လူ
Vol. 3 Ch. 42
သစ်ပင်အောက်က မြင်ကွင်းကို ကြည့်ရင်း ဖန့်ရန်သည် အံကိုကြိတ်ထားလိုက်သည်။
သူထိုပျားအုံနှင့် အချိန်အတော်ကြာ အမဲလိုက်ဖို့ ကြံစည်ထားသည်မှာ ဤမြေခွေးတွေကြောင့် သူ့အကြံအစီပျက်စီးသွားပေပြီ..။
မကြာမီကပင် ဤပျားအုံကို အသုံးပြုပြီးနောက် အမဲလိုက်ခြင်းက မည်မျှလွယ်ကူလာကြောင်း သူစဉ်းစားနေခဲ့သည်။
ဒါ့အပြင် ပိုစိတ်ပျက်စရာကောင်းတာက၊ ၎င်းမြေခွေးလေးကောင်သည် ပျားရည်ကို စားပြီးတာတောင် မခွာဘဲ သစ်ပင်အောက်မှာ ဆက်နေနေခြင်းပင်။
သေချာသည်မှာ ဤမြေခွေးလေးကောင်သည်၊ ယခင်က ဖန့်ရန် သတ်ခဲ့သော သူတို့၏ အဖော်ကို မှတ်မိနေပုံရသည်။
သူတို့၏ လုပ်ရပ်ကို ဖန့်ရန် လှောင်ရယ်မိသည်။
ထိုနောက် သူသည် သစ်ကိုင်းအခက်များ ယှက်သန်းနေရာကို သွားလိုက်သည်။ ထိုနောက် သူသည် ထိုနေရာမှတဆင့် သစ်ပင်တစ်ပင်ကို ခုန်ဖြတ်ကာ အခြားသစ်ပင်ကိုဆက်သွားသည်။
ဤသစ်တောရှိ သစ်ပင်များကသည် စိမ်းလန်းစိုပြေပြီး သစ်ပင်အကိုင်းအခက်အများစုသည် ချိတ်ဆက်လျက်ရှိသည်။
မြေခွေးတွေသည် ဖန့်ရန် ထိုကဲ့သို့ ထွက်သွားသည့်အတွက် အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်းပင် သူ့နောက်သို့ လိုက်လာလေသည်။
သို့သော် (၃) ကီလိုမီတာကျော်လိုက်ပြီးနောက် မြေခွေးတွေ လက်လျှော့လိုက်ကြ၏။
အဘယ့်ကြောင့်ဆိုသော် ဤတောထဲမှာ သူတို့၏ အဖော်အတွက် လက်စားချေရန်မှာ မဖြစ်နိုင်မှန် သိသွားကြသောကြောင့် ဖြစ်သည်။
သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ ပွင့်လင်းသော တောင်များတွင်သာ ဖြစ်နိုင်သည်ဟု နားလည်သွား၏။
၎င်းမြေခွေးလေးကောင်ကို မျက်ချေဖြတ်ပြီးနောက် ဖန့်ရန်သည် သစ်ပင်ပေါ်မှ ဆင်းကာ ဂူဆီသို့ အမြန်ပြန်သွားလိုက်သည်။
သူသည် တောထဲတွင် သုံးရက်တိုင်တိုင် အမဲလိုက်ချိန်၌ ညဘက်အိပ်နေချိန်မှာပင် သတိမလျှော့ထားခဲ့ပေ။
လှိုဏ်ဂူထဲ ပြန်ဝင်ပြီးသည်နှင့် ဖန့်ရန်သည် သူ့ဘယ်ဘက်နံရံမှာ ကပ်လျက်ရှိသည့် ကျောက်တုံးကြီးပေါ်တက်ပြီး အိပ်ပျော်သွားခဲ့သည်။
