နေ့လည်စာ
Vol. 4 Ch. 48
ဘန်း!
မြွေဟောက်ဘုရင်သည် ဖန့်ရန်ဆီ ရုတ်တရက် ပြေးလာပြီး သူ့ကို တိုက်ခိုက်လာ၏။ ၎င်း၏ တိုက်ခိုက်မှုအရှိန်သည် အမှန်တကယ်ကို လျင်မြန်သော်လည်း ဖန့်ရန်ထက် နောက်ကျနေပေသည်။
မြွေဟောက်ဘုရင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် ဖန့်ရန်သည် ၎င်း၏ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းကို ကိုက်ချလိုက်သည်။
သို့သော် မြွေဟောက်ဘုရင်သည် အလွန်လိမ္မာပါးနပ်၏။ သူ့မှာ အခြားမြွေများထက် သာလွန်သော တုံ့ပြန်မှုနှင့် အရှိန် ရှိသည်။
ဖန့်ရန်၏ တိုက်ခိုက်မှုကို သူက အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
ဖန့်ရန်သည် သူ့အနေအထားကို ချိန်ညှိလိုက်ပြီး မြွေဟောက်ကို တုံ့ပြန်ချိန်မပေးပဲ သူ့ကို ဆက်လက်တိုက်ခိုက်သည်။
လျို့ဝေနှင့် သူ၏ အဖော်သည် အဝေးမှ ထိုစိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲကို ကြည့်နေကြသည်။
မြွေဟောက်ဘုရင်နှင့် ဖန့်ရန် ဆက်လက် တိုက်ခိုက်နေရတာကို မြင်လိုက်ရတော့ သူတို့
အံ့အားသင့်နေကြသည်။
"မီးခိုးရောင်စပါးအုံးမြွေ ထွက်ပြေးမလား မသိဘူး.."
လျို့ဝေသည် မြက်ခင်းပြင်ပေါ်ရှိ အံ့သြဖွယ်ကောင်းသော တိုက်ပွဲမြင်ကွင်းကို လက်လွတ်မခံလိုတာကြောင့် မျက်တောင်ပင် ခတ်ဖို့မေ့နေခဲ့သည်။
မြွေဟောက်ဘုရင် တိုက်ခိုက်သည့်အခိုက်တွင် ဖန့်ရန်က ၎င်းကို ရှောင်တိမ်းလိုက်သည်။
၎င်းတိုက်ခိုက်မှု မအောင်မြင်တာကို တွေ့လိုက်ရသဖြင့် မြွေဟောက်ဘုရင်သည် သူ့ဦးခေါင်းကို နောက်ပြန်ဆုတ်ကာ ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လိုက်၏။
ဖန့်ရန်သည် ဤအချိန်မှာ ချက်ချင်းပင် ပြန်လည် တိုက်ခိုက်လိုက်သည်။
မြွေဟောက်ဘုရင်သည် မီးခိုးရောင်စပါးအုံးမြွေ၏ တိုက်ခိုက်မှုကိုကြောင့် ချက်ချင်းပဲ နောက်ဆုတ်လိုက်သည်။
ဖန့်ရန်သည် မြွေဟောက်ဘုရင်၏ တုံ့ပြန်မှုကို အာရုံစိုက်နေခဲ့သည်။
ထိုအချိန် တစ်ခုခုမှားနေပြီဟု သူခံစားလိုက်ရသည်။
ဖန့်ရန်က ၎င်းမြွေဟောက်ဘုရင်ကို တိုက်စစ်ဆင်နေတာကို ချက်ချင်းရပ်တန့်လိုက်သည်။
ထိုအခိုက်အတန့်၌ ခေါင်းငုံ့ကာကွယ်နေသော မြွေဟောက်ဘုရင်၏ ခေါင်းဟာ ရုတ်တရက် ပြန်မော့လာပြီး ခန့်မှန်းလို့ မရတဲ့အမြန်နှုန်းနဲ့ ဖန့်ရန်ကို တိုက်ခိုက်လာလေသည်။
ဖန့်ရန်က ခေါင်းကို အနောက်သို့ အနည်းငယ်လှန်ကာ မြွေဟောက်ဘုရင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
မြွေနှစ်ကောင်သည် ချက်ချင်းပင် တစ်မီတာအကွာကို တစ်ပြိုင်မက် နောက်ပြန်ဆုတ်သွားကြပြီး အခြားတစ်ဖက်၏ အားနည်းချက်ကို ရှာဖွေနေကြသည်။
ထိုအချိန်တွင် လျို့ဝေနှင့် သူ၏ အဖော်တို့သည် စိတ်လှုပ်ရှားကာ တုန်လှုပ်နေကြသည်။
မြွေဟောက်ဘုရင်နှင့် မီးခိုးရောင်စပါးအုံးမြွေတို့ကြားက တိုက်ပွဲသည် အမှန်တကယ်ပင် တုန်လှုပ်စရာ ဖြစ်၏။
၎င်းမြွေတွေရဲ့ တိုက်ခိုက်ပုံနှင့် ခုခံသည့် မြင်ကွင်းတစ်ခုတစ်ေ ပျောက်ကွယ်သွားမည်ကို သူတို့ စိုးရိမ်နေကြသည်။
" ဒါက.. အံ့ဖွယ်ပဲ.."
