← Chapters

တောင်ပေါ်မှ ဆင်းခြင်း

Vol. 4 Ch. 49

တောင်ပေါ်မှ ဆင်းခြင်း

Vol. 4 Ch. 49

လျို့ဝေ၏ အမူအရာက အေးခဲလျက်ရှိသည်။

၎င်းက သူစိတ်ကူးထားတာနဲ့ လုံးဝမတူညီပေ။ ဤမီးခိုးရောင်စပါးအုံးမြွေက မြွေဟောက်ဘုရင်ကို သူထင်ထားသလိုမဟုတ်ဘဲ မျိုချနိုင်သည်။

ထို့အပြင် ထိုမီးခိုးရောင်စပါးအုံးမြွေ၏ အကြည့်က သူ့ကို မထီမဲ့မြင်လုပ်နေသလိုပင်။ ဒါက သူ့အနေနှင့် အစော်ကားခံနေရသလို လျို့ဝေကို ခံစားရစေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှတဆင့် လျို့ဝေ၏ အမူအရာကို မြင်လိုက်ရသူတိုင်းက ရယ်နေကြသည်။

~"ဟား..ဟား..ဟား.. လျို့အစ်ကို့ရဲ့ မျက်နှာပေါ်က အဆင်မပြေတဲ့ပုံစံကို ကြည့်ကြအုံး.... မရီရဘူးလားလို့..."~

.......................................................

~" လျို့အစ်ကို မီးခိုးရောင်စပါးအုံးမြွေရဲ့ အကြည့်က အစ်ကိုရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို လှောင်ရယ်သွားတာနဲ့ တူတယ်! "~

.......................................................

~" ဒီစပါးအုံးက မင်းကို စိုက်ကြည့်နေတယ်။ မင်းဘာလုပ်နိုင်မှာမို့လဲ "~

.......................................................

......................................................

သူ့ကြောင့် တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက် သူ့ဖန်များ၏။ စနောက်ခံနေရတာကို ဖန့်ရန်ကတော့ မသိခဲ့ပေ။

ထိုအချိန်၌ ဖန့်ရန်က ချုံပုတ်ထဲမှာ ပုန်းအောင်း အနားယူလျက်ရှိသည်။

ဤအချိန်တွင် သူ၏ အစာအိမ်က အက်ဆစ်ပမာဏများစွာကို ထုတ်လွှင့်လျက်

မြွေဟောက်ဘုရင်၏ ခန္ဓာကိုယ်အား ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ချေဖျက်လျက်ရှိသည်။

မကြာမီတွင် မြွေဟောက်ဘုရင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ကြေညက်သွားပြီး ဖန့်ရန်လည်း ကျန်ရှိနေသည့် အမှီးအား မျိုချလိုက်သည်။

"ဒီမြွေဟောက်ဘုရင်ကိုသာ လုံးဝ အစာချေဖျက်ပြီးသွားရင် စနစ်အမှတ် ၈၀၀ တောင် ရနိုင်ပြီ.."

ဖန့်ရန်က မြွေဟောက်ဘုရင်ကို ပထမဆုံးမြင်ချိန်၌ စနစ်က သူ့ကို အချက်ပေးခဲ့သည်။ ထိုမြွေဟောက်ဘုရင်ကဲ့သို့ စနစ်အမှတ် ရနိုင်သော သားကောင်ကို သူပထမဆုံးအကြိမ်စားဖူးခြင်း ဖြစ်သည်။

"နောက်တဆင့်က ဆင့်ကဲဖြစ်စဉ် စတင်ဖို့ ဖြစ်လိမ့်မယ်.. "

ဖန့်ရန်က ပြုံးလိုက်သည်။

လက်ရှိ သူ့တွင် စနစ်မှတ် (၅၈၇၀) ရှိ၏။ ဆင့်ကဲဖြစ်စဉ်အတွက် စနစ်မှတ် (၁၃၀) သာ လိုအပ်တော့လေသည်။

ဖန့်ရန်သည် မြွေဟောက်ဘုရင်၏ ခန္ဓာကိုယ် တစ်ဝက်ကို အစာချေအပြီးကို စောင့်ဆိုင်းနေစဉ်တွင် ရုတ်တရက် စနစ်၏ အချက်ပေးသံက ထွက်ပေါ်လာခဲ့သည်။

[ ဒင် ]

[ လက်ခံသူသည် ဂုဏ်သတင်းရမှတ် ၁၀၀၀၀၀ ကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့ပြီး ကျွမ်းကျင်မှုရမှတ် ၆ မှတ်ကို ရရှိသည် ]

စနစ်၏ အသိပေးချက်ကို ကြားလိုက်သည့်

ဖန့်ရန်သည် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် အလွန်ဝမ်းသာသွားခဲ့သည်။

"ဟို တိုက်ရိုက်ထုတ်လွှင့် သူကြောင့်များလား.."

