အုပ်စုလိုက် တိုက်ခိုက်မှု
Vol. 3 Ch. 33
ဖန့်ရန်၏ မြင်ကွင်းအောက်တွင် ရွှေအိုရောင် ဝံပုလွေနှင့်တူသော တိရစ္ဆာန်တစ်ကောင် တဖြည်းဖြည်း ပေါ်လာသည်။
ထိုပေါ်လာတဲ့အခိုက်မှာ အူနေရင်း ဆိတ်ဆီ ပြေးသွားသည်။
ဆိတ်သည် အူသံကို ကြားသောအခါ ထိတ်လန့်တကြား သူဆီ ပြေးလွှားလာသော မြေခွေးကို ကြည့်ကာ အခြားဘက်သို့ ပြေးသည်။
ဖန့်ရန် ဝံပုလွေနဲ့ တူတဲ့ အကောင်ကို ကြည့်နေချိန်မှာ စနစ်၏ အချက်ပေးသံကို ကြားလိုက်သည်။
[ ပစ်မှတ် - မြေခွေး၊ အသားစားသတ္တဝါ၊ စနစ်အမှတ် ၃၅၀ မှတ်ကို ရရှိနိုင်သည် ]
စနစ်အချက်ပေးသံကို ကြားလိုက်သည်နှင့်
ဖန့်ရန်၏ အကြည့်က အရောင်တောက်လာသည်။
မြေခွေးများသည် ဝံပုလွေနှင့် ပုံပန်းသဏ္ဍာန်ဆင်တူသော အသားစားတိရစ္ဆာန်များဖြစ်ပြီး ၎င်းတို့နှင့် တူညီသောကြောင့် လူပြောများ လေ့ရှိသည်။
ဝံပုလွေများကဲ့သို့ပင်၊ မြေခွေးများသည် အုပ်စုလိုက် ကျက်စားတက်သော တိရစ္ဆာန်များ ဖြစ်သည်။
၎င်းအုပ်စုတစ်ခုလျှင် အများအားဖြင့် နှစ်ကောင်မှ သုံးကောင်အထိ ပါဝင်ကြပြီး၊ အုပ်စုကြီး တစ်ခုလျှင် ရှစ်ကောင်မှ တစ်ဒါဇင်ကျော်အထိ ပါဝင်သည်။
ဒီမြေခွေး ဒီနေရာမှာ ပေါ်လာခြင်းက ၎င်းအပေါင်းအဖော်တွေနဲ့ သိပ်မဝေးဘူးလို့ ဆိုလိုချေသည်။
ဖန့်ရန် ၎င်းမြေခွေးအဖော်အကြောင်း တွေးပြီးသည်နှင့် ဆိတ်ပြေးနေသော လမ်းကြောင်းကို ပိတ်ဆို့လိုက်သော မြေခွေးတစ်ကောင် ချက်ချင်းပေါ်လာသည်။
ထင်ရှားနေသည်မှာ ပထမဆုံးပေါ်လာသော မြေခွေးသည် ဆိတ်ကို တည့်တည့်မောင်းထုတ်ရန် တာဝန်ယူခဲ့ပြီး သူအောင်မြင်ခဲ့သည်မှာ ထင်ရှားသည်။
သူ့ ခန်မှန်းချက်အတိုင်းသာဆို အခြားလမ်းကြောင်းကနေ ၎င်းဆိတ်ကို ဝိုင်းရံထားသည့် အခြားမြေခွေးများလည်း ရှိမည်မှာ သေချာသည်။
အခြားမြေခွေးတစ်ကောင် ပေါ်လာသည်ကိုမြင်လျှင် ဆိတ်သည် လှည့်၍ ဘယ်ဘက်သို့ ပြေးသွားသော်လည်း နောက်တစ်ကောင်က ကျောက်ဆောင်နောက်မှ ခုန်ထွက်ကာ ၎င်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
အခြားမြေခွေးနှစ်ကောင်ကလည်း တခြားလမ်းကြောင်းမှ ထွက်လာပြီး ဆိတ်၏ ထွက်ပြေးမှုကို ပိတ်ဆို့လိုက်သည်။
ရွှေအိုရောင် မြေခွေးငါးကောင်သည် ဆိတ်ကို မျက်လုံးကမခွာဘဲ အလယ်တွင် ဝိုင်းရံကာ ဝိုင်းပတ်ရင်း တဖြည်းဖြည်း ကျဉ်းမြောင်းစေသည်။
အလယ်တွင် မြေခွေးငါးကောင် ဝိုင်းရံခံထားရသော ဆိတ်သည် ထိတ်လန့်တုန်လှုပ်ကာ အော်ဟစ်၍ ပြေးနိုင်သည့်နေရာကို လိုက်ရှာနေသည်။
