လူနှစ်ယောက်
Vol. 4 Ch. 46
ဖန့်ရန်သည် မြေပြင်ပေါ်တွင် လျင်မြန်စွာ သွားနေစဉ် သူ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားလျက်ရှိသည်။
သားရေအင်္ကျီနှင့် လူငယ်ကို သတ်ပြီးနောက်.. သူသည် ရူးသွပ်စွာ ထွက်ပြေးခဲ့သည်။ ပထမတော့ တတ်နိုင်သမျှ သူစိတ်မသက်မသာ ဖြစ်နေတာကို ဖယ်ရှားချင်ရုံမျှသာ ဖြစ်သည်။
သို့သော် နောက်ဆုံးမှာ သူသည် ထိုနေရာကနေ တတ်နိုင်သမျှ ဝေးဝေးကို သွားရန်ဆုံးဖြတ်လိုက်သည်။
နေ့တစ်ဝက်နီးပါး သွားပြီးနောက် ဖန့်ရန်၏ စိတ်က တဖြည်းဖြည်း တည်ငြိမ်သွားသည်။
ထိုအချိန်က သူသာ လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့လျှင် သေဆုံးသွားသော သူက သူသာ ဖြစ်နိုင်ပေသည်။
ယခင် အဖြစ်အပျက်ကို ဤသို့ ဖန့်ရန် ပြန်တွေးမိပေသည်။
တစ်ရက်နီးပါး ပြေးလွှားခဲ့ရခြင်းကြောင့် သူ့ခန္ဓာကိုယ်က နာကျင်လျက်ရှိသည်။ ထို့အပြင် သူဘာမှ မစားရသေးပေ။
ဖန့်ရန်သည် သူ့တစ်ကိုယ်လုံး ပြိုလဲလုနီးပါး ဖြစ်နေတာကို ခံစားရခြင်းကြောင့် အနီးရှိ ခြုံပုတ်တွေဆီ သွားကာ အနားယူလိုက်သည်။
အချိန်အနည်းငယ် အနားယူပြီးနောက် ဖန့်ရန်သည် သူ့လက်ရှိအခြေအနေကို စတင်သုံးသက်လိုက်သည်။
ထိုဒေသရှိ သားကောင်အရင်းအမြစ်များက ပေါများသော်လည်း၊ သူနေထိုင်ရာ ယခင်နေရာသို့ ပြန်ရန် သူစဉ်းစားမည် မဟုတ်ပေ။
ထိုနေရာမှာ သူ့ကြောင့် လူသေမှု ဖြစ်သွား၍ စုံစမ်းလေ့လာဖို့ လူတချို့ ရောက်လာမှာ သေချာသည်။
ဖန့်ရန် သူ့အတွေးထဲ ခေတ္တခန နစ်မြောသွားခဲ့သည်။
ယင်းနောက် သူသည် ယခင်လို မပြေးတော့ဘဲ သူသွားမည့် နေရာကို တွေးတောရင်း ချုံပုတ်များကြားက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
နေရာအရွေ့အပြောင်းက သူ့ကို ခေါင်းအနည်းငယ်ကိုက်စေသည်။ ဤကမ္ဘာကြီးကို သူ့နားလည်မှုကလည်း ဘာမှ မရှိသေးသည့်အတွက် ဤတောင်ကဆင်းပြီး ဘယ်နေရာကိုသွားရမလဲဆိုတာကိုလည်း စဉ်းစားမရပေ။
အကယ်၍ သူသာ ဤကမ္ဘာ့၏ ပထဝီမြေပုံ .. ဒါမှမဟုတ်လဲ.. သူယခု ရှိနေသည့် နိုင်ငံကိုသာ သိခဲ့မယ်ဆိုရင် သူသွားရမည့် နေရာကို အနည်းဆုံး ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။