သူနှင့် မြွေဟောက်ဘုရင်တို့ တိုက်ခိုက်နေကြစဉ် ထိုတိုက်ရိုက်ထုတ်လွှင့်သူက သူတို့အား တိုက်ရိုက်ထုတ်လွှင့်နေခဲ့သောကြောင့် သူ့အတွက် ဂုဏ်သတင်းရမှတ်တွေ ရဖို့ဆိုတာ ဖြစ်နိုင်လေသည်။

'စနစ် ငါ့ကိုယ်ရေး အကျဉ်ဇယားကို ပြပါ..'

ဖန့်ရန်က သူ့စိတ်ထဲမှာ တွေးလိုက်သည်။ နောက်အခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အလင်းတန်းတစ်ခု ပေါ်လာသည်။

ယင်းနောက် ဖန့်ရန်က စနစ် ဖန်သားပြင်ပေါ်က အချက်အလက်များကို ဖတ်ရူလိုက်သည်။ သူ့ဂုဏ်သတင်းမှတ်က (၁၅၀၀၀၀) ကျော်နေခဲ့၏။

ထို့အပြင် ဆက်လက်တိုးလျက် ရှိနေတုန်ပင်။

သူက ကျွမ်းကျင်မှုရမှတ် (၆) မှတ်ကို ချက်ချင်းကြီး အသုံးမပြုလိုက်ပေ။ သူ့အနေနှင့် ဆင့်ကဲဖြစ်စဉ် ပြီးဆုံးမှသာ အသုံးပြုမည် ဖြစ်သည်။

မိနစ်အနည်းငယ်အကြာတွင် စနစ်၏ အချက်ပေးသံ ထပ်မံထွက်ပေါ်လာသည်။

[ ဒင် ]

[ လက်ခံသူသည် စနစ်အမှတ် ၈၀၀ ကို ရရှိခဲ့သည် ]

[ လက်ခံသူတွင် လုံလောက်သော စနစ်အမှတ်ရှိသည်ကို ထောက်လှမ်းတွေ့ရှိသည်၊ သင့်အနေနှင့် ဆင့်ကဲပြောင်းလဲခြင်း စတင်နိုင်ပြီး ဖြစ်သည် ]

[ ဆင့်ကဲဖြစ်စဉ်သည် ဆယ်မိနစ်ကြာ၍ ထိုအချိန်၌ လက်ခံသူ၏ လုံခြုံမှုကို သေချာစေမည် ဖြစ်သည်။ ]

[ ဆင့်ကဲပြောင်းလဲလိုပါသလား ]

ဖန့်ရန်က သူ့စိတ်ထဲကနေ လုပ်မယ်လို့ ရေရွတ်လိုက်သည်နှင့် ချက်ချင်းလို ပူလောင်လာခဲ့သည်။

၎င်းပူလောင်သော ဝေဒနာက ဖန့်ရန်အား တုန်လှုပ်သွားအောင် မလုပ်နိုင်တော့ပေ။ အထူးသဖြင့် သူ့၏ တိုးတက်လာသော လက်ရှိ စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့်ပင်။

ဆယ်မိနစ် ကြာပြီနောက်...

ဆင့်ကဲဖြစ်စဉ်ပြီးဆုံးသွားသော ဖန့်ရန်သည် သူ့ ကိုယ်ရေးအကျဉ့်ကို စစ်ဆေးလိုက်ရာ သူ့ခန္ဓာကိုယ် အရှည်က (၄) မီတာအထိ တိုးသွားသလို သူ့ခန္ဓာကိုယ်အချင်းကလည်း (၁၂) စင်တီမီတာအထိ တိုးသွားကြောင်း သိလိုက်ရသည်။

ဤဆင့်ကဲဖြစ်စဉ်အတွက်.. စနစ်က သူ့ကို.. ကျွမ်းကျင်မှုရမှတ် ၈ မှတ် ချီးမြှင့်ခဲ့တာကြောင့် ယခုဆို သူ့မှာ ကျွမ်းကျင်မှုရမှတ် စုစုပေါင်း ၁၄ မှတ်အထိ ရရှိသွားပြီဖြစ်သည်။

"ကျွမ်းကျင်မှုအမှတ် ၁၄ မှတ်.."