အဆက်မပြတ် ချဉ်းကပ်လာသော မြေခွေးများကို ကြည့်ရင်း နောက်ဆုံးတွင် ထိုဖိအားကို မခံနိုင်တော့ဘဲ ဘယ်ဘက်သို့ အရူးအမူး ပြေးသွားတော့သည်။
ညာခြမ်းရှိ မြေခွေးသည် အလွန်လျင်မြန်စွာ တုံဆိုင်းခြင်း မရှိ၊ ဆိတ်၏ တင်ပါးကို တည့်တည့်ကိုက်ကာ ချွန်ထက်သောခြေသည်းနဲ့ နောက်ကျောကို ကုတ်တွယ်လိုက်သည်။
ဆိတ်သည် မရပ်ဘဲ အမြန်ဆုံး အရှိန်ဖြင့် ပြေးသော်လည်း ၎င်း၏ နောက်ကျောတွင် ကုတ်တွယ်ထားသော မြေခွေးက သူ့အရှိန်ကို ခေတ္တခဏ နှေးကွေးသွားစေသည်။
အခြားမြေခွေးများသည် ဤအခွင့်အရေးကို မဖြုန်းတီးဘဲ ဆိတ်ဆီတည့်တည့်ခုန်အုပ်ကာ အခြားကိုယ်အင်္ဂါများကို ကိုက်ဖဲ့၍ မြေပြင်ပေါ်သို့ ပစ်ချကြသည်။
ဆိတ်၏ ထွက်ပြေးမှု နောက်ဆုံးရလဒ်မှာ ဆာလောင်နေသော မြေခွေးများ၏ သတ်ပစ်ခြင်းကို ခံလိုက်ရခြင်းပင်။
မြေခွေးငါးကောင်သည် ဆိတ်သေ၏ ရှေ့တွင် ရပ်နေပြီး ၎င်း၏ အသားကို စားသောက်ကာ သွေးနံ့များပျံ့နှံ့သွားစေသည်။
ထိုအခြေအနေကို သစ်ပင်တစ်ပင်ရဲ့ သစ်ကိုင်းထက်ကနေ ကြည့်နေတဲ့ ဖန့်ရန် မြင်နေရသည်မှာ စိတ်မသက်မသာ ဖြစ်ရသည်။
သို့သော် ၎င်းမြေခွေးတွေ၏ သွေးသံတရဲရဲနဲ့ စားသောက်ခြင်းမှာ ဖန့်ရန်အတွက် ပုံမှန်ဖြစ်နေတာ ကြာပြီဖြစ်သည်။
သူ့အနေနှင့် မြေခွေးတစ်ကောင်၊ နှစ်ကောင်ကို အလွယ်တကူ တိုက်နိုင်သော်လည်း သုံးကောင်ဆိုလျှင် အန္တရာယ်များပေသည်။
၎င်းထက် ပိုပါက သူ့အသက်အန္တရာယ်ပင် ရှိနိုင်သည်။
မြေခွေးများသည် ပုံမှန်အားဖြင့် အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အဓိက အားကိုးသောကြောင့် ၎င်းတို့၏ လုပ်ဆောင်နိုင်မှုက များပြားနေသည်။
နာရီဝက်နီးပါးကြာပြီးနောက် မြေခွေးအုပ်စုသာ် ဆိတ်သေကို စားခြင်းကို ပြီးမြောက်ခဲ့ပြီး အရိုးများနှင့် သွေးစများသာ ကျန်ရစ်ခဲ့သည်။
ဖန့်ရန်သည် မြေခွေးငါးကောင် စားသောက်ပြီး တောင်ပေါ်ကနေ ဆင်းကာ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
မြေခွေးငါးကောင် ထွက်သွားပြီးနောက် ဖန့်ရန်သည် သစ်ပင်ပေါ်မှ ဆင်းကာ ဆက်လက် စူးစမ်းသည်။
ဤနေရာတွင် မြေခွေးကဲ့သို့ အသားစားကောင်များ ရှိသော်လည်း ဤတောင်ကို စူးစမ်းချင်သေးသည်။
ဖန့်ရန်သည် မြင့်မားသော ကျောက်ဆောင်တစ်ခုပေါ်တက်ကာ တောင်၏ မြေမျက်နှာသွင်ပြင်ကို စူးစမ်းလိုက်သည်။
ဤတောင်သည် ဗလာနီးနီး ဖြစ်နေသော်လည်း အလွန်ကျယ်ဝန်းသည်။ အဝေးရှိ မိုးကုတ်စက်ဝိုင်းအောက်က တောအုပ်တစ်ခုကိုပင် သူမြင်နေရသည်။
အဝေးက တောအုပ်ကို ငေးကြည့်ပြီးနောက်..