စပါးအုံးမြွေတစ်ကောင် အနေဖြင့် မိုးသစ်တော မဟုတ်ရင်တောင်မှ သားကောင်တွေပေါသည့် နေရာမှာသာ သူနေလိုသည်။
သူသာ ဤကမ္ဘာ၏ ပထဝီမြေပုံကို သိမယ်ဆိုရင် ထိုနေရာကို သေချာပေါက် သူသွားနိုင်လိမ့်မည်။
သို့သော် ၎င်းက လောလောဆည် ဖြစ်နိုင်မည်မဟုတ်ဟု သူခံစားရနေရသည်။
ဖန့်ရန်က သက်ပြင်းတစ်ချက်ချရင်း ၎င်းအတွေးများကို ရှင်းထုတ်လိုက်သည်။ ဤကိစ္စကို အချိန်အတော်ကြာမှ ဖြေရှင်းလည်းရသောကြောင့် ထိုအရာကို လောလောဆယ် စဉ်းစားနေစရာ မလိုသေးပေ။
ထိုနောက် ဖန့်ရန်သည် သူဗိုက်ဆာနေသည့်အတွက် အမဲလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဖန်ရန်က သူ့ခေါင်းကို မော့လိုက်ပြီး လျှာကို ထုတ်၍ လေထုထဲက အနံ့များကို ဂရုတစိုက် ခွဲခြားစစ်ဆေးလိုက်သည်။
ခဏအကြာမှာ ဖန့်ရန် တစ်စုံတစ်ယောက်၏ အနံ့တစ်ခုကို သတိပြုမိလိုက်သည်။ ထိုကြောင့် သူသည် ၎င်းအနံ့အရင်းအမြစ်ရှိရာသို့ ဦးတည်သွားလိုက်သည်။
ယခင်နေရာမှ မီတာ (၃၀) အကွာ...။
သူ၏ အရှေမှာ စိမ်းစိုသည့် မြက်ခင်းနှင့် မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်များရှိနေသည်။
ဖန့်ရန်သည် ထိုနေရာ၌ အကောင်တစ်ကောင် ရှိနေတယ်ဆိုတာ သေချာသိနေသည်။ ဒါကြောင့် သူသည် ထိုနေရာကို အသေအချာ စစ်ဆေးလိုက်သည်။
စိမ်းစိုသော မြက်ခင်းအထက်၌ တိရစ္ဆာန်တစ်ကောင်က မြက်များကို အသုံးပြု၍ ၎င်း၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည်။
သို့သော် ဖန့်ရန်က ၎င်းကို ရှင်းလင်းစွာမြင်နေရသည်။
ထိုတိရစ္ဆာန်က မြွေတစ်ကောင်ဖြစ်သည်။
ထိုမြွေက သူ့အတွက် အလွန်ကို သင့်တော်သည့် နေ့လယ်စာ ဖြစ်နိုင်ပေသည်။
သို့ပေမယ့် မြွေရဲ့ ပုံသဏ္ဍာန်နဲ့ အရောင်ကို မြင်တော့ ဖန့်ရန် အံ့သြမိသွားခဲ့သည်။
၎င်းမြွေ၏ အရောင်က အစိမ်းရောင်ဖြစ်၍ ထိုအပေါ်၌ အဝါရောင် အစင်းကြောင်းများ ရှိသည်။
ထူးခြားသည်က ၎င်းမြွေ၏ ဦးခေါင်းက တြိဂံသဏ္ဍာန် ဖြစ်သည်။
ထိုမြွေကို ဖန့်ရန်က စစ်ဆေးကြည့်နေစဉ် စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
