← Chapters

အိမ်အသစ်

Vol. 3 Ch. 31

အိမ်အသစ်

Vol. 3 Ch. 31

အဝါရောင်သစ်ရွက်များပေါ်မှာ မီးခိုးရောင်စပါးအုံးမြွေတစ်ကောင်သည် ဖြည်းညှင်းစွာသွားနေခဲ့သည်။

ဖန့်ရန် ထင်းရှူးပင်ဆီက ထွက်ခွာသွားလာသည်မှာ ယခုဆို သုံးရက်ပင် ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤသုံးရက်အတွင်း သူ မည်မျှအထိ သွားခဲ့မိသည်ကိုပင် မသိတော့ပေ။ တောင်အတွင်းပိုင်းကို နက်ရှိုင်းစွာဝင်လေလေ၊ သူ့ပတ်ဝန်းကျင်က ပိုမိုစိမ်းစို လာလေဆိုတာကိုသာ သိသည်။

လမ်း၌ သူ့သားကောင်အဖြစ် အများအပြား အမဲလိုက်နိုင်သည့် အကောင်များစွာကို တွေ့ခဲ့ရသည်။

သို့သော် သူသည် ဤတောင်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်ရန် စီစဉ်ထားသည်။

နှစ်မီတာရှည်သော သူ့ကိုယ်ခန္ဓာဖြင့် ဤဧရိယာ၌ သူ့ကို အဆင့်မြင့်သားရဲကောင်အဖြစ် သတ်မှတ်နိုင်သည်။

သူ၏ အဆိပ်နဲ့ မာကြောသည့် အကြေးခွံတွေက ဤတောင်ကို အုပ်စိုးဖို့ မလုံလောက်သော်လည်း ဘေးကင်းမှုအတွက်ကတော့ ပြဿနာ မရှိပေ။

အရေးအကြီးဆုံးမှာ ဤနေရာမှာ သားကောင်တွေ ပေါများခြင်း ဖြစ်ပြီး။ သူ့လက်ရှိ အမဲလိုက်မှုနှုန်းနဲ့ဆို ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သည့် စနစ်အမှတ်ပမာဏများပြား လာလျှင်ပင် ပြဿနာ မဟုတ်တော့ပေ။

ဤနေရာက သူ့ကို အချိန်အတော်ကြာအောင် ထောက်ပံပေးနိုင်သည်။

ဤသုံးရက်အတွင်းမှာ စုစုပေါင်း စနစ်အမှတ် (၈၆၀) ကို သူစုဆောင်းနိုင်ခဲ့သည်။

သို့သော် အမဲလိုက်ခြင်းက အဓိကမဟုတ်ဘဲ ဤတစ်ကြိမ်မှာတော့ သူနေထိုင်နိုင်သည့် နေရာတစ်ခုကို အဓိကထား ရှာဖွေနေခြင်းဖြစ်သည်။

ဖန့်ရန်က ရည်မှန်းချက်တွေ ချနေချိန်မှာပဲ တိရစ္ဆာန် နှစ်ကောင်က သူ့အရှေ့ သစ်ပင်ပေါ်ကနေ ရုတ်တရက် ခုန်ဆင်းလာခဲ့သည်။

၎င်းတိရစ္ဆာန် နှစ်ကောင်၏ ရုတ်တရက် ခုန်ဆင်းလာမှုက ဖန့်ရန်ကို အံ့သြသင့်သွားစေသည်။

သူ့ရှေ့တွင် မည်သို့သော တိရစ္ဆာန်မျိုးက ရပ်တန့်ဝံ့သည်ကို တွေ့မြင်ရန် သူ့ခေါင်းကို မြှောက်လိုက်သည်။

သို့သော် ၎င်းက မည်သို့သော တိရစ္ဆာန်မျိုး ဖြစ်သည်ကို မြင်ပြီးနောက် ဖန့်ရန် တုန်လှုပ်သွားမိတာ အမှန်ပင်။

သူ့ရှေ့မှာပေါ်လာသော တိရစ္ဆာန်နှစ်ကောင်ဟာ မြွေတွေရဲ့ အန္တရာယ်အရှိဆုံး သဘာဝရန်သူတွေထဲက တစ်ကောင်လို့ ပြောလို့ရသည်။

မျောက်!

