← Chapters

အဝိုင်းခံရခြင်း

Vol. 3 Ch. 34

အဝိုင်းခံရခြင်း

Vol. 3 Ch. 34

နံနက်စောစောတွင် တက်ကြွသော ခံစားချက်များဖြင့် ဖန့်ရန် နိုးလာပြီး ယုန်တွင်းမှ တက်ကာ တောင်ကို ဆက်လက် လေ့လာစူးစမ်းသည်။

သူ့အနေနဲ့ အရွယ်ရောက်ပြီးတဲ့ ဆိတ်တွေကို မစားနိုင်သော်လည်း၊ ယုန် နဲ့ ဆိတ်ငယ်လေး တွေကို စားနိုင်သေးသည်။

တောင်ကုန်းနှစ်ခုကို တက်ပြီးနောက် ဖန့်ရန် လမ်းတစ်လျှောက်မှာ ယုန်တွင်းများစွာကို တွေ့ခဲ့ရပြီး ၎င်းနေရာ အနေအထားအားလုံးကို သေချာမှတ် ထားလိုက်သည်။

ဖန့်ရန်သည် ယုန်တစ်ကောင် စားချင်လို့ ယုန်တွင်းသုံးတွင်းကို ဝင်ကြည့်သော်လည်း ဘာမှမတွေ့၍ လက်ဗလာနဲ့ ပြန်ထွက်ခဲ့ရသည်။

တောင်ပေါ်တွင် အေးအေးလူလူ သွားနေရင်း ဖန့်ရန်သည် ရုတ်တရက် ရပ်သွားကာ သူ့နေရာနှင့် မဝေးသော မြက်ခင်းပြင်ကို စိုက်ကြည့်လိုက်သည်။

ဆိတ်အုပ်စုတစ်စု ထိုနေရာတွင် မြက်များကို အေးအေးလူလူ စားနေကြသည်။

ထိုဆိတ်အုပ်စုတွင် အရွယ်ရောက်ပြီးသော ဆိတ် (၈) ကောင်နှင့် ဆိတ်ကလေး (၂) ကောင်ပါသည်။

ဖန့်ရန် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ဆိတ်ကလေး နှစ်ကောင်ကို သေချာစိုက်ကြည့်လိုက်သည်။

ဆိတ်ကလေး နှစ်ကောင်လုံးသည် အရွယ်ရောက်ပြီးသော ဆိတ်များနောက်သို့ လိုက်ကာ ရံဖန်ရံခါ တစ်ပဲပဲ အော်လျက်ရှိသည်။

ဖန့်ရန်သည် ၎င်းဆိတ်ကလေး နှစ်ကောင်ကို မိနစ်အနည်းငယ်ကြာ စစ်ဆေးပြီးနောက် သူ့ပစ်မှတ်ကို ရွေးချယ်လိုက်သည်။

၎င်းဆိတ်ကလေးက ဆိတ်အုပ်စုနဲ့ အနည်းငယ် အလှမ်းဝေးသည့်အတွက် သူအမဲလိုက်အောင်မြင်နိုင်ဖို့ အခွင့်အလမ်း ပိုများသည်။

[ ပစ်မှတ် - တောဆိတ်၊ နို့တိုက်သတ္တဝါ၊ စနစ်အမှတ် ၁၅၀ မှတ်ကို ရရှိနိုင်သည် ]

စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသော်လည်း ဖန့်ရန်က ဂရုမစိုက်ဘဲ ဆိတ်ငယ်ဆီသို့ ဖြည်းညှင်းစွာ လျှောသွားနေသည်။

သိပ်မကြာခင်မှာပင် သူနှင့် ၎င်းဆိတ်ကလေး ကြားဆယ်မီတာလောက်သာ ဝေးတော့သည်။

သူ၏ ခန္ဓာကိုယ် အရောင်သည် တောင်များနှင့် သစ်ရွက် ခြောက်များပေါ်တွင် ဖုံးကွယ်နိုင်သည့် အကျိုးသက်ရောက်မှုရှိနိုင်သော်လည်း ဤ စိမ်းလန်သောမြက်ခင်းပြင်တွင် ၎င်းက အကျိုးသက်ရောက်မှုမရှိသလောက်ပင်။

