← Chapters

လူတစ်ယောက်ကို သတ်လိုက်ခြင်း

Vol. 3 Ch. 44

လူတစ်ယောက်ကို သတ်လိုက်ခြင်း

Vol. 3 Ch. 44

အကိုက်ခံရသော ခွေးသည် မြေပြင်မှထကာ

ဖန့်ရန်ကို တိုက်ခိုက်လိုပုံရ၍ ဟောင်ကာ အနောက်က လိုက်သော်လည်း ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် မြေပေါ် လဲကျ သေဆုံးသွားသည်။

အခြားသော ခွေးသည် ၎င်းအဖော် မြေပေါ် လဲကျသွားတာကို မြင်လိုက်ရသော်လည်း မကြောက်သွားပေ။ ၎င်းသည် ဖန့်ရန်ဆီသို့ ပို၍ပင် ပြင်းထန်စွာ ပြေးလာခဲ့သည်။

" ဝုတ်! ဝုတ်! "

" ဂီး! "

၎င်းခွေးက ဖန့်ရန်ဆီသို့ ပြေးလာပြီး သူ၏ အမြီးကို ရူးသွပ်စွာကိုက်ခဲသည်။

ကျိ.. ကျိ.. ကျိ

ဖန့်ရန်၏ အရေခွံသည် သံကဲ့သို့ မမာကျောသေးသော်လည်း၊ အဆင့်မြှင့်တင်မှု သုံးကြိမ် လုပ်ပြီးနောက် အလွန်မာကျောလာသည်။

ဤအချိန်မှာ ၎င်းခွေးက သူ့အမြီးကို ပြင်းပြင်းထန်ထန် ကိုက်နေပေမယ့် ဖန့်ရန်က ဂရုမစိုက်မိပေ။

သို့သော် ထိုအချိန်၌ ဖန့်ရန်သည် သူ့အမြီးကလာသော စူးရှသော နာကျင်မှုကို ခံစားလိုက် ရသည်။

"ခွေးကောင်!!"

ဖန့်ရန်က သူ့ခေါင်းကို လှည့်ကာ ၎င်းခွေးလည်ပင်းကို ချက်ချင်းကိုက်လိုက်ပြီး သူ့အဆိပ်ကို ၎င်း၏ သွေးကြောထဲသို့ ထိုးသွင်းလိုက်သည်။

သို့သော် ၎င်းခွေးသည် ကိုက်ခဲထားတာကို မလွှတ်ဘဲ၊ ထိုအစား ပို၍ပင် ကိုက်၍ ခါယမ်းလေသည်။

၎င်းခွေး၏ ကိုက်ခဲထားစဉ် ခေါင်းကို ခါရမ်းလိုက်ခြင်းက ဖန့်ရန်ကို ပိုပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။

အကယ်၍ သူသည် လူသားတစ်ဦးဖြစ်ခဲ့ပါက ယခု၌ မျက်ရည်များ ကျဆင်းနေလိမ့်မည်။

၎င်း၏ ချွန်ထက်သော သွားများနှင့် သူ့အမြီးကို ကိုက်ခဲရင်း ခေါင်းကို ခါယမ်းနေတာကို ဖန့်ရန်အနေနှင့် ကြည့်နေရန်သာ တတ်နိုင်သည်။

ထို့နောက် သူ့အရေခွံသည် ပေါက်ပြဲသွားကာ ဒဏ်ရာမှ သွေးစက်များ တဖြည်းဖြည်းစီးကျလာခဲ့သည်။

ဖန့်ရန်၏ ခံစစ်ကို ထိုးဖောက်ဝင်ရောက်လိုက်နိုင်သည်ကို တွေ့လိုက်ရတော့ ၎င်းခွေးသည် သူ့ခေါင်းကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်လေရာ ဒဏ်ရာက ပိုကျယ်လာပြီး သွေးတွေ ပိုထွက်လာသည်။

