← Chapters

စောင့်ဆိုင်းခြင်း

Vol. 3 Ch. 35

စောင့်ဆိုင်းခြင်း

Vol. 3 Ch. 35

ဖန့်ရန်သည် သူ့အနီးနားရှိ မြေခွေးငါးကောင်ကို ကြည့်လိုက်ရင်း သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ရစ်ခွေလိုက်သည်။

ယခုအချိန်တွင် ဝိုင်းရံခံထားသော်လည်း သူထိတ်လန့်ခြင်း မရှိပေ။ သူ့တွင် ၎င်းတို့ကို တိုက်ခိုက်ရန် နည်းလမ်းများစွာ ရှိသည်။

မြေခွေးငါးကောင်သည် အစွမ်းထက်သော်လည်း သူ့ကို အနိုင်ယူနိုင်သော အဆင့်တော့ မရောက်သေးပေ။

ဖန့်ရန်သည် ခေါင်းကိုမော့ကာ အော်မည်သံပေးရင်း သူက လွယ်ကူသည့် သားကောင် မဟုတ်ဘဲ အန္တရာယ်ရှိကြောင်း သတိပေးလိုက်ကာ ၎င်းမြေခွေးငါးကောင်ကို ဂရုတစိုက် အကဲခတ်လိုက်သည်။

မြေခွေးနှစ်ကောင်သည် ဖန့်ရန် အနီးဖြည်းညှင်းစွာ ချဉ်းကပ်လာစဉ် ကျန်သုံးကောင်က သူ့ကို ဂရုတစိုက် အကဲခတ်နေသည်။

အခြားတိရစ္ဆာန်များသာ ဤအခြေအနေနှင့် ကြုံတွေ့လျှင် နောက်သို့ဆုတ်ကာ ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေမှာ သေချာသော်လည်း၊ ဖန့်ရန် အတွက်တော့ ၎င်းလှည့်ကွက်များက အသုံးမဝင်ပေ။

ဖန့်ရန် ရှင်းရှင်းလင်းလင်းမြင်နေရ၏။ မြေခွေးငါးကောင်သည် ပဉ္စဂံပုံသဏ္ဍာန်ဖြင့် သူ့အား ဝန်းရံထားပြီး သူရှေ့က မြေခွေးနှစ်ကောင်က သူ့အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသည်။

၎င်းက ဖန့်ရန် အနေနဲ့ အနောက်ဖက်မှ ဖောက်ထွက်ရန် ရွေးချယ်ပါက၊ ငြိမ်နေပုံရသော မြေခွေး သုံးယောက်က သူကို စက္ကန့်အနည်းငယ်ကြာအောင် ပိတ်ဆို့ထားပြီး။ သူ ရှေ့က နှစ်ယောက်က သူ့ဆီရောက်လာဖို့ အချိန်လုံလောက်သည်။

၎င်းက အခြားတိရစ္ဆာန်များအတွက် ကြောက်စရာကောင်းသော အစီအစဥ်တစ်ခု ဖြစ်သော်လည်း၊ သူ့အဖို့ ၎င်းအစီစဉ်က အလွန်ထင်ရှားနေသည်။

ဤမြေခွေး ငါးကောင်၏ 'အကြံအစီ' ကို ခန့်မှန်းပြီးနောက်၊ သူအနေနှင့် ထိုအတိုင်း လိုက်လုပ်ရန် စိတ်ကူးမရှိပေ။

ဖန့်ရန် မျက်လုံးများက လှည့်ပတ်ကာ ဤမြေခွေးများ အဝိုင်းခံရခြင်းမှလွတ်ရန် နည်းလမ်းကို ရှာဖွေလိုက်သည်။

သူ့ဘယ်ဘက်က မြေခွေးက အခြားမြေခွေးတွေကြား အကွာအဝေးထက် အနီးဆုံးဖြစ်ပြီး၊ ၎င်းနေရာက သူထွက်သွားရန် လုံလောက်သော နေရာလွတ် ရှိနေတာကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူအနေနှင့် ထွက်မပြေးခင် သူ့ဘယ်ဘက်ခြမ်းက မြေခွေးနှင့် တတ်နိုင်သမျှ နီးကပ်နေရန် လိုအပ်သည်။

ဖန့်ရန်သည် ထိုအချက်ကို တွေးတောရင်း အချိန်ဖြုန်းမနေတော့ဘဲ ဖြည်းညင်းစွာ နောက်ဆုတ်ကာ၊ သူတို့၏ ထောင်ချောက်ထဲသို့ ကျသွားသလို အရိပ်အယောင်ကို လုပ်လိုက်ပြီး တစ်ချိန်ထဲမှာပင် သူ့ခန္ဓာကိုယ်က ဘယ်ဘက် အခြမ်းသို့ အနည်းငယ် ရွေ့လျား သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ဖန့်ရန်နှင့် သူ့ဘယ်ဘက်ခြမ်းက မြေခွေးနဲ့ မီတာ (၂၀) ခန့်သာ ဝေးတော့သည်။

