← Chapters

မြင့်မားသော ရေချိန်

Vol. 4 Ch. 47

မြင့်မားသော ရေချိန်

Vol. 4 Ch. 47

လျို့ဝေသည် သူနှင့် သိပ်မဝေးသော နေရာကိုကြည့်လိုက်ချိန်၌ အံ့သြစွာတုန်လှုပ်မှုနှင့် အတူ မျက်လုံးများက ပြူးကျယ်သွားသော်လည်း၊ ထိုအခြေနေမှ လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။

လျို့ဝေ ဘေးနားမှ သူ့အဖော်ဆို ထိုမြင်ကွင်းကြောင့် ပိုလို့တောင် တုံ့ပြန်မှု ပြင်းထန်၏။ ထိုလူဆို အံ့အားသင့်မှုကြောင့် မြေပေါ်လဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

ထိုလူနှစ်ယောက်၏ တုံ့ပြန်မှုက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော လူများကို ထိတ်လန့်စေ၏။ လျို့ဝေ တစ်ခုခုဖြစ်သွားသည်ဟု သူတို့ ထင်သည်။

" အဟမျး.. အဟမျး "

လျို့ဝေက ချောင်းဆိုးပြီး ပြုံးပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ငါထူးခြားတာ တစ်ခုကိုတွေ့လိုက်ရုံလေးပါ စိတ်မပူပါနဲ့၊ ငါမင်းတို့ကိုပြမယ်.."

လျို့ဝေက သူ့အဖော်ကို လက်ဝှေ့ယမ်းကာ ကင်မရာကို ဘေးဘက်သို့ ချိန်ရန်ပြောလိုက်သည်။

ရုတ်ချည်းပင်။ မိုဘိုင်းဖုန်းစခရင်ပေါ်တွင် အရှည် (၃) မီတာရှည်သော စပါးအုံးမြွေတစ်ကောင်၏ ပုံရိပ်ပေါ်လာခဲ့သည်။ ၎င်းစပါးအုံး၏ အကြည့်က အေးစက်နေသည်။

လျို့ဝေနှင့် သူ့အဖော်ကို ထိုစပါးအုံးမြွေက ထိတ်လန့်စေခဲ့သည်။

စပါးအုံးမြွေ၏ ပုံရိပ်ဟာ တိုက်ရိုက်ထုတ်လွှင့်မှုနေတဲ့ ဖန်သားပြင်ထက်မှာ ပေါ်လာချိန်မှာတော့၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူတွေ အံ့အားသင့် သွားခဲ့ကြသည်။

~"ဘုရားရေ.. အဲ့စပါးအုံးမြွေကြီးက ငါ့လက်မောင်လောက် ထူတယ်ဟ.."~

~"ဒါက ဘယ်လိုမြွေမျိုးလဲ။ ဝေအစ်ကို မင်း ငါတို့ကို ပြောပြနိုင်မလား "~

~"ဝေအကို ဒီမြွေရဲ့မျက်လုံးတွေက အရမ်းအန္တရာယ်များတယ်လို့ ငါ ခံစားရတယ်။ ငါသာ တောထဲမှာ ဒီမြွေနဲ့တွေ့မယ်ဆိုရင် ငါ့ဘောင်းဘီထဲ ဆီးသွားမိလိမ့်မယ် "~

~" ဘာ.. ဘယ်လို အန္တရာယ်လဲ၊ ငါသာ ဒီမြွေကို အပြင်မှာတွေ့ရင် မြွေစွပ်ပြုတ်အဖြစ် ပြောင်းလဲပစ်လိုက်မယ် "~

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက မှတ်ချက်တွေကို ဖတ်ပြီးနောက် လျို့ဝေဟာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားခဲ့သည်။

" ကဲ.. လူတိုင်း၊ အားလုံးပဲ ငါအရင်က မင်းတို့ကို မြွေအမျိုးအစားခွဲခြားပြဖို့နဲ့ သင်ခန်းစာပေးဖို့အတွက် တောင်တွေကို ငါသွားခဲ့တယ်နော်..။ ဒါပေမဲ့ မြွေတစ်ကောင်ကို ဘယ်လို စွပ်ပြုတ်လုပ်ရမယ် ဆိုတာ မပြခဲ့ဘူ.. ဒါ့အပြင် ငါတစ်ခုပြောချင်တာက .... တောရိုင်းတိရိစ္ဆာန်တွေကို သတ်ဖြတ်တာဟာ တရားမဝင်ဘူး။ လုပ်ခဲ့ရင်လဲ အဲ့လူက ဒဏ်ငွေ ကြီးကြီးမားမား ပေးဆောင်ရတယ်။ ဒါမှမဟုတ် ရင်လဲ ထောင်ထဲအထိတောင် ရောက်နိုင်တယ်.."