သို့သော် တဖြည်းဖြည်းနှင့် ၎င်းခွေး၏ ကိုက်ခဲထားမှုဟာ ပြေလျော့လာလေသည်။ နောက်ဆုံး၌ ၎င်းခွေး၏ လှုပ်ရှားနိုင်စွမ်းသည် ဆုံးရှုံးသွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဖန့်ရန်က သူ့အမြီးကို ၎င်းခွေး၏ ပါးစပ်မှ ထုတ်ယူလိုက်သည်။

သူ့အမြီးကလာသော အဆက်မပြတ်သည့် နာကျင်မှုဒဏ်ကို ခံယူရင်း အေးမြသော လေအေး တစ်ရှိုက်ကို ဖန့်ရန် စုပ်ယူလိုက်သည်။

ဖန့်ရန်သည် သူ့အမြီးပေါ်က ဒဏ်ရာကို ကြည့်ရင်း.. ဒေါသထွက်မိပေသည်။ အရင်း လင်းယုန်ငှက်နှင့်တုန်းက လွဲ၍။ သူဘာဒဏ်ရာမှ မရဖူးခဲ့ပေ။

သူ့အနေဖြင့် ဤဒဏ်ရာကို ကုသနိုင်သော စွမ်းရည် သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာမရှိပါက ဤဒဏ်ရာမှ ပြန်လည်ကောင်းမွန်လိုလျှင် အချိန်မည်မျှ ကြာမည်ကို မသိနိုင်ပေ။

ဤနေရာသည် တောရိုင်းဖြစ်သည်။ မည်သည့် ဒဏ်ရာမှ မရှိလျှင်ပင်။ အသက်အန္တရာယ်က အစဉ်အမြဲ စိုးရိမ်နေရသည်။

ဒဏ်ရာသာ ပိုးဝင်သွားခဲ့ရင် သူသေသွားနိုင်သည်။

ရှပ်.. ရှပ် .. ရှပ်

ရုတ်တရက် အရှိန်ပြင်းသော ခြေသံထွက်ပေါ်လာသည်။

ဒေါသကြောင့် အတွေးထဲ နစ်မြုပ်နေသည့် ဖန့်ရန်က ထိတ်လန့်သွားပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ သားရေအင်္ကျီ ၀တ်ထားသော လူငယ်လေးက သူ့အနောက်မှာ ရောက်နေတာကို တွေ့လိုက်ရသည်။

" ကျားနက် နဲ့ ကျားသစ်! .. "

သားရေအင်္ကျီဝတ်ထားသော လူငယ်သည် မြေပြင်ပေါ်၌ သေဆုံးနေသော သူ၏ ခွေးနှစ်ကောင်ကို မြင်လိုက်ရပြီး ဒေါသတကြီးနှင့် ဖန့်ရန်ကို ကြည့်ကာ ၎င်း၏ လက်ထဲမှ သေနတ်ကို မြှောက်လိုက်သည်။

ယင်းအချိန်လေးမှာပင် ဖန့်ရန်သည် သူနှင့် နီးကပ်နေသော လူငယ်လေးဆီသို့ ခုန်ပျံကာ ကိုက်လိုက်တော့သည်။

သားရေအင်္ကျီ ဝတ်ထားသော လူငယ်နှင့် ဖန်ရန်ကြာ နှစ်မီတာသာ ဝေးသည်။

သာရေအင်္ကျီဝတ်ထားသော လူငယ်လေးသည် ကြီးမားသော စပါးအုံးမြွေကြီးက သူ့ဆီ ခုန်ပျံလာတာကို မြင်လိုက်သည်တွင်၊ ကြောင်အသွားပြီး မသိစိတ်အရ နောက်ပြန်ဆုတ်လိုက်သည်။

သို့သော် အနည်းငယ်သော နှေးသွားခြင်းက သူ့အတွက် သေဆုံးခြင်းကို ရောက်လာစေသည်။

" အား! "

ဖန့်ရန်၏ အကိုက်ကို ခံလိုက်ရသော အခိုက်မှာ လူငယ်က နာကျင်စွာအော်လိုက်သည်။

ထိုနောက် လူငယ်သည် သေနတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အကိုက်လိုက်ရသော.. သူ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။