အခြားလမ်းကြောင်းရှိ မြေခွေးများအတွက်မူ ၎င်းတို့သည် ဖန့်ရန်နှင့် မီတာ (၁၀၀) နီးပါးအကွာတွင် ရှိ၍။ သူ့အနား ရောက်လာရန် အချိန်အနည်းငယ်ကြာအုံးမည် ဖြစ်သည်။

အခြေအနေကို တွက်ဆပြီးနောက် ဖန့်ရန်သည် သူ့ကြွက်သားတွေကို ညှစ်ထုတ်လိုက်ပြီး၊ နောက်ကို တဖြည်းဖြည်း ဆုတ်နေရာမှ ရုတ်ချည်း ဆိုသလို ခုန်ထွက်သွားကာ (၂) စက္ကန့်အတွင်း (၆) မီတာ အကွာအဝေးကို မြေပြင်ပေါ် ပြန်ကျသွားသည်။

မြွေတွေ၏ တိုက်ခိုက်မှုအရှိန်မှာ သာမန် မဟုတ်ပေ။ ပုံမှန်အားဖြင့် မြွေတစ်ကောင်၏ သွားလာနှုန်းဟာ သာမန်လူလို တစ်နာရီကို ဆယ်မိုင် မသွားနိုင်ပေ။

အထူးသဖြင့် စပါးအုံးမြွေတွေ၏ အမြန်နှုန်းဟာ မြွေတွေထဲမှာ အတော့ကို နှေးကွေးပြီး တစ်နာရီကို (၁) မိုင်ခန့်သာ ရောက်နိုင်သည်။

သို့သော် ဖန့်ရန်ကတော့ တခြားစပါးအုံးမြွေတွေနဲ့ မတူပေ။

စနစ်က သူ့အဆင့်မြှင့်တင်မှု တစ်ခုစီတိုင်းကို ဆင့်ကဲဖြစ်စဉ်ဟု နာမည်ပေးကာ သာမန် အဆင့်မြှင့်တင်ခြင်းမျိုးမဟုတ်ဘဲ ဆင့်ကဲဖြစ်စဉ်တစ်ခုတိုင်းတွင် ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ အပါအဝင် အခြားအရာများကို တိုးတက်လာစေသည်။

( ဥပမာ - ခွန်အား၊ အရှိန်၊ ခံနိုင်ရည်စသည်ဖြင့် )

ယခုအချိန်တွင် ဖန့်ရန်၏ အမြန်နှုန်းသည် မည်သည့် မြွေထက်မဆို ၎င်းတို့၏ အတိုင်းအတာ အကန့်အသတ်ကို ကျော်လွန်နေပြီ ဖြစ်သည်။

ဖန့်ရန် သူဆီ ပြေးလွှားလာသည်ကို တွေ့ရပြီးနောက် ဘယ်ဘက်ရှိ မြေခွေးက အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ ချည်းကပ်လျက်ရှိနေသော အနေအထားကို အမြန် ပြောင်းလဲလိုက်သည်။

ထိုစဉ် အခြားလမ်းကြောင်းလေးခုရှိ အခြားသော မြေခွေးတွေက ဖန့်ရန် ဆီသို့ ပြေးဝင်လာကြသည်။

မြေခွေးတွေ၏ အမြန်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ (၅၀) ခန့် ပြေးနိုင်ပြိး အရေးပေါ် အခြေအနေတွင်ဆို ၎င်းတို့၏ ခံနိုင်ရည်သည် တိုးသွားပြီး ထိုအမြန်ဆုံးနှုန်းနှင့် ကီလိုမီတာ (၂၀) ကျော်အထိ လျှင်မြန်စွာ ပြေးနိုင်စွမ်းရှိသည်။

အခြားသော မြေခွေးတွေသည် ၎င်းတို့၏ အရှိန်နှုန်းကိုမြှင့်ပြီး သူတို့နှင့် ဖန့်ရန် ကြားအကွာအဝေးကို အမြန်နီးကပ်လိုက်သော်လည်း၊ ဖန့်ရန်က သူ့ဘယ်ဘက်ရှိ မြေခွေးဆီကို ရောက်နေပြီ ဖြစ်သည်။

" ဂီး!!! "

၎င်းမြေခွေးသည် ဖန့်ရန် အနီးသို့ ထပ်တူချဉ်းကပ်လာကာ ခြိမ်းခြောက်ရန် ကြိုးစားနေသည်။

၎င်းမြင်ကွင်းကို မြင်သည့် ဖန်ရန်ဟာ သူ့အရှိန်မလျှော့ဘဲ ထိုမြေခွေးရှိရာဆီ ပိုပြီးမြန်အောင် သွားလိုက်သည်။