ဖန့်ရန်က သူ့ကိုယ်သူ သူဌေးကြီးတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူက ခေါင်းယမ်းလိုက်ပြီး ထိုထူးဆန်းသော အတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။

ထိုနောက် ၎င်းအမှတ်များကို မည်သို့ ကိုင်တွယ်အသုံးပြုရမည်ကို စတင်တွေးတောလိုက်သည်။

"အင်း..... အရေပြား ခုခံမှုက လက်ရှိအချိန်မှာ မလိုအပ်သေးဘူး"

သူက အအေးဒဏ်ကို ခံနိုင်ရည်ရှိတာကြောင့် ဆောင်းခိုရန်အတွက် စိတ်ပူစရာမလိုပေ။

ဖန့်ရန်သည် အချိန်အတော်ကြာ စေ့စေ့စပ်စပ်စဉ်းစားပြီးနောက် ပြင်းထန်သောအဆိပ်နှင့် အစာခြေမြန်ခြင်းကို တစ်ကြိမ်စီ အဆင့်မြှင့်တင်လိုက်သည်။ ၎င်းက သူ့ကို အဆင့်သစ်တစ်ခုဆီသို့ ရောက်ရှိသွားစေသည်။

စွမ်းရည်နှစ်ခုကို အဆင့်မြှင့်ပြီးနောက် သူ့မှာ ကျွမ်းကျင်မှုရမှတ် (၆) မှတ်ကျန်သေးသည်။

ဖန့်ရန်သည် သူယခင်က အသက်မသွင်းခဲ့ဖူးသည့် အရောင်ပြောင်း ဖုံးကွယ်ခြင်း စွမ်းရည်ကို အသက်သွင်းရန်အတွက် ထိုကျွမ်းကျင်မှုရမှတ် (၆) မှတ်ကို အသုံးပြုလိုက်သည်။

အရောင်ပြောင်း ဖုံးကွယ်ခြင်း !

ထိုစွမ်းရည်ကို အဆင့်မြှင့်ပြီးနောက် ဖန့်ရန်သည် သူ့ကိုယ်ရေးအကျဉ်ကို ကြည့်လိုက်သည်။

[ ပြင်းထန်သောအဆိပ် (၄/၅)

အစာခြေမြန်ခြင်း (၃/၅)

အရေပြားခုခံမှု (၃/၅)

အရောင်ပြောင်း ဖုံးကွယ်ခြင်း (၂/၅) ]

အရောင်ပြောင်း ဖုံးကွယ်ခြင်းသည် တက်ကြွသောစွမ်းရည်တစ်ခုဖြစ်၏။ ၎င်းအသက်ဝင်ရန် သူ့အနေနှင့် စဉ်းစားဖို့သာ လိုအပ်သည်။

အနည်းငယ်သော မျှော်လင့်ချက်နှင့်အတူ..

ဖန့်ရန်သည် ၎င်းစွမ်းရည်ကို စမ်းသပ်လိုက်သည်။

ချက်ခြင်းပင် သူ့ခန္ဓာကိုယ်အရောင်က မီးခိုးရောင်ကနေ အစိမ်းရောင် ပြောင်းသွားသည်။

"အစိမ်းလား?.."

ထိုမှော်ဆန်သော မြင်ကွင်းကြောင့် ဖန့်ရန် အံ့အားသင့်သွားသည်။ ဤစွမ်းရည်က အလွန်အံ့သြဖို့ကောင်းသည်။ သူ၏ လက်ရှိ အကြေးခွံအရောင်သည် သူ့ဘေးနားက မြက်ပင်များကဲ့သို့ မြစိမ်းရောင် ဖြစ်သည်။

လက်ရှိအခြေနေမှာ ဘယ်လို သားကောင်ဖြစ်ပါစေ။ သူ့အရှေ့က ဖြတ်သွားရင်တောင် သူ့ကို တွေ့နိုင်မည် မဟုတ်ပေ။

ထို့အပြင် သူ့အကြေးခွံတွေ၏ အရောင်ကို သူ့စိတ်ဆန္ဒအတိုင်း ပြောင်းလဲနိုင်သည်။

သူ့စိတ်ထဲမှာသာ "အနီရောင်" သို့ ပြောင်းလိုလျှင် သူ့အကြေးခွံတွေက ချက်ချင်းအနီရောင် ပြောင်းသွားပေလိမ့်မည်။

အရမ်းမိုက်တယ်!

