နည်းလမ်း
Vol. 3 Ch. 40
ဖန့်ရန်သည် သစ်ကိုင်းများမှတဆင့် မြေပေါ် လျင်မြန်စွာ ဆင်းကာ သွားနေသည်။
သစ်သီးများစွာ၏ နေရာအနှံ့အပြားသို့ ထိခတ်သံများက ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်စေသည်။
ဖန့်ရန်ကို စိတ်မသက်မသာဖြစ်စေတာက အသီးမျိုးစုံသည် သူ့အနောက်မှ ပွတ်ကာ၊ သီကာ ပျံထွက်ခြင်းပင်။
"ငါ့အစာအဖြစ် စဉ်းစားထားတဲ့ မျောက်တွေက ငါ့ကို ထွက်ပြေးနိုင်တဲ့အထိ တွန်းအားပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ဒီသစ်သီးတွေက အသက်ကို မခြိမ်းခြောက်နိုင်ပေ။ ၎င်းတို့သည် သူ့ကို ဒဏ်ရာပင် မပေးနိုင်သော်လည်း သူ့စိတ်ကိုတော့ စိတ်မသက်မသာ ဖြစ်စေပေသည်။
ဖန့်ရန်သည် သူ့မျက်လုံးကို ထိလုနီးပါးဖြစ်နေသော အသီးတချို့ကို တစ်ချက်၊ တစ်ချက် ရှောင်နေရသည်။
မြွေက ထွက်ပြေးနေတာကို မြင်တော့ မျောက်အုပ်စုသည် ဝမ်းသာကခုန်လိုက်သော်လည်း ၎င်းမှာတင် မရပ်ဘဲ အသီးတွေကို ခူးကာ ပစ်ပေါက်ရင်း သူ့နောက်ကို လိုက်လာကြလေသည်။
"တောက်! ဒင်တို့က ငါကို ဟာသများ မှတ်နေတာလာ.. "
ဖန့်ရန် ဒေါသထွက်သွားသည်။ ဤမျောက်များ၏ အထိန်းအကွပ်မဲ့မှုနှင့် လှောင်ပြောင်သောအမူအရာက သူ့ကို ဒေါသဖြစ်စေသည်။
သူသည့ သူ၏ ဒေါသကို ဖြေဖျောက်ရန် မျောက်တစ်ကောင်ကို လှည့်ပတ်ဖမ်းရန် စဉ်းစားလိုက်သည်။
ဤမျောက်များ၏ အသီးတွေနဲ့ အပစ်ခံရတာက တကယ့်ကို နာကျင်ရသည်။
မြွေအများစုသည် ထိုကဲ့သို့ အဆက်မပြတ် အပစ်ခံရပါက ကြာရှည်ခံနိုင်မည် မဟုတ်ဘဲ သေဆုံးသွားနိုင်သည်။
သို့သော် သူ၏ အရေပြားမာကျောမှုသည် ထိုအခြေအနေကနေ ကင်းလွတ်စေ၏။
'အများဆုံးမှ နည်းနည်းလေး နာကျင်ယုံပေါ့'
ဖန့်ရန်က တွေးလိုက်သည်။
မျောက်တွေကို လှည့်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ချိန်မှာပဲ၊ ဖန့်ရန်က ရုတ်တရက် ရပ်လိုက်သည်။
ဖန့်ရန်သည် သူ့အရှေ့ကို စိုက်ကြည့်နေစဉ် သူ့ မျက်နှာထက်မှာ အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
ဖန့်ရန်သည် သူ့အရှေ့က အရာကို မြင်ပြီးနောက် မျောက်တွေကို သင်ခန်းစာပေးနိုင်မည့် နည်းလမ်းတစ်ခုကို လျှင်မြန်စွာ စဉ်းစားမိလိုက်သည်။
ရှေ့မလှမ်းမကမ်းက အပင်၊ တစ်ပင်ပေါ်တွင် ပျားအုံကြီးတစ်ခုရှိနေပြီး ၎င်းပတ်ပတ်လည်တွင် ပျားအမြောက်အမြား ပျံသန်းနေကြသည်။
ဤပျားများသည် မည်သည့်ပျားအမျိုးအစားဖြစ်သည်ကို သူမသိသော်လည်း ၎င်းသည် သူ့ဘဝနှစ်ခုလုံးတွင် သူမြင်ခဲ့သမျှထဲမှာ အကြီးမားဆုံး ပျားတွေဖြစ်ကြောင်း သူသေချာသိသည်။
ဤပျားအုံးက သူယခင် ဤနယ်မြေကို လေ့လာစူးစမ်းစဉ်က တွေ့ခဲ့ခြင်းပင်။
ထိုအချိန်တွင် ဖန့်ရန်သည် ထိုပျားရည်၏ အရသာကို မြည်းစမ်းချင်သော်လည်း ပျားတွေကို ကြောက်ရွံ့သောကြောင့် မြည်းစမ်းချင်စိတ်ကို မျိုသိပ်ကာ ဤနေရာမှ ထွက်လာခဲ့ရသည်။
