← Chapters

မမျှော်လင့်ထားသော

Vol. 3 Ch. 36

မမျှော်လင့်ထားသော

Vol. 3 Ch. 36

ဖန့်ရန်သည် ယုန်တွင်းအပြင်ဘက်က မြေခွေးလေးကောင်ကို စိုက်ကြည့်နေသည်။

၎င်းမျက်လုံးလေးစုံဟာ ယုန်တွင်းထဲက ဖန့်ရန်ကို စိုက်ကြည့်နေကြ၏။ ရံဖန်ရံခါ ၎င်းတို့ထံမှ သွားကြိတ်သံများ ထွက်ပေါ်လျက်ရှိသည်။

အကယ်၍ သူသာ ယခင် နုံချာသော အထက်တန်းကျောင်းသားလေးသာ ဆိုလျှင်၊ ဤမြင်ကွင်းကို တောထဲ၌ မြင်လိုက်ရပါက ထိတ်လန့်သွားပေလိမ့်မည်။

သို့သော် အခုချိန်မှာတော့ ဤမြင်ကွင်းက သူ့စိတ်ခံစားချက်ကို နည်းနည်းလေးမှ မပြောင်းလဲနိုင်ခဲ့ပေ။

သူ့စိတ်ဓာတ်နဲ့ နှလုံးသားက ပိုသန်မာလာသည်။

ဖန့်ရန်နှင့် မြေခွေးအဖွဲ့တို့ အကြည့်ခြင်းယှဉ်ပြိုင်နေကြစဉ်၊ ၎င်းမြေခွေးလေးကောင် ထဲမှ တစ်ကောင်သည် ယုန်တွင်းကို တူးရန် ၎င်း၏ လက်သည်းများကို စတင်အသုံးပြု လာသည်။

"ဒီကောင်တွေ ဉာဏ်များတာ သေချာတယ် "

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဖန့်ရန်က သူ့မျက်လုံးတွေကို မှိတ်လိုက်ကာ စဉ်းစားလိုက်သည်။

' ဒီမြေခွေးလေးကောင် ဒီနေရာမှာ တစ်ညလုံး နေနေတာ အစာရှာဖို့ မဟုတ်နိုင်ဘူး။ ဖြစ်နိုင်တာတစ်ခုက သူတို့အဖော်ကို ငါသတ်လိုက်လို့ပဲ ဖြစ်ရမယ်။ ကြည့်ရတာ ဒီကောင်တွေ သူတို့ အဖော်အတွက် လက်စားချေချင်နေပုံရတယ် '

၎င်းကိုစဉ်းစားရင်း ဖန့်ရန်သည် နောက်လှည့်လိုက်ပြီး တွင်းထဲကို နက်ရှိုင်းစွာ တိုးဝင်သွားသည်။

အပြင်ဘက်မှာတော့ မြေခွေးလေးကောင်သည် ယုန်တွင်းကို စိုက်ကြည့်ရင်း တတ်နိုင်သမျှ နက်အောင်တူးဖို့ ၎င်းတို့၏ လက်သည်းတွေကို အသုံးပြုနေကြသည်။

သို့သော် ဆယ်မိနစ်ခန့် တူးဖော်ပြီးနောက် မြေခွေးအုပ်စုက လက်လျှော့လိုက်ကြသည်။ သူတို့သည် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မြေပြင်အနက် နှစ်ဆယ်စင်တီမီတာခန့်သာ တူးနိုင်ခဲ့လေသည်။

ထို့ကြောင့် မြေခွေးလေးကောင်လည်း ဆက်မတူးတော့ဘဲ ယုန်တွင်းဘေးမှာ ငုတ်တုတ်ထိုင်ပြီး ဆက်စောင့်နေလေသည်။

ယုန်တွင်းထဲရှိ ဖန့်ရန်ကတော့ ထိတ်လန့်နေခြင်းမရှိသလို သူ့အစားအသောက်အတွက်လည်း စိုးရိမ်မနေခဲ့ပေ။

မြွေများ၏ ဇီဝဖြစ်စဉ်သည် အခြားတိရစ္ဆာန်များထက် များစွာနှေးကွေးသည်။ ၎င်းတို့၏ သားကောင် တစ်ကောင်ကို အောင်မြင်စွာအမဲလိုက်ပြီးတိုင် နှစ်ပတ်ခန့် အနားယူလေ့ရှိ၏။

"ဒီကောင်တွေ ဘယ်လောက်ထိ ဆက်စောင့် နိုင်မလည်းဆိုတာကို သိချင်မိပါရဲ့"

သူတကယ် သိချင်နေမိသည်။

ဖန့်ရန်သည် ယုန်တွင်းအပြင်ဘက်က မြေခွေးလေးကောင်အကြောင်း စဉ်းစားကာ ပြန်အိပ်လိုက်သည်။

....