လျို့ဝေက စိတ်လှုပ်ရှားစွာ လက်သီးဆုတ်၍ ဝှေ့ယမ်းလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်လည်း ထို့အတူပင် ဖြစ်သည်။ သူ့ ပရိတ်သတ်များက အလွန်စိတ်လှုပ်ရှားနေကြသည်။
~"ဒီမီးခိုးရောင်စပါးအုံးရဲ့ တုံ့ပြန်မှုနှုန်းက အရမ်းမြင့်မားတယ်။ ကြည့်ရတာ.. မြွေဟောက်ဘုရင်တော့.. ဒီနေ့နေ့လည်စာကို လွယ်လွယ်နဲ့ စားနိုင်မဲ့ပုံမပေါ်ဘူး.." ~
~"ငါ့ခန့်မှန်းချက်အတိုင်းဆို အဲ့မီးခိုးရောင်စပါးအုံးမြွေကို မြွေဟောက်ဘုရင်က အလွယ်တကူ သတ်နိုင်မဲ့ပုံမပေါ်ဘူ။ ပြီးတော့ မီးခိုးရောင်မြွေသာ ထွက်ပြေးချင်ရင် အလွယ်တကူ လွတ်မြောက်နိုင်လိမ့်မယ်.. "~
~"မြွေဟောက်ဘုရင်က.. အလေးအနက်မထားသေးဘူး.. မင်းအထင်းသေးနေပြီ ခဏစောင့် မြွေဟောက်ဘုရင် တကယ် တိုက်လာရင် အလွယ်တကူ အနိုင်ရလိမ့်မယ်.. "~
~" အို... သနားစရာကောင်းတဲ့စပါးအုံးမြွေကြီးတစ်ကောင်ဟာ အသက်ရှင်နေဖို့ အကောင်းဆုံးကြိုးစားနေပါတယ်.."~
……
စိမ်းမြစိုပြေသည့် မြက်ခင်းပြင်ထက်မှာ
ဖန့်ရန်နှင့် မြွေဟောက်ဘုရင်တို့သည် တစ်ကောင်နှင့် တစ်ကောင် စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်နေကြသည်။
ဖန့်ရန် အတွက်တော့ ဤမြွေဟောက်ဘုရင်က သူအချိန်မရွေး အလွယ်တကူ သတ်ပစ်နိုင်သည့် အကောင်သာ ဖြစ်သည်။ ထိုမြွေဟောက်ဘုရင်က သူ့ခွန်အားအကုန်ကို အသုံးပြုခဲ့လျှင်ပင် သူ၏ အကာအကွယ်ကို ထိုးဖောက် နိုင်မည်မဟုတ်ပေ။
သို့သော် ထိုလူနှစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်နေတာကြောင့် သူ့အနေနှင့် မြွေဟောက်ဘုရင်ကို အလွယ်တကူ မသတ်ဖြတ်နိုင်ပေ။
သူနှင့်ပတ်သက်၍ ထူးခြားမှုတစ်ခုခုကို လူများကို မတွေ့စေလိုသောကြောင့် ဤမြွေဟောက်ဘုရင်ကို ပုံမှန်နည်းလမ်းဖြင့်သာ သတ်နိုင်ပေလိမ့်မည်။
မြွေဟောက်ဘုရင် သူ့ရှေ့မှာ ပေါ်လာချိန်ကပင်။ သေဆုံးဖို့ ကံကြမ္မာက ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
မြွေအများစု၏ စွမ်းအင်က အကန့်အသတ်ရှိသည်။ မြွေဟောက်ဘုရင်သည်ပင် ခြွင်းချက်မဟုတ်ပေ။
ဖန့်ရန်က မြွေဟောက်ဘုရင်ကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းအားနည်းချက်ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေသည်။