သို့သော် ယခုတော့ သူ၏ အဆင့်မြှင့်ထားသော အရေပြားခုခံမှုဖြင့် ပျားတွေက သူ့အား အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေနိုင်ဟု ယုံကြည်သည်။
ယခု ပျားအုံကို ပြန်မြင်သောအခါတွင် အကြံတစ်ခုပေါ်လာသည်။ သူ့နောက်တွင်ရှိသော မျောက်တွေကို သင်ခန်းစာ ပေးရန် ဤပျားတွေကို သုံးနိုင်သည်။
နောက်ဘက်ရှိ မျောက်အုပ်စုသည် သူနှင့် နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့်၊ ဖန့်ရန်က ရှေ့သို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။
.. စက္ကန့်အနည်းငယ်ကြာသောအခါ ပျားအုံနားသို့ သူရောက်သွားသည်။
ဖန့်ရန်က သစ်ပင်ပေါ်တက်ပြီး ပျားအုံးရှိနေသော အကိုင်းကို အမြီးနဲ့ ရိုက်ချလိုက်သည်။
တဝီဝီ အသံများနှင့်အတူ ပျားအုံးသည် မြေပြင်ပေါ်သို့ ကျသွားသည်။
ဝီး း း း.. ဝီး း း း .. ဝီး း း း
ပျားအုံးသည် မြေပြင်နှင့် တိုက်မိပြီး စက္ကန့်အနည်းငယ်အကြာတွင် ၎င်းထဲမှ အနည်းဆုံး ပျား (၁၀၀၀၀) ကျော်က တဝီးဝီး အသံတွေနှင့်အတူ ထွက်ပေါ်လာသည်။
ပျားများသည် ပျားအုံမှ ထွက်ပြီး ၎င်းတို့သည် ပတ်ပတ်လည်တွင် ဖြန့်ကျက်ကာ တပ်သားများဖြန့်ကျက်ကာ ရန်ပြုသူကို ရှာဖွေကြသည်။
ဖန့်ရန်သည် သစ်ကိုင်းတစ်ခုကို ရစ်ပတ်ကာ သူ့ခန္ဓာကိုယ်ကိုနှင့် သူ့ခေါင်းကို ကာကွယ်လိုက်သည်။
ထိုပျားတွေသာ သူ့မျက်လုံး သို့မဟုတ် နှာခေါင်းထဲကို မဝင်နိုင်သရွေ့ ၎င်းပျားတွေက သူ့ကို ထိခိုက်စေနိုင်မှာ မဟုတ်ဟု သူယုံကြည်သည်။
သူ ခန့်မှန်းထားသော အတိုင်းပင်။ ပျားအမြောက်အမြားသည် သူ့ကို အဆိပ်ရှိသည့် ၎င်းတို့ အပ်များဖြင့် တိုက်ခိုက်လာကြသော်လည်း သူ့ကိုယ်မှာ ခြစ်ရာပင် မထင်ခဲ့ပေ။
ဖန့်ရန်၏ လုပ်ရပ်သည် သူ့နောက်လိုက်နေသောမျောက်အုပ်စုကို ထိခိုက်သွားစေသည်။
“ ကွိ ... အေး ဟေး ဟေး ”
မျောက်တစ်ကောင်သည် သူ့ဆီ ပျံသန်းလာသော ပျားတစ်ကောင်ကို မြင်လိုက်ရာ ချက်ချင်း လက်နဲ့ ရိုက်လိုက်လေသည်။
သို့သော် ၎င်းပျားသည် ထိုမျောက်လက်ကို ရှောင်းရှားပြီး အဆိပ်ရှိ ၎င်း၏ အပ်ဖြင့် အသွေးအသားကို ထိုးဖောက်လိုက်လေသည်။
မျောက်သည် ချက်ချင်း နာကျင်စွာအော်လိုက်ပြီး ရောင်ကိုင်စပြုလာသော သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သို့သော် ထိုအချိန်တွင် အခြားပျားတွေသည် ပျံသန်းလာခဲ့ပြီး ၎င်းမျောက်ကို စတင်တိုက်ခိုက်တော့သည်။
ထိုမျောက်၏ အမွေးတွေမှာ ထူထဲသော်လည်း အချို့သောနေရာများ၌ အမွေးတွေမရှိပေ။
ဤသို့ဖြင့် ၎င်းမျောက်၏ မျက်နှာ၊ လက်နှင့် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် ဖောရောင်လာရန် အချိန်သိပ် မကြာလိုက်ပေ။
