← Chapters

ငါးသူခိုး

Vol. 3 Ch. 37

ငါးသူခိုး

Vol. 3 Ch. 37

ဖန့်ရန်သည် ချက်ချင်းပင် ဒေါသတကြီးနှင့် ရေကန်သို့ အလျင်မြန် ပြေးသွားလိုက်သည်။

သူသည် ဤလှိုဏ်ဂူကို သိမ်းပိုက်ပြီးနောက်.. ထိုရေကန်ကို သူ့အပိုင်အဖြစ် သတ်မှတ်ထားပြီ ဖြစ်သည်။ ဒါကြောင့် ရေကန်ထဲက ငါးတွေဟာ သူ့ပိုင်ဆိုင်မှုသာ ဖြစ်သည်။

အခုတော့ သူ့ရေကန်မှာ အမဲလိုက်နေသော တိရစ္ဆာန် တစ်ကောင် ရှိနေသည်။

ငါးသူခိုး...

ရေကန်ထဲရှိ ငါးများကို လိုက်ဖမ်းနေသည့် အနက်ရောင်အရိပ်ကို ကြည့်ကာ၊ သူ့စိတ်ထဲတွင် သေချာမှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ရေကန်ထဲသို့ အလျင်အမြန် ဆင်းသွားလိုက်သည်။

သူ့အတွက်တော့ သူ့ရေကန်ထဲတွင်.. ထို တိရစ္ဆာန်၏ အမဲလိုက်ခြင်းကို သဘာဝအတိုင်း လျစ်လျူရှုထားလိမ့်မည်မဟုတ်ပေ။

၎င်းအကောင်ကို ဤနယ်မြေသို့လာ၍ အမဲလိုက်ခြင်း၏ အကျိုးဆက်ကို ပြရပေမည်။

ဖန့်ရန်သည် ရေကန်ထဲသို့ ထိုးဆင်းသွားပြီး မကြာမီတွင် ငါးတွေနောက်ကို လိုက်ဖမ်းနေသော အနက်ရောင်အရိပ်ကို အမြန်လိုက်မှီလာသည်။

သူ ထိုတိရိစ္ဆာန်၏ ခန္ဓာကိုယ်ကောက်ကြောင်းကို အကြမ်းဖျင်းမြင်နေရသည်။

၎င်း၏ ခန္ဓာကိုယ်သည် သွယ်လျကာ ခြေလက်များသည် တိုတောက်ပြီး ခေါင်းက သေးငယ်သည်။ နားရွက်ကမှု သေးငယ်သော်လည်း ဝိုင်းစက်၏။

ဖန့်ရန်သည် ထိုတိရိစ္ဆာန်ကို စစ်ဆေးနေချိန်တွင် စနစ်၏အချက်ပေးသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။

[ ပစ်မှတ် - အမွေးအမျှင်နှာတံဖျံ၊ ကုန်းနေရေနေသတ္တဝါ၊ စနစ်အမှတ် ၁၈၀ မှတ်ကို ရရှိနိုင်သည် ]

စနစ်၏အချက်ပေးသံကို ကြားသောအခါ ဖန့်ရန် အံ့သြမိသွားသည်။

သူ့အရင် ကမ္ဘာတွင်လည်း အမွှေအမျှင်နှာတံဖျံ အချို့ရှိပေသည်။ သို့သော် အလွန်ရှားပါးကာ မျိုးတုံးလုနီးပါးပင်။

၎င်းက သားမွှေးကြောင့်ဖြစ်သည်။ ဖျံသားမွှေးသည် ရှားပါးပြီး ဈေးကြီးသော ကုန်ပစ္စည်းဖြစ်၏။

အထူးသဖြင့် ထိုဖျံအမျိုးအစားကို အမဲလိုက်သော တရားမဝင် မုဆိုးများကြောင့်ပင် ဖြစ်သည်။

ဖန့်ရန်သည် သူ့ရှေ့ရှိ အမွေးအမှင်နှာတံဖျံကို သေချာကြည့်နေစဉ် အမွှေးအမျှင်နှာတံဖျံသည် သူ့နောက်ကနေ တစ်စုံတစ်ယောက်က လိုက်မှန်း ခံစားမိလိုက်၍ လှည့်ကြည့်လိုက်ရာ ဖန့်ရန်ကို တွေ့လိုက်သည်။