ဖန့်ရန်သည် ၎င်းမြေခွေးနဲ့ တစ်မီတာအောက်ရှိသော အနေအထားသို့ ရောက်သောအခါ၊ ချက်ချင်းပင် တိုက်ခိုက်လိုက်တော့သည်။

ထိုမြေခွေးက နောက်ပြန်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဖန့်ရန်၏ ခေါင်းကို လက်ဝှေ့ယမ်းပြီး သူလက်သဲနှင့် တစ်ချက်တည်း သတ်ပစ်ဖို့ ကြိုးစားသည်။

၎င်း၏ ချွန်ထက်သော လက်သည်းများက သူ့ဦးခေါင်းကို ထိလုနီးပါး ဖြစ်ချိန်တွင် ဖန့်ရန်သည့ အံ့သြစရာကောင်းလောက်အောင်ပင် ပျော့ပျောင်းသော ပုံစံဖြင့် ယိမ်နွဲ့၍ ရှောင်လိုက်ပြီး ထိုအရှိန်ဖြင့် တစ်ချိန်တည်းမှာပင် ၎င်းမြေခွေး၏ လက်ကို ကိုက်ချလိုက်လေသည်။

" ဝူး!!. "

စူးစူးဝါးဝါးအော်သံ တစ်ခုထွက်ပေါ်လာချိန်တွင်၊ ဖန့်ရန်သည် ထိုနေရာနှင့် အနည်းငယ်ဝေးသော နေရာကို ရောက်နေခဲ့ပြီ ဖြစ်သည်။

ပြင်းထန်သော အဆိပ်သည် အလွန်အဆိပ်ပြင်းနေပြီ ဖြစ်၏။ သူယခင်က ကိုက်ခဲ့သောတိရစ္ဆာန်များ၏ တုံ့ပြန်မှုအရ ၎င်းအဆိပ်က တစ်ကိုယ်လုံးကို ပူလောင်စေသည်။

၎င်းမြေခွေးသည် ဒဏ်ရာရနေသော ခွေးအတစ်ကောင်ကဲ့သို့ ညည်းတွားကာ နာကျင်နေသော်လည်း ဖန့်ရန် နောက်ကို လိုက်ချင်နေသေးသည်။

သို့သော် မြေပြင်ပေါ်သို့ ပစ်မကျမှီ ခြေနှစ်လှမ်းခန့်သာ လှမ်းနိုင်ပြီ ယိုင်းထိုးသွားကာ လဲကျသွားသည်။

ထိုအရာက အခြား မြေခွေးလေးကောင်ကို တောင့်တင်းပြီး ထိတ်လန့်တုန်လှုပ်သွားစေသည်။

ချက်ချင်းပင် မြေခွေးတစ်ကောင်သည် ၎င်းမြေခွေး၏ အခြေအနေကို စစ်ဆေးရန် အနားသို့ပြေးသွားကာ ကျန်သုံးကောင်မှာ ဖန့်ရန် နောက်သို့ အရူးအမူး ဆက်လိုက်သည်။

ထိုအချိန်တွင် ဖန့်ရန်သည် ရှေ့သို့ လျင်မြန်စွာ သွားနေပြီး သူ့အရှိန်မှာ မြေခွေးများထက် အနည်းငယ်နှေးနေသော်လည်း စိုးရိမ်နေခြင်းမရှိပေ။

အဘယ်ကြောင့် ဆိုသော် ဤနေရာနှင့် မနီးမဝေးမှာ ယုန်တွင်းတစ်ခုရှိတာကို သတိရသွားခြင်းကြောင့် ဖြစ်သည်။

ယခင်က ၎င်းနေရာ အပါအဝင် အမဲလိုက်ရာတွင် အဆင်ပြေစေရန်အတွက် ယုန်တွင်းများကို မှတ်သားထားခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အသုံးဝင်လာ လိမ့်မယ်လို့ သူမမျှော်လင့်ထားပေ။

ယုန်တွင်းပေါက်ဝသို့ ရောက်သောအခါ ဖန့်ရန်သည် ချက်ချင်းပင် မတုံဆိုင်းဘဲ တွင်းထဲသို့ ဝင်သွားလိုက်သည်။

နှစ်စက္ကန့်တောင် မကြာဘဲ မြေခွေးသုံးကောင်သည် ယုန်တွင်းရှိရာနေရာကို ရောက်လာပြီး၊ တစ်ကောင်ပြီး တစ်ကောင် ပါးစပ်ကို တွင်းထဲ အတင်းထိုးထည့်ကာ တွင်းဝကို ကုတ်ဖဲ့နေတော့သည်။

...................