သူက မျောက်တွေ၏ အမဲလိုက်နည်းဗျူဟာကို အကောင်အထည် ဖော်လိုက်သည်။
ဤနောက် ဖန့်ရန်က မြွေဟောက်ဘုရင်ကို ရန်စတော့သည်။
မြွေဟောက်ဘုရင်က သူ့ကို တိုက်ခိုက်လိုက်တိုင်း သူ့အနေနှင့် စင်တီမီတာအနည်းငယ် အကွာအဝေးမှသာ အမြဲတမ်း ရှောင်တိမ်းသည်။
ဤသို့ဖြင့် တဖြည်းဖြည်း မြွေဟောက်ဘုရင်၏ တိုက်ခိုက်မှုအမြန်နှုန်းဟာ နှေးကွေးလာခဲ့သည်။
သုံးမိနစ်အကြာ၌ ဤမြွေဟောက်ဘုရင်၏ အမြန်နှုန်းက သိသိသာသာ ကျဆင်းသွားသည်။
"အချိန်ကျပြီး!!"
ဖန့်ရန်သည် ချက်ချင်းပင် သူ့၏ ကြွက်သားတွေကို တင်းကြပ်လိုက်ပြီး မြွေဟောက်ဘုရင်အား အရှိန်အဟုန်အပြည့်ဖြင့် တိုက်ခိုက်လိုက်တော့သည်။
မြွေဟောက်ဘုရင်က ရှောင်တိမ်း၍
ဖန့်ရန်ကို ပြန်တိုက်ခိုက်ရန် ကြိုစားသည်။
သူ၏ တိုက်ခိုက်မှုက အံ့သြဖွယ်ကောင်းသော်လည်း စတင်တိုက်ခိုက်ချိန်ကထက် အတော်လေး နှေးနေခဲ့ပေသည်။
ဖန့်ရန်သည် မြွေဟောက်ဘုရင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် သူ၏ ကြွက်သားများကို တင်းကြပ်လိုက်ပြီး ပိုလျှင်မြန်သည့် အမြန်နှုန်းနှင့် မြွေဟောက်ဘုရင်၏ လည်ပင်းကို လှမ်းကိုက်လိုက်သည်။
မြွေဟောက်ဘုရင်ကို ကိုက်မိလိုက်သည့် အချိန်မှာပင် တစ်ဆက်တည်း မြွေဟောက်ဘုရင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။
မြွေဟောက်ဘုရင်သည် ပြန်လည်ရုန်းထွက်နိုင်ခြင်းမရှိဘဲ နှစ်ဦးသား မြေပြင်ပေါ်တွင် တစ်ကောင်နှင့် တစ်ကောင် လူးလိမ့်ရစ်ပတ်နေကြသည်။
"ဘုရားရေး.! "
အဝေးမှ ကြည့်နေသော လျို့ဝေနှင့် သူ၏ အဖော်တို့သည် ထိုမြင်ကွင်းကို မြင်ပြီးနောက် အလွန်တုန်လှုပ်သွားကြသည်။
မီးခိုးရောင်စပါးအုံးမြွေက မြွေဟောက်ဘုရင်ကို ရစ်ပတ်ထားတယ်..။
သူတို့နှစ်ယောက်သာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်မိစဉ် တစ်ဖက်သားရဲ့ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုနဲ့ အံသြသင့်မှုတွေ ပြည့်နှက်နေတာကို မြင်နေရသည်။
ထိုအချိန်၌ သူတို့ဆီမှ ဆူညံသံများ ထွက်သွားပြီ အဝေးမှ တိုက်ခိုက်နေသည့် မြွေကြီးနှစ်ကောင်ကို နှောင့်ယှက်မိမှာကို ကြောက်ရွံ့နေကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ဧည့်ခန်းထဲရှိ ပရိသတ်များသည် လျို့ဝေနှင့် သူ့အဖော်ထက် များစွာသာလွန်သည်တော့ မဟုတ်ပေ။
