက်လိုက်သည်။

" ဂီးး.. "

လင်းယုန်ငှက် နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ ဖန့်ရန်ကို ခြေသည်းများဖြင့် ကန်ထုတ်၍ အတောင်ပံများကို ဝှေ့ယမ်းကာ လေပေါ်ပျံတက်လိုက်သည်။

သို့သော် မီတာရာဂဏန်းမျှ ပျံတက်ပြီးနောက် လင်းယုန်ငှက်၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းလာကာ အတောင်များ အားနည်းသွား၏။ ထိုနောက်.. အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ပြုတ်ကျ သွားခဲ့သည်။

" ဘုတ်! "

လင်းယုန်ငှက် မပျံသန်း နိုင်တော့ပဲ မြေပြင်ပေါ်၌ လဲလျောင်းရင်း သူ့ရဲ့ အတောင်ပံတွေကို ကြိုးစားခတ်နေရင်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။

ဖန့်ရန် လင်းယုန်ငှက်နှင့် တစ်မီတာအကွာကို ရပ်တန့်လိုက်ပြီး လင်းယုန်ငှက်ရဲ့ သေခါနီး နောက်ဆုံး ရုန်းကန်မှုကို ကြည့်နေလိုက်သည်။

လင်းယုန်ငှက်ဟာ သူနဲ့တစ်မီတာသာ ဝေးသော၊ ဖန့်ရန်ကို မြင်လိုက်ချိန်၌ ထိတ်လန့်သွားကာ ပို၍ပင် ပြင်းထန်စွာ သူ့အတောင်ပံတွေကို ခတ်နေသော်လည်း ဘယ်လောက်ပင် ခတ်နေပါစေ သူမပျံသန်းနိုင်တော့ပေ။

နှစ်မိနစ်လောက်ကြာမှာတော့.. လင်းယုန်ငှက် ၏။ ရုန်းကန်မှုက ရပ်သွားကာ သေဆုံးသွားခဲ့သည်။

ဖန့်ရန်သည့ အချိန်ကို မဖြုန်းတီးဘဲ မိနစ်ပိုင်းအတွင်း လင်းယုန်ငှက်ကို မျိုချလိုက်သည်။

လင်းယုန်ငှက်က မသေးငယ်သော်လည်း ယခုအချိန်၌ သူ့လက်ရှိအရွယ်အစားက ကြီးမားလာတာကြောင့်.. ဘာ ဖိအားမှ မရှိဘဲ လင်းယုန်ကို အလွယ်တကူ မျိုနိုင်ခြင်းပင်။

လင်းယုန်ငှက်ကို မျိုချပြီးနောက် ဖန့်ရန်သည် နောက်ဆုံးတစ်ကြိမ် ထင်းရှူးပင်သို့ ပြန်သွားခဲ့သော်လည်း၊ ရှဥ့်လေးကို မတွေ့တာကြောင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း တောနက်ထဲကို သူ့ယခင် ဆုံးဖြတ်ချက်အတိုင်းပင် ဝင်သွားလိုက်သည်။

ညနေစောင်းချိန်၌ ရှဥ့်လေးဟာ ထင်းရှူးပင်ဆီ ပြန်ရောက်လာပြီးနောက် ဖန့်ရန်ကို မတွေ့ခဲ့ပေမဲ့ သူသိပ်ဂရုမစိုက်မိပေ။

သို့သော် ညမှောင်လာသောအခါ သူစိတ်မသက်မသာ ခံစားလာရသည်။

ရှဉ့်လေးသည် အသိုက်ထဲမှာ စက်ဝိုင်းပုံစံ အနည်းငယ် ပြေးပြီးနောက် အပြင်ထွက်၍။ သစ်ကိုင်းတစ်ခုပေါ်မှာ မတ်တပ်ရပ်လိုက်သည်။

" ဟစ်အော်!.. ဟစ်အော်..."

ရှဉ့်လေးသည် ခပ်ဝေးဝေးက မှောင်မည်းနေသော တောအုပ်ကို ကြည့်ရင်း အသံကျယ်ကျယ်နဲ့ အော်လိုက်သော်လည်း တစ်စုံတစ်ယောက်၏ ဘာ တုံ့ပြန်သံမှ မကြားခဲ့ရပေ။

အကြိမ်ပေါင်းများစွာ အော်ပြီးနောက်

ရှဥ့်လေး သစ်ကိုင်းတစ်ခုပေါ်တွင် ငုတ်တုတ်ထိုင်ရင်း ငြိမ်သက်စွာ စောင့်ဆိုင်းခဲ့၏။

နှစ်နာရီကြာသွားခဲ့ပြီ ဖြစ်သည်။

ညဉ့်က နက်လာပြီ...

သစ်ကိုင်းထက်က ရှဉ့်လေးဟာ လုံးဝ ပျာယာခတ်နေခဲ့သည်။ သူသည် သစ်ကိုင်းများထက်မှာ အော်ဟစ်ရင်း လှည့်ပတ်ပြေးနေခဲ့သည်။

အကြောင်းရင်းတစ်ခုကြောင့် သူ့ သူငယ်ချင်းကို ဆုံးရှုံးသွားပြီဟု ခံစားရနေရသဖြင့် ရှဥ့်လေးက အော်ဟစ်လိုက်သည်။

"ဟစ် . . . . အော် . . . !!! "

ဆွေးမြည်းနေသော အော်မည်သံ တစ်ခုနှင့်အတူ သစ်ပင်ပေါ်က ပြေးဆင်းလိုက်၏။

သို့သော် အမှောင်ထုကို ကြောက်တာကြောင့် ရှဉ့်လေးဟာ ပြန်တက်လိုက်၊ ပြန်ဆင်းလိုက် နှင့် အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါဖြစ်ပြီနောက်.... နောက်ဆုံးမှာ သူ့သူငယ်ချင်းကို ရှာဖို့ သတ္တိမွေးလိုက်ရင်း.. သစ်ပင်ပေါ်က ပြေးဆင်းလိုက်ပြီး အမှောင်ထဲကို ပြေးလွှားသွားလိုက်သည်။

သုံးနာရီနီးပါး ကြာပြီးနောက် ရှဥ့်လေးဟာ ထင်းရှူးပင်ဆီကို ပြန်တက်လာခဲ့၏။ ထိုနောက် သူသည် သစ်ကိုင်းတစ်ခု ပေါ် ထိုင်၍။ အဝေးက အမှောင်ထုထဲကို ငေးကြည့်နေသည်။

.....

All Chapters