မျောက်အုပ်စု
Vol. 3 Ch. 38
" ကျလိ.. ကျလိ ...."
ဖြတ်.. ဖြတ်.. ဖြတ်...
ထူထပ်သော သစ်ပင်ထက်က သစ်ရွက်များကြားတွင် ငှက်များစွာ၏ ထိတ်လန့်တကြား အော်သံ ပျံပြေးသံများ ထွက်ပေါ်နေသည်။
၎င်းတို့နောက်တွင် (၃) မီတာရှည်သော စပါးအုံးမြွေကြီးတစ်ကောင်သည် အကိုင်းအခက်များတစ်လျှောက် လိုက်လံဖမ်းဆီးလျက် ရှိသည်။
[ ပစ်မှတ် - သစ်ခေါက်ငှက်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၈၀ မှတ်ကို ရရှိနိုင်သည် ]
ဖန့်ရန် အရှေ့မှ ပျံပြေးနေသော ငှက်ကို အတော်အသင့် အကောင်ကြီးသည်လို့ မှတ်ယူနိုင်ပေသည်။
၎င်းသည် အရွယ်ရောက်ပြီးပါက (၅၀) စင်တီမီတာအထိ ကြီးနိုင်ပြီး၊ ၎င်းမှာ ငှက် အနွယ်ဝင်ထဲ၌ ငှက်ကြီးများအဖြစ် ပါဝင်သည်။
ဤသစ်ခေါက်ငှက် အမျိုးအစားသည်။ ဌာနေငှက် တစ်မျိုးဖြစ်ပြီး ၎င်းတို့ နေထိုင်ရာနေရာမှ ပြောင်းရွှေ့ခဲ၏။
အများအားဖြင့် (၄) ကောင်မှ (၆) ကောင်အထိ တစ်စုတစ်စည်းတည်း နေတတ်ကျကြပြီး တစ်ကောင်တည်းနေထိုင်ခဲသည်။
ဤနေ့က ဖန်ရန် အဆင့် (၈) သို့ ရောက်ရှိပြီးနောက် သုံးရက်မြောက်သောနေ့ ဖြစ်သည်။
ဤသုံးရက်အတွင်း ဖန့်ရန်သည် ယုန်နှင့် အခြားသားကောင် တစ်ဒါဇင်ခန့်ကို အမဲလိုက်ခဲ့သည်။
ထို့အပြင် မြွေများ၏ ခြုံခိုတိုက်ခိုက်ခြင်းနည်းလမ်းကို အသုံးပြု၍ သူသည် သး၏ အသိုက်အနီးက ရေကန်ငယ်တွင် တောဝက်ငယ်တစ်ကောင်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သေးသည်။
ထိုသုံးရက်အတွင်း အမဲလိုက်ခြင်းက သူ့အား စနစ်အမှတ် (၂၀၀၀) ကျော်ကို ရရှိစေခဲ့သည်။
ယခုအချိန်တွင် သူ၏ စုစုပေါင်းစနစ်မှတ်က (၂၄၁၀) အထိ ရှိနေခဲ့ပြီ ဖြစ်သည်။
၎င်းပမာဏက နောက်ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သည့် အမှတ်၏ ထက်ဝက်နီးပါးရှိသည်။
သားကောင်ရှားပါးခြင်း မရှိလာစေရန်အတွက် သူသည် ရက်အနည်းငယ်ကြာတိုင်း နေရာ ပြောင်းလဲရမည် ဖြစ်သည်။
ဖန့်ရန်သည် တော၏ ဘယ်ဘက်ခြမ်းတွင် ရက်အနည်းငယ်ကြာအောင် အမဲလိုက်ရန် ရွေးချယ်လိုက်သည်။
တော၏ ဧရိယာကို စူးစမ်းနေစဉ် ဖန့်ရန်သည် မီးခိုးရောင်သစ်ခေါက် ငှက်အုပ်စုကို တွေ့လိုက်ရ၏။
ထင်းရှူးပင်အသိုက်တွင် နေထိုင်စဉ်အချိန်က မီးခိုးရောင်သစ်ခေါက် ငှက်ဥများကို စားသုံးခဲ့တာကို သူမှတ်မိနေသေးသည်။