ဤစွမ်းရည်က သူအမှန်တကယ် လိုနေသော အရာတစ်ခု ဖြစ်သည်။ သူ့ရှေ့မှာ ရှေ့ဆက်ရမယ့် ခရီးလမ်းက အရှည်ကြီး ကျန်နေသေးသည်။

ဖန့်ရန်သည် ခရီးဆက်လိုက် အနားယူလိုက်နှင့် သွားနေခဲ့သည်။ သိပ်မကြာမှီ အချိန်၌ သူက တောအုပ်အစပ်သို့ ရောက်လာသည်။

"နောက်ဆုံးတော့ ငါ ဒီတောင်ပေါ်ကနေ ဆင်းနိုင်ခဲ့ပြီ..."

ဖန့်ရန်က ပျော်ရွှင်စွာနှင့် သက်ပြင်းတစ်ချက်ချရင်း သူရောက်နေသည့် နေရာကို အကဲခတ်လိုက်သည်။

သူ့အမြင်အာရုံ၌ စပါးခင်းများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများစွာ

ပေါ်လာသည်။

ထို့အပြင် ဟင်းသီးဟင်းရွက်စိုက်ခင်း၏ အလယ်မှာ အလုပ်လုပ်နေသော

အမျိုးသမီးနှစ်ဦးကိုလည်း မြင်လိုက်ရသည်။ သူတို့၏ လက်ထဲ၌ ကောက်ရိုးခြင်းတောင်းကိုယ်ဆီ ကိုင်ထားကြသည်။

ထိုမိန်းမနှစ်ယောက်ထံမှ ဖန့်ရန် မျက်လုံးလွှဲလိုက်၏။

ထိုအချိန်၌ ဖန့်ရန်သည် သူ့ရှေ့က ရွှေဝါရောင် စပါးခင်းတစ်လျှောက်မှာ နှစ်မီတာကျယ်သည့် မြစ်တစ်ခုက စီးဆင်းနေတာကို မြင်လိုက်ရသည်။

၎င်းမြစ်၏ အနက်က (၁) မီတာခန့်သာ ရှိသည်။

သူ့အနေနှင့် ဤမြစ်က ဘယ်နေရာကနေ စတင် စီးဆင်းလဲ ဆိုတာ.. မသိသော်လည်း နောက်ဆုံးမှာ ဤမြစ်က... မြစ်ကြီးတစ်ခုဆီကို ပေါင်းစည်းသွားမှာကိုတော့ သူသိသည်။

ဗွက်!

ဖန့်ရန်က မြစ်ထဲသို့ ခုန်ဆင်းလိုက်သည်။

ဟင်းသီးဟင်းရွက်စိုက်ခင်း၌ အရွက်များခူးနေသည့် အမျိုးသမီးနှစ်ယောက်ဟာ ထိုကျယ်လောင်သောအသံကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ဖန့်ရန် ခုန်ဆင်းရာဘက်ကို ချက်ချင်းကြည့်လိုက်ကြသည်။

သို့သော် ဘာမှမတွေ့တာကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီနောက် ခေါင်းငုံ့ကာ အသီးအရွက်များကို ဆက်လက်ခူးယူလိုက်ကြသည်။

အကယ်၍ သူမတို့သာ မြစ်အနီးကို သွားရောက်ကြည့်ရှုခဲ့မယ်ဆိုရင် (၄) မီတာအရှည်ရှိသော အရိပ်တစ်ခုက ရေအောက်မှာ ရှိနေတာကို သေချာပေါက် မြင်ရပေမည်။

ဖန့်ရန်သည် မြစ်ရိုးတစ်လျှောက်ကူးခတ်လျက် ရှိသည်။ သူသည် လမ်းခရီးတစ်လျှောက်မှာ လက်တဖဝါးအရွယ် ငါးတွေကို တွေ့သော်လည်း အလုပ်များလွန်း၍ ၎င်းတို့ကို အမဲလိုက်ရန် အချိန်မပေးနိုင်ပေ။

.....