နှစ်ရက်ကြာ အနားယူပြီးနောက် သူ့ အကောင်းဆုံးအခြေအနေအဖြစ် ပြန်ရောက်မှသာ အမဲလိုက်ခြင်းကို ဆက်လက်လုပ်ဆောင်သည်။
နောက်ရက်အနည်းငယ်အတွင်း ဖန့်ရန်နှင့် မြေခွေးအုပ်စုတို့သည် (၄) ကြိမ်၊ (၅) ကြိမ်ခန့် တွေ့ဆုံခဲ့သော်လည်း ပဋိပက္ခမရှိခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ဖန့်ရန်သည် ၎င်းမြေခွေးအုပ်စုနှင့်တွေ့တိုင်း သူသည် သစ်ပင်ပေါ်သို့တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၎င်းမြေခွေးလေးကောင်က သူ့အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်သော်လည်း ဤတောထဲမှာ ဆက်နေနေတာက သူ့ကို အလွန်ဒေါသထွက်စေ၏။
ထိုအခြေအနေက ဂူတစ်ဂူထဲမှာ ကျားနှစ်ကောင် မအောင်းနိုင် သလိုပင်..။
အကြောင်းရင်းက တောင်ပေါ်၌ အရင်းအမြစ်များ အကန့်အသတ်ရှိခြင်းကြောင့် ဖြစ်သည်။ ထိပ်တန်းသဘာဝ မုဆိုးနှစ်ကောင်ရှိလျှင် ပဋိပက္ခများ ဖြစ်လာနိုင်သည်။
ဤသစ်တောတွင် သားကောင် မရှားပါးသော်လည်း၊ ဖန့်ရန် လိုအပ်သော သားကောင်အရေအတွက်မှာ အလွန်များပြားသည်။
ထို့အပြင် ဆင့်ကဲဖြစ်စဉ်တစ်ခုစီအတွက် လိုအပ်သော အရေအတွက်က ပိုမိုများပြား လာမည် ဖြစ်သည်။
ယင်းမြေခွေးလေးကောင်၏ ဤတောအတွင်း တည်ရှိမှုသည် သူ၏ ဆင့်ကဲဖြစ်စဉ် အရှိန်ကို ထိခိုက်စေနိုင်သည်။
ထို့အပြင် ၎င်းမြေခွေးလေးကောင်သည် အမဲလိုက်သောအခါတွင် လှုပ်ရှားမှုများစွာပြုလုပ်ခြင်းကြောင့် ဤနေရာရှိ သားကောင်အားလုံးသည် ပို၍သတိရှိလာပြီး ကြောက်ရွံ့လာကြသည်။
ယင်းက သူ၏ အမဲလိုက်ရာမှာ အခက်အခဲများ တိုးသွားစေသည်။
သူ့စိတ်ထဲ ဘယ်လောက်ပင် ဒေါသထွက်နေပါစေ။ လက်ရှိ အခြေအနေကို ပြောင်းလဲဖို့ရန် နည်းလမ်းမရှိပေ။ သူ့၏ လက်ရှိ ခွန်အားနဲ့ ၎င်းမြေခွေးလေးကောင်ကို တိုက်ခိုက်ပါက ဒဏ်ရာကင်းမဲ့စွာ တိုက်ခိုက်နိုင်မယ်ဆိုတာ မသေချာပေ။
"ဒီမြေခွေးလေးကောင်ကို ငါအခွင့်အရေးရရင်.. သတ်ပစ်ရမယ်.."