၎င်းကို မြည်းစမ်းကြည့်တော့ အရသာက အဆင်ပြေ၏။ ထိုကြောင့် ၎င်းကို မနက်စာအဖြစ် အမဲလိုက်ရန် ရွေးချယ်ခဲ့ဘူးသည်။
သူ၏ မဆုတ်မနစ်လိုက်လာမှု အောက်တွင် သူနှင့် မီးခိုးရောင်သစ်ခေါက် ငှက်များကြား အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာ ခဲ့သည်။
မီးခိုးရောင်သစ်ခေါက် ငှက်တွေသည် ပျံသန်းတတ်သော်လည်း ၎င်းတို့၏ ပျံသန်းဖို့ အရှိန်ယူရသည်မှာ အတော်လေးကို ကြာသည်။
၎င်းတို့အတွက် အရေးကြီးဆုံးမှာ ပျံသန်းနိုင်ဖို့ရန် နေရာလွတ်နှင့် အရှိန်အဟုန်ကို လိုအပ်၏။ ယခုတော့ ထူထပ်သော သစ်ရွက်များက ပိတ်ဆို့ထားခြင်းကြောင့် သူတို့သည် ပျံသန်ဖို့ နေရာမရှိသလောက်ပင်။
ယခုအခိုက်အတန့်တွင် မီးခိုးရောင်သစ်ခေါက် ငှက်ငါးကောင်သည် ရှေ့သို့ပြေးနေရင်း အတောင်များကို ဝှေ့ယမ်းနေသည်။ ၎င်းက ဟန်ချက်ထိန်းရန်သာ ဖြစ်သည်။
ဟူးးး
ရုတ်တရက် ဖန့်ရန်က ပို၍အရှိန်မြှင့်လိုက်ပြီး အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။ သူသည် မီးခိုးရောင်သစ်ခေါက် ငှက်တစ်ကောင်၏ ဘေးသို့ ရောက်သွားကာ ၎င်း၏ ခြေထောက်ကို ကိုက်ချလိုက်သည်။
".. ဂစ်!. ဂစ် "
မီးခိုးရောင်သစ်ခေါက် ငှက်သည် နာကျင်စွာ အော်ဟစ်ရင် ၎င်း၏ အတောင်ပံများကို ကြိမ်ဖန်များစွာ ခတ်ပေရာ အမွေးအမြောက်အမြား ကျွတ်သွားခဲ့သည်။
မီးခိုးရောင်သစ်ခေါက် ငှက်ကို သတ်ပြီးနောက် ဖန့်ရန်သည် ၎င်းသေသွားသော မီးခိုးရောင်သစ်ခေါက် ငှက်ကို ခေတ္တလျစ်လျူရှုလိုက်ပြီး သူနှင့်နီးကပ်နေသည့် ခြေထောက်များကိုလည်း ကိုက်ကာ အဆိပ်နှင့် သတ်လိုက်သည်။
ဖန့်ရန်သည် မီးခိုးရောင်သစ်ခေါက် ငှက်နှစ်ကောင်ကို သတ်ဖြတ်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ကျန်သုံးကောင်နှင့် သူကြား (၆) မီတာ အကွာအဝေးမှာ ကျယ်ဝန်းသောနေရာလွတ်တစ်ခုရှိသည်။
တောင်ပံခတ်သံများနှင့်အတူ သစ်ကိုင်းပေါ်မှာ ပြေးနေသော မီးခိုးရောင်သစ်ခေါက် ငှက် (၃) ကောင်သည် သစ်ကိုင်းပေါ်မှ ခုန်ဆင်းကာ အဝေးသို့ ပျံသန်းသွားကြသည်။
အဝေးက အစက်လေးတစ်စက်ဖြစ်သွားခဲ့သည့် မီးခိုးရောင်သစ်ခေါက် ငှက် (၃) ကောင်ကို ကြည့်လိုက်ပြီး ဖန့်ရန်က သစ်ပင်ပေါ်မှဆင်းကာ ငှက်သေကောင်တွေရဲ့ နံဘေးကို သွားကာ ၎င်းတို့ကို မျိုချလိုက်သည်။
ဖောင်းကားနေသော ဗိုက်ကိုဆွဲယူကာ ဖန့်ရန်သည် ရှေ့သို့ ဆက်သွားခဲ့သည်။