တစ်နေ့တာ ကုန်လွန်သွားပြီး ညဘက်ရောက်လာချိန်တွင် ဖန့်ရန်သည် မြေခွေးလေးကောင် ရှိသေးလား စစ်ဆေးရန် ယုန်တွင်းဝက သွားကြည့်ချိန်တွင် မြေခွေးလေးကောင် ရှိနေသေးတာကို တွေ့လိုက်ရသည်။

ဖန့်ရန်သည် မြေခွေးလေးကောင် ဤမျှကြာအောင် စောင့်နိုင်သည်ကို အံ့ဩမိသည်။

မြေခွေးလေးကောင်၏ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ကို မြင်လိုက်ချိန်တွင် ဤအခြေအနေအတိုင်းဆို လေးရက်၊ ငါးရက် လောက် ဒီနေရာမှာ သောင်တင်နေနိုင်တယ်ဆိုတာ သူခန့်မှန်းမိလိုက်သည်။

....

နောက်တစ်နေ့ မနက် အိပ်ပျော်ရာမှ သူနိုးလာပြီးနောက် ထုံးစံအတိုင်း ယုန်တွင်းဝသို့ သွားကြည့်လိုက်ချိန်တွင် မြေခွေးတစ်ကောင် တစ်မြှီးမှ မတွေ့ရပေ။

ထိုကြောင့် ဖန့်ရန်သည် မြေခွေးလေးကောင် ပုန်းနေသည့် နေရာကို ခံမှန်းအတည်ပြုဖို့ရန် သူ၏ သဘာဝအာရုံခံနိုင်သော ကိုယ်ခန္ဓာအစိတ်အပိုင်းကို အသုံးပြုလိုက်သည်။

အကြိမ်ပေါင်းများစွာ အနံ့ခံလိုက်သော်လည်း ထူးထူးခြားခြား ဘာတစ်ခုမှ မတွေ့ရ၍။ ဖန့်ရန်သည် ယုန်တွင်းဝမှ ခေါင်းကိုထုတ်ကာ စူးစမ်းလိုက်ရာ အနီးပတ်ဝန်းကျင်တွင် ၎င်းတို့၏ အရိပ်အယောင်ကို မတွေ့ရဘဲရှိသည်။

ဖန့်ရန်သည် မြေကြီးအတွင်းမှ ပြူးထွက်နေသည့် ကျောက်တုံးကြီးတစ်ခုပေါ် တက်ကာ ဘေးဘီဝဲယာ လှည့်ပတ်ကြည့်ပြီး ပုန်းအောင်းနိုင်သည့် နေရာများကို သေချာစွာ စစ်ကြည့်သော်လည်း ၎င်းမြေခွေးလေးကောင်ကို မတွေ့ရပေ။

ဖန့်ရန်သည် စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်သည်။

၎င်းမြေခွေးလေးကောင်သည် သစ္စာစောင့်တည်းပြီး သူတို့အဖော်အတွက် ဘာပဲဖြစ်ဖြစ် လက်စားချေဖို့ ကြံရွယ်ထားသလို စိတ်ပိုင်းဖြတ်ထားသည့် ဟန်ပန်အသွင်အပြင်ဖြင့် နေ့ရောညပါ ဟန်ဆောင်ထားလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

အမှန်တော့ ၎င်းတို့ကို သစ္စာမရှိလို့ဆိုကာ အပြစ်တင်လို့ မရပေ။ အသားစား မုဆိုးများ ကြီးစိုးနေသော ဤတောတွင် သစ္စာစောင့်သိမှုသည် ရှားပါးသော အရာတစ်ခုဟု ယူဆနိုင်သည်။

မြေခွေးလေးကောင် ထွက်သွားကြောင်း အတည်ပြုပြီးနောက် ဖန့်ရန်သည် မနီးမဝေးက မြေခွေးအလောင်းကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

အချို့သောတိရိစ္ဆာန်များသည် ဆာလောင်နေပါက သေဆုံးသွားသော သူတို့၏ အဖော်ကိုပင် စားသောက်တတ်သည်။

