← Chapters

အန္တရာယ်မှ ထွက်ပြေးရခြင်း

Vol. 3 Ch. 43

အန္တရာယ်မှ ထွက်ပြေးရခြင်း

Vol. 3 Ch. 43

ခွေးနှစ်ကောင် ထရပ်ကား နောက်ဘက်မှ ခုန်ဆင်းသွားပြီးနောက်.. သားရေအကျီဝတ်ထားသည့် လူငယ်လည်း ကားပေါ်မှ ဆင်းလာကာ ဘေးရှိ သစ်ပင်တစ်ပင်ကို မှီ၍ စီးကရက်တစ်လိပ်ကို မီးညှိုသည်။

" ရှောက်ချန်.. မင်းအခုထပ်ထိ လက်ရည် မကျသေးဘူးပဲ.. ဒီကောင်တွေနဲ့ ဒီလောက်ဝေးတာတောင် မင်းက တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တုန်းဘဲ.. "

ထိုအချိန်တွင် အနောက်ဘက် ထရပ်ကားအပေါ်မှ တက်တူးအမြောက်အမြား ထိုးထားသည့် အမျိုးသားတစ်ဦးသည် ဆင်းလာရင် လူငယ်လေးကို ပြောသည်။

သူစကားပြောနေတုန်းမှာပဲ နောက်လူနှစ်ယောက်က ကားနောက်ခန်းကနေ ဆင်းလာပြီး လူငယ်လေးဆီကို လျှောက်လာကြသည်။

" ရှောက်ချန်.. ဒီနေ့ ငါတို့ အမဲလိုက်တာ တော်တော်ရမယ် ထင်တယ်... ဒီတောထဲ ဝင်ဝင်ခြင်း မြေခွေးလေးကောင်ကို ရပြီးသွားပြီ.. ကြည့်ရတာ ကံကောင်းခြင်းနတ်သမီးက ငါတို့ကို ကောင်းချီးတွေပေးထားသလား မှတ်ရတယ်"

လမ်းလျှောက်လာသော လူနှစ်ယောက်မှ ဘယ်ဘက်ခြမ်းရှိ လူက ပြုံးပြီး ပြောသည်။

ထိုစကားကို ကြားတော့ ရှောက်ချန် ဘဝင်မြင့်သွားပြီး ကျယ်လောင်စွာ ရယ်မောလေသည်။

ဖခင်ဖြစ်သူ၏ လွှမ်းမိုးမှုအရ၊ ရှောက်ချန် သည် အမဲလိုက်ခြင်းကို စိတ်ဝင်စားပြီး အမဲလိုက်ရန်အတွက် တောင်ပေါ်သို့ မကြာခဏသွားလေ့ရှိသည်။

သူ့မိသားစု၏ အခြေအနေကောင်းမှုကြောင့်.. သူ့အနေနဲ့ လိုချင်သည့် အချိန်တိုင်း သေနတ်နဲ့ လေ့ကျင့်နိုင်ပေရာ သူ့ရဲ့ ပစ်ခတ်မှုတိုင်းမှာ အလွန်လက်တည့်ပေသည်။

ဤတောင်တန်း၌ အမဲလိုက်လေ့ရှိသော်လည်းအကြောင်းအရင်း တစ်ခုကြောင့် ဤနေရာတွင် မကြာခဏ အမဲလိုက်လေ့မရှိပေ။

သူ့အနေဖြင့် ခြင်္သေ့၊ ကျားနှင့် ဝက်ဝံများကဲ့သို့ သားကောင်ကြီးများရှိသော တောကြီးများမှာ အမဲလိုက်ရခြင်းကိုသာ ပိုနှစ်သက်သည်။