သူ့ရှေ့မှာ ပေါ်လာတာက မျောက်နှစ်ကောင် ဖြစ်၏။ တစ်ကောင်သည် (၇၆) စင်တီမီတာခန့် ရှိ၍။ နောက်တစ်ကောင်က (၃၇) စင်တီမီတာခန့်အရွယ်ရှိသည်။

ထို့အပြင် နှစ်ကောင်လုံးတွင် တူညီသော လက္ခဏာများရှိသည်။

သူတို့၏ ဦးခေါင်းက သေးငယ်ပြီး ပါးစပ်နှင့် နှာခေါင်းတို့က မျက်နှာရဲ့ ငါးပုံနှစ်ပုံခန့်ကို နေရာယူထားသည်။

အထူးသဖြင့် အမြီးက အတော်လေးရှည်၍ သူတို့၏ ခန္ဓာကိုယ်တစ်ဝက်နီးပါးကို နေရာယူထား၏။

ဖန့်ရန် မျောက်နှစ်ကောင်ကို စိုက်ကြည့်နေစဉ်တွင် သူ့စိတ်ထဲမှာ စနစ်၏ အချက်ပေးသံက

ထွက်ပေါ်လာသည်။

[ ပစ်မှတ် - မြီးရှည်မျောက် စနစ်အမှတ် ၁၅၀ မှတ်ကို ရရှိနိုင်သည် ]

[ ပစ်မှတ် - မြီးရှည်မျောက် စနစ်အမှတ် ၅၀ မှတ်ကို ရရှိနိုင်သည် ]

စနစ်၏ သတိပေးချက်ကို ကြားပြီးနောက်.. မျောက်တွေကို ကြည့်နေသော ဖန့်ရန်၏ အကြည့်က ပြောင်းလဲသွားလေသည်။

သူ၏ အကြည့်မှာ သဘာဝရန်သူကို ကြည့်နေသလို မဟုတ်တော့ဘဲ အရသာရှိသည့် အသားတုံးကို ကြည့်နေသလိုပင်။

သူက ယခင်ကလို အားနည်းသည့် သူ မဟုတ်တော့ပေ။

ယခင်က တောမီးဘေးမှ ထွက်ပြေးစဉ် မျောက်ဝံအုပ်စုကို တွေ့ခဲ့ချိန်မှာ သူ အလွန်ကြောက်လန့်ခဲ့ရသည်။

ယခုတော့ ဤမျောက်နှစ်ကောင်ကို ရင်ဆိုင်ရချိန်မှာ သူမကြောက်တော့ဘဲ အရသာရှိလှသည့် အသားတုံးကို တွေ့လိုက်ရသလို ပျော်ရွှင်မှုကိုသာ ခံစားနေရသည်။

" ကွိ.. ကွိ.. ကွိ.."

" ... ကွိ.. ကွိ."

မျောက်နှစ်ကောင်က ဖန့်ရန်ဆီ ဖြည်းညှင်းစွာ ချဉ်းကပ်ရင်း ခြောက်လှန့်ဖို့ ကြိုးစားနေသည်။

ဖန့်ရန်၏ လက်ရှိ အရွယ်အစားက နှစ်မီတာထက်ပိုသော်လည်း သူတို့ကို ခြိမ်းခြောက်ပုံမပေါ်ပေ။

သူတို့၏ အမြင်၌ မြွေတစ်ကောင်က မည်မျှကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ သူတို့၏ သားကောင်သာ ဖြစ်သည်။

သူတို့၏ လျင်မြန်သည့်အရှိန်နှင့် သွက်လက်မှုနဲ့သာဆို မြွေအများစုက သူတို့ကို ထိတောင်မထိနိုင်ပေ။

ဖန့်ရန်နှင့် တစ်မီတာ အကွာအဝေးသို့ရောက်ပြီးနောက်...

