← Chapters

မြွေဟောက်ဘုရင်ကို ရှာဖွေမှု

Vol. 4 Ch. 45

မြွေဟောက်ဘုရင်ကို ရှာဖွေမှု

Vol. 4 Ch. 45

အတော်လေး အံ့အားဖွယ် ကောင်းသော သတင်းတစ်ပုဒ်... ဒေသဆိုင်ရာ ဖိုရမ်၏ ခေါင်းကြီးပိုင်း သတင်းအဖြစ် တက်လာခဲ့သည်။

၎င်းသတင်းကြောင့် ဒေသခံတွေကြားမှာ ဆွေးနွေးမှုတွေ အများကြီးဖြစ်နေ၏။

ဆင်းရဲသော ကန့်ရီခရိုင် ဇာတိဖြစ်တဲ့၊

ဆောင်းယုဟာ သူမရဲ့ မွေးရပ်မြေက သတင်းတွေကို မကြာခဏဆိုသလို ရှာကြည့်လေ့ရှိသည်။

ယနေ့ညနေခင်းတွင် ရေချိုးပြီးနောက် သူမသည် ထုံးစံအတိုင်း အိပ်ယာပေါ်သို့တက်ကာ ဖုန်းကို ကောက်ကိုင်ပြီး..။ သူမ၏ မွေးရပ်မြေမှ သတင်းများကို ပေါ့ပေါ့ပါးပါး ရှာဖွေနေလိုက်သည်။

ရုတ်တရက် သတင်းတစ်ပုဒ်က သူမ အမြင်ကို ဖမ်းစားသွားသည်။

*ဒီနေ့မှာ ကန့်ရီ ခရိုင်က လူလေးယောက် တောင်ပေါ်တက်ချိန်... ကံမကောင်းစွာနဲ့ပဲ အဲဒီထဲက တစ်ယောက်ဟာ အဆိပ်ရှိ မြွေတစ်ကောင်ရဲ့ အကိုက်ခံရပြီး ညနေ ၅ နာရီမှာ သေဆုံးသွားခဲ့ပါတယ်*

ထိုဆောင်းပါးကို ဖတ်ရင်း ဆောင်းယု... အတော်လေး အံ့အားသင့်သွားပြီး..။ အသေးစိတ် အချက်အလက်များကို လျင်မြန်စွာရှာဖွေ ဖတ်ရူလိုက်သည်။

သူမ အနေနှင့် ဤကိစ္စတစ်ခုလုံးကို နားလည်သဘောပေါက်ရန် စိတ်ဝင်စားနေမိသည်။

ဆောင်းပါးကို လုံးစေ့ပတ်စေ့ ဖတ်ကြည့်ပြီးနောက်.. သူမသည် ဤအဖြစ်အပျက်၏ အသေးစိတ် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားသည်။

"အနည်းဆုံး ၂ မီတာ အရှည်ရှိတဲ့ မြွေတစ်ကောင်ဆိုတော့.. ဘယ်အဆိပ်ရှိတဲ့မြွေက ဒီလောက်ရှည်နိုင်မလဲ.. "

ဆောင်းယုက အဆိပ်ပြင်းသည့် မြွေ၏ အကိုက်ခံရခြင်းကို စာနာမိသော်လည်း၊ သူမ ပိုစိတ်ဝင်စား မိတာက.. ဘယ်မြွေဟောက်က ထိုမျှကြီးမားသလဲ ဟုသာ ဖြစ်သည်။

သို့ပေမယ့် သတင်းထဲမှ ဖော်ပြချက်အရ ကံမကောင်းသူ၏ အဖော်ဟာ မြွေဟောက်ရဲ့ သွေးရည်ကြည်ကို ထိုးပေးခဲ့သော်လည်း ထိရောက်မှု နည်းနည်းမှ မရှိဘူးလို့ ဆိုထားသည်။

" ဟာ..... ဆောင်းယု နင် ရေချိုးပြီးပြီလား "

အိပ်ခန်းတံခါးကိုဖွင့်ပြီး လှပသောရုပ်သွင်တစ်ခုဝင်လာခဲ့သည်။

ရှောင်လျို့က ဆောင်းယုကို ကြည့်ပြီး သူမဘေးတွင် ထိုင်လိုက်စဉ် သူမက ရေချိုးပြီးပြီဖြစ်ကြောင်း သူမသိလိုက်၏။

ထို့နောက် သူမက ဆောင်းယုကို ဖက်လိုက်ကာ သူမ၏ ခန္ဓာကိုယ်က အမွှေးနံကို လေးလေးနက်နက် ရှူရှိုက်လိုက်သည်။

"အဟမ်း မွှေးလိုက်တာ..."