[ ပစ်မှတ် - အစိမ်းရောင် Mamba၊ သွေးအေးသတ္တဝါ၊ စနစ်အမှတ် ၂၀၀ မှတ်ကို ရရှိနိုင်သည် ]
စနစ်၏ အချက်ပေးသံကို ကြားသောအခါ
ဖန့်ရန် အလွန်အံ့သြသွားမိသည်။
ထိုမြွေ၏ အကြောင်းကို သူ့ယခင်ဘဝက ရုပ်ရှင်ကားများ၌ ကြည့်ဖူးသည်။
၎င်းကြောင့် ထိုမြွေဟာ အလွန်အန္တရာယ်များကြောင်းကို သူသိနေသည်။
သို့သော် ဤကမ္ဘာက သူ့အရင်ကမ္ဘာမဟုတ်တာကြောင့်၊ ထိုမြွေဟာ သူ့အရင်ဘဝက လို အန္တရာယ်ရှိလား ဆိုတာ သူ မသိပေ။
"ဘာပဲဖြစ်ဖြစ် အခုနေ့လည်စာ စားရမယ်.. "
သူက သတ္တိရှိသူ တစ်ယောက်တော့မဟုတ်ခဲ့ပေ။ သူ့အရင်ဘဝတုန်း ကသာ ဒီလိုမြွေတစ်ကောင်နဲ့ တွေ့ခဲ့မယ်ဆိုရင် သူ့အသက်အတွက် ထွက်ပြေးမိမှာ ကျိန်းသေသည်။
အသက် (၁၆) နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်ဆီက ဘာကို မျှော်လင့်နိုင်မှာလဲ..?
သို့သော် လက်ရှိ ဤမြွေက သူ့အတွက် နေ့လည်စာသာ ဖြစ်ချေသည်။
သူ့အဆိပ်က ထိုအစိမ်းရောင် Mamba ထက် အဆပေါင်းများစွာ အဆိပ်ပိုပြင်းသည်။ ဒါ့အပြင် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကလည်း အများကြီး ပိုမြင့်သည်။
သူ့လက်ရှိအကာအကွယ်က ဤကမ္ဘာပေါ်ရှိ တိရစ္ဆာန်အများစုထက် များစွာမြင့်မားသည်။
အရေပြားခုခံမှုကို (၃) ကြိမ် အဆင့်မြှင့်တင်ပြီးနောက် သူ့အကာအကွယ်က ထိပ်တန်း အနည်းစုမှာ ပါ၀င်နိုင်ပေသည်။
၎င်းကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ထပ်အဆင့်မြှင့်လိုက်မယ်ဆို၊ ဤကမ္ဘာပေါ်က ဘယ်တိရစ္ဆာန်မှ သူ့ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်ဟု ယုံကြည်သည်။
သူ့အစွမ်းအစကို အစိမ်းရောင် mambaနှင့် နှိုင်းယှဉ်ပြီးနောက် ဖန့်ရန်သည် ၎င်းမြွေဆီသို့ ဖြည်းညှင်းစွာ သွားလိုက်သည်။
သို့သော် မီတာအနည်းငယ်ခန့် မျှ သွားပြီးနောက် ထိုမြွေဆီ သွားနေတာကို၊ ဖန့်ရန် ချက်ချင်းရပ်လိုက်ပြီး ခေါင်းကိုလှည့်ကာ ဘေးကို ကြည့်လိုက်သည်။
ခြေသံများနှင့်အတူ သူ၏ အမြင်အာရုံနယ်ပယ်တွင် လူနှစ်ယောက်ပေါ်လာခဲ့သည်။
" လူတွေကို ငါ့ကို ဘယ်လိုလုပ် ပြန်ရှာတွေ့တာလဲ..."