သို့သော် အခုအချိန်၌ လျို့ဝေသည် မှတ်ချက်တွေကို ကြည့်ချင်စိတ်ရှိမနေပေ။
မြက်ခင်းပြင်ပေါ်တွင် မီးခိုးရောင်စပါးအုံးမြွေသည်၊ မြွေဟောက်ဘုရင်၏ လည်ပင်းကိုက်ခဲနေစဉ် အတွင်း မြွေဟောက်ဘုရင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရစ်ပတ်ထားသည်။
မြွေဟောက်ဘုရင်သည် နာကျင်စွာအော်ဟစ်ရင်း ခက်ခက်ခဲစွာ အားတင်း ရုန်းကန်နေသော်လည်း အရာအားလုံးဟာ အချည်းနှီးသာ ဖြစ်သည်။
ဖန့်ရန်၏ ဖမ်းဆီခြင်းကို ခံရပြီးနောက် သူ့မှာ လွတ်မြောက်ရန် အခွင့်အလမ်းမရှိတော့ပေ။
ဆယ်မိနစ်မှာ မြွေဟောက်ဘုရင်၏ ရုန်းကန်မှုဟာ လျော့နည်းသွား၏။ နောက်ဆုံးမှာတော့ သူ့ရဲ့ ရုန်းကန်မှုဟာ ရပ်တန့်သွားပြီး မျက်လုံးထဲမှ အလင်းရောင်က မှိန်ဖျော့သွားခဲ့သည်။
ဖန့်ရန်သည် မြွေဟောက်ဘုရင်ကို ရစ်ပတ်ထားရာမှ ဖြေလျော့လိုက်သည်။
အစိမ်းရောင်မြွေ၏ ထွက်ပြေးခြင်းအတွက် သူစိတ်ဓာတ်ကျနေစဉ် သားကောင်သစ် တစ်ကောင်က သူ့ကိုယ်သူ အိမ်ရှေ့တံခါးဝဆီ လာရောက် ပို့ဆောင်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
ပိုရယ်စရာကောင်းတာက ဤသားကောင်က သူ့ကို နေ့လယ်စာအဖြစ် စားဖို့ ဆုံးဖြတ်ထားတာက တကယ့်ကို ကိုယ့်ဒုက္ခကို ရှာနေတာပင်။
ဖန့်ရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
ဤလေးမီတာရှည်သည့် မြွေဟောက်ဘုရင်က မြိုချဖို့ရန် အလွန်ကြီးမားသည့်အပြင် ဒီနေရာမှာသာ မျိုချလိုက်ရင် သူ့အရှိန်နှုန်းက သိသိသာသာပင် ကျဆင်းသွားလိမ့်မည်။
ထိုထက်ပိုအရေးကြီးသည်က သူ့ကို ကြည့်နေတဲ့ လူတွေရှိနေခြင်း ဖြစ်သည်။
ခဏတာမျှ စဉ်းစားပြီးနောက် ဖန့်ရန် ဤနေရာ၌သာ မျိုချရန် ဆုံးဖြတ်လိုက်သည်။
မြွေဟောက်ဘုရင်ကို မျိုချစဉ် ဖန့်ရန်က သူ့ အာရုံစူးစိုက်မှုကို ထိုလူများထံ၌ ထားထားသည်။ ထိုလူနှစ်ယောက်က သူ့ထံ မချဉ်းကပ်လာရုံသာမက အနည်းငယ်ပင် နောက်ပြန်ဆုတ်သွားတာကို တွေ့လိုက်ရတော့မှ စိတ်သက်သာရာရသွားသည်။
လက်ရှိ သူတို့ကြား အကွာအဝေးက မီတာ (၁၂၀) ဖြစ်သည်။
ဤသည်က အလွန်လုံခြုံသော အကွာအဝေးဖြစ်သည်။
ထိုလူတွေ၏ အသွင်အပြင်က ပတ်ဝန်းကျင်ကို ဖျက်စီးဖို့ တောထဲ ရောက်လာသော လူ များနှင့် မတူပေ။
ဖန့်ရန်က မြွေဟောက်ဘုရင်ကို ပျော်ရွှင်စွာ မျိုချလိုက်သည်။
