ထွက်ပြေးခြင်း
Vol. 3 Ch. 39
ဒါကိုတွေးပြီး ဖန့်ရန် မျောက်ငယ်လေး တစ်ကောင်ကို ရွေးချယ်လိုက်၏။ ၎င်းမျောက်ငယ်လေးသည် မျောက်အုပ်စုရဲ့ အစွန်းမှာ ရှိသည်။
သို့သော် ဖန့်ရန် တုံ့ဆိုင်းနေမိသည်။
အဘယ်ကြောင့်ဆိုသော် မျောက်များသည် သစ်ပင် တက်ရာတွင် အလွန်သွက်လက်၏။ သူ့ကိုသာ တွေ့သွားရင် လိုက်ဖမ်းဖို့က အရမ်းခက်ခဲတဲ့နိုင်သည်။
ထိုကြောင့် သူ့ကို သတိမထားမိစေဘဲ ခိုးကြောင်ခိုးဝှက်နဲ့ ချုံခိုတိုက်ခိုက်မှရပေမည်။
ဖန့်ရန်က သူ့စိတ်ထဲတွင် တွေးတောနေချိန်တွင် စနစ်၏အချက်ပေးသံက သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။
[ ပစ်မှတ် - မျောက်၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၁၂၀ မှတ်ကို ရရှိနိုင်သည် ]
စနစ်၏သတိပေးချက်ကို ကြားပြီးနောက် ဖန့်ရန်သည် မျောက်ငယ်လေးဆီသို့ ဖြည်းညင်းစွာ သွားနေရင်း သူ့အတွေး နစ်မြောနေသည်။
"နောက်တစ်ကြိမ် ငါ့မှာ ကျွမ်းကျင်မှုရမှတ်တွေရလာရင်.. ' အရောင်ပြောင်း ဖုံးကွယ်ခြင်း'စွမ်းရည်ကို တစ်ကြိမ်လောက် အနည်းဆုံး အသက်သွင်းအဆင့်မြှင့်ရမယ်.."
သွားနေရင်း ဖန့်ရန်က သူ့အားနည်းချက်ကို ဖာထေးရန် တွေးလိုက်မိသည်။
သူ့ခန္ဓာကိုယ်အရောင်သည် အတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ထား နိုင်ပေမယ့် အခုတော့ မလုံလောက်တော့ပေ။ သူ့လက်ရှိအရွယ်အစားနဲ့ဆို၊ သူ့ခန္ဓာကိုယ် အရောင်က ပတ်ဝန်းကျင်အရောင်နှင့် မည်မျှတူပါစေ၊ အလွယ်တကူသိသာနေဆဲ ဖြစ်သည်။
ဒီအချက်က ဆင့်ကဲဖြစ်စဉ်တစ်ခု ပြီးတိုင်း ပိုပိုထင်ရှားလာမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု နောက်ဆုံးတွင် အရောင်ပြောင်း ဖုံးကွယ်ခြင်း စွမ်းရည်ကို အသက်သွင်းအဆင့်မြှင့်ရမည် ဖြစ်သည်။
' အရောင်ပြောင်း ဖုံးကွယ်ခြင်း ' စွမ်းရည်၏ အကျိုးသက်ရောက်မှုသည် ပတ်ဝန်းကျင်အရောင်နှင့် တူညီသော အရောင်အဖြစ် သူ့ကို ပြောင်းလဲနိုင်စေခြင်း ဖြစ်သည်။
သူ့မှာသာ ထိုစွမ်းရည်ရှိရင် မျောက်အုပ်စုက သူ့ကို ရှာတွေ့ရှိမှာကို စိုးရိမ်နေစရာ မလိုတော့ပေ။ ဖန့်ရန်က တွေးနေရင်းနဲ့ မျောက်ကလေးဆီကို ဖြည်းညှင်းစွာ လျှောသွားနေသည်။
ခဏအကြာ နောက်ဆုံးမှာတော့ မျောက်ကလေးထိုင်နေသော သစ်ပင်အောက်ရောက်သွားသည်။