မျောက်မကြီးက သူ့အား ကျီစယ်ရန် လက်မောင်းကို ဆန့်ထုတ်လိုက်၏။ သို့သော် ဖန့်ရန်က ရိုးရှင်းစွာပင် ၎င်းလက်ကို လျစ်လျူရှုလိုက်သည်။

ဖန့်ရန်သည် သူ့ယခင်ဘဝက တိရိစ္ဆာန်ရှိုးတစ်ခုကို ကြည့်ခဲ့ဖူးသည်။ ထိုကြောင့် မျောက်တွေ၏ လက်ဆန့်တန်းခြင်းက၊ မြွေကိုသတ်ရန် လှည့်စားခြင်းသာ ဖြစ်ကြောင်း သူသိထားသည်။

ထိုမျောက် က မြွေရဲ့မျက်နှာကို လက်နဲ့ပုတ်ဟန်ဆောင်၏။ ၎င်းမြွေက တိုက်ခိုက်လာသည် အထင်နှင့် တိုက်ခိုက်လိုက်သည်နှင့် ထိုမျောက်က သူ့ရဲ့ အံ့မခန်း အရှိန်အဟုန်နှင့် သွက်လက်မှုကို အားကိုးကာ အချိန်တိုင်း အလွယ်တကူ ရှောင်တိမ်းသည်။ ၎င်းမြွေ၏ အားမကုန်မချင်း ထိုအတိုင်း လုပ်ကာ နောက်ဆုံး သတ်ပစ်ခဲ့လေသည်။

မျောက်မကြီးက သူ့ နည်းဗျူဟာက အလုပ်မဖြစ်သောကြောင့် အနည်းငယ်အံ့သြသွားသည်။ ရုတ်တရက်ဆန်စွာ မျောက်မကြီးက ဖန့်ရန်ကို သူ့လက်သည်းတွေနဲ့ တိုက်ခိုက်လိုက်လေသည်။

သို့သော်လည်း ဖန့်ရန်က ၎င်းအခြေအနေအတွက် အသင့်ပြင်ထားပြီးသားပင်။ မျောက်မကြီးက သူ့ကို တိုက်ခိုက်လာသည်နှင့် သူ့ကြွက်သားတွေကို တင်းကျပ်လိုက်ပြီး ပိုမြန်သည့် အရှိန်အဟုန်းဖြင့် ပြန်တိုက်ခိုက်လိုက်သည်။

ဖန့်ရန်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် မျောက်မကြီးဟာ တုန်လှုပ်သွားခဲ့သည်။ သူ့ ခန္ဓာကိုယ်ကို လှည့်၍ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ့အမြန်နှုန်းက အလွန်နှေးနေဆဲ ဖြစ်သည်။

ဖန့်ရန်က မျောက်မကြီး၏ လည်ပင်းကို ကိုက်မိလိုက်သည့်နှင့် သူ့အဆိပ်ကို သွေးကြောထဲကို ထိုးသွင်းလိုက်ပြီ ချက်ချင်း ပြန်လွှတ်ပေးလိုက်သည်။

ထိုနောက် သူ့အကြည့်ကို နောက်မျောက်တစ်ကောင်ဆီ လှည့်လိုက်ပြီး မတုံဆိုင်းဘဲ တိုက်ခိုက်လိုက်ပြန်သည်။

" စကှီး "