မြွေတစ်ကောင် သူ့ကို လိုက်ဖမ်းနေတာကို တွေ့ပြီးနောက် ဖျံဟာ တုန်လှုပ်သွားပြီး ကမ်းစပ်ကို အမြန်ကူးခတ်ကာ ထွက်ပြေးရန် ကြိုးစားလေသည်။

ဖျံများသည် အလွန်လျင်မြန်ပြီး ရေထဲအပါဝင်၊ ကုန်ပေါ်မှာပါ လိုက်လျောညီထွေရှိသည်။ တောထဲလွတ်သွားပါက ဖမ်းမိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

ဖျံများသည် ရေနှင့် လိုက်လျောညီထွေ ရှိပြီး သွက်လက်သော်လည်း သူနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် နိမ့်ကျတာကြောင့် သူလက်ကနေ လွတ်သွားစရာ အကြောင်းမရှိပေ။

ဖျံသည် ကုန်းဘက်ကို ကူးခတ်လိုက်သည် နှင့် တပြိုင်နက် ဖန့်ရန်သည် ချက်ချင်းပင် ချွန်ထက်သောမြှားတစ်စင်းကို ပစ်လွှတ်လိုက်သလို လျှင်မြန်စွာ ကူးခတ်သွားပြီး.. ဖျံ၏ အနားကို ရောက်သွားလေသည်။ ထိုနောက် သူသည် ၎င်း၏ ခြေထောက်ကို ကိုက်ချလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သွေးကြောထဲသို့ အဆိပ်ကို ထိုးသွင်းလိုက်သည်။

" ဗလူး! "

ဖန့်ရန်၏ အကိုက်ခံလိုက်ရပြီးနောက် အမွှေးအမျှင်နှာတံဖျံသည် နာကျင်စွာ အော်လိုက်ပြီး။ ရေကန်အစပ်နား ရောက်သွားချိန်မှာတော့ အဆိပ်တွေက ၎င်းခန္ဓာကိုယ်တစ်ခုလုံးနီးပါး ပျံ့နှံ့သွားပြီ ဖြစ်သည်။

သူ့ရဲ့ ခြေလက်တွေက နာကျင်လျက် ပျော့ပြောင်းနေ၏။

နောက်ဆုံး ရေမကူးနိုင်တော့ဘဲ ရေကန်ကြမ်းပြင်သို့ ဖြည်းညှင်းစွာ နစ်မြုပ်မသွားမီ နောက်ဆုံး သေဖို့မလိုလားသော အော်သံတစ်ခုနှင့်အတူ သေဆုံးသွားခဲ့သည်။

ဖန့်ရန်သည် ဖျံသေ၏ဘေးသို့ ကူးခတ်သွားကာ ကမ်းစပ်ဆီသို့ ဆွဲသွားကာ မျိုမချမီ သေဆုံးသွားကြောင်း သေချာစေသည်။

ထို့နောက် သူက မျိုချလိုက်သည်။

"နောက်ဆုံးတော့.. ငါ့မှာ လုံလောက်တဲ့ စနစ်အမှတ်တွေ စုဆောင်းမိတော့မယ်.."

***

ဂူထဲတွင် အနားယူရင်း ဖန့်ရန်သည် သေချာ စဉ်းစားကြည့်လိုက်တော့ ဖျံကို ဒေါသတကြီးနှင့် သတ်ဖြတ်သတ်ပစ်ခဲ့စဉ်က...

ဖျံကရသော စနစ်အမှတ်ဟာ ဆင့်ကဲဖြစ်စဉ်အတွက် သူ့လိုအပ်ချက်ကို လုံလောက်စေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

"နောက်ဆုံးတော့.. ငါထက်ပြီး အင်အားကြီး လာတော့မယ်.."