သို့သော် ဤမြေခွေးလေးကောင်ကတော့ ထိုကဲ့သို့မဟုတ်မှန်း ထင်ရှားပေသည်။ ၎င်းတို့၏ သေဆုံးသွားသော အဖော်ကို မစားသလို အခြားသားကောင်များထံမှလည်း ကာကွယ်ပေးထားခဲ့သည်။

ဖန့်ရန်သည် ၎င်းမြေခွေးသေဆီသို့ သွားပြီးနောက် မျိုချလိုက်သည်။ ဤမြေခွေးသည် သူ့ကို စနစ်အမှတ် (၃၅၀) ပေးနိုင်သော်ကြောင့် ၎င်းကို အလွှတ်ပေးရန် အစီအစဉ်မရှိပေ။

ဤမြေခွေး၏ အရွယ်အစားသည် တောခွေးထက် အနည်းငယ်ခန့်သာ ပိုကြီးသည်။ မျိုချပြီးနောက် သူ၏ဗိုက်ကို အလွန်ဖောင်းကားသွားစေသည်။

နာရီအနည်းငယ်ကြာပြီးနောက် အစာအိမ်သည် မြေခွေးသေကို လုံးဝချေဖျက်လိုက်နိုင်ပြီး စနစ်အမှတ် (၃၅၀) ကို ရရှိခဲ့သည်။ ယခုဆို သူ့မှာ စနစ်အမှတ် အားလုံးပေါင်း (၂၈၇၀) ဖြစ်သွားပြီ ဖြစ်သည်။

ဖန့်ရန်သည် ယနေ့တွင် သူ၏ နောက်ထပ်ဆင့်ကဲစဉ်ဖြစ်စဉ်အတွက် စနစ်အမှတ်များလုံလောက်စွာ ရနိုင်ရမည်ဟု မျှော်လင့်ချက်ဖြင့် သားကောင်ကို ရှာဖွေရင်း စူးစမ်းလေ့လာမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

.....

နေ့တစ်ဝက်အကြာတွင် ထက်မံ၍ စနစ်အမှတ် (၇၅) မှတ်ကို ရရှိခဲ့သည်။

ထိုအချိန်တွင် ဖန့်ရန်သည် တောင်ထိပ်သို့ ရောက်နေပြီ ဖြစ်သည်။

လမ်းတလျှောက်မှာ ဘာ မတော်တဆမှုမှလည်း မတွေ့ခဲ့ရသလို မြေခွေးလေးကောင်ကိုလည်း ထပ်မတွေ့ခဲ့ရပေ။

"နောက်ဆုံးတော့ ဒီတောင်ကို စူးစမ်းလို့ ပြီးသွားပြီ .."

ဖန့်ရန် သက်ပြင်းတစ်ချက်ချလိုက်သည်။

ဤတောင်ကို စူးစမ်းနေတုန်းမှာ ဆင့်ကဲဖြစ်စဉ်ကို ပြီးမြောက်အောင်လုပ်ဖို့ အခွင့်ကောင်းတစ်ခု ယူဆရသောဆိတ်ငယ် နှစ်ကောင်ကို တွေ့ခဲ့သည်။

ကံမကောင်းစွာပင် ၎င်းဆိတ်မသည် ဆိတ်ငယ်လေး နှစ်ကောင်ကို ကောင်းစွာကာကွယ်ထားပြီး၊ ယခင်နှင့် မတူဘဲ မြွေများကို သတိထားနေကြသည်။

ဖန့်ရန် သူ့အတွေးများကို ဖယ်ထုတ်လိုက်ကာ သူအရှေ့က တောအုပ်ကို ကြည့်လိုက်သည်။ တောင်ရဲ့သူနေထိုင်ရာ တစ်ဖက်ခြမ်းက သစ်ပင်တွေနဲ့ ယှဉ်လျှင် ဤနေရာက သစ်ပင်များက ကျဲပါးပေသည်။

ဤတောအုပ်က ဘာမှထူးခြားပုံ မပေါ်ပေ။ သားကောင်အချို့ ရှိကောင်းရှိနိုင်သော်လည်း သစ်တောနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် တစ်ဖက်ခြမ်းကသာ သူနေထိုင်ရန် ပို၍သင့်လျော်သည်။

ဖန့်ရန်သည် လှည့်ထွက်သွားဖို့ လုပ်လိုက်ချိန်တွင်.. သူ့မျက်လုံးများက မြေပြင်ပေါ်ရှိ လမ်းကြောင်းရာတစ်ခုကို တည့်တည့် စိုက်ကြည့်မိလိုက်သည်။