ဖန့်ရန်က မြက်ခင်းပြင်ပေါ်၌ သွားနေရင်း မုန်းတီးစွာ တွေးလိုက်သည်။
တောထဲတွင် မြေခွေးလေးကောင် ပေါ်လာပြီးနောက် သူ၏ အမဲလိုက်ခြင်းသည် ချောမွေ့တော့ခြင်းမရှိသော်လည်း၊ သုံးရက်အတွင်း၌ စနစ်အမှတ် (၁၁၀၀) ကျော်ခန့်ကို စုဆောင်းနိုင်ခဲ့သည်။
သူအနေဖြင့် လျင်မြန်စွာ ဆင့်ကဲပြောင်းလဲရန်အတွက်၊ ၎င်းမြေခွေးလေးကောင်ကို ဖြေရှင်းရန်လိုအပ်နေသည်။
ယခုဆို သူ့ရဲ့ စနစ်အမှတ် စုစုပေါင်းဟာ (၅၆၇၀) အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဆင့်ကဲဖြစ်စဉ်အတွက် စနစ်အမှတ် သိပ်မလိုတော့ပေ။
***
ယခု ဖန့်ရန် ရောက်ရှိနေသည့် နေရာမှာ လှိုဏ်ဂူနောက်က သစ်တောမှာ ဖြစ်သည်။ ထိုနေရာ မြေပြင်က ပြန့်ပြူးကာ သစ်ပင်တွေ ကျဲပါးသော်လည်း၊ ထိုနေရာ၌ တိရစ္ဆာန်ငယ်လေးတွေ အများကြီးရှိသည်။
ရုတ်တရက် ဖန့်ရန်သည် သွားနေရင်း၊ လေထုကို အနံခံလိုက်စဉ် မျက်လုံးများ တောက်ပလာသည်။
ထို့နောက် ဘယ်ဘက်သို့ အနည်းငယ် သတိထားကာ သွားပြီးနောက် ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။
၎င်းငှက်ကို တွေ့ပြီးနောက် ဖန့်ရန်သည် ကျောက်ရုပ်ကဲ့သို့ ရပ်လိုက်သည်။ သူ့ခန္တာကိုယ်သည် သစ်ရွက်ခြောက်များနှင့် ရောယှက်လျက်ရှိပြီး အနီးကပ် မကြည့်ပါက ဤနေရာ၌ မြွေတစ်ကောင် ပုန်းနေတာကို သိမည်မဟုတ်ပေ။
ငှက်သည် ဖန့်ရန် ရှိရာနေရာကို ချဉ်းကပ်လာမိတာကို သတိမထားမိဘဲ ရံဖန်ရံခါ သစ်ရွက်များကို ထိုးဆိတ်ကာ အေးအေးဆေးဆေး သွားလျက်ရှိသည်။
ဖန့်ရန်သည် ငှက်ကလေးကို စူးစိုက်ကြည့်ကာ သူ့စိတ်ထဲ၌ ကြားအကွာအဝေးကို တွက်ချက်နေသည်။
ငှက်ကလေးသည် သူ့နှင့် နှစ်မီတာခန့်အကွာတွင် ရှိနေ၏။
တစ်မီတာအကွာအဝေးသည် တိုက်ခိုက်ရန်အကောင်းဆုံးအကွာအဝေး ဖြစ်သောကြောင့် ဖန့်ရန်သည် သူနှင့် ငှက်ကြား အကွာအဝေး ပိုနီးလာရန် စောင့်နေလိုက်သည်။
ကျလိ!.. ကျလိ!
ဖန့်ရန် ရှိရာဘက်ဆီသို့ ငှက်ကလေးက ဖြည်းညှင်းစွာ ခုန်ဆွ ခုန်ဆွ လာနေ၏။
မကြာမီ၌ တိုက်ခိုက်ရန် အကောင်းဆုံး အကွာအဝေးကို ရောက်တော့မည် ဖြစ်သည်။
ဖန့်ရန်သည် သူ့ကြွက်သားများကို တင်းကျပ်လိုက်ပြီး ထိုငှက်ကို အမြန်ထိုးနှက် ဖမ်းဆီးရန်အသင့်ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ထိုအချိန်တွင် မတော်တဆမှုတစ်ခု ရုတ်တရပ် ဖြစ်သွားသည်။
ဒိုင်း!