လျို့ဝေက ပြုံးရင် သူ့ပရိတ်သတ်များကို ရှင်းပြလိုက်သည်။ သို့သော် သူက စပါးအုံးကို ပြန်ကြည့်လိုက်မိတော့ သူဆက်မပြုံးမနိုင်တော့ပေ။

လျို့ဝေသည် စပါးအုံးမြွေကို သေချာစိုက်ကြည့်ရင်း ထိုမြွေအမျိုးအစားကို မှတ်မိသွားခဲ့သည်။

" ဒီစပါးအုံးက မီးခိုးရောင်စပါးအုံးမြွေ ဖြစ်လိမ့်မယ်။ ဒီစပါးအုံး မြွေအမျိုးအစားတွေကို တွေ့ရခဲတယ်။ ဒီနေ့ ငါတို့ရဲ့ကံက တကယ်ကို ကောင်းနေတာပဲ "

" မီးခိုးရောင်အစင်းပါတဲ့ စပါးအုံးမြွေက တရုတ်နိုင်ငံမှာ အတွေ့များတဲ့ စပါးအုံးမြွေအမျိုးအစားတစ်မျိုးပဲ၊ မီးခိုးရောင်စပါးအုံးတွေထဲမှာ အရှည်ဆုံးက အရှည် ၅ မီတာအထိ စံချိန်တင်ထားတယ်။ ဒါ့အပြင် .. သူတို့ မွေးတဲ့ မြွေတွေက သာမန်မြွေတွေနဲ့ မတူဘဲ သေးသေးလေးပဲ.."

"သူတို့တွေက မြွေဟောက်တွေလို ခေါင်းကို မြှောက်ထားနိုင်ပေမယ့်..။ မြွေဟောက်လို မျိုးတော့ ခေါင်းကို အကြာကြီး မမြှောက်ထားနိုင်ဘူး "

လျို့ဝေသည် သူ့ပရိသတ်များကို ရှင်းပြနေစဉ် ထိုစပါးအုံးမြွေက သူ့ကိုစောင့်ကြည့် စစ်ဆေးနေခဲ့၏။

ဖန့်ရန်သည် ထိုလူနှစ်ယောက်ကို သေချာ ကြည့်လိုက်ပြီးနောက်.. သူနှင့် သိပ်မဝေးလှသော ချုံပုတ်တွေဆီကို သွားလိုက်သည်။

လောလောဆယ် သူလူတွေနဲ့ အဆက်အသွယ် မလုပ်ချင်သေးပေ။

ချုံပုတ်တွေဆီ သွားနေစဉ်..။ ဖန့်ရန်က တိုက်ရိုက်ထုတ်လွှင့်နေသော လူ၏ လှုပ်ရှားမှုတိုင်းကို သတိရှိစွာ ကြည့်ရှုလျက်ရှိသည်။

သူနှင့် ၎င်းလူတွေကြား အကွားအဝေးက ခုနစ်မီတာခန့် ရှိသည်။ ထိုအကွာအဝေးက သူ့အတွက်တော့ လုံခြုံသည့် အကွာအဝေးတစ်ခုပင်။ သူ့၏ လျင်မြန်တဲ့ လက်ရှိ အမြန်နှုန်းနဲ့ဆို ထိုလူနှစ်ယောက်သာ သူ့ကို ဖမ်းချင်လျှင်ပင်။ ဖုန်မှုန့်များကိုသာ စားနိုင်လိမ့်မည်။

"အဲဒီမြွေ ငါတို့ကိုကြောက်သွားပြီ.. "