ဆောင်းယုက သူမကို မျက်စောင်းထိုးကာ လျစ်လျူရှုလိုက်သည်။

ရှောင်လျို့ ဆောင်းယုရဲ့လက်ထဲက ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။

" နင့်ရဲ့ မွေးရပ်မြေက သတင်းကို ကြည့်တာဆိုတော့.. နင် အိမ်ကို လွမ်းနေပြီလား"

ရှောင်လျို့က ဆောင်းယုရဲ့ ပခုံးပေါ် ခေါင်းတင်လိုက်ပြီး သူမရဲ့ မျက်လုံးကြီးတွေက လက်ကိုင်ဖုန်းရဲ့ မျက်နှာပြင်ကို တည့်တည့်စိုက်ကြည့်လိုက်စဉ်..။ သူမသည် ဆောင်းယု ဖတ်နေသည့် သတင်းကိုမြင်လိုက်ပြီး အရမ်းအံ့သြသွားသည်။

" နတ်သမီးတောင် ဒါ... ငါတို့ သိပ်မကြာခင်က သွားခဲ့တဲ့ တောင်ပဲ မဟုတ်လား..."

ရှောင်လျို့သည် အံ့အားသင့်သွားပြီးနောက်.. ချက်ချင်း.. သူမ ယခင်က နတ်သမီး တောင်မှာ တွေ့ခဲ့ရသော မြွေကို သတိရလိုက်သည်။

" အဲဒီမှာ အဆိပ်ရှိတဲ့မြွေတွေ တကယ်ရှိတာလား... ကြည့်စမ်း.. အခု ငါစဉ်းစားကြည့်မှ အရင်က ငါတို့တွေ့ခဲ့တဲ့ မြွေက တကယ် အဆိပ်ရှိတာလား..."

ကြောက်ရွံ့စရာ သဲလွန်စတစ်ခုက သူမ နှလုံးသားထဲ တိုးဝင်လာသည်။

အခု သူမ ပြန်စဉ်းစားကြည့်တော့ သူတို့အရင်ခရီးမှာ တွေ့ခဲ့သည့် မြွေဟာ အဆိပ်ရှိနိုင်ပေသည်။ ထိုစဉ်က အသိုက်ထဲမှာ အတူရှိနေတဲ့ မြွေနဲ့ ရှဉ့်ကို စိတ်ဝင်စားမိသွားတဲ့အတွက် ကြောက်ရွံ့မှုတွေ ပျောက်ကွယ်သွားပြီး ကျန်တာတွေကတော့ စူးစမ်းမှုနှင့် အံ့သြမှုသာ..။

သို့ပေမယ့် အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ရဲ့ အကိုက်ခံရပြီး သေသွားတယ်.. ဆိုတဲ့ သတင်းကို သူမမြင်လိုက်ရတော့.. ၎င်းမြွေကို ကြောက်စိတ်က ပြန်ပေါ်လာသည်။ ယခု သူမ ပြန်တွေးကြည့်လိုက်တော့ သူမတို့သည် ထိုစဉ်က တကယ် ရဲရင့်ခဲ့သည်။

" သူတို့သွားတဲ့နေရာက နတ်သမီး တောင်ရဲ့ အနက်ရှိုင်းဆုံးနေရာလေ။ အဲဒီမှာ အပင်တွေက အရမ်းစိမ်းလန်းတာ.... မြွေမှုန့်ဆေးသာ မယူသွားဘူးဆိုရင်.. မြွေကိုက်ခံရမှာ သေချာတယ်..."

