ပျားရည် ထောင်ခြောက်
Vol. 3 Ch. 41
ဖန့်ရန်သည် သစ်ပင်ထက်တွင် ရွှေညိုရောင် တိရစ္ဆာန်တစ်ကောင်က ပျားအုံမှစိမ့်ထွက်နေသော ပျားရည်ကို လျက်နေတာကို တွေ့လိုက်ရသည်။
ထိုတိရိစ္ဆာန်၏ အရှည်မှာ တစ်မီတာခွဲခန့်ရှိကာ အမြီးကတော့ ခန္ဓာကိုယ်အရှည်ရဲ့ ထက်ဝက်နီးပါးနေရာ ယူထားသည်။
ပျားအုံးကို လျက်နေသော တိရစ္ဆာန်ကို ကြည့်လိုက်ရင်း ဖန့်ရန် အနည်းငယ်စိတ်ဆိုးသွားသည်။
သူခဏသာ ထွက်သွားခဲ့သော်လည်း ဒီသူခိုးက သူ့ပျားရည်ကို လာလျက်နေပြီ ဖြစ်သည်။
"ငါ့ဥစ္စာကို ခိုးယူလို့ မကောင်းဘူးဆိုတာ ပြရမယ်"
သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သစ်ပင်ထက်သို့ ဖြည်းညှင်းစွာ တွယ်တက်လိုက်ပြီး ထိုတိရစ္ဆာန်၏ နောက်သို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
[ ပစ်မှတ် - ရွှေအိုရောင် ဝက်ဝံ၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၂၀၀ မှတ်ကို ရရှိနိုင်သည် ]
ဤဝက်ဝံသည် အရွယ်ရောက် တိရစ္ဆာန်များ ကဲ့သို့ တူညီသော စနစ်အမှတ်ကို ပေးနိုင်မှုသည် ဖန့်ရန်အား စိတ်ကျေနပ်မှုကို ဖြစ်စေသည်။
စနစ်အမှတ် (၂၀၀) မှတ်ဆိုတာ အတော်လေးများပြားသော ပမာဏဖြစ်သည်။
ယခင်က မျောက်နှစ်ယောက်သည် သူ့ကို စနစ်အမှတ် (၃၀၀) ပေးသည်။ အကယ်၍ သူသည် ဤရွှေအိုရောင် ဝက်ဝံကို အောင်မြင်စွာ ဖမ်းဆီးနိုင်ပါက....ယနေ့မနက် သူ၏ စုစုပေါင်း စနစ်အမှတ်ရရှိမှုက စုစုပေါင်း စနစ်အမှတ် (၅၀၀) အထိ ရှိလာနိုင်မည်ဖြစ်သည်။
ယခုအချိန်က... နေ့လယ်သာ ရှိသေးသည်။
ဖန့်ရန်က တွေးနေချိန်မှာတောင် ဖြည်းညှင်းစွာ သွားနေဆဲ ဖြစ်၏။ အရင်ကထက် ပိုသတိထားနေသေးသည်။
ရွှေအိုရောင် ဝက်ဝံသည် ပျားအုံးကို ကိုက်ဖြတ်ချင်ပုံရကာ ပျားအုံပေါ်တွင် သူ့လက်ကို တင်လိုက်လေသည်။ သူ့နောက်၌ (၃) မီတာရှည်သော စပါးအုံးမြွေတစ်ကောင်သည် သူ့ဆီသို့ ဖြည်းညှင်းစွာ ချည်းကပ်လာနေသည် ကို သတိမမှုမိပေ။
ထိုအချိန် နှစ်ယောက်သာ တစ်မီတာပဲ ကွာတော့သည်။
ဖန့်ရန်က ရွှေအိုရောင် ဝက်ဝံကို ရုတ်တရက် ထိုးနှက်တိုက်ခိုက်လိုက်သည်။
ထိုအချိန် ရွှေအိုရောင် ဝက်ဝံသည် သူ့နောက်ကျောမှ တစ်စုံတစ်ယောက် ချဉ်းကပ်လာတာကို ခံစားလိုက်ရသော်လည်း၊ ဖန့်ရန်သည် ဤကဲ့သို့ အခြေအနေကို အသင့်ပြင်ထားပြီးသား ဖြစ်သည်။