မည့်သည့် သတိပေးခြင်းမှ မရှိဘဲ အလွန်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ဖန့်ရန် အရှေ့မှ ငှက်သည် ချက်ချင်းပင် ထိတ်လန့်ကာ အော်ဟစ်၍ အတောင်ပံကို တဖျပ်ဖျပ်ခတ်ပြီး အမြန်ပျံ ပြေးသွားခဲ့သည်။
ဖန့်ရန်ပင် ထိုကျယ်လောင်သော အသံကြောင့် ထိတ်လန့်သွားသည်။
ဖန့်ရန်လည်း ပျံပြေးသွားသော ငှက်ကလေးကို..။ ဂရုမစိုက်တော့ဘဲ ၎င်းအသံကြားလိုက်ရသည့် လမ်းကြောင်းကို ကြည့်လိုက်မိသည်။
" အဲဒါ... သေနတ်သံများလား.."
ထိုအကြောင်းကို သူတွေးပြီးသည်နှင့် ဖန့်ရန် သည် ချက်ချင်းပင် တက်ကြွသွားသည်။
" နေပါအုံး.. ဒီ တောထဲမှာ သေနတ်သံက ဘယ်လိုလုပ် ပေါ်လာတာလဲ.."
ဖန့်ရန်သည် အံ့ဩမိသွားသော်လည်း ဤတော၏ တစ်ဖက်၌ ယခင်ကမြင်ခဲ့သော ကားဘီးရာ များကို သတိရသွားပြီး ချက်ချင်းနားလည်သွားသည်။
" တစ်ယောက်ယောက်များ တောင်ပေါ်တက်လာတာလား.."
ဖန့်ရန်က တခဏမျှ တုံ့ဆိုင်းသွားပြီး အံကိုကြိတ်လိုက်ကာ သေနတ်သံကြားလိုက်ရာ ဦးတည်ရာဆီသို့ သွားကာ သေနတ်သံ ထွက်လာခြင်းရဲ့ အကြောင်းအရင်းကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
(၂) ကီလိုမီတာနီးပါး သွားပြီးနောက်... ဖန့်ရန်သည် ကားအင်ဂျင်သံကို ကြားလိုက်ရ၍ ထိတ်လန့်သွားကာ ချက်ချင်းပင် သစ်ပင်ပေါ်သို့ တက်လိုက်သည်။
ထိုနောက် သူသည် ၎င်းသစ်ပင်၏ သစ်ကိုင်းတစ်ခု ပေါ်တွင် တွဲလောင်းချကာ၊ သူ့ ရှေ့မလှမ်းမကမ်းရှိ မြေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုစဉ် အရိပ်သုံးခု လျင်မြန်စွာ ပြေးသွားတာ ကို ဖန့်ရန် မြင်လိုက်ရသည်။ ၎င်းအရိပ်များ၏ အရှိန်က အလွန်မြန်ပြီး တစ်စုံတစ်ခုစီမှ ထွက်ပြေးနေသလိုပင်။
"အဲဒါ မြေခွေးအုပ်စု မဟုတ်ဘူးလား.."
ဖန့်ရန်သည် အရိပ်သုံးခုကို ကြည့်ပြီး အံ့အားသင့်သွား၏။ သူ့ရှေ့ မလှမ်းမကမ်း၌ ထွက်ပြေးနေသော အရိပ်များသည်၊ မုန်းတီးမှုကြောင့် သူ၏ သွားများပင် ယားယံစေသည့် မြေခွေးအုပ်စု ဖြစ်နေသည်။
' မြေခွေးအုပ်စုမှာ.. မြေခွေးလေးကောင်ရှိတာ.. နောက်တစ်ကောင်က ဘယ်မှာပါလိမ့်..'
ဖန့်ရန်က ပဟေဠိဖြစ်နေချိန်၌ ရုတ်တရပ် ထရပ်ကားနှစ်စီးပေါ်လာကာ၊ ၎င်းမြေခွေးသုံးကောင် အနောက်ကို လိုက်နေသည်။
သူ မကြားခင်က ကြားခဲ့ရသော အင်ဂျင်သံသည့ ဤထရပ်ကား နှစ်စီးထံမှ ဖြစ်နိုင်ပေသည်။
ဒိုင်း!