သုံးရက်ကြာ ရေကူးပြီးနောက် မြစ်သည် တဖြည်းဖြည်း ကျယ်လာသည်။

ဤမြစ်ရေသည် အနည်းငယ် နောက်ကျိနေသောကြောင့် ဖန့်ရန်သည် အပြင်ဘက်ကို လုံးဝမမြင်ရပေ။

...

ယခုဆို တစ်လပင်.. ကြာသွားခဲ့ပြီ ဖြစ်သည်။

ဤလအတွင်း ဖန့်ရန်သည် လယ်ကွင်း၊ ပြည်သူ့ပိုင်လမ်းများနှင့် တောင်တန်းများ အပါအဝင် အခြားနေရာများကို ဖြတ်သန်းခဲ့၏။

ထိုနေရာများက သူ့နေထိုင်ရန် မသင့်လျော်ပေ။

ဤသို့ဖြင့် ဖန့်ရန်သည် မြစ်ငယ်များစွာ ပေါင်းစည်းထားသည့် မြစ်ကြီးတစ်စင်းကို ရောက်ရှိလာသည်။

ဤမြစ်ကြီး အကျယ်က မီတာ (၂၀) ကျော် ကျယ်ဝန်းကာ ရေအနက်မှာ (၇) မီတာကျော်သည်။

ထိုအချိန်တွင် မြစ်ရေက အေးလာခဲ့ပြီဖြစ်သည်။ သို့သော် ၎င်းအအေးဒဏ်က အရေပြာခုခံမှုကြောင့် သူ့ကို မသက်ရောက်နိုင်ပေ။

ထိုညနေ၌ ဖန့်ရန်သည် မြစ်ကမ်းနားမှာ ရွာတစ်ရွာကို တွေ့မြင်လိုက်ရသည်။

ရွာလို့သာ ဆိုရသော်လည်း အိမ်အားလုံးနီးပါးက နှစ်ထပ်အိမ် ဖြစ်သည်။ ထို့အပြင် ၎င်းရွာကနေ ကမ်းစပ်ကို ဘိလပ်မြေလမ်း တစ်ခုက ထိစပ်ထားသည်။

ဖန့်ရန်သည် ရေထဲမှာ တည်ငြမ်စွာ ရေကူးနေသည်။ အဝေးကနေ မြင်လျှင် သူက သစ်သားတစ်စနှင့် တူသည်။

မြစ်ကမ်းနံဘေးက လမ်းထက်၌ ကလေးများက ပြေးလွှားဆော့ကစားနေကြသည်။

ပတ်ပတ်လည်ကို အကဲခတ်ကြည့်ပြီးနောက်.. ဖန့်ရန်သည် ရေပေါ်မှာ ကူးခတ်နေသည့် ဘဲတွေကို မြင်လိုက်ရသည်။ ထိုနောက် သူ့အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ဗွက်!

သူဒီနေ့ မစားရသေးတာကြောင့် ဗိုက်ပြည့်စေဖို့ တစ်ခုခုစားဖို့ လိုအပ်နေသည်။

ဝဖြိုးသည့် ဘဲ (၇) ကောင်ဟာ ရေပေါ်မှာ အတောင်ပံတွေကို ဝှေ့ယမ်းရင်း ဆော့ကစား နေကြသည်။

ဖန့်ရန်သည် ၎င်းဘဲများဆီသို့ ရေအောက်မှ

ဖြည်းညှင်းစွာ ကူးခတ်သွားပြီး ဘဲတစ်ကောင်၏ အောက်ကို ရောက်သွားသည်။

ထိုအဆီကျသော ဘဲသည် ဆော့ကစားရင်း မြစ်မျက်နှာပြင်ပေါ်တွင် ဖြည်းဖြည်းချင်း ကူးခတ်နေခဲ့သည်။

ဖန့်ရန်က ထိုဆူဖြိုးသော ဘဲကို မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် စနစ်၏ အချက်ပေးသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ ပစ်မှတ် - အိမ်မွေးဘဲ၊ စနစ် အမှတ် ၈၀ မှတ်ကိို ရရှိနိုင်သည် ]

စနစ်၏ အချက်ပေးသံကို ကြားပြီးနောက်..