မြွေအဖြစ် သူ ပြန်လည်ဝင်စားလာပြီးနောက် ဆင့်ကဲဖြစ်စဉ်ထက် သူ့ကို ပျော်ရွှင်အောင် ဘယ်အရာကမှ မလုပ်ဆောင်နိုင်သေးပေ။

ဆင့်ကဲဖြစ်စဉ်တစ်ခုချင်းစီသည် သူ့ကိုယ်ပိုင်ခွန်အားကို တိုးပွားစေ၏။ သူ၏ ကိုယ်ပိုင်ခွန်အားကသာ လုံခြုံမှုကို ခံစားရစေနိုင်သည်။

ဖန့်ရန်သည် အစာကြေညတ်ရန် စောင့်ဆိုင်းခဲ့ပြီး မိနစ်နှစ်ဆယ်ခန့်အကြာတွင် စနစ်၏ အချက်ပေးသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ ဒင် ]

[ လက်ခံသူသည် စနစ်အမှတ် ၁၈၀ မှတ်ကို ရရှိသည် ]

စနစ်၏ အသိပေးချက်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခြင်းကြောင့် သူ၏ စိတ်အစဉ်သည် ကြည်လင်နေသည်။

[ လက်ခံသူတွင် လုံလောက်သော စနစ်အမှတ်မှာ ရရှိ၍ ဆင့်ကဲပြောင်းလဲနိုင်ပါသည် ]

[ ဆင့်ကဲပြောင်းလဲချိန်တွင် စနစ်မှ ကာကွယ်ထားမည်ဖြစ်သောကြောင့် လုံခြုံစွာ ဆင့်ကဲပြောင်းလဲနိုင်သည် ]

[ ဆင့်ကဲပြောင်းလဲမည် / မလုပ်သေးပါ ]

စနစ်အသိပေးချက်များပေါ်လာသည်နှင့် ဖန့်ရန်သည် သူ့စိတ်ထဲမှာ 'ဆင့်ကဲပြောင်းလဲ!' ဟု ရေရွတ်လိုက်သည်။

ရင်းနှီးကျွမ်းဝင်သော ပူလောင်သည့် ခံစားမှုတစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် ပေါ်လာသည်။

ထုံးစံအတိုင်းပင် ဖန့်ရန်သည် ဆင့်ကဲဖြစ်စဉ်ကို လွယ်ကူချောမွေ့စေရန်အတွက် သူ့ခန္ဓာကိုယ်ကို ဂူနံရံနဲ့ ပွတ်သပ်နေလိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် ဆင့်ကဲဖြစ်စဉ်က ပြီးဆုံးသွား၏။

ဖန့်ရန်ဘေးတွင် အရေခွံဟောင်းတစ်ခု ရှိနေသည်။

သူ့နောက်က မြွေအရေခွံကို ကြည့်လိုက်ပြီး သူ့၏ တဖန်တိုးလာသည့် စွမ်းအားကို ခံစားကြည့်လိုက်ရင်း ဖန့်ရန်မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။

"နောက်ဆုံးတော့ ဆင့်ကဲဖြစ်စဉ် ပြီးဆုံးသွားပြီ၊ စနစ်.. ငါ့ရဲ့ ကိုယ်ရေးအကျဉ့်ဇယားကို မြင်ချင်တယ်.."

ဖန့်ရန်သည် မစောင့်နိုင်တော့ဘဲ သူ့စိတ်ထဲတွင် စနစ်ကိုချက်ချင်းခေါ်လိုက်ရာ သူ့ရှေ့မှာ အလင်းတန်းတစ်ခုနှင့်အတူ အပြာရောင်ဖန်သားပြင်တစ်ခု ပေါ်လာသည်။

[ လက်ခံသူ : ဖန့်ရန်

အဆင့် : ၈

စနစ်အမှတ် : ၁၂၅/၆၀၀၀

ကျွမ်းကျင်မှုရမှတ် : ၈

ကိုယ်ထည်အရှည် : ၃.၀ မီတာ

အချင်း : ၆ စင်တီမီတာ

ခွန်အား : ၁၅

ခုခံနိုင်စွမ်း : ၉.၀

အမြန်နှုန်း : ၄.၀.