တစ်နေရာ အရောက်မှာ ဖန့်ရန်သည် အနီရောင်တောက်တောက်နှင့် ဆွဲဆောင်မှုရှိသော အသီးတွေ တွဲလောင်းကျနေသော အပင်များကို တွေ့လိုက်သည်။
ဖန့်ရန်သည် ထိုသစ်သီးပင်များထဲက ပန်သီးပင်တစ်ခုသာ မှတ်မိသည်။ ကျန်အပင်တွေက ဘာပင်လဲဆိုတာ သူမသိပေ။
သစ်ပင်တွေကို ကြည့်နေစဉ် အဝါရောင်သစ်ရွက်တစ်ရွက်က သူ့ခေါင်းပေါ်ကျလာသည်။
ဖန့်ရန်က မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အဝါရောင်သစ်ရွက်များကို ခေါင်းငုံ့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ယခုရာသီမှာ ဆောင်းဦးရာသီအစဖြစ်သောကြောင့် သစ်ပင်အများစု၏ အရွက်များသည် အဝါရောင်ပြောင်းလာပြီး အများစုမှာ မြေပေါ်သို့ ကျဆင်းနေပေသည်။
တောတွင်း အပူချိန်လည်း သိသိသာသာ ကျဆင်းစပြုလျှက်ရှိသည်။
ဤအပူချိန်တွင် မြွေအများစုသည် ၎င်းတို့၏ လှုပ်ရှားမှုကို လျှော့ချလိုက်ကြပေပြီ။ သူ အချက်တစ်ချက်ကို အတည်ပြုနိုင်သည်မှာ ယခုရက်ပိုင်းတွင် လျှောက်သွားရင်း မြွေ သို့မဟုတ် ဖားများကို တွေ့ရခဲခြင်းပင်။
သူက အအေးဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ဤအပူချိန်ကျ ဆင်းမှုက သူ့အပေါ် အနည်းငယ်မျှ သက်ရောက်မှုမရှိပေ။
ယခင်ကဲ့သို့ အရင်အတိုင်း လိုက်လျောညီထွေရှိပြီး သွက်လက်ဆဲပင် ဖြစ်သည်။
၎င်းက သူစိတ်ကူးထားသည့်အတိုင်းပင် အရေပြား ခုခံမှုကို အကြိမ်အနည်းငယ် အဆင့်မြှင့်ပြီးနောက် သူ၏ အအေးနှင့် အပူခံနိုင်ရည်သည် ပြင်ပအပူချိန်ကြောင့် မသက်ရောက်နိုင် သလောက်ပင်။
" ကွိ..ကွိ..ကွိ..!"
" ကွိ..ကွိ..ကွိ..! "
" ကွိ..ကွိ.."
" ကွိ..ကွိ..ကွိ.! "
ရုတ်တရက် စူးရှသောအော်သံများက ဖန်ရန် ကို သူ့အတွေးထဲမှ နိုးထစေသည်။
သူသည် အသံ၏ ဦးတည်ရာကို မသိစိတ်ဖြင့် ကြည့်ရင်း ချက်ချင်းပင် အံ့သြသွားသည်။
မျောက်အုပ်စုတစ်စုသည် သစ်ပင်တစ်ပင်မှ အခြားတစ်ပင်သို့ ခုန်ကာ သစ်သီးတစ်ပင် ထက်ကို ခဏအတွင်းရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။
၎င်းမျောက်အုပ်စုတွင် မျောက်ကောင်ရေ (၂၀) ခန့်ရှိပြီး ၎င်းတို့အားလုံးသည် သစ်ပင်တစ်ပင်မှ အခြားတစ်ပင်သို့ စိတ်လှုပ်ရှားစွာ ခုန်ပေါက်ရင်း ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။
" မျောက်အုပ်စု ပါလာ.."