မျောက်ကလေးသည် လက်နှစ်ဘက်ဖြင့် ပန်းသီးတစ်လုံးကို ကိုင်ကာ စားနေချိန်၌ပင် သူ့အကြည့်သည် သစ်ပင်ပေါ်မှ တွဲလောင်းကျနေသော ပန်းသီးများကို ဆီရောက်နေကာ နောက်ထက်မည်မျှ စားရင် ကောင်းမလဲဟု တွေးနေပုံရသည်။
မျောက်ကလေးပဲဖြစ်ဖြစ် မျောက်အုပ်စုထဲက တခြားမျောက်တွေဖြစ်ဖြစ်၊ ပန်သီးပင်အောက်ကို ဖန့်ရန် ရောက်လာသည်အား သူတို့ သတိမထားမိပေ။
ဖန့်ရန်သည် သူ့ခန္ဓာကိုယ်ကို ပင်စည်မှာ ရစ်ပတ်ပြီး ဖြည်းဖြည်းချင်း တက်သွားသည်။
သူသည် မျောက်အုပ်စု၏ အာရုံကို ဆွဲဆောင်မိမည်စိုး၍ တတ်နိုင်သမျှ သွားနေသည်။
သို့သော် မည်မျှပင်သတိထားနေပါစေ။
ဖန့်ရန်သည် မျောက်ငယ်လေးနဲ့ (၅) မီတာအကွာအဝေးထက်မနည်းသော နေရာရောက်ချိန် အခြားသောသစ်ပင် တစ်ပင်ထက်မှ အရွယ်ရောက် မျောက်တစ်ကောင်သည် ၎င်း၏ ဦးခေါင်းကို ခါယမ်းလိုက်ချိန်မှာ.. သူ့ကို တွေ့လိုက်ရပြီး ၎င်းမျောက်၏ တစ်ကိုယ်လုံးရှိ အမွေးတွေ ထောင်မတ်သွားသည်။
" ကွီးး.. အာအေး အူးး "
ထိုမျောက်၏ ထိတ်လန့်တကြား သတိပေးသံက တိုတောင်းသော်လည်း ၎င်းအသံက မျောက်အားလုံးကို ကြားသွားစေပြီ အားလုံးက ထိုအရွယ်ရောက် မျောက်ညွှန်သည့်နေရာကို လှမ်းကြည့်လိုက်ကြသည်။
ထိုအခိုက်တွင် ဖန့်ရန် ပစ်မှတ်ထားသော မျောက်ကလေးသည်လည်း နောက်လှည့်ကြည့်လာသည်။
၎င်းက ချက်ချင်းပင် သူ့နောက်မနီးမဝေးမှာ သုံးမီတာရှည်ရှိသော စပါးအုံးမြွေကြီးကို တွေ့လိုက်ရသည်။
" ကှီးးးးး "
ရုတ်တရက် မြွေကြီး တွေ့လိုက်၍၊ မျောက်ကလေးသည် ထိတ်လန့်ကာ ဟန်ချက်ပျက်သွားပြီး သစ်ပင်ပေါ်မှ ပြုတ်ကျသွားသည်။
ချက်ချင်းပင် မျောက်ကလေးက သစ်ကိုင်းတစ်ကိုင်းကို လက်နှစ်ဘက်ဖြင့် လှမ်းဆွဲကိုင်လိုက်ခြင်းကြောင့် သစ်ပင်ပေါ်မှာ တွဲလောင်းဖြစ်နေတော့သည်။
သူ့ကို ရှာတွေ့သွားကြောင်း ဖန့်ရန် သိလိုက်သည်။ သူ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။
သူသည် သူ၏ ကြွက်သားများကို တင်းကြပ်လိုက်ကာ မြှားတစ်စင်းကဲ့သို့ အရှိန်ဖြင့် မျက်စိတစ်မှိတ်အတွင်း နှစ်မီတာအကွာကို ဖြတ်ကာ မျောက်ကလေးထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
မျောက်ကလေးသည် ထိတ်လန့်တုန်လှုပ်ကာ ပြေးသော်လည်း အလွန်အမင်း ထိတ်လန့်မှုကြောင့် လမ်းတစ်လျှောက်၌ အကြိမ်ပေါင်းများစွာ သစ်ကိုင်းထက်ကနေ ပြုတ်ကျလုနီးပါးဖြစ်ခဲ့သည်။
မျောက်များသည် အခြေခံအားဖြင့် မြွေများနှင့် ကြုံတွေ့ရလျှင်ပင် မကြောက်ဘဲ၊ သစ်ပင်ပေါ်တွင် ဆက် နေကြသော်လည်း၊ ၎င်းမြွေတွေက အရှည် (၁) မီတာကျော်ရုံလောက်ပင်။