ရုတ်တရက် သေနတ်သံ ထွက်ပေါ်လာပြီးနောက် ကားရှေ့မှ ပြေးနေသည့် မြေခွေး (၃) ကောင်အနက် တစ်ကောင်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။
ယခုမှပင် ဖန့်ရန်သည် လူငယ်တစ်ဦး ပထမဆုံး ထရပ်ကား၏ နောက်ကျောတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ့လက်ရှိ အနေအထားမှ ထိုလူငယ်၏ အသွင်အပြင်ကို မမြင်ရသော်လည်း သားရေအင်္ကျီဝတ်ထားပြီး ခေါင်းပေါ်တွင် ဦးထုပ်ဆောင်းထားတာကိုတော့ မြင်နေရသည်။ သူ့လက်ထဲတွင် သေနတ်တစ်လက်ကို ကိုင်ဆောင်ထား၏။
သေနတ်ပစ်လိုက် သူက ၎င်းလူငယ်လေး ဖြစ်နိုင်ကြောင်း ဖန့်ရန် ခန့်မှန်းမိသည်။
ဒိုင်း!
ဒိုင်း!
ထိုအချိန်၌ လူငယ်လေးသည်။ ၎င်း၏ သေနတ်ဖြင့် နှစ်ချက်ဆက်တိုက် ပစ်ခတ် လိုက်လေရာ မြေခွေးနှစ်ကောင်လည်း သွေးအိုင်ထဲသို့ လဲကျသွားသည်။
ထိုအခြေအနေကို မြင်ပြီးနောက် သစ်ကိုင်း ထက်မှာ တွယ်လောင်ရှိနေသော ဖန့်ရန် အံ့သြသွားသည်။
ချက်ချင်းပင် ထိုမြေခွေးသုံးကောင်၏ အဖော်က ဦးစွာပစ်သတ်ခံရဖွယ်ရှိကြောင်း နားလည်လိုက်သည်။
ယခုအချိန်တွင် သူ၏ ပြိုင်ဘက်များသေဆုံးသွားတာကို တွေ့လိုက်ရသော်လည်း၊ ဖန့်ရန်မှာ လုံးဝမပျော်တဲ့အပြင် သူ့ကျောရိုးအတွင်း ချမ်းစိမ့်သွား သလိုပင် ခံစားနေရသည်။
ဒီလူငယ်လေးက အမဲလိုက်ဖို့ တောင်ပေါ်ကို တက်လာခဲ့တာလား..။
ဖန့်ရန်သည် သူ့အရင် လူသားဘဝတုန်းက သေနတ်ကိုင်ဆောင်ပြီး တောရိုင်းတိရိစ္ဆာန်တွေကို အမဲလိုက်ပြီး သဘာဝတရားကြီး၏ အလှအပကို ခံစားဖို့ စိတ်ကူးယဉ်ခဲ့ဖူးသည်။
သို့သော် ယခု သူသည် မြွေတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာ၍ သူ့ကို တိရစ္ဆာန် တစ်ကောင်ဟု သတ်မှတ်နိုင်သည်။
ထိုကြောင့် သူလုံးဝမပျော်နိုင်ပေ။
ဖန့်ရန်က လေးလံနေသော နှလုံးသားဖြင့် သေဆုံးသွားသည့် မြေခွေးများကို ကြည့်နေစဉ် ကားနှစ်စီးက ရပ်တန့်သွားသည်။
" ကျားနက်နဲ့ ကျားသစ်သွား ... အောင်မြင်မှုအထိမ်းအမှတ်ဖြစ်တဲ့ မြေခွေးသုံးကောင်ကို ပြန်ယူလာခဲ့! "
လူငယ်လေးက အော်လိုက်သည်နှင့် ခွေးနှစ်ကောင်သည် ကားနောက်ကျောကနေ ခုန်ဆင်းကာ သေဆုံးနေသောမြေခွေး (၃) ကောင်ဆီသို့ ပြေးသွားခဲ့သည်။
.....