Ropes သမ္မတနိုင်ငံ၌ နှစ်စဉ်ကျင်းပသည့် အမဲလိုက်ပွဲတော်၌၊ ရှောက်ချန်သည် သူ၏ ဖခင်နှင့်အတူ အမြဲတမ်း အမဲလိုက်သွားလေ့ရှိပြီး အလွန်ရှားပါးသော တိရိစ္ဆာန်များကို အမဲလိုက်လေ့ရှိသည်။ ကံမကောင်းစွာဖြင့်၊ ထိုကဲ့သို့ စိတ်လှုပ်ရှားစရာ ပွဲတော်ကို မကြာခဏ ကျင်းပလေ့မရှိပေ။

ရံဖန်ရံခါတွင် ရှောက်ချန် အနေ့နှင့် စိတ်ခံစားချက်ကို အပြောင်းအလဲလုပ်ရန် ဤတောင်တန်းငယ်လေးကို ရောက်လာလေ့ရှိသည်။

သူ့ကို အံ့သြသွားစေသည်က ဤတောင်ပေါ်ရောက်ပြီး သိပ်မကြာခင်မှာပဲ မြေခွေးလေး (၄) ကောင်ကို တွေ့လိုက်ခြင်းပင်။ ထို့အပြင် တောင်ပေါ်တက်လာစဉ် လမ်းမှာလည်း ဆိတ်အနည်းငယ်ကို တွေ့ခဲ့ရသည်။

ရှောက်ချန် အနေ့နှင့် ပြောနိုင်တာ တစ်ခုက ယနေ့တွင် သူ့အနေဖြင့် ဧကန်မုချ များပြားသော သားကောင်များကို ရရှိလိမ့်မည် ဆိုတာပင်။

"မြေခွေးလေးကောင်ဆိုတာ ဘာမှမဟုတ်သေးဘူး။ အဖေနဲ့ ကျုပ် မနှစ်က အမဲလိုက်ပွဲတော်ကို သွားတုန်းကဆို ပေါင် ၄၀၀ ကျော်တောင်ရှိတဲ့ ဘင်္ဂလားကျားတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့တာ"

ရှောက်ချန်သည် ကျိုးနွံစွာ ပြုမူရန် မကြိုးစားဘဲ ဆက်လက်ကြွားလုံးထုတ်လိုက်သည်။

ထိုနောက်..စကားပြောနေတာ ရပ်လိုက်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။

"ဟိုမှာ.. ကျားသစ်နဲ့ ကျားနက်တို့ တစ်ခုခုရှာတွေ့သွားပြီ ထင်တယ်"

ရှောက်ချန်သည် မြေခွေးလေးကောင်ဆီ ပြေးသွားသည့် သူ့ ခွေးနှစ်ကောင်က သစ်ပင်၊ တစ်ပင် အောက်၌ ဟောင်နေတာကို မြင်လိုက်ရသည်။

……

မြေပြင်၌ သွေးများဖြင့် ဖုံးလွှမ်းနေသော မြေခွေးသုံးကောင်၏ အလောင်းကို ကြည့်ရင်း ဖန့်ရန်.. နှလုံးသားက လေးလံနေသည်။

သူဒီမှာ မနေသင့်တော့ဘူးဆိုတာ သူသိလိုက်သည်။ မဟုတ်ရင် မြေခွေးတွေ အဆုံးသတ် သွားသလို သူလည်း အဆုံးသတ်သွားနိုင်သည်။

သားရေဂျာကင်အင်္ကျီဝတ်ထားသည့် လူငယ်သည် သေနတ်ပစ် အလွန်ကျွမ်းကျင်ပုံရသည်။ သူ့ကိုသာ တွေ့သွားရင် လွတ်မြောက်ဖို့ခက်ပေမည်။

ထို့ထက် ပိုအရေးကြီးသည်မှာ တစ်ဖက်တွင် ခွေးတွေရှိခြင်းကြောင့် သူ့ကို တွေ့သွားနိုင်ပေသည်။