၎င်းကြောက်လန့်စရာကောင်းသော မြင်ကွင်းဟာ မျောက်ငယ်လေးကို ကြောက်လန့်သွားစေသည်။

မျောက်ငယ်လေးသည် သူ့အမေ မြေပြင်ထက်ကို လဲကျသွားပြီး နာကျင်စွာ ညည်းတွားနေသည်ကို မြင်လိုက်ရခြင်းကြောင့် ကြောက်လန့် စိုးရွံ့ပြီး သူ့မိခင် အခြေနေကို စစ်ဆေးကြည့်ချင်ဖို့လုပ်လေသည်။

သို့သော် ထိုအချိန်မှာ တိုက်ခိုက်လာသော မြွေကြောင့် ကြောင်အ အေးခဲသွားခဲ့သည်။

မျောက်ငယ်လေး၏ ကြောက်လန့်တကြား အေးခဲနေသည်ကို ဖန့်ရန်က အလဟသ မဖြုန်းတီးလိုက်ပေ။ ထိုမျောက်လေး၏ လည်ပင်းကို ကိုက်ချပြီးနောက် မသေမီ ၎င်းတစ်မိနစ်ခန့် ရုန်းကန်အော်ဟစ်နေသည်ကို သူ ကြည့်နေခဲ့လိုက်သည်။

မျောက်တွေသည် အဆိပ်ဒဏ်ကို ခံနိုင်ရည်မြင့်မားသော်လည်း ဖန့်ရန်၏ အဆိပ်က သူတို့ ခုခံနိုင်သည့် အဆိပ်တော့မဟုတ်ခဲ့ပေ။

သူ့အဆိပ်သည် ကုန်းတွင်းထိုင်ပန်ကဲ့သို့ အဆိပ်ပြင်းခြင်းကြောင့် ၎င်းမျောက်တွေ၏။ ခုခံနိုင်စွမ်းထက် သေချာပေါက် ကျော်လွန်ပေသည်။

ဖန့်ရန်သည် မျောက်ငယ်လေးကို မျိုချပြီးချိန်၌ မျောက်မကြီး၏ ရုန်းကန်မှုများလည်း ရပ်တန့်သွားခဲ့သည်။

သေသွားပြီဖြစ်သည့် မျောက်မကြီးကို ကြည့်ရင်း ထိုမျောက်မ၏ ယုံကြည်မှု့က ဘယ်ကလာသည်ကို တွေးမိရင်း ဖန့်ရန် အံ့ဩမိဆဲ ဖြစ်သည်။

တိရစ္ဆာန်အများစုက သူ့ကိုမြင်တာနဲ့ ထွက်ပြေးသွားလေ့သည်။ သို့သော် ၎င်းမျောက်မကတော့ သူ့ကိုပင် တိုက်ခိုက်ဖို့ လုပ်ရဲလေသည်။

မျောက်လေးကို အစာချေဖျက်ပြီးသည့်နောက် ဖန့်ရန်သည် မျောက်မကြီးကို ထပ်ကာ မျိုချလိုက်ပြီး သူ့ဝမ်းဗိုက်ကို ဖောင်းကားသွားစေခဲ့သည်။

ဖန့်ရန်သည် ၎င်းမျောက်တွေရဲ့ အရသာကို နှစ်သက်မိသော်လည်း ထိုနေရာတွင် ဆက်မနေတော့ဘဲ ဖောင်းကားနေသည့် သူ့ဗိုက်နဲ့အတူ ရှေ့ဆက်သွားလိုက်သည်။

*****

သူ့ဦးတည်ရာကို မရောက်ခင် စုစုပေါင်းငါးရက် ကြာခဲ့သည်။

ငါးရက်မြောက်နေ့တွင် ဖန့်ရန် ရှေ့ဆက်မသွားတော့ပေ။

ယခုအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ သစ်ပင်များက စိမ်းလန်းစိုပြေနေသလို နေရာတိုင်းမှာလည်း ချုံပုတ်စိမ်းစိမ်းများနှင့် တောရိုင်းတိရိစ္ဆာန်မျိုးစုံကို တွေ့မြင်နိုင်သည်။