" ကွီး..အီး..အေ့..အို..ကွီး..အူး..ကွီးးး "
ထိုမျောက်သည် ထိတ်လန့်တကြားအော်ကာ အနောက်သို့ ပြန်လှည့်ပြေးသည်။
၎င်းတင်မကဘဲ တခြားမျောက်တွေလည်း ရုတ်တရက် ပျားများ၏ တိုက်ခိုက်လာမှုကြောင့် ထိတ်လန့်သွား၍ အဝေးသို့ ထွက်ပြေးကြလေသည်။
မျောက်တွေ၏ မိုက်မဲမှုနှင့် မာနကြီးသော အမူအရာများ လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဖန့်ရန်သည် ဤမျောက်များ၏ ခေါင်းကို ကိုင်ထားပြီး နာကျင်စွာ အော်ဟစ်နေတာကို ပြုံးပြီး ကြည့်နေသည်။
သူ့ကို ဝိုင်းဝန်တိုက်ခိုက်နေသော ပျားများသည်တော့ ကျောက်ခဲကို တိုက်ခိုက်နေရ သလိုမျိုး ခံစားနေကြရသည်။
ယင်းကြောင့် ပျားများသည် ဆက်လက်မတိုက်ခိုက်တော့ဘဲ၊ သူတို့အားလုံးသည် ထွက်ပြေးသွားသော မျောက်တွေနောက်ကို လိုက်သွားကြလေသည်။
ပျားများ၏ အဆိပ်အပ်များသည် အများအားဖြင့် အဆိပ်ရှိသည်။ ၎င်းတို့၏ အဆိပ် ပြင်းအားက ပျားအမျိုးအစားအလိုက် ကွဲပြားသည်။
၎င်းပျားများက မည်သည့်ပျားအမျိုးအစားဖြစ်သည်ကို သူမသိသော်ငြား ၎င်းတို့၏ အရွယ်အစားအရ၊ ၎င်းပျားတွေ၏ အဆိပ်သည် အားနည်းမည်ဟု မထင်ထားပေ။
" ဟား.. ဟား.. ဟား... "
"ဒီအဆိပ်ပြင်းတဲ့ ပျားအမြောက်အမြားရဲ့ လိုက်ဖမ်းတာကို ခံရတာဆိုတော့ ဒီမျောက်အုပ်ပုံစံက တော်တော်ရယ်ရတာပဲ.."
ဖန့်ရန် ၎င်းကိုတွေးပြီး ရယ်မောနေသည်။
သူမျှော်မှန်းထားသည့် အတိုင်းပင်၊ မျောက်အုပ်စုရှိ မျောက်များသည် နေရာအနှံ့အပြားသို့ ခွဲထွက်၊ ထွက်ပြေးနေကြ၏။
မျောက်တစ်ကောင်စီ ၏ နောက်ကို၊ ရာနှင့်ချီသော ပျားတွေက ၎င်းတို့နောက် လိုက်နေကြသည်။
တောအုပ်၏ နေရာအတော်များများ၌ မျောက်အော်သံများ ထွက်ပေါ်လျက်ရှိသည်။
" အူးးးး ... အေ့.... ကှီးးး.. အု! "
ထိုအချိန်တွင် ပျားအကိုက်ခံရသည့် ပထမဆုံးသော အရွယ်ရောက် မျောက်သည် သစ်ပင်ပေါ်မှ ဇောက်ထိုးပြုတ်ကျသွားသည်။
" ဘုတ်! "
၎င်း၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဦးခေါင်းက ချက်ချင်းလို ယခင်အရွယ်အစားထက် နှစ်ဆခန့် ရောင်ကိုင်ဖောင်းလာပြီး မြေပေါ်သို့ လဲကျမှုသွားလေသည်။ ၎င်းမျောက်၏ ပါးစပ်မှ သွေးများ စီးကျနေသည်။
မြေပြင်၏ တုန်ခါမှုကို ခံစားလိုက်ရသော ဖန့်ရန်သည် ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။
ဤအချိန်မှာ မျောက်အုပ်စုဟာ သူ့မြင်ကွင်းကနေ ပျောက်သွားခဲ့ပေပြီ။ သူက တုန်ခါမှုခံစားလိုက်ရသည့် နေရာသို့ သွားလိုက်သည်။
မီတာနှစ်ရာသုံးရာလောက် သွားပြီးနောက် သစ်ပင်၊ တစ်ပင်အောက်မှာ သေနေသည့် အရွယ်ရောက် မျောက်တစ်ကောင်ကို တွေ့လိုက်ရသည်။
မျောက်၏ အလောင်းကို ကြည့်နေရင်း ဖန့်ရန် မျက်လုံးများ တောက်ပလာသည်။