ဖန့်ရန်သည် သူနှင့် သိပ်မဝေးသော နေရာမှာ စိမ်းစိုနေသည့် မြက်ခင်းပြင်တွေကို တွေ့လိုက်ရသည်။
တချို့နေရာတွေမှာ တစ်စုံတစ်ယောက်၏ စားခြင်းကို ခံထားရသော အရိပ်အယောင်တွေ ရှိနေသည်။
ဤနေရာမှာ ဆိတ်တစ်ကောင်ရှိနေတာ သိပ်မဆန်းပေ။
နူးညံ့သော မြက်ပင်များသည် ဆိတ်တွေ၏ အကြိုက်ဆုံးသော အစားအစာ ဖြစ်သည်။
ယခုအချိန်တွင် နေရောင်သည် မြက်ခင်းပြင်ပေါ်တွင် ထွန်းလင်းနေပြီး အလွန်ရှားပါးပြီး လှပသော ရှုခင်းကို ဖန်တီးထားသည်။
ဖန့်ရန်သည် ထိုရှုခင်းကို မခံစားနိုင်ပေ။ သူသည် လျင်မြန်စွာ ကြီးထွားဖွံဖြိုးရမည့် ဖိအားကို ခံစားနေရသောကြောင့် အလှအပ ကို မြတ်နိုးရန်စိတ်ဝင်စားဖို့ အချိန်မရှိပေ။
ထိုအစား ကျောက်တုံးတစ်ခု အောက်ရှိ ဖုံးကွယ်ထားသော အပေါက်တစ်ခုက သူ့အာရုံကို ဆွဲဆောင်လိုက်၏။ သူထင်တာသာ မှန်လျှင် အဲဒါက ယုန်တွင်းဖြစ်ရမည်။
ယုန်တွေအဖို့ သူတို့နေထိုင်ရန် တွင်းများပြုလုပ်ခြင်းသည် သာမာန်သာဖြစ်ပြီး ၎င်းတို့က ဂူငယ်များတွင်လည်း နေထိုင်ကြောင်း လူအနည်းငယ်သာ သိကြသည်။
ကောင်းကင်ကြီး လုံးဝမှောင်သွားဖို့ အချိန်သိပ်မကျန်တော့ပေမယ့် ဖန့်ရန်သည် သူနေထိုင်ရာ ဂူကို ပြန်သွားဖို့ အစီအစဉ်မရှိသေးပေ။
နောက်ဆုံးတော့ ညက နက်နေပြီ။ သူ့အနေနဲ့ ညဘက်တွင် လှုပ်ရှားလေ့မရှိတာကြောင့် အနားယူဖို့လိုသည်။
သူအနားယူရန် ရည်ရွယ်ထားသည့် နေရာက အခြားနေရာတော့ မဟုတ်ပေ။ ၎င်းနေရာက သူအရှေ့က ယုန်တွင်းသာ ဖြစ်သည်။
ဖန့်ရန်သည် တွင်းထဲဝင်နေရင်း မြွေတွင်းမဟုတ်ဘဲ ယုန်တွင်းဖြစ်ကြောင်း ပိုသေချာအောင် အနံ့ခံလိုက်သည်။
မြွေတွင်းဖြစ်လျှင် ဤတွင်းပေါက်ဝတွင် ၎င်း၏ အနံ့ကို သေချာပေါက် ရလိမ့်မည်ဖြစ်သည်။
တွင်းအကျယ်က သိပ်မရှိသော်လည်း ဖန့်ရန် အလွယ်တကူ ဝင်သွားဖို့ လုံလောက်သည်။
တွင်းထဲ၌ မီတာအနည်းငယ်ခန့် သွားပြီးနောက် အနံ့တစ်ခုနှင့်အတူ တိရိစ္ဆာန်တစ်ကောင်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဒါက ယုန်ပဲဖြစ်ရမယ် "
ဖန့်ရန် တွေးလိုက်သည်။
အတွင်း၌ အလင်းရောင်မရှိသောကြောင့်
ဖန့်ရန်သည် သူ့ရှေ့က ဘာကိုမျှ မမြင်နိုင်သောလည်း အနီရောင် မြင်ကွင်းနှင့် သက်ရှိများကို ခွဲခြားနိုင်ဆဲ ဖြစ်သည်။