ဒါကိုတွေးရင်း ဖန့်ရန်ဟာ သစ်ပင်ပေါ်ကနေ ဂရုတစိုက် ဆင်းလိုက်သည်။ သူ့၏ လှုပ်ရှားမှုများကို သတိမပြုမိမှ အနည်းငယ် စိတ်လျှော့လိုက်နိုင်သည်။

သို့သော် ထိုနေရာမှ ထွက်ခွာကာ မီတာနှစ်ဆယ်ခန့် အရောက်၌ မြေခွေးတစ်ကောင်ကို ကိုက်ဆွဲနေသော ခွေးနှစ်ကောင်သည် သူ့ကို လှမ်းကြည့်လာကာ ဟောင်လာလေသည်။

ဖန့်ရန် ပါးစပ်က လှုပ်သွားသည်။

သူ့ကို ဒီလောက် မြန်မြန် သတိမထားမိသင့်ဘူး..မဟုတ်လား။

"ကျားနက်နဲ့ ကျားသစ် ဟိုမှာဘာရှိလည်း သွားကြည့်စမ်း.."

ထိုအချိန်မှာပင် ဖန့်ရန်သည် သားရေအင်္ကျီဝတ်ထားသည့် လူငယ်၏ ပြောသံကိုကြားလိုက်ရ၏။

ခွေးနှစ်ကောင်က သူတို့သခင်၏ အမိန့်ကိုကြား၍ ချက်ချင်းပြေးလာကြသည်။

တစ်ချိန်တည်းမှာပင် ဖန့်ရန်သည် သားရေအင်္ကျီဝတ်ထားသော လူငယ် ကားပေါ်ကနေ သေနတ်ကို ယူဆောင်ပြီး လျှောက်လာတာကို လှမ်းမြင်လိုက်ရသည်။

ရှဲ! ရှဲ! ရှဲ!

ဖန့်ရန်သည် ချက်ခြင်းပင် လှည့်ပြီးပြေးလိုက်ရာ ကြီးမားသော သူ့ခန္ဓာကိုယ်ကြောင့် မြေပြင်နှင့် ပွတ်တိုက်မိသံများ ထွက်ပေါ်လာသည်။

"ရှောက်ချန် ကြည့်ရတာ ပြေးသွားတဲ့ အကောင်က မြွေတစ်ကောင်ဖြစ်ပုံရတယ်.."

အနောက်ဘက်မှာ တက်တူးထိုးထားသော အမျိုးသားသည် ဖန့်ရန်၏ ခန္ဓာကိုယ်မှ မြေကြီးနှင့် ပွတ်တိုက်မိရာမှ ဖြစ်ပေါ်လာသော လမ်းကြောင်းကို မြင်လိုက်ရချိန်တွင် ပြောလိုက်ကာ ၎င်းမျက်လုံးများ တောက်ပလာသည်။

"ကြည့်ရသလောက် ဒါက စပါးအုံးမြွေတစ်ကောင်ပဲ ဖြစ်ရမယ်"

သူတို့အားလုံးသည် အထူးပင် ခံနိုင်ရည်ရှိအောင် လေ့ကျင့် ထားခဲ့သောကြောင့် လူတိုင်းက ပြေးလွှားနေကြသော်လည်း မည်သူမျှ မျက်နှာ နီရဲခြင်း သို့မဟုတ် ချွေးထွက်ခြင်းပင် မရှိကြပေ။

တက်တူးထိုးထားသော အမျိုးသားကဲ့သို့ ကျန်လူများသည်လည်း ပြေးနေစဉ် စကားပြောနေကြသော်လည်း သူတို့၏ အသက်ရှူသံသည် တည်ငြိမ်နေ၏။

"ဟားဟား ကောင်လေးတို့၊ ငါတို့ ဒီည မြွေစွပ်ပြုတ်သောက်ကြမယ်.."