လျို့ဝေသည် ထိုစပါးအုံးမြွေက ချုံပုတ်များဆီကို သွားနေတာကို ကြည့်ရှုနေခဲ့သည်။ သူ့ အဖော်ဖြစ်သူက ထိုစပါးအုံးမြွေအား ကင်မရာဖြင့် ချိန်ရွယ်ထားစဉ်.. လျို့ဝေက သူ့ပရိသတ်များအား ရှင်းပြနေခဲ့သည်။

"မြွေနှစ်ကောင်ကို တစ်နေရာတည်းမှာ တွေ့ရတာ အရမ်းရှားပါးတယ်။ ဒီမီးခိုးရောင်စပါးအုံးမြွေက စောစောက မြွေကို အမဲလိုက်ဖို့ ပြင်နေတာဖြစ်နိုင်တယ်။ ငါသိထားရ သလောက်ဆို ဒီမီးခိုးရောင် စပါးအုံးမြွေတွေက မြွေဟောက်ဘုရင်လိုပဲ တခြားမြွေတွေကို စားတယ်လို့ ငါကြားဖူးတယ် "

" ဒါ့အပြင် အခြားသားကောင်တွေနဲ့ ယှဉ်ရင် သူတို့နှစ်ကောင်လုံးက ဒီလိုမျိုရတာ ပိုလွယ်တဲ့ မြွေတွေကို ပိုကြိုက်ကြတယ်။ ပြီးတော့ ဒီမီးခိုးရောင် စပါးအုံးမြွေက အလွန်ငယ်တဲ့ပုံပဲ။ သူ့ရဲ့အကြေးခွံတွေက အလွန်တောက်ပတဲ့အပြင် တောက်ပြောင်နေတယ် "

လျို့ဝေသည် မီးခိုးရောင်စပါးအုံးမြွေ၏ အကြောင်းပြောပြနေချိန်တွင် ၎င်းစပါးအုံးမြွေသည် သွားနေတာ ရုတ်တရက် ရပ်တန့်သွားတာကို မြင်လိုက်ရ၏။

" ဘာဖြစ်တာလဲ? "

လျို့ဝေက ကင်မရာကို မီးခိုးရောင် စပါးအုံးမြွေ ရပ်တန့်ရာနေရာကို သေချာချိန်ရွယ်လိုက်သည်။

ဖန့်ရန်သည် သူ့ခေါင်းကို မော့၍ သူ့ရှေ့ မလှမ်းမကမ်းက ချုံပုတ်များကို ကြည့်လိုက်သည်။

ချုံပုတ်တွေက ငြိမ်သက်နေသည်။

သို့သော်လည်း နှစ်စက္ကန့်အကြာတွင် မြေပြင်ပေါ်တွင် တွားသွားသံများ ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ ချုံပုတ်များက အနည်းငယ်လှုပ်ခါစပြုလာသည်။

ထိုနောက် အရွယ်အစားကြီးမားတဲ့ မြွေတစ်ကောင်ဟာ ချုံပုတ်များအတွင်းမှ တိုးထွက်လာခဲ့သည်။

"ဒါ.... "

ကင်မရာကို အသေချာ ချိန်ရွယ်၍ ကြည့်နေခဲ့သော လျို့ဝေသည် ၎င်းမြွေ၏ ပုံစံကိုမြင်ပြီးနောက် ဖန့်ရန်ကို မြင်လိုက်ရသည်ထက်ပင် အံ့အားသင့်သွားခဲ့သည်။

ထိုမြွေ၏ တစ်ကိုယ်လုံးက အညိုရောင်ဖြစ်၏။ ထို့အပြင် လည်ပင်းထက်၌ အဝါရောင်အမှတ်အသားများလည်း ပါရှိသည်။

ထို့အပြင် ၎င်းမြွေ၏ ပါးပျဉ်းနားတဝိုက်၌ အကြေးခွံများရှိသည်။ ထိုမြွေသည် အလွန်ကြောက်စရာကောင်းသည်။

"မြွေဟောက်ဘုရင်.. "

ရုတ်တရက်ပေါ်လာတဲ့ မြွေကြီးကိုကြည့်လိုက်ပြီး လျို့ဝေက သူ့အသံကို ထိန်းထားကာ တိုးတိုးလေးပြောသည်။