ဆောင်းယုက ရှောက်လျို့ကို သူမရဲ့ ထင်မြင်ချက်ကို ပြောလိုက်သည်။

တောင်တန်းတွေမှာ မြွေကိုက်ခံရဖို့ ရာခိုင်နှုန်း အလွန်များသည်။ မြွေများသည် မြွေမှုန့်ဆေး၏ အနံ့ကို အလွန်စက်ဆုပ်ရွံရှာသောကြောင့်.. မြွေမှုန့်ဆေးဖြင့် လူများရောက်ရှိလာလျှင် ၎င်းအနံ့ကြောင့် မြွေများက ထွက်ပြေးသွားလေ့ ရှိသည်။

ဆောင်းယု.. လက်က အောက်သို့ ဆက်လက်ရွေ့လျားလိုက်စဉ်..။ သူမသည် အောက်ရှိ လူအများ၏ မှတ်ချက်များကို ဖတ်လိုက်ရသောအခါတွင် ချက်ချင်းပင် တုန်လှုပ်သွားပြီး ဒေါသများ ထွက်သွားသည်။

မူလက သူမသည် ထိုကံမကောင်းသူအား ကိုယ်ချင်းစာကာ သနားမိသော်လည်း၊ လူအများ၏ မှတ်ချက်တွေကို ဖတ်လိုက်သောအခါ ထိုခံစားချက်များ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ဒီလူတွေက တောရိုင်းရဲ့ အလှကို ခံစားဖို့ နတ်သမီးတောင်ကိုသွားတာ မဟုတ်ဘဲ အဲဒီက တိရစ္ဆာန်တွေကို အမဲလိုက်ဖို့ သွားတာလို့ ဒေသခံတွေက မှတ်ချက်ပေးတာကြောင့်ပင်။

လူတချို့က သူတို့ကို သိပြီး အမဲလိုက်ဖို့ တောင်တွေဆီ အကြိမ်ကြိမ်သွားကြတာ မြင်ဖူးတယ်လို့ မှတ်ချက် ပေးထားခဲ့သည်။

ထိုလူတွေ ဆေးရုံထဲ ရောက်လာစဉ်.. အကိုက်ခံရသော သူ၏ အဖော်နှစ်ယောက်မှာ သွေးတွေစွန်းပေနေတယ်,လို့တောင် ပြောထားသူရှိသည်။

သူက မည်သူမျှ ထိခိုက်ဒဏ်ရာရထားခြင်းမရှိကြောင်း မြင်လိုက်ရသဖြင့် ၎င်းမှာ တိရစ္ဆာန်၏ သွေးဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။

သူမ ဖတ်လေလေ ဆောင်းယုက ဒေါသကြီးလာလေလေ ဖြစ်သည်။ သူမသည် လှည့်စားခံလိုက်ရကာ သူမ၏ ကိုယ်ချင်းစာနာစိတ်ကို

လှဉ့်ဖြားခံလိုက်ရသည်ဟု ခံစားနေရသည်။

သူမ ဘေးမှာထိုင်နေသည့် ရှောင်လျို့လည်း ဒေါသထွက်နေခဲ့သည်။ ဤကဲ့သို့ တောရိုင်းများတွင် အမဲလိုက်ခြင်းမျိုးကို သူမ အလွန်ရွံသည်။

ဤအပြုအမူမျိုးက တောင်ပေါ်ရှိ တိရိစ္ဆာန်လေးများ အတွက်သာမက မုဆိုးကိုယ်တိုင်လည်း အန္တရာယ်ရှိသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သတင်းများတွင်.. ကလေးငယ် တစ်ဦးကို ယုန်တစ်ကောင်ကဲ့သို့ တောင်များတွင် ကစားကာ သတ်ဖြတ်ပစ်ခဲ့သည့် တရားမ၀င် မုဆိုးနှစ်ဦးအကြောင်း သူမ ဖတ်ဖူးသည်။

ကလေးငယ်၏ မိဘများက အလွန်ဝမ်းနည်းကြေကွဲခဲ့ရ၏။ သူတို့ တောထဲကို ပျော်ပွဲစားထွက်လာခြင်းက ဒီလို အဖြစ်ဆိုးမျိုးနဲ့ ဆုံတွေ့သွားနိုင်တယ် သူတို့ မထင်ထားခဲ့ကြပေ။

ထို့အပြင် ဂရုမစိုက်ဘဲ တိရစ္ဆာန်များကို နိုင်ထက်စီးနင်း သတ်ဖြတ်ခြင်းသည် ကမ္ဘာပေါ်တွင် အလွန်ရွံရှာဖွယ်ကောင်းလှသည်။