“ဟူး……”
အဝေးမှ ကြည့်နေသော လျို့ဝေသည် အသက်ပြင်းပြင်းရှူကာ ဖုန်း ကင်မရာဘက်သို့ လှည့်လိုက်သည်။
ဒီတိုက်ပွဲမှာ အနိုင်ရတဲ့သူက ဒီမီးခိုးရောင်စပါးအုံးမြွေ ဖြစ်လိမ့်မယ်လို့ သူတစ်ခါမှ မမျှော်လင့်ထားမိပေ။
" ဒါက.. တကယ့်ကို အံ့ဖွယ်ပါပဲ... "
လျို့ဝေ၏ မျက်လုံးများက တောက်ပနေ၏။ မြွေများကို နှစ်သက်သူတစ်ယောက် အနေနှင့် ဒီလိုမျိုး မြွေတစ်ကောင်ကို မြင်ရတာထက် ပိုစိတ်ဝင်စားစရာ မရှိပေ။
၎င်းမြွေ၏ မြွေဟောက်ဘုရင်ကို မျိုချသည့် လုပ်ငန်းစဉ်ကို သူအအသေအချာ မကြည့်ရှုတာက.. မြွေတွေသည် သူတို့၏ သားကောင်ကို မျိုစဉ်မှာ အလွန်သတိထားတာကြောင့်ပင်။
သူသာ ယခုနေ အနားတိုးသွားခဲ့ရင် ထိုမီးခိုးရောင်စပါးအုံးမြွေကို အနှောင့်အယှက် ပေးမိပေလိမ့်မည်။
"အခု ဒီမြွေက သားကောင်ကို စတင်မျိုတော့မယ်"
လျို့ဝေက ဆက်ပြောသည်။
"ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ခန္ဓာကိုယ်က မြွေဟောက်ဘုရင်ထက် ပိုတိုနေတယ်။ ကြည့်ရတာ မြွေဟောက်ဘုရင်ကို လွယ်လွယ်နဲ့ မျိုချနိုင်မဲ့ပုံမပေါ်ဘူ... "
"မြွေတွေမှာ အမြင်အာရုံ အကန့်အသတ်ရှိတယ်။ ဒါကြောင့် သူ့အကန့်သတ်ထက် ပိုကြီးတဲ့ သားကောင်တွေကို မသိလိုက်ဘဲ၊ မျိုချမိလေ့ရှိပြီးတော့ သေဆုံးရလေ့ ရှိတယ်.. "
"ဆယ်စက္ကန့်အတွင်းမှာ အဲ့မီးခိုးရောင်စပါးအုံးမြွေ မြွေဟောက်ဘုရင်ကို ပါးစပ်ထဲကနေ ပြန်အန်ထုတ်လိမ့်မယ်လို့ လောင်းရဲတယ်.. "
မြက်ခင်းပြင်ပေါ်ရှိ မီးခိုးရောင်စပါးအုံးမြွေသည် မြွေဟောက်ဘုရင်၏ ခန္ဓာကိုယ်အများစုကို မျိုချလိုက်သည်ကို မြင်လိုက်ရသဖြင့် လျို့ဝေက အခိုင်အမာပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် လျို့ဝေသည် ကင်မရာအရှေ့မှာ စတင် ရေတွက်လိုက်သည်။
" တစ်၊ နှစ်၊ သုံး . . . . ရှစ်၊ ကိုး၊ တစ်ဆယ်.. "
"အိုး?"
လျို့ဝေ မျက်နှာထက်၌ ရှုပ်ထွေးသောအမှုအရာတစ်ခု ပေါ်လာသည်။
မြွေဟောက်ဘုရင်၏ ခန္ဓာကိုယ် အများစုကို မျိုချလိုက်ပြီး ဖန့်ရန်သည် သူ့.ပါးစပ်အပြင်ဘက်သို့ ထွက်နေသော မြွေဟောက်ဘုရင်၏ အမြီးကို တစ်ချက်ကြည့်ပြီနောက် လျို့ဝေနှင့် သူ့အဖော်အား တစ်ခနမျှ ကြည့်ပြီး ချုံပုတ်တစ်ခု အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။
.....