သို့သော်လည်း ယခုအချိန်တွင် သူ့နောက်လိုက်နေသော စပါးအုံးမြွေသည် (၃) မီတာကျော် ရှည်လျား၏။
သူ့ရှေ့က ပြေးနေသည့် မျောက်လေးကို ကြည့်ရင်း ဖန့်ရန် နည်းနည်းတော့ စိတ်ဓာတ်ကျသွားသည်။ ၎င်းနှင့် တစ်မီတာသာ ပိုနီးခဲ့ရင် ၎င်းကို သူ၏ အဆိပ်ထိုးသွင်းလိုက်နိုင်ပေမည်။
သူနှင့် မျောက်ငယ်လေးကြား ပိုပိုနီးကပ်လာသည်။
ဖန့်ရန်သည် သူတို့ကြားရှိ အကွာအဝေးကို တွက်ချက်ပြီးနောက် အမြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။
ဖန့်ရန်က မျောက်ငယ်လေးကို လိုက်ဖမ်းနေချိန်၌ မျောက်အုပ်စုရှိ အခြားမျောက်များသည် တတ်နိုင်သမျှ ကျယ်လောင်စွာ အော်ဟစ်ပြီး သူ့ကို ကြောက်လန့်ရန် ကြိုးစားကြသည်။
မျောက်ကြီးတွေ၌ မြွေတွေနဲ့ ပတ်သတ်ပြီး အတွေ့အကြုံတွေ ရှိကြသည်။
ဖန့်ရန်သည် မြွေဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။
သို့သော် ပထမဦးစွာ သူတို့သည် ဤကဲ့သို့ မြွေကြီးကို တစ်ခါမျှ မတွေ့ဖူးသေးပေ။ ဒုတိယအချက်မှာ သူတို့၏ အတွေ့အကြုံအရ ဤမြွေသည် ယခုအချိန်၌ အမဲလိုက်ခြင်းကို ရပ်တန့်ကာ ဆောင်းခိုရန် နေရာရှာသင့်နေပေသည်။
သို့သော်လည်း ဤထူးဆန်းသော မြွေကြီးသည် ယခုအချိန်တွင် လှုပ်ရှားသွားလာဆဲဖြစ်သည်က သူတို့ကို အနည်းငယ် စိတ်ရှုပ်စေလေသည်။
" အခုပဲ! "
မျောက်ငယ်လေးနဲ့ (၂) မီတာအကွာအဝေးကို ရောက်သောအခါ ဖန့်ရန် မျက်လုံးတွေ တောက်ပလာပြီး သူသည် ကြွက်သားတွေကို တင်းကြပ်ကာ တိုက်ခိုက်တော့မယ့် အချိန်၌ ရုတ်တရက် တစ်စုံတစ်ခုက သူ့ဆီ လျှင်မြန်စွာ ပျံသန်းလာခဲ့သည်။
ဘုတ်! ..
ထိုအရာသည် သူ့ရှေ့ရှိ သစ်ကိုင်းတစ်ကိုင်းနှင့် တိုက်မိသွားပြီး ကျယ်လောင်သော အသံထွက်ကာ ဖန့်ရန်ကို ရပ်တန့်စေလိုက်သည်။
" ဘာလဲဟ? "
ဖန့်ရန်သည် သစ်ကိုင်းကို ထိပြီး ပြုတ်ကျသွားသော အရာအား မြေပြင်ပေါ်သို့ မကျမီ ကြည့်လိုက်ရာ ပန်းသီးဖြစ်နေတာကို တွေ့လိုက်ရသည်။
ပန်းသီးတစ်လုံး...
ရုတ်တရက် ဖန့်ရန်က တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်ပြီး ၎င်းပန်းသီးပစ်လိုက်ရာ လမ်းကြောင်းကို ကြည့်လိုက်၏။
ထိုနေရာ၌ အရွယ်ရောက် မျောက်တစ်ကောင်သည် မရင့်မှည့်သေးသော ပန်းသီးစိမ်းတစ်လုံးကို ခူးယူနေတာကို မြင်လိုက်ရသည်။
"ဒီမျောက်က ငါ့ကို ပန်းသီးနဲ့ ပစ်လိုက်တာလား.."