ရှောက်ချန်က ရယ်ပြီး ပြောသည် ။

"အဲဒီမြွေကို အရှင်လတ်လတ် ဖမ်းကြရမယ်။ ဒါမှ ညကျရင်း ငါတို့ မြွေသွေးသောက်လို့ရမှာ"

ထိုစကားကို ကြားပြီးနောက် သူ့ဘေးမှ အတူတူပြေးနေသော ကျန်သုံးယောက်လုံး၏ မျက်လုံးများသည် အရောင်လက်လာခဲ့သည်။ ထို့အတူ ၎င်းတို့၏ ပြေးနှုန်းမှာ ပိုမို မြန်ဆန်လာခဲ့သည်။

မြွေစွပ်ပြုတ်သည် အလွန်အရသာရှိ၍ မြွေသွေးသည် အာဟာရဓာတ်များ အလွန်ကြွယ်ဝ၏။

ခွေးများ၏ အရှေ့မှ ပြေးနေသော ဖန့်ရန်သည် ထိုလူငယ်၏ စကားကြောင့် ဒေါသ ထွက်သွားသည်။

မြွေစွပ်ပြုတ် ?

မြွေသွေးသောက်သောက်ဖို့။

အရှင်လတ်လတ် ဖမ်းမယ်။

ဖန့်ရန် အနေနှင့် ပြေးနေသော်လည်း ပြန်လှည့်ကာ ထိုကောင်လေးကို ကိုက်သတ်ရန် စိတ်အားထက်သန်နေသည်။

သူ့ အနေနှင့် မြန်ဆန်စွာ ပြေးနေရခြင်းကြောင့် ချုံနွယ်အကိုင်းအခက်များ ကျောက်တုံးများ၏ ချွန်ထက်သော အစွန်းတွေက သူ့ကို နာကျင်မှုကို ပေးနေသော်လည်း ထိုလူများ၏ စကားတွေသည် သူ့ကို နာကျင်မှုကိုပင် မေ့လျော့ကာ နာကြည်းသွားစေသည်။ .

သို့သော် သူသည် အရှိန်ကို အနည်းငယ်တောင် မလျှော့ဘဲ ပို၍ပင် အရှိန်မြှင့်လိုက်သည်။ သူ့ကို လိုက်ဖမ်းနေသော ခွေးနှစ်ကောင်က သူနှင့် သိပ်မဝေးတော့ပေ။ အကယ်၍ သူသာ အရှိန်နည်းနည်း လျှော့လိုက်ရင် ချက်ချင်း ဖမ်းမိသွားနိုင်သည်။

ခွေးများနောက်တွင် အရွယ်ရောက် လူလေးယောက်သည် နောက်မှလိုက်နေသည်။

ဖန့်ရန်အဖို့ အရွယ်ရောက် လူလေးယောက်နှင့် ခွေးနှစ်ကောင်က အန္တရာယ်ရှိသော်လည်း ဖယ်ရှားဖို့က သိပ်မခက်ပေ။ ပြဿနာက ထိုလူငယ်လေး၏ လက်ထဲက သေနတ်ဖြစ်သည်။

အကယ်၍ သူသာ ပစ်ကွင်းထဲ ဝင်သွားခဲ့လျှင် ၎င်းလူငယ်လေး၏ လက်တည့်မှုနှင့်ဆို သူ့ဘဝကြီး အဆုံးသတ် သွားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ခုခံနိုင်မှုက ကျည်ဒဏ်ခံနိုင်တဲ့ အထိ မရောက်သေးသောကြောင့်ပေ။

ထိုခွေးနှစ်ကောင်သည်။ သူ့ ယခင်ဘဝက ခွေးဘီလူးများနှင့် ခပ်ဆင်ဆင် တူပေသည်။

ဤခွေးမျိုးသည် ရက်စက်၍ နာကျင်မှုကို ဂရုမစိုက်ပေ။

(၄) မိုင်မှ (၅) မိုင်ခန့် သွားပြီးနောက် ဖန့်ရန် မောပန်းလာသည်။

ထိုအချိန်တွင် ဖန့်ရန်သည် ခွေးဟောင်သံများက နီးကပ်လာတာကို ကြားလိုက်ရသည်။ ၎င်းခွေးနှစ်ကောင်၏ အရှိန်မှာ နှေးကွေးမသွားဘူးဆိုတာ သိသာသည်။