ရွှေအိုရောင် ဝက်ဝံ၏ ညှပ်ရိုးကို ကိုက်မိလိုက်ပြီးနောက် ဖန့်ရန်သည် သူ၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး ၎င်းကို တင်းကြပ်စွာ ရစ်ပတ်လိုက်သည်။
ရွှေအိုရောင် ဝက်ဝံသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နာကျင်မှုများ ကြောင့် နာကျင်စွာ အော်ဟစ်လေသည်။
ဖန့်ရန်၏ ပြင်းထန်သော ညှစ်အားအောက်တွင် ရွှေအိုရောင် ဝက်ဝံ၏ အရိုးများ တိုက်ရိုက်ကျိုးကျေသွားပေသည်။
ထို့နောက် ရွှေအိုရောင် ဝက်ဝံ၏ ပါးစပ်မှ သွေးများ တပွတ်ပွတ်ထွက်လာကာ သေသွားတော့သည်။
ဝက်ဝံသေဆုံးကြောင်း အတည်ပြုပြီးနောက်၊ ဖန့်ရန်သည် ၎င်းအား ချက်ချင်းမျိုချလိုက်သည်။
ယင်းနောက် သူ့ရှေ့က ပျားအုံကို ကြည့်ရင်း ဖန့်ရန် တုံ့ဆိုင်းသွား၏။ မူလ သူ့အစီအစဉ်အရဆို ပျားအုံကို ဖောက်ချပြီး အတွင်းထဲမှာ ပျားရည်၏ အရသာကို မြည်းစမ်းမည်ဖြစ်သည်။
သို့သော် ဤဝက်ဝံကို မြင်ပြီးနောက် သူစိတ်ပြောင်းသွားသည်။
ဤတောထဲမှာ သားကောင်များကို ဆွဲဆောင်ရန်အတွက် ဤပျားအုံကို ထောင်ချောက်အဖြစ် အသုံးပြုနိုင်သည်။
ဖန့်ရန်သည် ပျားအုံကို အမြီးဖြင့်သယ်ပြီး အခြားတစ်နေရာသို့ ရွှေ့လိုက်သည်။
ဤနေရာ၌ သွေးနံ့များ ပြင်းထန်လွန်း၍ ပျားရည် နှင့် ဆွဲဆောင်လျှင်ပင်..။ သွေးနံ့က တိရစ္ဆာန်များကို သတိပေးသလို ဖြစ်နိုင်လေသည်။
ချုံပုတ်တစ်ခုရဲ့ဘေးက မြေပြင်မှာ ပျားအုံကို ချထားပြီးနောက် ဖန့်ရန်သည် ချုံပုတ်ထဲ ချက်ချင်း ဝင်ပုန်းနေလိုက်သည်။
သူ၏ အကြေးခွံအရောင်မှာ သစ်ရွက်ခြောက်များနှင့် ဆင်တူသည်။ ဂရုတစိုက်သာ
မကြည့်လျှင် သူ၏ တည်ရှိမှုကိုတောင် တွေ့နိုင်လိမ့်မည် မဟုတ်ပေ။
တစ်နာရီနီးပါးလောက် စောင့်ပြီးနောက်.. ပထမဆုံး ထောင်ချောက်ထဲ ရောက်လာတာက ငှက်လေးတစ်ကောင် ဖြစ်သည်။
ဤငှက်သည် အလွန်သေးငယ်ပြီး စနစ်အမှတ် (၁ ) မှတ်သာ ပေးနိုင်၍ အမဲလိုက်ရန် ပျင်းရိတာဖြင့် ၎င်းကို ကြောက်လန့်စေရန် ဖန့်ရန်သည် ချုံပုတ်ထဲမှ အပြေးအလွှားထွက်ကာ ခြောက်လှန့်လိုက်သည်။
ထိုနောက် ချုံပုတ်ထဲသို့ ပြန်သွားကာ အခြားသော ထောင်ချောက်ထဲ ရောက်လာမယ့် တိရစ္ဆာန်များကို စောင့်ဆိုင်းနေခဲ့သည်။
မကြာမှီ၌...