ဖန့်ရန်သည် ပြန်ဝင်စားပြီးသည့်နောက် ဤမျောက်အုပ်စုကို ပထမဆုံး အကြိမ်တွေ့လိုက်ရခြင်းကြောင့် အံ့သြသွားပြီး အသေအချာကြည့်လိုက်သည်။
သူ၏ စောင့်ကြည့်မှုအောက်တွင် မျောက်တစ်ကောင်သည် ပန်းသီးပင် ... တစ်ပင်ဆီသို့ ခုန်တက်ကာ ပန်းသီးတစ်လုံးကို ကိုက်ကာ စိတ်အားထက်သန်စွာ အော်ဟစ်ရင်း သစ်ကိုင်းထက်မှာ ကနေသည်။
ဖန့်ရန်က တခြားမျောက်တွေကို ကြည့်လိုက်တော့လည်း သူတို့လည်း အတူတူပင်ဖြစ်သည်။
တစ်ချို့သော မျောက်များသည် သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်ကာ သစ်သီးများကို စားသောက်ကြသည်။ တချို့က ဆော့ကစားရင်း ဟိုသစ်ပင်ခုန်၊ ဒီသစ်ပင်ခုန်နှင့် အသီးမျိုးစုံ ကို ကြည့်ပြီး ဘယ်ဟာကို အရင်ရွေးရမည်ကို အကျပ်ရိုက်နေပုံရသည်။
သစ်ပင်များပေါ်တွင် လိုက်လျောညီထွေ ရှိလွန်သော မျောက်အုပ်စုကို ကြည့်မိတော့ ဖန့်ရန်သည် သူတို့အပေါ်ကို မနာလို ငြူစူမိသည်။
"ငါဘာလို့ မျောက်တစ်ကောင်အဖြစ် ပြန်မဝင်စားရတာလဲ.. "
အကယ်၍ သူသာ မျောက်တစ်ကောင်အဖြစ် ပြန်ဝင်စားခဲ့လျှင် သူ့တွင် လက်နှင့်ခြေများ ရှိလိမ့်မည်။
ယခုလိုလည်း အစိမ်းလိုက်စားနေစရာမလိုဘဲ သူ့စားချင်သော စိတ်ဆန္ဒကို ကျေနပ်စေရန် အစားအစာကိုလည်း ချက်ပြုတ်နိုင်သည်။
၎င်းက အနာဂတ်တွင် သူ့ကို ဧရာမမျောက်ဝံတစ်ကောင်ဖြစ်စေနိုင်ပေမည်။ ကံမကောင်းစွာနဲ့ပဲ သူက မြွေ ဖြစ်လာသည်။
သူသာ မျောက်အဖြစ် ပြန်ဝင်စားခဲ့ပါက အနာဂတ်တွင် ကမ္ဘာမြေကိုပင်။ ဖျက်ဆီးပစ်သည့် မျောက်ဝံတစ်ကောင်အဖြစ် အစွမ်းထက်လာနိုင်သည်။ သို့သော် ၎င်းက အိမ်မက်သာ ဖြစ်နေသည်။
ဝမ်းနည်းစွာ ခေါင်းယမ်းရင်း ဖန့်ရန်သည် သူနှင့် အနည်းငယ်ဝေးကွာနေသည့် မျောက်အုပ်စုကို ကြည့်နေရာမှ မျက်စိမှိတ်ကာ ထိုစိတ်ကူးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
မျောက်တစ်ကောင်လို ပြန်မမွေးဖွားခဲ့တာကို သူတော်တော်နောင်တရသည်။
ဒဏ်ရာရနေတဲ့ သူ့နှလုံးသားလေးကို နှစ်သိမ့်ဖို့ မျောက်တစ်ကောင်လောက်ဖမ်းသင့်လား..?
.....