သူ့အမြင်အရတော့ ဒီနေရာဟာ သူနေထိုင်ဖို့ အလွန်သင့်တော်ပေသည်။

ဤနေရာရှိ သားကောင်တွေက

သူ့စဉ်ကဲဖြစ်စဥ် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြောင်းလဲနိုင်ရန် လုံလောက်သည်။ ပို၍ပင် များနိုင်သေးသည်။

ဖန့်ရန် သူနေထိုင်ဖို့ နေရာရှာလိုက်သည်။

သူအဖို့ ပြီးပြည့်စုံသော နေရာကို ရှာတွေ့ဖို့ သိပ်မလွယ်သော်လည်း သုံးနာရီကျော်ကြာ ရှာဖွေပြီးနောက် နေရာတစ်ခုကို ရှာတွေ့လိုက်သည်။

ဖန့်ရန် သူ့ရှေ့က နေရာကို ကြည့်လိုက်သည်။

ထိုနေရာက ချောက်ကမ်းပါးတစ်ခုမှာ ဖြစ်ပြီး ချောက်အလယ်မှာ တစ်မီတာလောက်ကျယ်သော လိုဏ်ဂူတစ်ခုရှိသည်။

ထို့အပြင် ၎င်းချောက်ကမ်းပါး၏ အောက်ခြေတွင် ဘတ်စကက်ဘောကွင်းနှစ်ခုထက် အနည်းငယ်ပိုကြီးသည့် ရေကန်တစ်ခုရှိနေလေသည်။

ဖန့်ရန် ရေကန်အနားကို ရောက်ချိန်၌ ရေကန်ထဲမှာ ငါးတွေအများကြီးရှိနေသည်ကို မြင်လိုက်ရသည်။

ငါးအများစုမှာ အရှည် (၁၅) စင်တီမီတာ ခန့်ရှိပြီး အချို့မှာ ပိုကြီးပေသည်။

၎င်းကို မြင်လိုက်ရသော ဖန့်ရန်သည် စိတ်မလှုပ်ရှားဘဲ မနေခဲ့ပေ။

ကုန်းနေတိရစ္ဆာန်တွေ၏ အရသာကို သူ ငြီးငွေ့လာပြီဆိုရင် အရသာကိုပြောင်းလဲဖို့ ငါးအနည်းငယ်ကို သူဖမ်းနိုင်ပေပြီ။

ဖန့်ရန် ရေကန်ထဲ ဆင်းသွားပြီး ချောက်ကမ်းပါးဆီကို တန်းတန်းမတ်မတ် ကူးသွားလိုက်သည်။

တခဏမျှ ရေကူးပြီး ရေကန်လေးကို ဖြတ်ကာ ဂူထဲကို တည့်တည့်ဝင်သွားလိုက်သည်။

လှိုဏ်ဂူက အနည်းငယ်နက်ကာ မီတာ

အနည်းငယ်ကျယ်သည်။

ဤနေရာက၊ သူ့အတွက် အချိန်အတော်ကြာ နေထိုင်ရန် လုံလောက်သည်။

ဖန့်ရန် နံရံမှာ ကပ်လျက်ရှိသည့် အနည်းငယ် မြင့်သော ကျောက်တန်းတစ်ခုပေါ်တက်၍ အနားယူလိုက်သည်။

အချိန်မှာ နေဝင်ခါနီးနေပြီဖြစ်ကာ အချိန်ကြာမြင့်စွာ သင့်တော်သည့် နေထိုင်ရာကို ရှာနေရခြင်းကြောင့် သူအတော်လေး ပင်ပန်းနေသည်။

ဖန့်ရန်သည် သူဤဧရိယာ အခြေအနေကို စုံစမ်းဖို့ အပြင်ထွက်မလေ့လာခင် ပြန်လည် လန်းဆန်းလာအောင် ရက်အနည်းငယ်ကြာ အနားယူဖို့ ဆုံးဖြတ်ထားသည်။

.....

All Chapters