မြေပြင်သည် အလွန်ပြန့်ကား၏။ ထိုနေရာ တစ်ခုလုံးတွင် တိရိစ္ဆာန်တစ်ကောင် တစ်လေ၏။ ခြေရာကိုပင် မတွေ့ရပေ။ ထိုအစား မော်တော်ကားဘီးရာများသာ ရှိသည်။

ဖန့်ရန်သည် ၎င်းအနီးသို့ ဖြည်းညင်းစွာ ချည်းကပ်သွားပြီး အနီးကပ် ကြည့်လိုက်သည်။

သူပိုကြည့်လေလေ၊ ယာဉ်တစ်စီး၏ ဘီးရာတွေဆိုတာ သေချာလေ ဖြစ်သည်။

"ဒီနေရာကို ဖြတ်မောင်းသွားတဲ့ ကားတစ်စင်းများ ဖြစ်နေမလား"

ဖန့်ရန် အံ့ဩသွားသည်။

သူသည် တောင်ပေါ်လမ်းကို မျှော်ကြည့်ကာ အနီးကပ် စစ်ဆေးလိုက်သည်။ ဤတောင်၏ မြေပြင်က အလွန်ပြန့်ပြူးနေပြီး အဖုအထစ်များနှင့် အပေါက်များမရှိပေ။

ဤလမ်းသာ တောင်အောက်ရှိ လမ်းတစ်ခုခု နှင့် ချိတ်ဆက်ထားပါက၊ ကား အမျိုးအစား တစ်ခုခုတောင်ပေါ် တက်လာရန် ဖြစ်နိုင်သည်။

ဒါကိုတွေးပြီး ဖန့်ရန် စိတ်သက်သာရာရသွားသည်။

ဤအရာက သတိထားရမည့်အရာဖြစ်သည်။ ဤနေရာကို တစ်ကြိမ်သာ ဖြတ်သွားခဲ့ပေမဲ့... နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ချေရှိနေသည်။

ထို့ကြောင့် သူသာ အသက်ရှင်ချင်ပါက နောက်တစ်ကြိမ်တွေ့ဆုံမှုအတွက် ပြင်ဆင်ထားသင့်ကြောင်း နားလည်သည်။ ထိုတွေ့ဆုံမှုသည် လှပမည်တော့ မဟုတ်ပေ။

ဖန့်ရန် သူခေါင်းကို ခါယမ်းလိုက်ပြီး၊ သူ့ အတွေးတွေကို ရှင်းထုတ်ကာ ဂူဆီသို့ ပြန်သွားလိုက်သည်။

အချိန်က အတော်နောက်ကျနေပြီဆိုသော်လည်း သူ့သာအင်အားအပြည့်နဲ့ သွားရင်း သုံးနာရီအတွင်း လှိုဏ်ဂူကို ပြန်ရောက်လိမ့်မယ်လို့ ဖန့်ရန် ယုံကြည်သည်။

စက္ကန့်ပေါင်းများစွာ ကျော်ဖြတ်ပြီးနောက်... သူမျှော်လင့်ထားသည့်အတိုင်း သုံးနာရီအတွင်း လှိုဏ်ဂူဆီကို ရောက်သွားသည်။

ဤအချိန်မှာ ကောင်းကင်ကြီးက မှောင်စပြုနေပြီ ဖြစ်သည်။

ရေကန်စပ်၌....

ဖန့်ရန်သည် ရေကန်ကို ဖြတ်ပြီးနောက်... အနားယူရန်အတွက် ဂူထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက် သူ့လှုပ်ရှားမှု ရပ်သွားကာ ခေါင်းကို ရေကန်ဘက်သို့ ပြန်လှည့်လိုက်သည်။ ထိုအချိန် ရေထဲမှအသံ တစ်ခုထွက်လာကာ၊ ပြေးလွှားနေသော ငါးတွေ၏ ပုံသဏ္ဍာန်ကို ဖျတ်ခနဲ မြင်လိုက်ရပြီး အနက်ရောင်အရိပ်တစ်ခုက ငါးတွေနောက်ကို လိုက်နေကြောင်း မြင်လိုက်ရသည်။

"တောက်! ငါ့ရေကန်ထဲမှာ ငါးခိုးဖမ်းနေတဲ့ တိရစ္ဆာန်တစ်ကောင် ရှိနေတာလား "

.....

All Chapters