သို့သော် သူ့လှုပ်ရှားမှုက သိသိသာသာ ဆူညံခြင်းမရှိသောကြောင့် ဆိတ်အုပ်စု၏အာရုံကို မဆွဲဆောင်မိပေ။

ဖန့်ရန် (၃) မီတာထက်မနည်းဝေးသော ဆိတ်ကလေးအနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်ရင်း ရောက်သွားသည်။

ရုတ်တရက် မြက်စားနေသော ဆိတ်ကလေးက ခေါင်းကိုမော့ပြီး ဖန့်ရန်ကို တည့်တည့်စိုက်ကြည့်လာသည်။

ဖန့်ရန် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ လမ်းခုလတ်တွင် သူ့ကို ရှာတွေ့သွားရန် မမျှော်လင့်ထားပေ။

သူ့အမဲလိုက်မှု မအောင်မြင်တော့ဟု ထင်လိုက်သော်လည်း..။ ဆိတ်ကလေးက မအော်ဘဲ ဖန့်ရန်ကိုသာ ဆက်ပြီး စိုက်ကြည့်နေသည်။

ဆိတ်ကလေး အမြင်မှာ မြွေတွေကို ဤတောင်တွင် အမြဲလိုလို တွေ့ရခဲပြီး အဝေးကနေသာ အမြဲတမ်းမြင်ရခြင်းကြောင့် ၎င်းက သူ့အပေါ် အန္တရာယ် ပေးနိုင်တယ်လို့ မထင်ပေ။

ဖန့်ရန်သည် ထိုအခွင့်အရေးကို မဖြုန်းတီးဘဲ ချက်ချင်းတိုက်ခိုက်လိုက်သည်။

ဆိတ်ကလေးက မသိစိတ်က နောက်သို့ ခုန်ဆုတ်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

" ပဲ.. ဟဲ..ဟဲ... ပဲ . . "

ဆိတ်ကလေးသည် နာကျင်စွာ အော်ကာ မြေပြင်ပေါ် လဲကျသွားကာ တုန်ယင်နေသည်။

ထိုအချိန်မှာ အခြားဆိတ်များက ဖန့်ရန်ကို တွေ့လိုက်ကြပြီး ဆိတ်ကလေးကို အလယ်တွင် လျင်မြန်စွာ ဝိုင်းရံလိုက်ကြသည်။

အရွယ်ရောက် ဆိတ်နှစ်ကောင်က ဦးခေါင်းညွှတ်ကာ ဖန့်ရန်ကို ၎င်းတို့ဦးချိုဖြင့် ခြိမ်းခြောက်ကာ နောက်ဆုတ်စေဖို့ ကြိုးစားလေသည်။

ဖန့်ရန် ဖြည်းညှင်းစွာ နောက်ဆုတ်သွားလိုက်သည်။ သူ့အနေနှင့် ဤဆိတ်အုပ်စုနဲ့ တိုက်ခိုက်ဖို့ ရွေးချယ်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ၎င်းဆိတ်ကလေးကို အဆိပ် ထိုးသွင်းပြီးသားပင်။

နှစ်မိနစ်လောက်ကြာတော့ ဆိတ်ကလေး နောက်ဆုံး တုန်နေခြင်းရပ်သွားပြီ မလှုပ်တော့ပေ။

ဆိတ်တချို့က ဆိတ်ကလေး၏ ခန္ဓာကိုယ်ကို ၎င်းတို့၏ ဦးခေါင်းနဲ့ ညင်သာစွာ ပွတ်သပ်နေသည်။ သူတို့က မတ်တပ်ရပ်မရပ်ဘဲ ဘာကြောင့် ရုတ်တရက် တုန်ယင်နေတာ ရပ်သွားတာလဲဆိုတာ နားမလည်ပေ။