သူ့အနီးနားရှိ ချုံပုတ်တစ်ခုမှ တောကြောင်တစ်ကောင်သည် ခေါင်းတိုး ထွက်လာကာ ပတ်ဝန်ကျင်းကို အကဲခတ်နေသည်။
ဖန့်ရန်၏ မျက်လုံးများက အရောင်တောက် လာကာ သူသည် ၎င်းတောကြောင်ကို သေချာစိုက်ကြည့်နေသော်လည်း သူ့ခန္ဓာကိုယ်က မလှုပ်ရှားပေ။
အဘယ့်ကြောင့်ဆိုသော် ၎င်းတောကြောင်က သူ၏ အကောင်းဆုံးသော အမဲလိုက်အကွာအဝေးသို့ မရောက်သေးသောကြောင့်ပင်။
တောကြောင်သည် ပျားအုံနားသို့ ရောက်သောအခါ အန္တရာယ်မရှိဟု အတည်ပြုကာ ဘေးပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်ပြီး ပျားရည်ကို ဂရုတစိုက်လျက်လိုက်သည်။
ဒါပေမယ့် ဒီအချိန်မှာပဲ အရိပ်တစ်ခုက ဘေးနားက ချုံပုတ်တွေဆီကနေ ပြေးလာပြီး တောကြောင်ရဲ့ လည်ပင်းကို ကိုက်လိုက်လေသည်။
ဖန့်ရန်သည် သူ၏ လည်ပင်းအပေါ်ပိုင်းနှင့် အောက်မေးရိုးမကို အသုံးပြုကာ ပြင်းထန်စွာ ကိုက်ခဲလိုက်ပြီး သူ၏ အဆိပ်ကို ထိုးသွင်းလိုက်သည်။
...
တောကြောင်ကို မျိုချပြီးနောက် ဖန့်ရန်သည် သူ၏ မူလပုန်းအောင်းရာသို့ ပြန်သွားကာ ထောင်ချောက်ထဲကျလာမည့် သားကောင်များကို စောင့်နေခဲ့သည်။
****
ပျားရည် ထောင်ချောက်ကမိသည့် တိရစ္ဆာန်အများစုမှာ တောကြောင်တွေ ဖြစ်သော်လည်း၊ တစ်နေ့တာ ကုန်ဆုံးချိန်၌ စုစုပေါင်း စနစ်အမှတ် (၃၃၀) မှတ်ကို စုဆောင်းနိုင်ခဲ့သည်။
ညဘက်တွင် ဖန့်ရန်သည် သူ့ဘေးနား၌ ပျားအုံကို ချထားပြီး အခြားတိရစ္ဆာန်များ ခိုးယူခြင်းမပြုရန် တားဆီးခဲ့သည်။
ဤနည်းလမ်းကို အသုံးပြု၍ သူသည် သုံးရက်ဆက်တိုက် အမဲလိုက်လာခဲ့သည်။ တစ်ခါတစ်ရံတွင် သူက အမဲလိုက်ဧရိယာကို ပြောင်းလဲသည်။
ထိုအချိန် အတောအတွင်း တိရစ္ဆာန် အကောင်ရေ တစ်ရာနီးပါးသည် သူ့ပါးစပ်ထဲ၌ အသက်ဆုံးရှုံးခဲ့ရသည်။
သူ၏ စုစုပေါင်း စနစ်အမှတ်မှာ (၄၇၅၀) သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ယခုဆို စနစ်အမှတ် (၆၀၀၀) ရရှိဖို့ အလွန်နီးကပ်နေပြီ ဖြစ်သည်။
ဤသုံးရက်အတွင်း ဖန့်ရန်သည် မျောက်အုပ်စုနှင့် ထပ်မံတွေ့ဆုံခဲ့ရသော်လည်း ၎င်းမျောက်များသည် သူ့ကိုတွေ့ပြီးနောက် အဝေးသို့ ထွက်ပြေးသွားခဲ့သည်။
"ဒီပျားရည်က သိပ်မဆိုးဘူး... ငါဒီပျားအုံကို အချိန်အကြာကြီး အမဲလိုက်ဖို့ သုံးနိုင်သေးတယ်.. "
ဖန့်ရန်သည် ချုံပုတ်တစ်ခုထဲတွင် ပုန်းနေပြီး သူ့ရှေ့မလှမ်းမကမ်းက ပျားအုံကို ကြည့်ရင်း သူ့စိတ်နှလုံးထဲမှာ ပျော်ရွှင်မှုများ ပြည့်နေသည်။
ဤနည်းဖြင့် အမဲလိုက်ခြင်းက အလွန်ထိရောက်သည်။ သူသာ ဤအနေအထားကို ထိန်းထားနိုင်သရွေ့ နှစ်ရက်အတွင်း ဆင့်ကဲဖြစ်စဉ် စတင်နိုင်ပေမည်။
ရှပ်.. ရှပ်..ရှပ်..