သူ့မျက်နှာသည် နာကျင်မှုကြောင့် တွန့်လိန်နေသည်။

" အဆိပ်! "

ရှောက်ချန် ထိတ်လန့်စွာ ဒေါသတကြီး ဆဲဆိုချင်သော်လည်း လက်ကောက်ဝတ်မှ နာကျင်မှုကြောင့် ဘာမှမပြောတော့ဘဲ နာကျင်စွာ အော်ဟစ်နေခဲ့သည်။

ဖန့်ရန်၏ အဆိပ်ကြောင့် အချိန်ပိုကြာလာသည်နှင့် အမျှ ၎င်း၏ နာကျင်မှုသည်လည်း တိုးလာခဲ့သည်။

" ရှောက်ချန်!"

ထိုအချိန်တွင် ဖန့်ရန်သည် သူ့အနောက် ခလှမ်းလှမ်းမှ အာမေဋိတ်သံများကြောင့် နောက်သို့ လှည့်ကြည့်လိုက်ရာ လူသုံးယောက် ဤနေရာသို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

ဒါ ဒီလူရဲ့ ကြံရာပါ သုံးယောက်ပဲ..။

သူတို့ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး၊

ဖန့်ရန်သည် ချုံပုတ်တွေထဲကို တိုးဝင် ပြေးထွက်သွားသည်။

ထိုနေရာသို့ လူသုံးယောက်ရောက်လာချိန်၌ မြေပြင်ပေါ်တွင် လူးလိမ့်၍ နာကျင်စွာ အော်ညည်းနေသော လူငယ်လေးအား တွေ့လိုက်ရသည်။

" ရှောက်ချန်.. "

သို့သော် သားရေဂျာကင်အင်္ကျီဝတ်ထားသည့် လူငယ်လေးက သူတို့ ခေါ်နေတာကို မတုံ့ပြန်နိုင်ပေ။ သူ့၏ ညာလက်သည် လုံးဝရောင်ရမ်းနေပြီး ပူလောင်သောဝေဒနာက သူ့ကို ညှဉ်းပန်းနှိပ်စက်နေသည်။

ရှောက်ချန် သူ့စိတ်ကို မထိန်းထားနိုင်လောက်အောင်ပင် ဖြစ်နေသည်။

" ရှောက်ချန်!"

တက်တူးနှင့် လူက လူငယ်လေး၏ အခြေအနေကို ကြည့်ရန် အလျင်အမြန် ထိုင်၍ စစ်ဆေးလိုက်ရာ လူငယ်လေး၏ ညာဘက်လက်မှာ ရောင်ရမ်းနေတာကို မြင်လိုက်ရပြီးနောက် တက်တူးနှင့်လူရော ကျန်လူနှစ်ယောက်ပါ မျက်လုံးများ တစ်ပြိုင်နက် ပြုးကျယ်သွားသည်။

"ဒါ အဆိပ်ရှိတဲ့ မြွေအကိုက်ခံရတာပဲ.. ဆေးရုံကို အမြန်ပို့မှရမယ်.. "

တက်တူးထိုးထားသည့် အမျိုးသားသည် လူငယ်လက်ရှိ အပေါက်ငယ်နှစ်ခုကို ကြည့်ကာ ချက်ချင်းအော်လိုက်ပြီး လူငယ်ကို အမြန်ပွေ့ဖက်၍ မတ်တပ်ရပ်လိုက်သည်။

သူတို့တွေ အနေနှင့် ခွေးနှစ်ကောင် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်လိုက်ရသဖြင့် အဆိပ်သင့်နေပြီဟု ချက်ချင်းပင် မှန်းဆမိသည်။

ခွေးနှစ်ကောင်သည် သာမန် အဆိပ်ရှိ မြွေကိုက်ခံရတယ်လို့ ထင်ရသော်လည်း အခုတော့ မြေပြင်ပေါ်၌ သေဆုံးလျက်ရှိသည်။

ဒီမြွေရဲ့ အဆိပ်က ဘယ်လောက်တောင် ပြင်းတာလည်း..။

ရှောက်ချန်မှာ ဆေးရုံရောက်သည့်အထိ အသက်ရှင်နေပါ့မလားဆိုတာ မှန်းဆရခတ်သည်။

ဤတောသည် မြို့နှင့်ဝေး၍ ကားအမြန်မောင်းခဲ့လျှင်ပင် မြို့ကိုရောက်ဖို့ အချိန် (၄) နာရီလိုသည်။

"ကျန်းကျီ၊ ရှောက်ချန် ဘာမှမဖြစ်ပဲ။ သူ အသက်ရှင်မှာ မဟုတ်လား.."