အမှန်တော့ ထိုအခြေအနေကို ၎င်းဆိတ်အုပ်စုဟာ တောင်တွေပေါ်မှာ နေထိုင်စဉ်မှာ ဒီအခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ခြင်းဖြစ်သည်။

တစ်နာရီကျော်ကြာပြီးနောက် ဆိတ်များသည် နောက်ဆုံးတွင် ၎င်းဆိတ်ကလေးကို စွန့်ခွာကာ မြက်ခင်းပြင်မှ ထွက်ခွာသွားကြသည်။

သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ ကျန်ဆိတ်ကလေးကို အလယ်မှာ ထားကာ တင်းတင်းကြပ်ကြပ် ကာကွယ်ပေးထားသည်။

ဆိတ်တွေ ထွက်သွားတာကို မြင်လိုက်၍

ဖန့်ရန်သည် ဆိတ်ကလေးဆီသို့ သွားပြီး အမြန်ဆုံး အရှိန်ဖြင့် မျိုချလိုက်သည်။

ဆိတ်ငယ်လေးကို လုံးလုံးမျိုချလိုက်ပြီး သူ့ဗိုက်ပြည့်သွားသလို ခံစားလိုက်ရ၍ ဖန့်ရန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဖန့်ရန် ဖောင်းကားနေသော သူ့ခန္ဓာကိုယ်ကြီးနှင့် သူဝင်နိုင်သည့် ကျောက်တုံးကြီးတစ်ခုအောက် လျှောသွားကာ ဗိုက်ချပ်လာစေရန် စောင့်ဆိုင်းနေလိုက်သည်။

အရိပ်ထဲတွင် အနားယူရင်း၊ ဖန့်ရန်သည် သူ့ ကမ္ဘာမြေကြီးပေါ်ရှိ သူ့မိသားစုအကြောင်းနဲ့ လူသားဘဝက မည်မျှလွယ်ကူခဲ့သည်ကို ပြန်မတွေးဘဲ မနေနိုင်ပေ။

ထိုအချိန်က သူ့ဘေးကင်းမှုနှင့် အစားအသောက်အတွက် စိတ်ပူစရာမလိုတဲ့ နေ့ရက်တွေကို ပြန်သတိရမိသည်။

ထိုအချိန်က သူ့တွင် ဆင့်ကဲတိုးတက်ရန် ဖိအားမရှိသလို ဂုဏ်သတင်းအမှတ်ကို ရရှိအောင် လုပ်ဖို့မလိုပေ။

ဖန့်ရန် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ချက်ချင်းပင် ခေါင်းကို ခါယမ်းလိုက်ကာ ထိုအတွေးတွေကို ရှင်းထုတ်လိုက်၏။ ၎င်းက သူအိမ်ပြန်လိုသည့် စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေခဲ့သည်။

"ငါ အသက်ရှင်ရမယ်.. ပိုအစွမ်းထက်လာပြီး အိမ်ပြန်ရနိုင်ရမယ်! " ဖန့်ရန် သူ့နှလုံးသားထဲမှာ ကျိန်ဆိုလိုက်သည်။

ဖန့်ရန်သည် အစာကြေလုမတတ် ခံစားလိုက်မိချိန်မှာ ခရီးဆက်ခဲ့သည်။

မူလက သူသာ မြန်နေသရွေ့ ဤတောင်ကို ယနေ့ မနက်ပိုင်းတွင် စူးစမ်းမှု အဆုံးသတ်နိုင်မယ်လို့ ထင်ခဲ့သော်လည်း မပြီးသေးပေ။

.............

နေ့လယ်လောက်မှာ ဖန့်ရန်သည် ယုန်တစ်ကောင်နှင့် ဖားနှစ်ကောင်ကို အမဲလိုက်ခဲ့ပြီး စုစုပေါင်း အမှတ် (၁၃၀) မှတ်ကို ရရှိသည်။

....