"အိုး တိရစ္ဆာန်တစ်ကောင်တော့ လာနေပြီး"
ရုတ်တရက် သစ်ရွက်ခြောက်ပေါ်မှ နင်းလျှောက်လာသော ခြေသံများကြားလိုက်ရသဖြင့် ဖန့်ရန်သည် စိတ်လှုပ်ရှားသွားကာ အသံထွက်ရာလမ်းကြောင်းကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
သို့သော် ထိုတိရစ္ဆာန်ကို မြင်လိုက်ရသောအခါ ဖန့်ရန်၏ စိတ်နှလုံးသည် ချက်ချင်းပင် ငြိမ်သက်သွားသည်။
[ ပစ်မှတ် - မြေခွေး၊ အသားစားသတ္တဝါ၊ စနစ်အမှတ် ၃၅၀ မှတ်ကို ရရှိနိုင်သည် ]
စနစ်၏ အချက်ပေးသံနှင့်အတူ ဖန့်ရန် ရှေ့တွင် မြေခွေးတစ်ကောင် ပေါ်လာသည်။
၎င်းသည် ယခင်က ဖန့်ရန်နှင့် ပဋိပက္ခဖြစ်ဖူးသော မြေခွေးအုပ်စုထဲက မြေခွေးတစ်ကောင် ဖြစ်သည်။
မြေခွေးများသည် သူတို့အုပ်စုနှင့် အမြဲလိုလို ရှိနေသောကြောင့် ဤနေရာတွင် မြေခွေးတစ်ကောင် ပေါ်လာခြင်းမှာ ၎င်း၏အဖော်များနှင့် သိပ်မဝေးဟု ဆိုလိုခြင်း ဖြစ်သည်။
သူထင်ထားသည့်အတိုင်း ပထမမြေခွေးပေါ်လာပြီးနောက် နောက်ထပ် (၃) ကောင်သည် ၎င်းနောက်တွင် မဝေးတော့ပေ။
ဖန့်ရန်က ၎င်းတို့အကြောင်း တွေးနေချိန်၌..။ အခြား မြေခွေးသုံးကောင် ပေါ်လာတာကို မြင်လိုက်ရသည်။
၎င်းမြေခွေးသုံးကောင်ကို မြင်လိုက်သည်နှင့် အမှန်ပင်၊ ယခင်က သူတွေ့ဖူးခဲ့သော တောင်ပေါ်ရှိ မြေခွေးအုပ်စု ဖြစ်ကြောင်း သေချာသွားသည်။
"ဘာ..သူတို့ ငါ့ကို တွေ့သွားတာလား.. "
ဖန့်ရန်သည် မြေခွေးလေးကောင်က ပျားအုံကိုပင် မကြည့်ဘဲ၊ သူရှိရာ ချုံပုတ်ဆီ တည့်တည့် ပြေးလာတာကို တွေ့လိုက်ရသောကြောင့် ရုတ်တရက် ပါးစပ်လှုပ်သွားသည်။
" ငါ..လူး.."
ကျိန်ဆဲရင်း ဖန့်ရန်သည် ချက်ချင်းပင်..။ ချုံပုတ်ထဲမှ ထွက်ကာ၊ သစ်ပင်တစ်ပင်ထက်ကို အမြန်တက်လိုက်သည်။
" အာဝူး! ဝူး! ဂီး! "
မြေခွေးလေးကောင်သည် သစ်ပင်အောက်သို့ ပြေးလာသည်။ ၎င်းတို့သည် ဖန့်ရန်ကဲ့သို့ သစ်ပင်မတက်နိုင်သောကြောင့်၊ ဖန့်ရန်ကို လှမ်းကြည့်ကာ မာန်ဖီဖို့ပင် တတ်နိုင်သည်။
အောက်နားက မြေခွေးတွေကို ကြည့်ရင်း ဖန့်ရန်က ခဏကြာတော့ ဒီကောင်တွေ ပင်ပန်းလာပြီး ထွက်သွားလိမ့်မယ်လို့ တွေးပြီး မျက်လုံးကို မှိတ်ဖို့ လုပ်လိုက်စဉ်..။
၎င်းမြေခွေးတွေရဲ့ နောက်ဆက်တွဲလုပ်ရပ်က သူ့ကို ဒေါသထွက်သွားစေပေသည်။
မြေခွေးတွေသည် ဖန့်ရန်ကို မဖမ်းနိုင်မှန်း သိလိုက်ရတော့ ချက်ချင်းပင်..။ ပျားအုံနားကို လျှောက်သွားကာ အထဲမှာ ပျားရည်တွေကို တစ်စက်မျှ မကျန်အောင် စားသောက်လိုက်ကြသည်။
.....