မဆိုင်းမတွပင် သူသည် ၎င်းကို မျိုချဖို့ ပြင်ဆင်ကာ မျောက်အနားကို အလျင်အမြန် ပြေးသွားလိုက်သည်။
သို့ပေမယ့် မျောက်သေ၏ ဘေးမှာ ရှုပ်ပွနေတာကို မြင်တော့ ဖန့်ရန် အံ့ဩသွား၏။ ၎င်းမျောက်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျားသေကောင်များစွာရှိနေပေသည်။
ပျားများသည် ရန်လိုသူများကို သူတို့၏ အဆိပ်အပ်ဖြင့် ထိုးပြီးနောက်၊ အပ်သည် ရန်သူ၏ အထိုးခံလိုက်ရသော နေရာ၌ ကျန်ရှိနေမည်ဖြစ်ရာ အဆိပ် အလွန်ပြင်းသော ပျားတစ်ကောင်သာ တိရစ္ဆာန်တစ်ကောင်ကို အဆိပ်အပ်ဖြင့် ထိုးလိုက်ပါက မကြာမီ သေဆုံးသွားမည်ဖြစ်သည်။
ဖန့်ရန်သည် ခေါင်းကိုခါယမ်းရင်း ၎င်းအရွယ်ရောက် မျောက်သေကို ချက်ချင်းမျိုချလိုက်သည်။
ဤမျောက်၏ ခန္ဓာကိုယ်အရှည်သည် မီတာဝက်ခန့်ကျော်ပေရာ ၎င်းကို မျိုချပြီးနောက် သူ့ဗိုက်သည် အတော်လေး ဖောင်းကားသွားစေသည်။
" ဟူးးးးးးး"
ဖန့်ရန်သည် သက်ပြင်းတစ်ချက်ချလိုက်၏။ ယခုချိန်မှသာ သူ့နှလုံးသားလေးက စိတ်ချမ်းသာသွားတော့သည်။
မူလက သူသည် မျောက်လေးကို မျိုချရန် စီစဉ်ခဲ့သော်လည်း မျောက်အုပ်စု တွေ့သွား၍ ဖမ်းဆီးရန် မဖြစ်နိုင်ဟု ခံစားရတာကြောင့် ၎င်းအကြံကို စွန့်လွှတ်ခဲ့ရသည်။
ဒါပေမယ့် မျောက်အုပ်စုက သူ့ကို လှောင်ပြောင်တာကြောင့် လက်စားချေဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
ဤအချိန်မီာပင် ဖန့်ရန်သည် မြေပြင်ကနေ ရင်းနှီးသော တုန်ခါမှုကို ခံစားလိုက်ရသည်။ ၎င်းနေရာက သူနှင့် သိပ်တော့မဝေးလှပေ။
မြွေများသည် မြေပြင်၏တုန်ခါမှုကို ခံစားနိုင်သောကြောင့် ဖန့်ရန်သည် ၎င်းက ပျားများ၏ တိုက်ခိုက်ခြင်းကို မခံနိုင်ဘဲ သစ်ပင်ပေါ်မှပြုတ်ကျသည့် အခြားမျောက်တစ်ကောင်ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။
သူ၏ မျက်လုံးများက တောက်ပနေသည်။
သူ့ခန့်မှန်းချက် မှန်ကန်နေသည်။ တုန်ခါမှု၏ အရင်းအမြစ်သို့ ရောက်သောအခါ မြေပြင်ပေါ်တွင် သေဆုံးနေသော မျောက်ငယ်လေးကို တွေ့လိုက်ရသည်။
ထိုမျောက်ငယ်လေးဟာ သူအရင်က အမဲလိုက်ဖို့ စီစဉ်ထားသော မျောက်လေးမဟုတ်ပဲ ပိုငယ်ရွယ်၏။ ၎င်းက သူ့ကို စနစ်အမှတ် (၁၀၀) ပေးစွမ်းသည်။
ယနေ့၏ စုစုပေါင်း အမဲလိုက်မှုက အမှတ် (၃၀၀) ရသည်။
"ဒီပျားတွေက သူတို့ ပျားအုံကို မေ့ပြီး အစောင့် မထားခဲ့ဘူးပဲ.."
ဖန့်ရန်သည် ပျားများဝေးသွားလျှင် ပျားအုံးကို သိမ်းပိုက်ပြီး ပျားရည်ကို မြည်းစမ်းနိုင်သည်ဟု တွေးတောလိုက်သည်။
ထို့အတွေးဝင်လာပြီးနောက် ဖန့်ရန်၏ စိတ်ထဲသတိဝင်လာပြီး ပျားအုံးနာကို ပြန်သွားလိုက်သည်။
ပျားအုံနားရှိရာ သစ်ပင်အောက် ရောက်ချိန်တွင် ပျားအုံးထဲကို ခေါင်းထိုးကာ တစ်စုံတစ်ယောက် လျှာနဲ့လျက်နေတာကို မြင်လိုက်ရသည်။
.....