ယခုအချိန်တွင် သူ့မှာ စနစ်အမှတ် (၂၅၂၀) မှတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အကယ်၍ သူသာ ဤအခြေအနေ အတိုင်း ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဆိုပါက..။ တစ်ရက်၊ နှစ်ရက်အတွင်း ဆင့်ကဲပြောင်းလဲရန်အတွက် လုံလောက်သော စနစ်အမှတ်ကို စုဆောင်းနိုင်သည်။

ဖန့်ရန်သည် သူ၏ ဆင့်ကဲဖြစ်စဉ်ပြီးနောက် သူ့ခန္ဓာကိုယ်အလျားက သုံးမီတာထက် ကြီးနိုင်တယ်လို့ ခန့်မှန်းထားသည်။ ထိုအချိန်ဆို သူ့အနေနှင့် ပိုကြီးသည့် သားကောင်တွေကို ဖမ်းစားနိုင်မည် ဖြစ်သည်။

အရေးအကြီးဆုံးကတော့ သူ့ရဲ့နောက်ထပ်ဆင့်ကဲဖြစ်စဉ်ပြီးရင် သူ့အနေနဲ့ ကျွမ်းကျင်မှုရမှတ် ၈ ခန့်ကို ရပါလိမ့်မယ်..။ ၎င်းက အရေပြားခုခံမှုကို တစ်ကြိမ် အဆင့်မြှင့်ရန် လုံလောက်သည်။

သူသာ အရေပြားခုခံမှုကို အဆင့်မြှင့်ပြီးပါက မြေခွေးအုပ်စုနှင့် ထပ်တွေ့ပြီး..။ ၎င်းတို့က တိုက်ခိုက်လာလျှင်ပင် ၎င်းတို့အား အနိုင်ရနိုင်သည်ဟု ဖန့်ရန် ခံစားနေမိသည်။

တစ်ဖက်သားက သူ့ကို စတင် မနှောင့်ယှက်ရင် သူလည်း အနှောင့်အယှက်ပေးမည် မဟုတ်ဘူးပေ။ သို့ပေမယ့် ၎င်းတို့သာ သူ့ကို သားကောင်လို ဆက်ဆံခဲ့ရင်တော့ နှင်းဆီနီတွေ ဘာကြောင့် ဒီလောက်နီနေတယ်ဆိုတာ သိစေရလိမ့်မည် ဖြစ်သည်။

ဖန့်ရန် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းအောက်သို့ ကျဆင်းနေပြီဖြစ်၍ မကြာမီ ညအချိန်ရောက်လာပေတော့မည်။

"အနားယူဖို့ နေရာရှာရမဲ့ အချိန်ရောက်ပြီ "

ဆောင်းရာသီက နေ့တာတိုကာ ညတာရှည်သည်။

ဖန့်ရန် မနက်ဖြန်တွင် ယုန်တွင်းကို ရှာဖွေရန် စီစဉ်နေထားပြီ..။ ယခုတော့ အနားယူရန် ဆုံးဖြတ်လိုက်သည်။

***

ဖန့်ရန် သူ့ခေါင်းကို မြှောက်လိုက်ပြီး လျှာကိုထုတ်လျှက် သွားနေခဲ့သည်။

သို့သော် မီတာအတော်ကြာအောင် သွားပြီးနောက် ဖန့်ရန်သည် ရုတ်တရက်ဆန်စွာဖြင့် မြေခွေးငါးကောင်၏ ဝိုင်းရံခံလိုက်ရတော့သည်။

ဖန့်ရန်သည် သူ့နောက်ထပ်ဆင့်ကဲဖြစ်စဉ် အပြီးမှာ ဤမြေခွေးအုပ်စုကို အမူအကျင့်ကောင်းတွေ သင်ပေးဖို့ တွေးထားသော်လည်း၊ သူ မမျှော်လင့်ထားသည့်က ၎င်းကို စဉ်းစားပြီးသည်နှင့် သူ့အရှေ့မှာ ချက်ချင်း ပေါ်လာမည် လို့ မထင်ထားခြင်းပင်။

.....

All Chapters