ဖန့်ရန်၏ ကြွက်သားများသည် တဖြည်းဖြည်း တင်းမာလာ၏။
သူ့အရှေ့ဘက် မလှမ်းမကမ်းမှ လူနှစ်ယောက်လာနေသည်။
လူတစ်ယောက်က လက်ကိုင်ဖုန်းကိုင်ကာ နေကာမျက်မှန်နှင့် တီရှပ်အနက်ရောင် အနက်ရောင် တီရှပ်ဝတ်ထားသည့် အခြားလူငယ်ကို ကင်မရာကို ချိန်ရွယ်၍ လိုက်လံရိုက်ကူးနေသည်။
နေကာမျက်မှန်တပ်ထားသော လူငယ်လေးက
သူ့လက်နဲ့ နဖူးကို ဖိလိုက်ပြီး ကင်မရာကို ကြည့်ကာ စကားပြောရင်း ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်နေသည်။
တိုက်ရိုက်ထုတ်လွှင့်ခြင်း..?
ထိုလူငယ် ဘာလုပ်နေတာလဲ ဆိုတာ
ဖန့်ရန် ချက်ခြင်းပင် ရိပ်မိသွားသည်။
နေကာမျက်မှန်တပ်ထားတဲ့လူငယ် ဘာလုပ်နေလဲဆိုတာကို သဘောပေါက်ပြီးနောက်
ဖန့်ရန် အံသြသင့်မိသွားသည်ပင်။
ဒီနေရာမှာ တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက်နဲ့တွေ့ဖို့ သူမမျှော်လင့်ထားမိပေ။
ဖန့်ရန်သည် ထိုလူနှစ်ယောက် သူ့ကို သတိမပြုစေရန် ချုံပုတ်ထဲသို့ ဖြည်းညင်းစွာ ဆုတ်ခွာ၍ ရှောင်ပြေးရန် ထွက်ပြေးရန်လုပ်နေချိန်တွင် ရုတ်တရက် သူနှင့် သိပ်မဝေးလှသောနေရာက.. အစိမ်းရောင် Mamba သည် ချုံပုတ်ထဲသို့ ထွက်ပြေးသွားခဲ့သည်။
ဖန့်ရန်သည် ထိုအစိမ်းရောင် Mamba ထွက်ပြေးသွားသည့် နေရာကို ကြည့်လိုက်ချိန်၌ ရုတ်တရက် အော်သံတစ်ခုကို ကြားလိုက်ရသည်။
"အဲဒါ ဘာမြွေလဲ... မြန်မြန်လိုက် ! "
နေကာမျက်မှန်တပ်ထားသည့် လူငယ်က
ဖန့်ရန် ရှိသည့် နေရာကို ကြည့်ကာ အော်ဟစ်ရင်း ပြေးလာနေခဲ့သည်။
...
သူ့ပရိသတ်များနှင့် စကားပြောနေစဉ်...
လျို့ဝေသည် အသံတစ်ခုကို ကြားရချိန် သူ့မျက်လုံးများက ထိုအသံ ထွက်ပေါ်ရာ နေရာကို ချက်ချင်းကြည့်လိုက်သည့်အခါ လှုပ်ခတ်နေသည့် ချုံပုတ်ကို မြင်လိုက်တော့ သူ့မျက်နှာထက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူတို့ မြွေတစ်ကောင်ကို တွေ့လိုက်ရပြီဆိုတာ သူသိလိုက်သည်။
သူ့အဖော်ကို သူ့နောက်ကို လိုက်ဖို့ အော်ဟစ်ရင်း လျို့ဝေသည် ထွက်ပြေးသွားသည့် မြွေဆီ ချက်ချင်း ပြေးလိုက်သည်။
"အားလုံးပဲ ဒီနေ့... ငါကံကောင်းနေတယ်လို့ ထင်တယ်။ တောင်ပေါ်ကိုတက်လာလာခြင်းမှာပဲ ငါတို့ရဲ့ ပထမဆုံး ပစ်မှတ်ကို တွေ့နေရပြီ"
"ငါအခု လိုက်နေတဲ့ မြွေက မြွေဟောက်ဘုရင် ဟုတ်လား။ မဟုတ်ဘူးလား မသေချာပေမဲ့.. အဲဒီကောင်က အရမ်းကြီးတယ်။ ငါတို့ မြန်မြန်လုပ်မှရမယ် နို့မိုဆိုလွတ်သွားလိမ့်မယ်.."