တက်ကြွမှု : ၆.၀

စိတ်ဝိညာဉ် : ၆.၀

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၆.၀

စွမ်းရည် : ပြင်းထန်သော အဆိပ် (၂/၅)၊

အရေပြားခုခံမှု (၂/၅)၊ အစာခြေမြန်ခြင်း (၂/၅)

ဂုဏ်သတင်း : ၄၈၂၁၄/၁၀၀၀၀၀၀၀ ]

ဤဆင့်ကဲဖြစ်စဉ်သည် သူ့ကို (၃) မီတာအလျားသို့ တိုက်ရိုက်ရောက်ရှိစေခဲ့၏။ ၎င်းသည် ပျမ်းမျှစပါးအုံးမြွေနှင့် ယှဉ်နိုင်ပြီးဖြစ်ကာ ဤတောတွင် သူ့ကို သားကောင်ကြီးအဖြစ် သတ်မှတ်လို့ရပြီ ဖြစ်သည်။

အချင်း (၆) စင်တီမီတာအထိ တိုးလာခြင်းက အလွန်စိတ်ကျေနပ်စရာကောင်းသည်။

ထို့အပြင် သူ၏ အခြားဂုဏ်သတ္တိများ အသီးသီးတိုးပွားလာခြင်းက သူ၏ စွမ်းအားများ ပိုမိုအားကောင်းလာသည်ကို ကိုယ်စားပြုပေသည်။ ၎င်းက ဖန့်ရန်ကို အလွန်စိတ်လှုပ်ရှားစေသည်။

"အခု ကျွမ်းကျင်မှုရမှတ် ၈ မှတ်ရပြီဆိုတော့ အရေပြားခုခံမှုကို တစ်ကြိမ်အဆင့်မြှင့်တင်ဖို့ လုံလောက်တယ်"

ဖန့်ရန်သည် စွမ်းရည်ကော်လံကို ငေးကြည့်ရင်း မနှောင်နှေးစေဘဲ အရေပြားခုခံမှု စွမ်းရည်ကို အဆင့်မြှင့်ရန်အတွက် ကျွမ်းကျင်မှုရမှတ် (၈) မှတ်ကို အသုံးပြုလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် အရေပြားခုခံမှု က (၃/၅) ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ခုခံနိုင်စွမ်းက ပြောင်းလဲသွားပြီး (၉) မှ (၁၄) သို့ပြောင်းလဲသွားသည်။

ခုခံနိုင်စွမ်း (၅) မှတ် တိုးလာခဲ့ခြင်း ဖြစ်သည်။

" အိုး.. ငါ့ရဲ့ဂုဏ်သတင်း အမှတ် ၄၈၀၀၀ ကျော်အထိ တိုးလာပါလား.. "

ရုတ်တရက် ဖန့်ရန်သည် ဂုဏ်သတင်းအမှတ်က ပိုမိုများပြားနေခြင်းကို သတိပြုမိပြီး ချက်ချင်းပင် ထိတ်လန့်သွားသည်။

ရက်အနည်းငယ်လောက် သူ့ကိုယ်ရေးအကျဉ့်ကို မကြည့်လိုက်ရုံနှင့် သူ့ဂုဏ်သတင်းက တိုးပွားလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ!

သို့သော် သူ၏ ဂုဏ်သတင်းအမှတ်တိုးလာသော်လည်း သူလိုချင်သော ဂုဏ်သတင်း အမှတ်ပန်းတိုင်းနှင့် အလှမ်းဝေးနေသေးသည်။

" အနာဂတ်မှာ အခွင့်တစ်ခု ရှာရမယ်.. "

ဖန့်ရန်က သူ့ကိုယ်သူ အားပေးပြီး သူ့စိတ်ကို ရှင်းလင်းထားလိုက်သည်။ တဖြည်းဖြည်းနှင့် သတိမမှုမိဘဲ သူလည်း ဖြည်းညင်းစွာ အိပ်ပျော်သွားတော့၏။

ထိုမှသာ မနက်ဖြန် ရုန်းကန်ရန်အတွက် သူ၏ စွမ်းအင်နှင့် စိတ်ဓာတ်ကို ပြန်လည်ရရှိမည် ဖြစ်သည်။

.....

All Chapters