ထိုစဉ် မြေကြီးနှင့် သဲတွေကို တူးနေသော ယုန်တစ်ကောင်ကို မြင်လိုက်ရသည်။ အဆင်သင့်ဖြစ်နေပြီဖြစ်သော ဖန့်ရန်သည် ချက်ချင်းပင် ၎င်းကို ခုန်အုပ်တိုက်ခိုက်လိုက်သည်။
အခြားတစ်ဖက်တွင် တွင်းတူးနေသော ယုန်သည် သူ့အသိုက်တွင် မြွေတစ်ကောင်ပေါ်လာမည်ဟု မမျှော်လင့်ထားပုံရသည်။
ဖန့်ရန်က ၎င်းကို တိုက်ခိုက်သည့် အခိုက်တွင် ယုန်အနေနှင့် သူနေအိမ်သို့ ကျူးကျော်ဝင်ရောက်လာပြီး သူကို တိုက်ခိုက်လာသော မြွေကို ကြောင်အစွာ ငေးကြည့်နေယုံသာ တက်နိုင်သည်။
ထိုနောက် ဖန့်ရန်သည် ယုန်၏ လည်ပင်းကို တည့်တည့်ကိုက်သွားမိသည်။
ယုန်ကို ကိုက်မိပြီးနောက် ဖန့်ရန်သည် အဆိပ်ကို သူ၏ အစွယ်ကနေ သွေးကြောထဲသို့ ထိုးသွင်းလိုက်သည်။
နာကျင်ကိုက်ခဲမှု အောက်တွင် ယုန်သည် ကြောင်အမှုမှ နိုးထလာကာ ကိုက်ခဲထားခြင်းမှ လွတ်မြောက်ရန် ပြင်းထန်စွာ ရုန်းကန်သည်။
လွတ်မြောက်ရန် ကြိုးစားသော်လည်း အချိန်မှာ နှောင်းနေပြီ ဖြစ်သည်။
သူ၏ အကိုက်ခံလိုက်ရသည်နှင့် ယုန်၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသွာပြီ ဖြစ်သည်။
ယုန်၏ ရုန်းကန်မှုသည် တဖြည်းဖြည်း အားနည်းလာပြီးရင်း အားနည်းတထက် အားနည်းလာနေခဲ့သည်။
သူ၏ "ပြင်းထန်သောအဆိပ်" စွမ်းရည်ကို သုံးကြိမ်အဆင့်မြှင့်တင်ခဲ့ပြီးနောက် ၎င်းအဆိပ်က ထိပ်တန်းအဆင့်ဖြစ်နေပြီ ဖြစ်သည်။
တစ်မိနစ်မပြည့်မီတွင် ယုန်၏ နှလုံးခုန်တန့်ရပ်သွားပြီး သေဆုံးသွားတော့သည်။
သူကိုက်ခဲထားသော ယုန်ကို လွှတ်လိုက်ကာ ဖန့်ရန်သည် ၎င်းကို ဖြည်းညှင်းစွာ မျိုချလိုက်ပြီး တွင်း၏ အနက်ရှိုင်းဆုံးအပိုင်းကို ဆက်သွားလိုက်သည်။
....
ခဏတာမျှ အနားယူပြီးနောက် ဖန့်ရန်သည် စနစ်၏ အချက်ပေးသံကို လက်ခံရရှိကာ စနစ်အမှတ် (၁၀၀) ကိုရလိုက်သည်။
ယခုအချိန်တွင် သူ့မှာ စနစ်အမှတ် စုစုပေါင်း (၂၂၄၀) မှတ်သို့ ရောက်ရှိနေပြီး၊ ဆင့်ကဲဖြစ်စဉ်အတွက် စနစ်အမှတ် (၇၆၀) မှတ်လို နေသေးသည်။
ဤဧရိယာရှိ သားကောင်အရေအတွက်သည် သူ့ခန့်မှန်းချက်ထက် ကျော်လွန်သည်။ ထို.ယကြောင့် စနစ်အမှတ် (၇၆၀) ကို စုဆောင်းရန်မှာ မခက်ခဲပေ။
ရက်အနည်းငယ်အတွင်းပင် ရသွားနိုင်သည်။
တွေးတောနေစဉ်တွင် ဖန့်ရန်ကို အိပ်ငိုက်ခြင်းက လွှမ်းခြုံသွား၏။
ထိုအချိန် မသဲမကွဲ တိရစ္ဆာန်အော်သံတစ်ခု ကြားလိုက်ရသော်လည်း ဖန့်ရန်သည် သူ့ဘေးကင်းရေးကို စိတ်မပူနိုင်ဘဲ အိပ်ပျော်သွားခဲ့သည်။
.....