ခွေးနှစ်ကောင်က သူနှင့် ပိုမို နီးကပ်လာသည်။

" မဟုတ်ဘူး.. ငါ ဒီအတိုင်း မသေချင်ဘူး"

သူ့လက်ရှိ အရှိန်နှင့်ဆို ခွေးနှစ်ကောင်၏ လိုက်ဖမ်းခြင်းကို မဖယ်ရှားနိုင်သလို ခံနိုင်ရည်လည်း သိပ်မရှိခြင်းကြောင့် သူတို့ကို မျက်ခြေမဖြတ်နိုင်ပေ။

ဤနည်းအတိုင်း ပြေးနေပါက သူ့ခံနိုင်ရည်ကုန်ဆုံးပြီး ခွေးများမှီသွားခဲ့လျှင် ထိုလူငယ်လေးနှင့် ကျန်လူများ၏ လက်၌ မိသွားပြီး.. သူသေသွားနိုင်သည်။

ဒါကိုတွေးရင်း ဖန့်ရန် မျက်လုံးတွေ စူးရှသွားသည်။

' ဒီခွေးနှစ်ကောင်ကို ရှင်းပစ်ရမယ်! '

သူ့နောက်ကို လိုက်နေသော လူလေးယောက်က အတော်ဝေးဝေး၌ ရှိနေသေးသည်။

ဖန့်ရန်သည် သူ ၎င်းခွေးနှစ်ကောင်ကို သူတို့ မရောက်ခင် သတ်နိုင်မလားဆိုပြီး စိတ်ထဲ၌ တွက်ချက်လိုက်သည်။

ပြေးလွှားရင် စိတ်ထဲ၌ တွက်ချက်နေချိန်.. သူ့ရှေ့မှာ သစ်ပင်ကြီးတစ်ပင် ရုတ်တရက်ပေါ်လာလေသည်။ ဖန့်ရန်လည်း မဆိုင်းမတွပင် သစ်ပင်ပေါ်ကို တက်သွားလိုက်သည်။

" ဝုတ်! "

" ဝုတ်! "

" ဂီး! "

ခွေးနှစ်ကောင်သည် ချက်ချင်းပင် သစ်ပင်အောက် ရောက်လာပြီး၊ ဖန့်ရန်၏ အမြီးကို ခုန်ပေါက်ကာ ကိုက်လိုက်ကြသည်။

တစ်မီတာကျော်ခန့်သာ တက်ရသေးသော ဖန့်ရန်က နောက်ပြန်လှည့်ကြည့်လိုက်ပြီး ခွေးတစ်ကောင်ကို ပြန်ကိုက်လိုက်သည်။

" ဝုတ်! "

ဘယ်ဘက်ရှိ ခွေးတစ်ကောင်သည် အံ့အားသင့်သွားချိန်၌၊ ဖန့်ရန်၏ တည့်မတ်သော ကိုက်ချက်အောက်မှာ အမိခံလိုက်ရသည်။

ဖန့်ရန်သည် ၎င်းခွေးကို ကိုက်လျက်သားဖြင့် သစ်ပင်ပေါ်မှ ပြုတ်ကျသွားပြီး မြေကြီးနှင့် တိုက်မိကာ အသံများ ဆူညံသွားသည်။

ဖန့်ရန်က ၎င်းခွေးကို အဆိပ်ထိုးသွင်းပြီးနောက် သူ့ပါးစပ်ထဲ လွှတ်လိုက်ပြီး၊ အခြား ခွေးတစ်ကောင်ဆီ ဦးလှည့်လိုက်သည်။

.....

All Chapters