ထိုနောက် သူ့အဖော်ကို အနည်းငယ် နောက်ဆုတ်ရန် လက်ဟန်ပြလိုက်သည်။

သူ့နှလုံးသားက ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြည့်နေ၏။

" နောက်ဆုံးတော့ တွေ့ခဲ့ရပြီ "

သူတို့သည် တောင်ပေါင်းများစွာကို လည်ပတ်ခဲ့သည်။ ထိုအရာက မြွေဟောက်ဘုရင်ကို မြင်တွေ့နိုင်ရန်ပင်။

ယခု သူတို့ရှေ့မှာ ရှိုးပွဲတစ်ခု ရှိနေပုံရသည်။

လျို့ဝေက သူ့အဖော်ကို ဆုတ်ခွာဖို့ ပြောရသော အကြောင်းရင်းက ထိုမြွေဟောက်ဘုရင်က သူတို့ကို မြင်တွေ့သွားပြီ ထွက်ပြေးသွားမှာစိုးလို့ပင်။

သူတို့နှစ်ဦးသည် မီတာဒါဇင်ပေါင်းများစွာ ဆုတ်ခွာသွားခဲ့ကြ၏။ ဖန့်ရန်နှင့် မြွေဟောက်ဘုရင်တို့နဲ့ မီတာတစ်ရာဝေးမှသာ ရပ်တန့်လိုက်သည်။

လျို့ဝေက ကင်မရာဘက်လှည့်ကာ ပြောလိုက်သည်။

" အခု ကျွန်တော်တို့ ထိပ်တန်းအဆင့်မြင့် မိုဘိုင်းလ်ဖုန်းတစ်လုံးကို အသုံးပြုထားတာကြောင့် မြင်ကွင်းတစ်ခုလုံးကို ကြည်လင်ပြတ်သားစွာ ဖမ်းယူ ကြည့်ရှုနိုင်ပါတယ် "

~" ကြည့်စမ်း..၊ အဲဒါ မြွေဟောက်ဘုရင်မှတ်လား ကြည့်ရတာ အဲ့မီးခိုးရောင်စပါးအုံးမြွေကို အမဲလိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်မယ် "~

............

............

............

" ဒါက အရမ်းကို ရှားပါးတဲ့ မြင်ကွင်းပဲ. "

လျို့ဝေက အသက်ပြင်းပြင်းရှူပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

"ပြောရရင် မြွေဟောက်ဘုရင်တွေက

အစားအစာကွင်းဆက်ရဲ့ထိပ်ဆုံးမှာရှိတယ်လို့ ပြောလို့ရတယ်။ အရွယ်ရောက်ပြီးတဲ့ မြွေတွေကြားထဲမှာ သူ့ပြိုင်ဘက်က မရှိ

သလောက်ရှားပါးတယ် "

"သူတို့ အမဲလိုက်တဲ့ အဓိက နည်းလမ်းက တခြားမြွေတွေကိုပဲ.. ဒါအပြင် အိမ်မြှောင်၊ ဥတွေနဲ့ နို့တိုက်တိရစ္ဆာန်ငယ်လေးတွေကိုလဲ စားလေ့ရှိတယ်..."

"မြွေတွေနဲ့ ပတ်သက်လာရင် မြွေဟောက်ဘုရင်က အဆိပ်ရှိတဲ့ စပါးအုံးမြွေမျိုးတွေ အပါအဝင်။ သူမျိုချဖို့ သင့်တော်တဲ့ ဘယ်စပါးအုံးမြွေဖြစ်ဖြစ် စားလေ့ရှိတယ်။ ဉပမာပြောရရင် ရေမြွေ၊ ငန်းမြွေနဲ့ တခြားမြွေတွေပါတယ်။ ပြီးတော့ အစာမလုံလောက်တဲ့အခါတွေမှာ သူတို့က သူတို့နဲ့ မျိုးရိုးတူတဲ့ မြွေဟောက်တွေကိုလဲ စားလေ့ရှိတယ်.."