ဖန့်ရန်သည် ယုန်တွင်းထဲသို့ နက်ရှိုင်းစွာ ဝင်နေသော်လည်း ယခုအချိန်တွင် ဤတွင်းပိုင်ရှင် ရှိမရှိ သိလိုနေသည်။

သို့သော် ၎င်းက သိလိုခြင်းသာ ယုန်ရှိလျှင် ပင်။ ညစာအဖြစ် စားသုံးရန် သူ့ စိတ်အခြေအနေကြောင့် စိတ်မ၀င်စားသလောက်ပင်။

သုံးလေးမီတာခန့် သွားပြီးသောအခါ တွင်းသည် ကျယ်လာကာ သူ့နှင့် မနီးမဝေးတွင် အဖြူရောင် အမွေးနုများ ရှိသော ယုန်တစ်ကောင်သည် မျက်လုံးပြူးကျယ်ကျယ်ဖြင့် သူ့ကို စိုက်ကြည့်နေတာကို ဖန့်ရန် မြင်လိုက်ရသည်။

ဖန့်ရန်သည် ချက်ချင်းပင် အရှိန်ကို အမြင့်ဆုံးမြှင့်ကာ ပြေးသွားလိုက်သည်။

သို့ပေမယ့် သူ့ကို ဒေါသထွက်စေသည်မှာ ၎င်းယုန်ဆီ မရောက်ခင် ၎င်းက တခြားလမ်းကြောင်းကနေ အမြန်ပြေးထွက်သွားခြင်းပင်။

ဖန့်ရန်သည် ယုန်၏ နောက်ကျောကို တစ်ချက်လှမ်းကြည့်ကာ ၎င်းယုန်နောက်လိုက်ရန် အကြံကို စွန့်လွှတ်လိုက်သည်။

ယုန်တစ်ကောင်က အဆိပ်မိခြင်းမရှိဘဲ ပြေးပါက လျှင်မြန်စွာ ပြေးနိုင်သည်။ ထို့အပြင် တွင်းက ကျဉ်းတာကြောင့် ခုန်ပျံလို့ မရပေ။

လက်ရှိတွင် သူ့တွင် ထွက်ပြေးသွားသည့် ယုန်တစ်ကောင်နောက်လိုက်ရန် လုံလောက်သော အရှိန်နှင့် လျင်မြန်မှု မရှိပေ။

ထိုနောက် ဖန့်ရန်သည် သူ၏ စိတ်သဘောကို အမြန်ပြင်ဆင်လိုက်ပြီး၊ တွင်းထဲတွင် ငြိမ်သက်စွာ အနားယူလိုက်သည်။

အမဲလိုက်ခြင်း အဆင်မပြေတိုင်းသာ စိတ်အနှောင့်အယှက်ဖြစ်ရလျှင် သားရဲအားလုံးသည် နေ့စဉ်နီးပါး စိတ်ဓာတ်ကျနေပေလိမ့်မည်။

ဤနေရာတွင် တစ်ညအနားယူပြီး မနက်ကျမှ ထွက်သွားဖို့ သူစီစဉ်ထားသည်။

စူးစမ်းရှာဖွေမှုရခြင်းနှင့် မြေခွေးများ၏ လိုက်ဖမ်းခံရခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေသော ဖန့်ရန်သည် လျှင်မြန်စွာဖြင့် အိပ်ပျော် သွားတော့သည်။

..........

နောက်နေ့မနက်စောစော အိပ်ရာက နိုးလာပြီးနောက် ဖန့်ရန်သည် လေကောင်းလေသန့်ရှူဖို့ ယုန်တွင်းအပြင် ထွက်ရန် တွင်းအဝဆီ သွားလိုက်သည်။

သို့သော် တွင်းအပြင်ဘက်သို့ ရောက်သွားသည်နှင့် လျှင်မြန်စွာ နောက်ပြန်ဆုတ်လိုက်ရသည်။

ထိုအချိန်တွင် ယုန်တွင်းနှင့် မီတာအနည်းငယ်အကွာမှ မြေခွေးလေးကောင်သည် ယုန်တွင်းဆီအပြေးရောက်လာသည်။

မြေခွေးလေးကောင်သည် တစ်ကောင်ပြီးတစ်ကောင် ယုန်တွင်းထဲသို့ ပါးစပ်ကို သွင်းရန်ကြိုးစားရင်း အတွင်းဘက်က ဖန့်ရန်ကို ပြင်းပြင်းထန်ထန် မာန်ဖီနေကြသည်။

ဖန့်ရန် အံ့ဩသွားမိသည်။

" ဒီမြေခွေးလေးကောင်က ဒီယုန်တွင်း ရှေ့မှာ တစ်ညလုံး ရှိနေခဲ့တာလား.. "

.....

All Chapters