ဖန့်ရန် တွေးနေတုန်းမှာပဲ၊ ၎င်းမျောက်က ပန်းသီးတစ်လုံးနဲ့ နောက်ထပ် ပစ်လာသည်။
ဘုတ်!
ဖန့်ရန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားပြီး သူက အံကြိတ်လိုက်သည်။
အခြားမြွေများသာ ဤအသီးများနှင့် ပစ်ခက်ခံရပါက၊ ၎င်းတို့၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် နာလာကျင်ပြီး၊ မြေပေါ်သို့ ပြုတ်ကျသွားနိုင်သည်။
သို့သော်လည်း သူ့၏ မာကျောသောအရေခွံကြောင့် ခြင်ကိုက်ခံရခြင်းထက် ပိုနာကျင်ရုံသာ ရှိသည်။
ပန်းသီးက သူ့ကို ရိုက်ခတ်သွားသော်လည်း သူ၏ခန္ဓာကိုယ်က သစ်ပင်ပေါ်တွင် မလှုပ်မယှက်ပင်။
သူအား ပန်းသီးဖြင့် ပစ်လိုက်သော အရွယ်ရောက် မျောက်ကို၊ ဖန့်ရန် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
၎င်းက ခြင်ကိုက်ခံရရင် လက်နဲ့ရိုက်ချင်လာသလိုပင်..မချိမခံသာ ဖြစ်စေသည်။
ဖန့်ရန်မှာ ယခုလို ခံစားချက်မျိုးရနေသည်။
မျောက်တစ်ကောင်ကြောင့် သူ့ရဲ့ အမဲလိုက်မှု ကျရှုံး သွားမယ်လို့ မထင်ထားခဲ့ပေ။
သူ၏ မျက်လုံးက စူးရှလာသည်။
ဖန့်ရန်သည် သူ၏ အမဲလိုက်ပစ်မှတ်အဖြစ် ၎င်းမျောက်သို့ ပြောင်းလဲလိုက်သည်။
[ ပစ်မှတ် - မျောက်၊ သွေးနွေးသတ္တဝါ၊ စနစ် အမှတ် ၂၀၀ မှတ်ကို ရရှိနိုင်သည် ]
စနစ်၏အချက်ပေးသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသော်လည်း ဖန့်ရန်က ၎င်းကို ဂရုမစိုက်နေပေ။
ဤအခိုက်အတန့်တွင် သူ၏ အာရုံအားလုံးသည် သူ့နှင့် မနီးမဝေးတွင်ရှိသော မျောက်ဆီ ရောက်နေသည်။
ဖန့်ရန်က သူနဲ့မဝေးလှသော မျောက်ဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။
မူလက သူသည် အရွယ်ရောက်မျောက်တစ်ကောင်ကို အမဲလိုက်ရန် မရည်ရွယ်ခဲ့ပေ။
ဒါပေမယ့် ဒီမျောက်က သူ့ကို ပစ်ခတ်ရဲတာကြောင့် သင်ခန်းစာပေးရပေမည်။
ဖန့်ရန်က ဤအချိန် သူ့စိတ်ထဲမှာ လှောင်ရယ်နေပေမယ့် နောက်အခိုက်အတန့်မှာတော့ သူ့ရဲ့ လှောင်ပြောင်မှုများဟာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူသွားနေတာ ရပ်တန့်သွားသည်။
ထိုအချိန်တွင် ဖန့်ရန်သည် မလှုပ်ရှားတော့ဘဲ တစ်ဖက်ခြမ်းရှိ မျောက်အုပ်စုကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဆန့်ကျင်ဘက်အခြမ်းမှာ သစ်ပင်တွေပေါ်၌ မျောက်တွေအားလုံးက ပန်းသီးနဲ့ တခြားအသီးမျိုးစုံကို တစ်ယောက် တစ်လုံးစီ လက်ထဲမှာ ကိုင်ထားကြသည်။
" ငါ……”
သူကျိန်ဆဲလိုက်ချင်ပေမယ့်..။
ထိုအချိန် အသီးမျိုးစုံသည် သူ့ဆီသို့ တည့်တည့်တိုးဝင်လာလေသည်။
ဘုတ်.! ဘုတ်.! ...ဘုတ်!
အရာဝတ္ထုများ၏ တိုက်မိသံများနှင့်အတူ ဖန့်ရန်သည် နောက်လှည့်ကာ ကမန်းကတန်း ထွက်ပြေးလိုက်တော့သည်။
.....