ဖန့်ရန်သည် ရေထဲမှ လျှပ်စီးတမျှ လျင်မြန်မှုနှင့် ရေပြင်မှ ခေါင်းထုတ်၍ ဘဲ၏လည်ပင်းကို ကိုက်ကာ-ရေအောက်သို့ အမြန်ဆွဲချလိုက်သည်။

" ဂဲ.. ဂတ်.. ဂလူး .. ဂလူး း "

၎င်းဘဲ၏ ပါးစပ်မှ နာကျင်စွာအော်သံ ထွက်ပေါ်လာသည်။ ထိုနောက် ဘဲသည် အတောင်ပံများကို ရူးသွပ်စွာ ဝှေ့ယမ်းရင်း..

ဖန့်ရန်၏ ဖမ်းကိုက်ထားမှုကို ဖယ်ရှားရန် ကြိုးစားသည်။

၎င်း ဘဲ ၏ ရုတ်တရက်အော်သံက အခြားဘဲများကို ထိတ်လန့်သွားစေ၏။

ဘဲများသည် သူတို့၏ သူငယ်ချင်းကို တစ်စုံတစ်ယောက်က ရေအောက်ကို ဆွဲချသွားတာကို တွေ့လိုက်ရ၏။ လျှင်မြန်စွာပင်.. ဘဲများက တတ်နိုင်သမျှ ကျယ်အောင် အော်ဟစ်ကာ ထွက်ပြေးကြသည်။

ရေမျက်နှာပြင်ပေါ်တွင် လှိုင်းလုံးလေးများသာ ကျန်တော့သည်။

ဆော့ကစားနေကြသော ကလေးများသည် ဘဲတွေ၏ ရုတ်တရက် အော်သံကြောင့် ထိတ်လန့်သွားကြသည်။ သူတို့သည် မြစ်လယ်ကို အမြန်လှမ်းကြည့်လိုက်ကြသည်။

"တစ် ... နှစ် ... သုံး ... လေး.......ခုနစ် ရှောင်းထုံ မင်းမိသားစုက ဘဲတစ်ကောင် ပျောက်နေတယ် "

ကလေးတွေထဲမှ ကျန်တဲ့သူတွေထက် အသက်ကြီးသော ကောင်လေးက နှာရည်ယိုနေသော ကောင်လေးကို ပြောလိုက်သည်။

နှာရည်ယိုနေသည့် ကောင်လေးသည် အသက်အားဖြင့် သုံးနှစ်ခန့်သာရှိသည်။ သူသည် ထိုကောင်လေး၏ စကားကို ကြားပြီးနောက် ခေါင်းမော့၍ ထိုအသက်အကြီးဆုံး ကောင်လေးကို ကြည့်လိုက်သည်။

" မင်းဘာပြောတာလဲ?.. ဟင်း "

ရေအောက်၌ ဖန့်ရန်သည် သူဖမ်းမိထားသော ဘဲ၏ လည်ပင်းကို ကိုက်ခဲထားလျက်ရှိသည်။ သေလုမြောပါး နာကျင်မှုကို ခံစားရင်း တစ်မိနစ်အကြာတွင် ဘဲသည် လုံးဝမလှုပ်တော့ဘဲ သေဆုံးသွားခဲ့သည်။

၎င်းဘဲသေသွားပြီးနောက်... ဖန့်ရန်သည် ၎င်းဘဲကို လူမရှိသည့် ကမ်းစပ်တစ်ခုကို ဆွဲယူလာပြီး မျိုချလိုက်သည်။

ထိုဝဖြိုးသည့် ဘဲကို မျိုချပြီးနောက် ဖန့်ရန်၏ ဆာလောင်မှုဟာလည်း အတော်အသင့် ပျောက်ကွယ်သွားခဲ့သည်။

ဗွက်!

ဖန့်ရန်သည် မြစ်ထဲသို့ ပြန်ဆင်းကာ ဆက်လက် ကူးခတ်သွားလိုက်သည်။

တစ်နေရာ အရောက်မှာ ရုတ်တရက် ဖန့်ရန်က ရပ်တန့်လိုက်သည်။

.....

All Chapters