အခြားလူနှစ်ယောက်အနက် ဆံပင်အဝါရောင်ရှိသော တစ်ယောက်က တက်တူးထိုးထားသည့် အမျိုးသားကို ကြည့်ကာ ပြောရင်း အသံက တုန်နေသည်။

သူတို့သည် အခြားသူများကို အနိုင်ကျင့်ပြီး မိန်းကလေးများကို မကောင်းတာလုပ်ရန် မကြာခဏ ဝိုင်းဖွဲ့လေ့ရှိသော်လည်း၊ ယခု မြွေဆိပ်က ရှောက်ချန် ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသော အခါ ၎င်းက သူတို့ကို လုံးဝထိတ်လန့်စေသည်။

ထို့အပြင် ရှောက်ချန် မိသားစုက သူတို့ မိသားစုထက်များစွာ ပိုအားကြီးသည်။

ရှောက်ချန် အဖေက လုံးဝကြင်နာတတ်သောလူမဟုတ်ပေ။ ရှောက်ချန်သာ တစ်ခုခုဖြစ်မှန် သိရင် သူတို့ကို ဒေါသတွေထွက်မှာ သေချာသည်။

မသေချာမရေရာသော အလင်းတန်းတစ်ခုက တက်တူးထိုးထားသော အမျိုးသား၏ မျက်လုံးမှာ တောက်ပသွားသော်လည်း ပြစ်တင်ရှုတ်ချနေဆဲ ဖြစ်သည်။

"မင်းရဲ့ အမှားတွေကို ရပ်လိုက်တော့.. အခု ရှောက်ချန်ကို ဆေးရုံ အမြန်ပို့ရမယ်.."

ရှောက်ချန်ကို ဆေးရုံပို့တာအပြင် သူတို့ဘာမှ မလုပ်နိုင်ပေ။

ရှောက်ချန်ကို ဒီမှာထားခဲ့ကာ သူနဲ့ မတွေ့ချင်ယောင်ဆောင်နေရမည်လား..။

ဤတောင်ပေါ် တက်လာချိန် လမ်းမှာ သူတို့ကို လူအတော်များများ တွေ့ခဲ့သည်။

သူတို့ ဘယ်လိုပဲ ဖုံးကွယ်ထားပါစေ။ ရှောက်ချန်ရဲ့ မိသားစုက သူတို့ကို နောက်ဆုံးမှာ ရှာတွေ့သွားမှာ။ ဖြစ်စဉ် တစ်ခုလုံးကို သိသွားတဲ့အခါ သူတို့ကို ကျေနပ်တော့မှာ မဟုတ်ဘူး။

ထို့အပြင် သူတို့ကို သူတို့မိသားစုက သူတို့ကို ကာအကွယ်မပေးနိုင်ပေ။

အကျိုးဆက်ကို တွေးပြီးသည် နှင့် ထရပ်ကားဆီ အမြန်ပြေးသွားလိုက်သည်။

"ရှောက်ချန်ကို ဘယ်လို အဆိပ်ရှိတဲ့ မြွေကများ ကိုက်လိုက်တာလဲ.. အဲဒါက ငါတို့စောစောက လိုက်ဖမ်းခဲ့တဲ့ မြွေပဲလား.. "

ထရပ်ကားပေါ်တက်ပြီးတာနဲ့ ဆံပင်အဝါရောင်ရှိသည့် အမျိုးသားက ကားပေါ် ထိုင်ရင်း မုန်းတီးစွာပြောလိုက်သည်။