~"ဘုရားရေး မြွေဟောက်ဘုရင်က အရမ်းကြီးတာပဲ.. အရှည် လေးမီတာလောက်ရှိမယ်ထင်တယ်။ ကြည့်ရတာ မတော်တမှု တစ်ခုခုသာ မဖြစ်ဘူဆို၊ အဲ့မီးခိုးရောင်စပါးအုံးမြွေရဲ့ဘဝက ဆုံးခန်းတိုင်သွားတော့မှာသေချာတယ်.. "~

~"မီးခိုးရောင်စပါးအုံးမြွေက မြွေဟောက်ဘုရင်ထက် အနည်းငယ် ပိုကြီးပုံရတယ်။ ဒါပေမဲ့ ပိုကြီးလဲ ဘာဖြစ်လည်း အဲ့တာက ခွန်အားပိုကြီးတာမှ မဟုတ်တာ.. မြွေဟောက်ဘုရင်ရဲ့ ခွန်အားနဲ့ အမြန်နှုန်းက မီးခိုးရောင်စပါးအုံးမြွေများထက် သာနေတာအသိသာကြီး.. "~

~" အားလုံး သေချာကြည့်ရအောင်.. အဲ့မီးခိုးရောင်စပါးအုံးမြွေ ကြောက်သွားတဲ့ ပုံကို ငါမြင်ချင်တယ်.."

~" မင်း အဲ့လိုမပြောသင့်ဘူး... သဘာဝက အရမ်းရက်စက်တယ်။ မုဆိုးနဲ့ သားကောင်က အချိန်မရွေး နေရာပြောင်းလဲသွားနိုင်တယ် "~

သူ့ပရိသတ်တွေ၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာရင်း လျို့ဝေသည် သူ့အဖော်ကို လက်ဟန်ပြလိုက်ကာ ဖုန်းကို ပိုတည်ငြိမ်အောင်လုပ်၍။ ကင်မရာရဲ့ မြင်ကွင်းကို ကြည်လင်မှုနှင့်အတူ တိုးမြှင့်စေသည်။

ထိုအချိန် မြက်ခင်းပြင်ပေါ်ရှိ မြွေနှစ်ကောင်၏ ပုံရိပ်ကို တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းမှ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

လျို့ဝေ မျှော်လင့်ထားသည့်အတိုင်းပင်။ မှတ်ချက်များက ဖန်သားပြင်ပေါ်တွင် အရူးအမူး ထိုးတက်လာခဲ့သည်။

~" ဒါက ဝေအစ်ကိုရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်နိုင်တယ်။ မီးခိုးရောင် စပါးအုံးမြွေနဲ့ မြွေဟောက်ဘုရင်ရဲ့ အထွတ်အထိပ်တိုက်ပွဲကို ငါမြင်ယောင်နေပြီ... "~

~" လာ.. လာ.. မင်းရဲ့လောင်းကြေးကို ရွေးလိုက်ပါ။ မီးခိုးရောင် စပါးအုံးကို ရွေးမယ်ဆိုရင် ၁ ကို နှိပ်။ မြွေဟောက်ဘုရင် ကို ရွေးမယ်ဆိုရင် ၂ ကို နှိပ်... "~

~"ဒီမီးခိုးရောင် စပါးအုံးမြွေကြီးက တကယ့်ကို သနားစရာပဲ ကြည့်ရတာ.. အပျိုစင် မြွေဖြစ်လိမ့်မယ် "~

~" ဒီမီးခိုးရောင်စပါးအုံးမြွေ ဘယ်လောက်ကြာကြာခံနိုင်မလဲ ငါမသိဘူး။ ငါ့အထင်တော့.. သူ ၃ မိနစ်တောင် ခံမှာမဟုတ်ဘူး.."~

~" မေမေ... ဒီမြွေတွေက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ.. ငါ့ရည်းစားနဲ့ နောက်ဆို တောထဲကို မသွားချင်တော့ဘူး.. "~

~" မြွေဟောက်ဘုရင် : အရမ်းကောင်းတယ်။ ဒီနေ့နေ့လည်စာကို ငါရှာတွေ့ပြီး \ (^... ^) / "~

လျို့ဝေ၏ ပရိတ်သတ်များက မှတ်ချက်အမျိုးမျိုး ပေးပို့နေကြစဉ် မြက်ခင်းပြင်ပေါ်ရှိ မြွေဟောက်ဘုရင်က ရုတ်တရက် လှုပ်ရှားလာသည်။

.....

All Chapters