လျို့ဝေသည် မြွေဟောက်ဘုရင် ဟုတ်၊ မဟုတ်ကို သိရန်အတွက် အမီလိုက်ရန် အမြန်ဆုံး ပြေးသွားလိုက်သည်။
သူတို့သည် မြက်ခင်းပြင်ကို ရောက်တဲ့အခါမှ သာ ဆက်မလိုက်တော့ပဲ ရပ်တန့်လိုက်သည်။
"ငါတို့ ခြေလှမ်းတွေက အရမ်းနှေးနေသေးတယ်.. "
လျို့ဝေက ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
"အဲ့ဒီမြွေ လွတ်သွားခဲ့ပြီ"
ထိုအချိန် မိုဘိုင်းလ်ဖုန်းစခရင် မျက်နှာပြင်ပေါ်တွင် မှတ်ချက်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
~"ဝေအစ်ကို မင်းအရမ်းကြောက်စရာ ကောင်းတာပဲ..၊ မင်းပေါ်လာတဲ့အခိုက်မှာ မြွေတောင် ထွက်ပြေးသွားခဲ့ပြီ"~
~"လျို့အစ်ကိုရဲ့ ချောမောမှုနဲ့ ရဲစွမ်းသတ္တိကို ကြည့်ဖို့ မီလေး ရောက်လာတယ်..."~
~"အဲ့မြွေ ကံကောင်းသွားတယ်။ ဒီအဘိုးကြီး သာ မိလို့ကတော့ မြွေသားစွတ်ပြုတ် ဖြစ်သွားလိမ့်မယ် "~
~"အဲဒီမြွေက တကယ်ပဲ.. မြွေဟောက်ဘုရင် လား..."~
လျို့ဝေက မိုဘိုင်းလ်ဖုန်းစခရင်ပေါ်ရှိ မှတ်ချက်များကို ကြည့်ပြီး ပြုံးလိုက်သည်။
"အဲဒီကောင်က မြွေဟောက်ဘုရင် ဟုတ်မဟုတ်တော့ ငါမသိဘူး၊ ဒါပေမယ့် သူက သေချာပေါက် အကောင်ကြီးတယ် "
"ဒါပေမယ့် အားလုံးပဲ စိတ်ပူစရာ မလိုပါဘူး။ ဒီတောင်အောက်ခြေ ရွာကလူတွေဆီက သိထားသလောက်ဆို၊ ဒီတောင်ပါ်မှာ မြွေတွေပေါတယ် ဆိုတာပဲ....”
" ကဲဆက်ရှာကြရအောင်၊ မြွေတွေအများကြီးတွေ့ရမယ် "
"ဒါပေမယ့် ငါတို့တွေ မြွေဟောက်ဘုရင်ကို တွေ့ချင်ရင် ငါတို့ကံကောင်းမှပဲ မြင်နိုင်လိမ့်မယ်.. မြွေဟောက်ဘုရင်က ဒီတောင်မှာ ရှိချင်မှ ရှိမှာ"
သူ့ရဲ့ပရိသတ်တွေကို စကားပြော.. အပြီးမှာ၊ လျို့ဝေသည် မြွေဟောက်ဘုရင်ကို ရှာဖွေဖို့ ဆက်လက်လုပ်ဆောင်ရန် အရှေ့ကို လှည့်ကြည့်လိုက်ချိန်၌၊ သူ့ခန္ဓာကိုယ်က တောင့်တင်း သွားခဲ့သည်။
သူနှင့် သိပ်မဝေးတဲ့နေရာကို၊ လျို့ဝေက တည့်တည့်စိုက်ကြည့်ရင်း ပါးစပ်မှ ယောင်ယမ်း၍ ဆဲဆိုစကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။
" သောက် ကျိုးနည်း... "
.....