သူတို့ လိုက်ဖမ်းနေသည့် မြွေဟာ သေချာပေါက် အကောင်ကြီးမှန်း သူနားလည်သည်။

ယင်းသည်က ကျန်ခဲ့သော လမ်းကြောင်းနှင့် ထွက်ပြေးစဉ်မှာ ဆူညံသံတွေကြောင့် သူ ခန့်မှန်းနိုင်ခြင်းပင်။

မြွေဟောက်ဘုရင်၏ အဆိပ်တောင် သိပ်မပြင်းပေ။ သို့သော် ၎င်းမြွေက ခွေးနှစ်ကောင်ကို အချိန်တိုအတွင်းမှာပဲ သတ်ပစ်ပြီး သူတို့ရောက်မလာခင် ရှောက်ချန်ကိုပင် ကိုက်လိုက်သေးသည်။

" ငါမသိဘူး.. ဒီမြွေက မြွေဟောက်ဖြစ်ရင်း ဒီသွေးရည်ကြည်က အသုံးဝင်နိုင်တယ်.. စမ်းကြည့်ရအောင်.. "

ကျန်းကျီက ဘာမှ မပြောပေ။

ရှောက်ချန်ကို ကား ထိုင်ခုံပေါ်တွင်တင်လိုက်ကာ ကားနောက်ဘက်သို့ ကျန်းကျီ သွားလိုက်သည်။

မြွေဟောက် သွေးရည်ကြည်ကို ရှာဖွေရန် မလွယ်ကူသော်လည်း.. သူတို့ မိသားစု အတွက် ခက်ခဲသောအရာမဟုတ်ပေ။

အဓိကအချက်ကတော့ ဒီမြွေဟာ မြွေဟောက်ဟုတ်မဟုတ်သာ ဖြစ်သည်။

သွေးရည်ကြည်ကို လူငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သောအခါတွင် သူ၏ မျက်နှာသည် ပို၍ပင် အပြာရောင် သမ်းသွား သည်။

သွေးရည်ကြည်သည် အလုပ်မလုပ်တော့ပေ။ ရှောက်ချန်၏ မျက်နှာ၌ အပြာနှင့် ခရမ်းရောင် အရိပ်အယောင်များ ရှိနေသည်။ သွေးရည်ကြည်က အနည်းငယ်မျှ အာနိသင်မရှိပေ။

အဲဒါက ဘယ်လိုမြွေမျိုးလဲ။

ကျန်းကျီ က အမှတ်မထင် တွေးလိုက်မိသည်။

……

" ရွှီး!. "

တောတွင်း၌.. ဖန့်ရန်သည် ချုံပုတ်များကြားကနေ သွားနေသည်။ သူ့စိတ်က ရှုပ်ထွေးနေ၏။ လူငယ်လေးကို ကိုက်လိုက်သည့် မြင်ကွင်းက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေခဲ့သည်။

သားရေအင်္ကျီဝတ်လူငယ်က အသေကောင်ပင် ဖြစ်ကြောင်း သူသိသည်။

ဤနေရာမှ မြို့သို့ရောက်ရန် အချိန်ကြာနိုင်သည်။ ထိုလူငယ်လေး ဆေးရုံရောက်ချိန်၌ အသက်မှီတော့မည် မဟုတ်ပေ။

သူ့က စနစ်ကနေ ပြင်းထန်းသော အဆိပ်ကို ရထားခြင်း ဖြစ်သည်။

ဒီကမ္ဘာမှာ သူ့အဆိပ်ကို ထိန်းချုပ်နိုင်တဲ့ ဆေးများရှိလား ?

လူတစ်ဦးကို ပထမဆုံးအကြိမ် သတ်လိုက်ခြင်းက သူ့ကို ထိတ်လန့်စေမိသည်။ ဤအရာက သူ့အတိတ်ဘဝတွင် စိတ်ကူးတောင် မယဉ်နိုင်သော အရာဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဖန့်ရန်က စိတ်ထဲရှိ ရှုပ်ယှက်ခတ်နေသော အတွေးများအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး ပို၍ လျှင်မြန်သော အရှိန်ဖြင့် ပြေးလိုက်သည်။

.....

All Chapters