အမျိုးသမီးနှစ်ဦးက သူမတို့၏ အိပ်ခန်းထဲတွင် ဒေါသတကြီး မှတ်ချက်များကို ဖတ်ရှုနေစဉ်..။

တရုတ်ပြည် အနောက်တောင်ပိုင်းက လူသူ ဝေးလံခေါင်သီသော အိမ်တစ်အိမ်ကနေ နေကာမျက်မှန်နှင့် အနက်ရောင် တီရှပ်အင်္ကျီဝတ်ထားးသော လူငယ်တစ်ယောက် ထွက်လာခဲ့သည်။

တံခါးအပြင်ဘက်မှာ သူ့အဖော်က သူ့ကို စောင့်နေသည်။

သူ့၏ အဖော်က သူလက်ထဲတွင် လက်ကိုင်ဖုန်းတစ်လုံးကို ကိုင်ထားပြီး လူငယ်၏ ဦးတည်ရာသို့ ကင်မရာကိုချိန်ကာ လိုက်လှည့်နေသည်။

၎င်းက တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေမှန်း ထင်ရှားနေသည်။

" မင်းတို့ကို မြွေဟောက်ဘုရင်ရဲ့ အပြုအမူအကြောင်း ပညာပေးဖို့အတွက် တောင်ပေါ်တက်မယ်လို့ .. မင်းတိုကို အရင်ကတစ်ခါက ငါပြောဖူးခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အရင် ငါတို့ရဲ့ ခရီးစဉ်တွေမှာ မြွေဟောက်ဘုရင်နဲ့ မတွေ့ရခဲ့ဘူး..."

" ဒါပေမယ့် ဒီတစ်ခါက် ငါတို့ကံကိုစမ်းဖို့အတွက် ကန့်ရီ ခရိုင်ကို သွားကြမယ်.. အဲ့တောင်ပေါ်မှာ မြွေဟောက်တစ်ကောင် ရှိတယ်လို့ သူငယ်ချင်းတစ်ယောက်ဆီက ကြားခဲ့ရတယ်...."

“ဒီတစ်ခါတော့ မြွေဟောက်ဘုရင်နဲ့ တွေ့နိုင်မလားဆိုတာ စောင့်ကြည့်ဖို့ အတွက်.. တောင်ပေါ်မှာ ရက်အနည်းငယ်လောက်နေဖို့ စီစဉ်ထားတယ်.."

" မနေ့က ငါသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်..သတင်းထဲမှာ နတ်သမီးတောင်ပေါ်ကို လူလေးယောက် တက်သွားခဲ့ပေမယ့် ... တစ်ယောက်က အဆိပ်ရှိတဲ့ မြွေအကိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုထားတယ်..။ သေဆုံးသွားတဲ့အဖော်ရဲ့ ပြောပြချက်အရဆို အဲ့ဒီလူကိုကိုက်တဲ့မြွေက မြွေဟောက်ဘုရင် ဖြစ်နိုင်တယ်..."

" ဒီနေ့ အဲ့ဒီလူ အကိုက်ခံလိုက်ရတဲ့ တောင်ပေါ်ကို သွားကြမယ်။ မြွေဟောက်နဲ့တွေ့ရင် မင်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုတော့ ငါသင်ပေးသွားမှာပါ။ ဒါဆို မင်းအနေနဲ့ အဲဒီမြွေမျိုးနဲ့တွေ့ရင် မင်းမသေတော့ဖို့ ရာခိုင်နှုန်းအတော်များလိမ့်မယ်"

နေကာမျက်မှန်တပ်ထားသည့် လူငယ်သည် ကင်မရာကို ကြည့်စကားပြောလိုက်သည်။

သူသည် Tsukitake တိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းတွင် လူသိများသော ပြင်ပထုတ်လွှင့်သူဖြစ်သည်။ သူက အလှပြ တိုက်ရိုက်ထုတ်လွှင့်သူများနှင့် မတူဘဲ၊ တကယ့် တိုက်ရိုက်ထုတ်လွှင့်သူ အစစ်အမှန်ဖြစ်သည်။

သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အများစုကို တောထဲမှာ လုပ်လေ့ရှိသည်။

သူက မြွေများနှင့် ဆက်ဆံလေ့ရှိသော မိသားစုတွင် မွေးဖွားလာသောကြောင့် မြွေများနှင့် အလွန်ရင်းနှီးပြီး သူ့၏ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာအများစုက အဆိပ်ရှိသောမြွေများ အကြောင်းနှင့် စပါးအုံးမြွေများ အကြောင်းဖြစ်သည်။

လျို့ဝေ၏ စကားပြီးဆုံးပြီးနောက် မိုဘိုင်းလ်ဖုန်း၏ မျက်နှာပြင်ပေါ်တွင် အမျိုးမျိုးသောမှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။

~"ငါသူပြောတဲ့ သတင်းကို ဖတ်လိုက်ရတယ်... ရှောက်ချန် ဆိုတဲ့ အမျိုးသားတစ်ဦးက အဆိပ်ပြင်းတဲ့ မြွေအကိုက်ခံရချိန်က တောင်ပေါ်မှာ တရားမဝင် အမဲလိုက်နေတာတဲ့...."~

~"ဝေအစ်ကို၊ မင်းသွေးရည်ကြည်ကို ပြင်ထားသင့်တယ်.... "~

~"ဟား.. ဟား.. ဟား .. ဝေအစ်ကိုက ဒီမိုက်မဲတဲ့တရားမဝင်မုဆိုးလို့ မင်းထင်နေတာလား။ ငါတို့ ဝေအစ်ကိုက အဲ့ဒီမြွေဟောက်ကို ဘယ်လိုကစားမလဲဆိုတာ ကြည့်နေစမ်းပါ...."~

"ဝေအစ်ကိုက ဘာသွေးရည်ကြည်မှ မလိုဘူး.. မြွေဟောက်လောက်က သူ့အတွက် အသေးအဖွဲပဲ...."~

တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းသည် အလွန်အသက်ဝင်နေသည်။ လူတချို့က ဝေအစ်ကိုအတွက် ပူပန်နေကြပြီး.. လူတချို့ကတော့ ဝေအကိုအတွက် မြွေဟောက်လောက်က ဒုက္ခရောက်စေမည့် မဟုတ်ဟု ပြောနေကြသည်။

လျို့ဝေသည် တောင်ပေါင်းများစွာသို့ သွားလာခဲ့သော်လည်း မြွေဟောက်ဘုရင်ကို မတွေ့သောကြောင့် စိတ်ပျက်နေခြင်းပင်။

ထိုနတ်သမီးတောင်၌ မြွေဟောက်ဘုရင် ရှိနေပုံရသောကြောင့် အားလုံးက စိတ်လှုပ်ရှားနေကြသည်။

လျို့ဝေက မိုဘိုင်းလ်ဖုန်းစခရင်ပေါ်ရှိ မှတ်ချက်များကို ကြည့်ပြီး မပြုံးဘဲမနေနိုင်ပေ။

သူ့ရဲ့ပရိသတ်အများစုဟာ ဟာသလုပ်နေကြသော်လည်း၊ သူ့လုံခြုံရေးအတွက် အမှန်တကယ်စိုးရိမ်နေတယ်ဆိုတာ သူသိသည်။

အရင်အကြိမ်က မြွေဟောက်တစ်ကောင်ရဲ့ အစွယ်နဲ့ ခြစ်မိသွားသောအခါတွင်... သူ့ ပရိသတ်အများစုက ၎င်းအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရန် မက်ဆေ့ခ်ျတစ်စောင်ဆီ ပေးပို့ကြပြီး အချို့ကဆို အာဏာပိုင်များကိုပင် ဖုန်းခေါ်ဆိုခဲ့ကြသည်။

သူ့ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ပြီးနောက် လျိုဝေ့၏ အဖော်ဖြစ်သူဟာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး၊ သူတို့ ဘာကိုမှ မမေ့ကြောင်း သေချာအောင် စစ်ဆေးကာ... မြွေဟောက်ဘုရင်ကို ရှာဖွေရန် အတွက် နတ်သမီးတောင်သို့ ချီတက်ခဲ့ကြသည်။

.....

All Chapters